XYZ Online Fashion

XYZ Online Fashion fashion for all

18/04/2021
H&M kid jacket💰3သောင်းကျော်တန် branded jacket လေးကို ⭕export outlet ⭕မို့ စျေးတန်တန်လေးနဲ့ ရောင်းပေးပါမယ်နော် 😍⛔တံဆိပ်မဖ...
06/04/2021

H&M kid jacket

💰3သောင်းကျော်တန် branded jacket လေးကို ⭕export outlet ⭕မို့ စျေးတန်တန်လေးနဲ့ ရောင်းပေးပါမယ်နော် 😍

⛔တံဆိပ်မဖြတ်ထားပါဘူး ⛔
💰Price:6500ks💰

Sizes👇
💐4-6m
💐6-9m
💐9-12m
💐1.5-2yr
💐2-3yr
💐3-4yr

အရေးကြီးပါတယ် ဒီအချိန် လက်ထဲရှိတဲ့ ငွေကို တန်ဘိုးထားပါမြန် မာနိုင်ငံ ရဲ့ စီးပွားရေး ထိခိုက်မှု ပမာဏက ၂၀၂ဝခုနှစ် ၆ လပိုင်...
06/04/2021

အရေးကြီးပါတယ် ဒီအချိန် လက်ထဲရှိတဲ့ ငွေကို တန်ဘိုးထားပါ

မြန် မာနိုင်ငံ ရဲ့ စီးပွားရေး ထိခိုက်မှု ပမာဏက ၂၀၂ဝခုနှစ် ၆ လပိုင်းကနေစပြီး ၁၂ လပိုင်းအတွင်းမှာ တဖြေးဖြေးနဲ့ အလွန်သိသာလာပါလိမ့်မယ် ခင်ဗျာ။ လုပ်ငန်းလည်ပတ်ဖို့ ငွေကို အသဲအသန်လို လာကြပါလိမ့်မယ်။ ဘဏ်ချေးငွေ မလွယ်ကူတဲ့ ဒီနိုင်ငံအတွက်တော့ ဒီပြသနာကို ‌‌ဖြေရှင်းဖို့ လုပ်ရမယ့်နည်းလမ်း ၂ ခုပဲရှိပါတယ်

လုပ်ငန်းတွေကို ပိတ်သိမ်းမလား၊ ရှိတဲ့ ပစ္စည်းတွေ ထုခွဲရောင်းချပြီး လုပ်ငန်းကို ဆက်လက် လည်ပတ်မလား လုပ်ငန်းတွေ လည်ပတ်ဖို့ကြိုးစားမယ်ဆိုရင်တော့ ရှိထားတဲ့ ရွှေ၊ ကား၊ အိမ် စတဲ့ ၃ မျိုးကို ထုခွဲရောင်းချရပါမယ်

ရွှေ ။ အလွယ်ကူဆုံးနဲ့အမြန်ဆုံး နာရီပိုင်းအတွင်း ငွေဖြစ်တဲ့ ပိုင်ဆိုင်မှုပါ။ သို့သော် သာမာန်လုပ်ငန်းရှင် အများစုမှာ လက်ဝတ်ရတနာကလွဲပြီး ရွှေပမာဏ အများကြီး မရှိကြ ပါဘူး

ကား။ လုပ်ငန်းရှင်တိုင်းမှာ ရှိပါတယ်။ ဒုတိယ အမြန်ဆုံး ငွေဖော်လို့ရတဲ့ ပိုင်ဆိုင်မှုပါ။ လုပ်ငန်းရပ်တန့်သွားတဲ့ သူတွေရဲ့ ၈၀% ခန့်သူတို့ကားတွေ ပြန်ရောင်းကြပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းက ကျွန်တော်ပြောခဲ့ဖူးသလိုပါပဲ

မြန်မာပြည်ကလူတွေဟာ ‌ငွေသားပိုင်ဆိုင်မှု ပမာဏရဲ့ ၅၀% ကျော်ကို ကားဝယ်ဖို့ လွဲမှားစွာ အသုံးပြုထားကြတဲ့အတွက်ပါ ဥပမာ ငွေသား သိန်း ၅၀၀ ချမ်းသာသူက သိန်း ၃၀၀ တန်ကားလောက် ဝယ်စီးထားကြပါတယ်

နောက် တစ်ချက်နှစ်ရှည် အရစ်ကျစနစ်နဲ့ဝယ်ထားတဲ့ကားတွေ လစဉ်ပုံမှန်ငွေဆက်သွင်းဖို့ ခက်လာကြပါလိမ့်မယ်။ တချို့ သိန်းထောင် ဂဏန်းကားတွေဆို ၅ နှစ်အရစ်ကျဝယ်ရင် တစ်လကို ၁၈ သိန်းနဲ့ သိန်း ၂၀ ခန့်ဘဏ်ကို လစဉ်သွင်းကြရပါတယ်။ ဒီကားတွေ ငွေဆက်မသွင်းနိုင်တော့ရင် ရောင်းချပြီး ငွေဖော်ကြပါလိမ့်မယ်

အိမ် ။ လက်ရှိအချိန်မှာ ငွေဖော်ရအခက်ဆုံး ပိုင်ဆိုင်မှုပါ။ နေရာကောင်းလေးတွေသာ ဗိုက်နာဈေး နဲ့ ငွေဖော်လို့ရမှာ ဖြစ်ပြီး ကျန်တဲ့နေရာတွေကတော့ ရောင်းမစွံနိုင်ပါဘူး။ဒီအချိန် ဝယ်မည့်အစား ငှားနေတာ ပိုကိုက်ပါတယ်

အဲ့ဒီတော့ အိမ်ခြံမြေဈေးကျနိုင်ပါတယ်။ ဘဏ်ရာဖြတ်တွေရဲ့ ကာလပေါက်ဈေးထက် တန်ဘိုး ပိုဖြတ်ကာ ဘဏ်မှာပေါင်ထားကြတဲ့ အိမ်ခြံမြေတွေ ဘယ်လိုဆက်လုပ်ကြမလဲဆိုတာလဲ စဉ်းစားစရာပါ

ငွေသားကိုင်ထားတဲ့သူကတော့ အကောင်းဆုံးပါ။ မိမိကြိုက်ရာ နေရာမှာ ချက်ခြင်း ရင်းနှီးမြုပ်နှံလို့ရပါတယ်။ liquitidy ဖြစ်တယ်လို့ခေါ်ပါတယ်။ ရေဟာ လေးဒေါင့်ခွက်ထဲထည့်ရင် လေးဒေါင့်ဖြစ်ပြီး အဝိုင်းခွက်ထဲထည့်ရင် အဝိုင်းဖြစ်တဲ့သဘောကို ဥပမာပြတာပါ

ဒီအချိန်အထူးသတိထားသင့်တာက မကျွမ်းကျင်တဲ့လှိုင်းကို စီးဖို့ မကြိုးစား ပါနဲ့။ ‌မည်သူ့ကိုမှ ငွေမချေးပါနဲ့။ ချေးမိရင် သေချာပေါက် ဆုံးမယ့် ကာလပါ။ အစားအစာမှလွဲပြီး ကျန်တဲ့ ပစ္စည်းတွေ ဝယ်မယ်ဆို လိုအပ်လားဆိုတာ ၃ ခါလောက် ပြန်စဉ်းစားပါ

လုပ်ငန်းတွေအသက်ဆက်ဖို့ မလိုအပ်ပဲခန့်ထားတဲ့ ဝန်ထမ်းတွေကို လျှော့ချရပါမယ်။ မလိုအပ်ပဲငှားထားတဲ့ နေရာငှားခတွေကို လျှော့ချရပါမယ်။ အောင်မြင်မှုရာခိုင်နှုန်းအနဲဆုံးဖြစ်နေတဲ့ ထုတ်ကုန်ကို ‌ရပ်ဆိုင်း ရပါမယ်။ ဝန်ထမ်းရော အလုပ်ရှင်ပါ ပိတ်ရက်မရှိ အတူတကွ ရုန်းကန်ကြရပါမယ်

စိတ်ကိုပျော်အောင်ကြိုးစားပြီးနေပါ။ကျွန်တော်ဆို ဝင်ငွေရှိတာမရှိတာထက် အလုပ်မလုပ်ပဲ နေရရင် လုံးဝ စိတ်မပျော်ပါဘူး။ တော်တော် အားတင်းပြီးနေရပါတယ်။မိတ်ဆွေများ ကျန်းမာ ချမ်းသာကြပါစေ

Credit

05/04/2021

မင်္ဂလာပါ

Address

Yangon

Telephone

+959966169995

Website

Alerts

Be the first to know and let us send you an email when XYZ Online Fashion posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to XYZ Online Fashion:

Share