23/01/2024
(Burmese)
❝ ကိုယ့်ကိုယ်ကိုယ်က စ ဂရုစိုက်မှ အားလုံးကို ဂရုစိုက်နိုင်မှာပါ ❞
ဟယ်လို ချစ်ရတဲ့ SLC က စာဖတ်သူတို့ရေ။ 🤓💕
တခြားသူတွေကိုပဲ ပို ဦးစားပေးရှေ့တန်းတင်လိုက်၊ဂရုစိုက်လိုက်လုပ်နေပြီးမှ ကိုယ့်ကိုယ်ကိုယ် ရှေ့တန်းတင်ပြီး ဂရုစိုက်ဖို့ကျ မေ့မေ့ပျောက်ပျောက် ဖြစ်နေကြပြီလား။
ပြုပြင်လို့ မလွယ်ကူတဲ့အရာမို့ ခက်ခဲတယ်ဆိုတာ သိပေမဲ့ ရေရှည်အတွက် အဆင်မပြေတတ်တာမို့ ကိုယ့်ကိုယ်ကိုယ်ပဲ အရင် ချစ်၊အရင် ဂရုစိုက်၊ အရင် ကူညီပေးပြီးမှ
ကျန်တဲ့သူတွေအားလုံးကို ဒုတိယထားပြီး လုပ်တာက အသင့်တော်ဆုံးပါပဲနော်။ 🙌
ဒါကြောင့်မို့လို့ နှစ်သစ်မှာ ပိုပြီးကိုယ့်ကိုယ်ကိုယ်ဦးစားပေးချစ်တတ်ဖို့ အသုံးဝင်စေမယ့် အကြံပေးချက်လေး တချို့ကို SLC က မျှဝေချင်မိပါတယ်ရှင့်။ 🦋
💌 အချိန်တစ်ခုကို ဖန်တီးယူပါ
- အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ဆိုရင် အချိန်တွေမရတတ်တာ၊မရှိတာမျိုးတွေ ဖြစ်တတ်ကြပါတယ်။အရေးမကြီးဘူးလို့ သတ်မှတ်ထားရင်တော့အချိန်က အမြဲ မရှိတတ်တာကြောင့် မရရအောင် ဖန်တီးယူရမှာပါ။သတ်သတ်မှတ်မှတ်လေး ကိုယ့်တစ်ဦးတည်းအတွက် အချိန်ဖန်တီးထားမှ ဂရုစိုက်ဖို့က ဖြစ်နိုင်တာပါ။
💌 အလေးအနက် နားထောင်ပေးပါ
- အချိန်ယူပြီးပြီဆိုရင်တော့ ကိုယ့်ခန္ဓာကိုယ်နှင့်စိတ်က ရိုးရိုးသားသားပြောပေးတာတွေကို အလေးအနက်နားထောင်ပေးရမှာ ဖြစ်ပါတယ်။ ငြိမ်ငြိမ်သက်သက်နဲ့ လိုအပ်တာတွေကို သေချာ နားထောင်ပေးမှ ကိုယ့်ကိုယ်ကိုယ် ပို သိလာပြီး နားလည်ရင်း ဂရုစိုက်နိုင်ကြမှာပါ။
💌 သေးသေးလေးတွေကနေ စတင်ပေးပါ
- တချို့က အစပိုင်းမှာ ကိစ္စအကြီးကြီးတွေကို တွေးပြီးတက်ကြွမှုအပြည့်နဲ့ မနိုင်မနင်း ဖြစ်တတ်ကြပါတယ်။တကယ်တော့ ဒါက ရေရှည်မှာ အလုပ်မဖြစ်ပါဘူး။ များသောအားဖြင့် ကိစ္စသေးသေးတွေကို လုပ်ရင်းနဲ့ပဲ အကြီးကြီးတွေက ဖြစ်မြောက်သွားတာပါ။ ဒါကြောင့် စစီစဉ်မယ်ဆိုရင်တော့ သေးသေးလေးတွေက စတာ အကောင်းဆုံးပါပဲ။
💌 ဆုချပါ
- ကိစ္စသေးသေးပဲ ဖြစ်ဖြစ်၊ကြီးကြီးပဲဖြစ်ဖြစ် ကိုယ်တိုင်က ဖြစ်မြောက်အောင်လုပ်လိုက်နိုင်ပြီဆိုရင် ဆုချဖို့ မမေ့ပါနဲ့နော်။ ဒီလိုမျိုးမှာဆိုရင် စိတ်ကို အလိုလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ဆုချလို့ရပါတယ်။ လူဆိုတာကလည်းလိုချင်တာလေးတွေ ဖြည့်ဆည်းပေးမှ တခြားခက်ခဲတဲ့အရာတွေအတွက် အားအင်တွေ ပိုရတာပါ။
💌 မတည်ငြိမ်တာမို့ ဘာမှမဖြစ်ပါဘူး
- ဂရုစိုက်ဖို့အတွက် လုပ်နေတဲ့ဖြစ်စဉ်အတွင်းမှာ ခက်ခဲပြီး လက်လျှော့လိုက်တာတွေ၊မရင်းနှီးလို့တောက်လျှောက်မလုပ်နိုင်တာတွေရှိလည်း မရပ်တန့်လိုက်ပါနဲ့လို့ အားပေးချင်ပါတယ်။ အဓိကတော့စနစ်တကျနဲ့ ပြည့်ပြည့်စုံစုံ မဟုတ်ရင်တောင် ဟန်ချက်လုံးဝမပျက်ဘဲ ကြိုးစားနေသေးတယ်ဆိုရင် အဆင်ပြေတာပါပဲ။
ကဲ ဒါဆိုရင် နှစ်သစ်ရဲ့ အစပိုင်းမှာSLC က စာဖတ်သူလေးတို့တွေ ကိုယ့်ကိုယ်ကို ဂရုစိုက်ပေးတာကို ပိုဦးစားပေး လုပ်နိုင်ကြပြီး စိတ်ကျန်းမာရေးအပိုင်းမှာတိုးတက်ကောင်းမွန်နိုင်ကြပါစေလို့ ဆုမွန်ကောင်းလေးတောင်းလိုက်ပါတယ်။ 💕
ခေါင်းစဉ်လေးအတိုင်းပဲ ကိုယ်ကိုယ့်ကိုယ်ကစပြီး ဂရုစိုက်မှ ကျန်တဲ့အရာအားလုံးကိုလည်းနိုင်မှာပါနော်။🍃
အဆုံးထိ ဖတ်ရှုပေးတဲ့အတွက် SLC က ကျေးဇူးအများကြီးတင်ပါတယ်။ 🙇♀️
(English)
❝ To care everyone,you need to self-care first ❞
Hello our beloved SLC readers.
🤓💕
Are you forgetting yourself because you have to prioritize and care others more ?
Of course,it’s a difficult habit to fix but it’s not good for the long-term.So,the appropriate thing to do is to love, care, and help yourself first making others the second choices. 🙌
That's why SLC would like to share some useful tips to learn to love yourself more in the new year. 🦋
💌 Make a specific time
- In order to take care yourself,
many tend to not be able to find
the enough time or the time in general.
If you consider it’s unimportant,
the time will never be available.
Therefore,you have to make
the specific time.Making a specific time
for yourself is the only possible way
to take care of yourself.
💌 Listen earnestly
-After making a specific time,listen to the honesty of your body and mind earnestly.By listening the needs calmly,you will be able to know, understand, and take care
of yourself.
💌 Start with little things
-Some people think big things at first by full of energy and become invincible. Actually, this doesn't work in the long run. Usually, while doing small things, big things happen. So if you're going to start planning, it's the best to start small.
💌 Reward
- Whether it's a small matter or a big one, don't forget to reward yourself if you can make it happen. In this case, you can spoil yourself by rewarding.By fulfilling the needs of your personal desires, you will have more energy for other difficult things.
💌 It’s okay to have unstable process
-During the process of taking care of yourself, you can give up in the middle cause of difficulties and the journey might be not stable but I want to encourage you to not stop. The main thing is that even if it's not organized and perfectly balanced, it's okay if you are still willing to go for it.
So~at the beginning of the new year, SLC would like to wish the readers would be able to prioritize self-care and do well in mental health. 💕
Just like the title, caring for others is only possible if you can for yourself first. 🍃
Thank you so much for reading to the end of SLC content! 🙇♀️
Content - Jaim Pai
Graphic - June