Pwint Thit Sa
Pwint Thit Sa we selling fashion & other all item online shopping
မြန်ထိုင်းထီ ကံစမ်းပြီးသူ​ေဋ္ဌးဖြစ်ချင်သူများ 1.3.2024 ထွက်မဲ့ မြန်ထိုင်းထီကို အခုပဲ cb လာပြီးကံစမ်းလိုက်တော့နော် တစ်စော...
19/02/2024
မြန်ထိုင်းထီ ကံစမ်းပြီးသူ​ေဋ္ဌးဖြစ်ချင်သူများ
1.3.2024 ထွက်မဲ့ မြန်ထိုင်းထီကို အခုပဲ cb လာပြီးကံစမ်းလိုက်တော့နော်
တစ်စောင် ၇,၀၀၀ ကျပ်
အလျော် ၁ ဘတ် ၇၀ ကျပ်နှုန်း
ဒုတိယဆုမှစပြီး ဆုသေး ဘတ် ၂၀၀၀ အထိ ၂၄ နာရီအတွင်း K pay / wave pay မှ ငွေလွှဲလျော်ပေးပါတယ်
ပထမဆု သိန်း ၄၂၀၀ ကို ၃ ရက်အတွင်းထုတ်ပေးပါတယ်
ကျွန်မ အစုံပလုံရောင်းတဲ့ page ပါရှင်
30/10/2023
ကျွန်မ အစုံပလုံရောင်းတဲ့ page ပါရှင်
မင်္ဂလာပါရှင်
မိတ်ဆွေများအားလုံး သီတင်းကျွတ်အခါသမယမှာ စိတ်နှလုံးအေးချမ်းသာယာကြပါစေ
စီးပွားလာဘ်လာဘများတိုးတက်ကြပါစေကြောင်း ကျွန်မရဲ့ " Pwint Thit Sa " online shop မှ ဆုမွန်ကောင်းများတောင်းပေးပါတယ်ရှင်
မင်္ဂလာပါရှင်မိတ်ဆွေများအားလုံး သီတင်းကျွတ်အခါသမယမှာ စိတ်နှလုံးအေးချမ်းသာယာကြပါစေ စီးပွားလာဘ်လာဘများတိုးတက်ကြပါစေကြောင်း...
30/10/2023
မင်္ဂလာပါရှင်
မိတ်ဆွေများအားလုံး သီတင်းကျွတ်အခါသမယမှာ စိတ်နှလုံးအေးချမ်းသာယာကြပါစေ
စီးပွားလာဘ်လာဘများတိုးတက်ကြပါစေကြောင်း ကျွန်မရဲ့ " Pwint Thit Sa " online shop မှ ဆုမွန်ကောင်းများတောင်းပေးပါတယ်ရှင်
ရှင်မတောင်သနပ်ခါးက မြန်မာနိုင်ငံမှာ ပထမတန်းစားသနပ်ခါးပါနော် အထောက်အထားနဲ့ပြောရမယ်ဆိုရင် ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံတစ်နိုင...
09/05/2022
ရှင်မတောင်သနပ်ခါးက မြန်မာနိုင်ငံမှာ ပထမတန်းစားသနပ်ခါးပါနော်
အထောက်အထားနဲ့ပြောရမယ်ဆိုရင် ၂၀၁၈ ခုနှစ်
မြန်မာနိုင်ငံတစ်နိုင်ငံလုံး သနပ်ခါးပြိုင်ပွဲမှာ ပထမဆုရရှိခဲ့ပါတယ်
ဆေးဘက်ဝင်မှု / ရနံ့မွှေးကြိုင်မှုမှာ သူမတူအောင်ထူးခြားတာကြောင့် ရှင်မတောင်သနပ်ခါးက ပထမရခဲ့တာလို့ဆိုပါတယ်
ကျမလိမ်းထားတာ ရှင်မတောင်သနပ်ခါး စစ်စစ်ကိုမှ
အလွယ်တကူလိမ်းခြယ်လို့ရအောင် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ကျမကိုယ်တိုင်ထုတ်လုပ်ဖြန့်ချီနေတဲ့ ရာဇာဦးသနပ်ခါးအနှစ်ခဲလေးပါ
ရလာဒ်ကတော့ အခုကျမမျက်နှာလေးမှာ
ရနံသင်းသင်းလေးနဲ့ အေးမြ မွှေးပျံ့နေပြီး
ထိုသနပ်ခါးရနံ့လေးကြောင့် စိတ်ရောလူပါလန်းဆန်းနေတယ်ရှင့်
ရာဇာဦးရှင်မတောင်သနပ်ခါးပင်ရင်း
Founder Daw Nyein Nyein Soe
Crd:Founder
ပေါက်စီအနှစ်ခဲ တစ်ခဲ - 2500 ကျပ်
ရန်ကုန်ကိုယ်စားလှယ်
ဒေါ်အိသွဲ့ဇင်မင်း
00 760142557 , 09 793675942 , 09 884446542
17/04/2022
မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစပြီး မြန်မာပြည်သူပြည်သားများအားလုံး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ ။ စီးပွားလာဘ်လာဘများတိုးတက်ကြပါစေလို့ Pwint Thit Sa online shop မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်
30/10/2021
ကိုယ့်ကိုယ်ကိုယ် သနားရင်း အချိန်ကုန်မနေဖို့ လိုတယ်။
အခုလိုကာလမှာ လုပ်ငန်းရှင်ပဲဖြစ်ဖြစ်၊ ဝန်ထမ်းဖြစ်ဖြစ် အခက်အခဲကြုံမနေရတဲ့သူဆိုတာ ခပ်ရှားရှားပဲ။
လုပ်ငန်းရပ်နေတာဖြစ်ရင်ဖြစ်မယ်၊ လစာလျော့ရတာဖြစ်ရင် ဖြစ်မယ်။ ဒါမှမဟုတ် ပိုင်ဆိုင်မှုတန်ဖိုးလျော့ကျတာ၊ စိတ်မချမ်းသာတာ၊ လုံခြုံမှုပျောက်ဆုံးတာ စသဖြင့် မျိုးစုံဖြစ်နေနိုင်တယ်။
တကယ်လို့ အခုချိန်မှာ အိမ်မှာနေလို့ ရနေသေးတယ်၊ စားစရာရှိနေသေးတယ်၊ အလုပ်ရှိနေသေးတယ်၊ အနည်းဆုံး အခုစာကို ဖတ်နေနိုင်သေးတယ်ဆိုရင် သင့်အခြေအနေ အရမ်းကြီးတော့ မဆိုးသေးဘူးလို့ ပြောနိုင်တယ်။
နေရာဒေသအသီးသီးမှာ အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့သူတွေ အများကြီးရှိတယ်၊ အဲဒါလို အချိန်မှာ ဘာအခက်အခဲမှ ရှိမနေချင်ဘူးဆိုတာ ကလေးဆန်လွန်းတာပဲ ဖြစ်နိုင်တယ်။
ယေဘုယျအားဖြင့် ကလေးတွေဆိုတာ ချော့ရင်ကြိုက်တယ်၊ မုန့်ကျွေးရင် ကြိုက်တယ်၊ ဆူရင်မကြိုက်ဘူး၊ စာကျက်ရရင် မကြိုက်ဘူး၊ ထင်သလိုမဖြစ်ရင် မကြိုက်ဘူး။
လက်တွေ့လောကကြီးမှာတော့ နေ့ရှိရင် ညရှိတယ်၊ မြင့်တာရှိရင် နိမ့်တာရှိတယ်၊ အဆင်ပြေတာရှိရင် အဆင်မပြေတာလည်း ရှိတယ်။ ဘယ်အရာမှ အရာကြီး တည်မြဲနေတယ်ဆိုတာ မရှိနိုင်ဘူး။
အရေးကြီးတာက မှန်ကန်တဲ့စိတ်နေသဘောထားကို မွေးဖို့၊ အခုအချိန်ဟာ အနာဂတ်အတွက် ပြင်ဆင်နေတာဖြစ်တယ်လို့ နှလုံးသွင်းဖို့၊ အတတ်နိုင်ဆုံး အများအကျိုးပြုဖို့၊ ရည်မှန်းချက်သေချာချပြီး အချိန်ကို ဒီအတိုင်းကုန်ဆုံးမယ့်အစား အကျိုးရှိစွာ အသုံးချပြီး ကုန်ဆုံးဖို့ပဲ ဖြစ်တယ်။
လုပ်ငန်းကို တိုးတက်အောင် လုပ်လို့မရရင် ပညာကို တိုးတက်အောင်လုပ်ပါ၊ အဲဒီနှစ်ခုလုံး မရရင် လူအများကို ကူညီပြီး မိတ်ဆွေတိုးအောင်လုပ်ပါ၊ မဟုတ်ရင် ကျန်းမာရေးကို ဂရုစိုက်ပါ၊ ဘာသာရေးလုပ်ပါ။
သင်သာ ရွေးချယ်လုပ်မယ်ဆိုရင် တိုးတက်ရာ တိုးတက်ကြောင်း လုပ်စရာတွေအများကြီးကျန်နေတာကို သင်သတိထားမိလာမှာပါ။
Naing Win Aung (MBA, UK)
CEO Coach & NLP Master Trainer
Leadership Development Facilitator
အကယ်၍ သင့်စီးပွါးရေး၊ အလုပ်အကိုင်နဲ့ စိတ်ခံစားမှု ပိုမိုကောင်းမွန်လာဖို့အတွက် အဖြေရှာချင်တယ်ဆိုရင် Breakthrough Coaching, Training & Consulting ကနေ နိုဝင်ဘာ ၂၆၊၂၇၊၂၈ မှာ ဖွင့်လှစ်မယ့် Transformational Leadership Journey (TLJ) ၃ ရက်သင်တန်းကို တက်ရောက်ပြီး အဖြေရှာနိုင်ပါတယ်။
Early Bird အထူးအစီအစဉ်လည်း ရှိတဲ့အတွက် စိတ်ဝင်စားတဲ့သူများ comment ရေးခဲ့နိုင်ပါတယ်။
20/10/2021
လူတိုင်းဟာ အမြဲတမ်း ကံကောင်းနေတာတော့မဟုတ်ကြဘူး..
ကုသိုလ်ကံ ညံ့တဲ့အချိန်တွေ..
ကံဇာတာနိမ့်တဲ့ အချိန်တွေလည်း ဘ၀မှာ ကြုံတတ်ကြတာပဲ..
ကျွန်မဘ၀မှာ..ကုသိုလ်ကံ အညံ့ဆုံးအချိန်ဟာ..အဖေဆုံးတဲ့အချိန်ပဲ..
အဲဒီနှစ်မှာ..ကျွန်မကျန်းမာရေးလည်း သိပ်မကောင်းဘူး..
အဖေ..ဆေးရုံမှာ အသည်းအသန် ဖြစ်နေတဲ့အချိန်မှာ..ကျွန်မကအိမ်မှာ..မီးညောင်ရိုး..အတက်ထွက်သလိုဖြစ်ပြီး ထိုင်တောင်မထိုင်နိုင်ဘူး..
နာလွန်းလို့..အိပ်ရာထဲမှာ ဆေးသောက်ပြီးလှဲနေရတယ်..
အဲဒီတုန်းက ကျွန်မတို့ အိမ်ကို နိုင်ငံခြားသားတစ်ယောက်ကို ဌားထားသေးတယ်..
သူကလည်း..နောက်တစ်နှစ် စာချုပ်ဆက်မချုပ်တော့ဘူး..ဆိုတာကို အကြောင်းကြားလာတယ်..
မိသားစုရဲ့ ၀င်ငွေ..ရပေါက်ရလမ်းဟာ..လျော့သွားတော့တာပဲ..
သိပၼ်ကာပါဘူး..
အဖေလည်းဆုံးသွားတယ်..
အဲဒီတုန်းက ကျွန်မအဖိုးက ကျွန်မကို သတိပေးတယ်..
ကားမောင်းတာတွေ..ဘာတွေသတိထား..တဲ့..
အိမ်မှာ အခု အဆင်မပြေမှုတွေချည်းဖြစ်နေတယ်..
သမီးတို့ မိသားစုအရမ်းညံ့နေတယ်..
မတော်တဆမှုတွေ..ဘာတွေဖြစ်နိုင်တယ်..တဲ့..
သမီး..ကုသိုလ်ကိုဖိလုပ်နော်..
လုပ်တော့နော်..လို့..ပြောခဲ့တာကို မှတ်မိနေပါတယ်..
အဟုတ်ပါပဲ....
ကံဇာတာညံ့နေတယ်ဆိုတာ..တကယ်တော့..ဗေဒင်မမေးဘဲနဲ့တောင် သိနိုင်ပါတယ်..
ကံညံ့နေပြီဆိုရင် ဘာလုပ်လုပ်အဆင်မပြေဖြစ်နေတတ်တယ်..
အသေးအဖွဲလေးတွေကစလို့..
ကြီးမားတဲ့ကိစ္စတွေအထိ..ဘာမှ အလုပ်မဖြစ်ဘူး..
ဥပမာ..စကားပြောအဆင်မပြေဘူး..
အလုပ်ကိစ္စ..တေ့လွဲတွေလွဲနေတတ်တယ်..
ပြိုင်ဆိုင်မှုမှန်သမျှ ရှူံးနိမ့်နေရတတ်တယ်..
စီးပွားရေးဆုံးရှူံးတာ..ရှိသမျှထုတ်ရောင်းရတာ..
အကြွေးတွေတင်တာ..
အမှုအခင်းတွေဖြစ်တာ..
ကျန်းမာရေးတွေ ညံ့လာတာ...
အရာအားလုံးဟာ..အတွဲလိုက်ကြီး ရောက်လာတတ်ကြပါတယ်..
Trouble comes double ပေါ့လေ..
ဒုက္ခဆိုတာ အဖေါ်အပေါင်းနဲ့ ပျော်ပျော်ကြီးလာတာပေါ့..
မတော်တဆမှုတွေဖြစ်တယ်
လက်မှာဓါးရှတာ..အဆူးစူးတာ...ချော်လဲတာ..
အရိုးနင်တာကစလို့..ခွေးကိုက်ခံရတာ..ကားတိုက်ခံရတာမျိုးတွေအထိဖြစ်တတ်ပါတယ်..
ပြီးတော့..ကြီးမားတဲ့အပြောင်းအလဲတွေ ကြုံဆုံလာတတ်တယ်..
မိဘ ကွယ်လွန်တာ..
အိမ်ထောင်ကွဲတာ..
အိမ်ထောင်ဖက် သေဆုံးတာ..မျိုးတွေပေါ့..
စိတ်ပိုင်းဆိုင်ရာအရကြည့်ရင်..
ဒေါသတွေ ပိုထွက်လာတယ်..
ဘယ်သူက
ဘာပဲပြောပြော..ဒေါသနဲ့ပဲပတ်ရမ်းနေမိတယ်..
ကျေးဇူးရှိတဲ့သူတွေ..
ကိုယ့်အပေါ် မေတ္တာ တရားကြီးမားတဲ့သူတွေကိုလည်း ဒေါသနဲ့ပဲတုံ့ပြန်မိလာတယ်..
ဆဲဆိုမိတယ်..
မိုက်ရိုင်းလာတယ်..
ဆုံးမတာတွေ..ဘာတွေကို မခံယူတတ်တော့ဘူး..
မကောင်းတဲ့ စိတ်တွေကြီးစိုးလာတတ်တယ်..
သူများကို မနာလို အကြီးအကျယ်ဖြစ်တာ..
သူများအဆင်ပြေ ပျော်ရွှင်နေရင် ၀မ်းမသာနိုင်တာ..
ကိုယ်ကိုယ်တိုင် စိတ်ဓာတ်ကျ..လမ်းပျောက်ပြီး..
သတ်သေချင်လောက်အောင် ဖြစ်နေတာ..
ဒါတွေအားလုံးဟာ..အကုသိုလ် စိတ်တွေပါပဲ...
အကုသိုလ်​​ အမှောင်ဖုံးနေတဲ့အခါ..
ကောင်းဖို့အတွက်ကို ပြုပြင်ချင်တဲ့စိတ်မရှိတော့ဘူး..
စိတ်မရှည်တော့ဘူး..
မကောင်းတာလုပ်ရတာကို ကြိုက်လာတယ်..
မကောင်းတာကို ကောင်းတာလို့ထင်လာတယ်..
မကောင်းမှန်းသိပေမဲ့..
ငါလုပ်တာကတော့..အာပတ်လွတ်ပါတယ်..ဆိုတာမျိုး..
မိုးကြိုးကို ထန်းလက်နဲ့ကာတာမျိုးတွေ..
တွေးတတ်လာတယ်..
ပြင်ကို မပြင်နိုင်တော့ဘူး..
ဆက်လုပ်နေမိတတ်တယ်..
မကောင်းတဲ့အလုပ်မှာပဲ..ပျော်မွေ့တတ်လာပါတယ်...
ဥပမာ..အရက်သောက်တာမျိုး..
လောင်းကစားလုပ်မိတာမျိုး..
လိမ်တာ..ညာတာ..ခိုးတာမျိုး..
လူမှုရေးအရ..အမှားတွေ ကျူးလွန်မိတာမျိုးပဲ..
သီလမရှိတော့တာပေါ့..
ကံညံ့နေတဲ့သူကိုကြည့်ရင် ရုပ်ပိုင်းဆိုင်ရာ..အရ..
စိုစိုပြည်ပြည်မရှိတော့ဘဲ..ညစ်ထပ်ထပ်ဖြစ်နေတတ်ပါတယ်..
အသားအရေတွေ..မျက်နှာအမူအရာတွေဟာလည်း ကြမ်းတမ်းနေတတ်ကြတယ်..
ကံနိမ့်တယ်..ကံညံ့တယ်ဆိုတာခဏတစ်ဖြုတ်ဖြစ်နိုင်သလို..နှစ်နဲ့ချီပြီးအကြာကြီးလည်း ဖြစ်နေတတ်ပါတယ်..
တစ်ဘဝလုံးလည်း ဖြစ်သွားနိုင်တယ်ပေါ့..
ယခုဘ၀မှာလုပ်ခဲ့တဲ့ အကုသိုလ်ကံကြောင့် ညံ့တာဖြစ်နိုင်သလို..အရင်ကလုပ်ခဲ့တဲ့ ကံအဟောင်းက ပျော်ပျော်ကြီး နှိပ်စက်ကလူပြုနေလို့ ညံ့တာမျိုးလည်းဖြစ်နိုင်ပါတယ်...
တချို့ကျတော့လည်း..ကုသိုလ်တွေလုပ်နေတာပဲ..
ဒါပေမဲ့..ဘာမှလည်းထူးမလာဘူး..
ပိုတောင်ဆိုးလာသေးတယ်ဆိုပြီး သဒ္ဓါတရားကို လုံးဝလျှော့ချရပ်ပစ်လိုက်တာတွေရှိတယ်..
ကျွန်မကတော့..အဖေဆုံးတဲ့ ၁၉၉၉ကစလို့..ကံညံ့လိုက်တာ..၂၀၀၉ အထိ..၁၀နှစ်ကြာခဲ့ပါတယ်..
အတိတ်ကံကြွေးပြန်ပေးဆပ်ရတဲ့အချိန်တွေလည်းဖြစ်ခဲ့တယ်..
ရှေ့မှာရေးခဲ့တဲ့ ကံညံ့မှုမျိုးစုံထဲက အချက်တွေ အတော်များများနဲ့ ငြိခဲ့ဖူးတယ်..
ကိုယ့်ကိုယ်ကိုလည်း အရမ်းကို ညံ့နေပြီဆိုတာကိုသိနေခဲ့တယ်.. ဒါကြောင့်..ကျွန်မ ..အကုသိုလ်တွေဖြစ်နေတဲ့ကြားထဲကပဲ..ကုသိုလ်အရမ်းကို လုပ်ခဲ့တယ်..
ဒါပေမဲ့..အကုသိုလ်တွေများခဲ့လို့ထင်တယ်..
ကျွန်မ ကုသိုလ်တွေဟာ..အကုသိုလ်ကို ကျော်လွန်ပြီး..အကျိုးမပေးခဲ့ဘူး..
အဲဒီနှစ်အပိုင်းအခြားတွေမှာ..ပညာရေးနဲ့ပတ်သက်ပြီး..အောင်မြင်မှုရတာတွေ..မိသားစုကိစ္စကို အကြီးအမှူးအနေနဲ့ ဆောင်ရွက်ပေးခဲ့ပြီး..အောင်မြင်ခဲ့ရတာတွေရှိခဲ့တယ်..
ဒါပေမဲ့..
အဆင်ပြေတာလေးတွေ..ပျော်ရတာလေးတွေဟာ..
ခဏပဲ..
တောက်လျှောက်ကကျွန်မ အရမ်းကို ကိုယ်ရော..စိတ်ရော..ပင်ပန်းဆင်းရဲတွေဖြစ်ပြီး...
ရှင်သန်ခဲ့ရတယ်
ကျွန်မတော့ ၀ဋ်ကြွေးကုန်မဲ့နေ့ကိုပဲ ကုသိုလ်လုပ်ပြီး စောင့်နေခဲ့တယ်..
ကံ..ကံ၏ အကျိုးကိုယုံကြည်တယ်..
ဖြစ်နေတာအားလုံးသည် မမြဲဘူးလို့တွေးတယ်..
အားလုံး ပြီးသွားမဲ့အချိန်ကို စောင့်နေခဲ့တယ်..
အခြေအနေတွေ ကျပ်တည်းနေလွန်းလို့..ဗိုလ်တစ်ထောင်ကမ်းနားမှာ..လတိုင်းကဏန်းတွေကို..
ကြိုးတွေဖြည်ပြီး..လွှတ်ခဲ့တာ..သုံးနှစ်တိတိမပျက်ခဲ့ဘူး..ကဏန်းလွှတ်တိုင်းလည်း..
ကျပ်တည်းမှု..ကြိုးကိုင်ခံရမှု..လွှမ်းမိုးမှု..
ပိတ်ဆီးမှုတွေကနေ လွန်မြောက်ရပါစေလို့ အမြဲဆုတောင်းမိတယ်...
္ဗသမ္ဗုဒ္ဓေ နဲ့..ပဌာန်းအမြဲရွတ်တယ်..ပဌာန်းဆက်ရှိတဲ့ လူတွေနဲ့ပဲတွေ့ရပါစေ..လို့အမြဲဆုတောင်းတယ်..
မြင်အပ် မမြင်အပ်သော ပုဂ္ဂိုလ်တွေကို အမြဲ မေတ္တာပို့ပေးတယ်..အမျှဝေပေးတယ်..
သူတို့နဲ့ မိတ်ဆွေဖြစ်အောင်နေခဲ့တယ်..
ပြီးတော့..
ကျွန်မအမြဲလည်း သစ္စာဆိုတယ်..
ကုသိုလ်ကံအကျိုးပေးချိန်ကျတော့..အရမ်းသိသာတယ်..
၂၀၁၀ ခုနှစ်ကစပြီး..
နှောင်တည်းခံထားရတဲ့ ကြိုးတွေ တစ်ပတ်ပြီး..တစ်ပတ် ပြေလျော့သွားသလိုပဲ..
ကျွန်မဘ၀မှာ..ကြီးမားတဲ့..ကောင်းသော..အပြောင်းအလဲတွေဟာ..
မျက်လှည့်ပြလိုက်သလိုကိုဆက်တိုက်ကြီး..ဖြစ်လာတယ်..
မကောင်းတဲ့သူတွေ အဝေးကို လွင့်စင်သွားတယ်..
ပဌာန်းဆက်ရှိတဲ့ ပုဂ္ဂိုလ်တွေ အနားကိုရောက်လာကြတယ်..
ကျွန်မကိုယ်ကျွန်မတောင်မယုံနိုင်ဘူး..
ဘယ်တော့မှ မနိုင်ဘူးလို့..ထင်တဲ့ လူတွေနဲ့ ပြောဆိုတဲ့နေရာမှာ..လွယ်လွယ်ကူကူပဲ..အောင်မြင်သွားတယ်..
ကံညံ့နေပြီလို့ သတိထားမိပြီဆိုရင် စိတ်ကိုပဲအရင်ပြောင်းရလိမ့်မယ်..
အတွေးတွေကို အရင်ပြောင်းရလိမ့်မယ်..
ညံ့နေတယ်..အဆင်မပြေဘူး..စိတ်ညစ်တယ်..
ဆိုပြီး..ဇွတ်တိုးလုပ်သမျှ ပိုဆိုးဖို့ပဲရှိတယ်...
မိမိ..ကိုးကွယ်ရာ..ဘာသာတရားကို..အာရုံပြုပြီး ကုသိုလ်စိတ်ဖြစ်အောင် နေရမယ်..
လုပ်နေမိတဲ့ မကောင်းတဲ့အလုပ်တွေကို ရပ်ပစ်နိုင်အောင်ကြိုးစားရမယ်..
ရေဖန်ခွက်ထဲကို ချေးလေးတစ်စက်လောက်ပဲ
ထည့်မှာပါဆိုပေမဲ့..ချေးက..ချေးပဲ..
အကုသိုလ် ဆိုတာလည်း ဒီသဘောအတိုင်းပဲ..
ကုသိုလ်ဆိုတာကတော့ စုဗူးနဲ့တူတယ်..
စုထားတော့မှပဲ..လိုတဲ့အချိန် ထုတ်သုံးလို့ရမယ်..
တစ်ခုခု အကျပ်အတည်းဖြစ်တော့မှ..ကုသိုလ်တွေ ထလုပ်တော့ ..ပိုက်ဆံ တစ်ပြားမှမရှိတဲ့ စုဗူးကြီးပိုက်ထားရသလိုဖြစ်မှာပဲ..
ကုသိုလ်ဆိုတာ သံကြိုးကွင်းဆက်နဲ့လည်းတူတယ်..
တစ်ခုနဲ့တစ်ခု ချိတ်ဆက်မိနေဖို့လိုတယ်...
ကုသိုလ်လုပ်ဖို့ကို..ဘယ်တော့မှ အားမလျှော့လိုက်ပါနဲ့..
မွန်ဟော်စီ
၂၀၁၉ အောက်တိုဘာ
Photo
Capture
မြန်မာ့ရိုးရာ အဆင့်မြင့်ရှင်မတောင်သနပ်ခါး  #ရာဇာဦး #အတု===== ဈေးပေါတယ် အစစ်နီးပါးပုံစံဆင်တယ် လှပတယ် နေရာတိုင်းမှာဝယ်လို့...
03/10/2021
မြန်မာ့ရိုးရာ အဆင့်မြင့်ရှင်မတောင်သနပ်ခါး #ရာဇာဦး
#အတု
=====
ဈေးပေါတယ် အစစ်နီးပါးပုံစံဆင်တယ် လှပတယ် နေရာတိုင်းမှာဝယ်လို့ရတယ် ပျက်စီးလွယ်တယ် တာရှည်မခံဘူး စံမမှီဘူး အထက်တန်းမကျဘူး တစ်ပွဲသာတိုးတယ် တစ်ခုပျက်စီးရင် နောက်တစ်ခုအစားထိုးစရာပေါများတယ်
#အစစ်
=====
ဈေးကြီးတယ် ပုံစံကကျစ်လစ်တယ် မလှပဘူး အကြမ်းခံတယ် ခိုင်ခံ့တယ် တာရှည်ခံချက်က 9+
ဝယ်ရင်တောင်တံဆိပ်ကိုသေချာစစ်ဆေးရတယ် ဘောင်ဝင်တန်းဝင်ပွဲပေါင်းများစွာဝင်ဆန့်တယ် အထက်တန်းကျတယ် တစ်ခုကလည်းတော်တော်နဲ့မပျက်စီးသလို ပျက်သွားရင်လည်းနောက်တစ်ခုရဖို့ ငွေစုရတယ်
ကဲ သင်ရော အတုကိုင်မလားအစစ်ပဲသုံးမလား
ဒါမှမဟုတ် သင်က အတုလား
အစစ်လား
ကျမက အစစ်
#ရာဇာဦး သနပ်ခါးထုတ်လုပ်သူ
` Founder ´
Crd:
👍 ဒါကြောင့် ကျွန်မလည်းအစစ်ပဲကိုင်တယ် 👍
ရာဇာဦးရှင်မတောင်သနပ်ခါးပင်ရင်း (ရေစကြို)
ရန်ကုန်ကိုယ်စားလှယ်
မအိသွဲ့ဇင်မင်း
09 760142557
27/12/2020
ပွင့်သစ်စ ပိုးထည်၊ချည်ထည်ဆိုင်ရဲ့
Year end of sales ' 2020 အတွက်
အရမ်းလှ အရမ်းတန်တဲ့ အထည်များ
ဒီနေ့ ည ၉ နာရီ မှာ Live လွှင့်ရောင်းပေးပါမယ် ။
အားပေးကြပါအုံးရှင့် 📣📣📣
အသစ်ရောက်တဲ့ ချည်ထည် ဝမ်းဆက်၊ ပန်းထိုး ဝမ်းဆက်၊ ဗူးပါတိတ်၊ အင်ဒိုပါတိတ် ဒီဇိုင်းအသစ်တွေ အများကြီးပါပါမယ်
ဈေးတန်တန်လေးနဲ့ ရောင်းပေးမှာပါ
ဝယ်တဲ့သူတွေရော ၊ ဝင်ကြည့်ပြီး like & share လုပ်ပေးပြီး အားပေးတဲ့သူတွေရော အထည်နဲ့ ဖုန်းဘေ တွေမဲဖောက်ပေးအုံးမှာနော်
ဒါကြောင့် ဆက်ဆက်စောင့်ကြည့်ပြီး အထည်တွေအားပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ရှင့်
Address
6 Th Street ( A Block )
Yangon
Telephone
+959884446542
Website
Alerts
Be the first to know and let us send you an email when Pwint Thit Sa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Share