Corchet with Me

Corchet with Me Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Corchet with Me, Shopping Service, Yangon.

မင်မင်ရဲ့တူမလေးအတွက်ထိုးဖြစ်တဲ့ one set လေးအိမ်မှာရှိတဲ့မီးမီးလေးတွေအတွက်လည်းမှာလို့ရတယ်နော်ကောင်မလေးတွေအတွက်ကတော့ custo...
27/09/2021

မင်မင်ရဲ့တူမလေးအတွက်ထိုးဖြစ်တဲ့ one set လေး
အိမ်မှာရှိတဲ့မီးမီးလေးတွေအတွက်လည်းမှာလို့ရတယ်နော်
ကောင်မလေးတွေအတွက်ကတော့ customized designs
လေးတွေပြပြီးလည်းလာမှာလို့ရနေပါပြီး

Can Order Now!
waiting time~ 2 or 3 week
cb for details:


Customer order ! ( Cherry tomato) ဒါလေးဆိုလည်းရိုးရိုးလေးနဲ့လှတာနော်jeans လေးတွေနဲ့အပြင် မြန်မာဆန်ဆန်ထဘီလေးနဲ့လည်းတွဲဝတ်...
15/09/2021

Customer order ! ( Cherry tomato)
ဒါလေးဆိုလည်းရိုးရိုးလေးနဲ့လှတာနော်
jeans လေးတွေနဲ့အပြင် မြန်မာဆန်ဆန်ထဘီလေးနဲ့လည်း
တွဲဝတ်လို့ရလို့အရမ်းအဆင်ပြေပါတယ်

Can Order Now!!!
CB for more details!
waiting time: 2 weeks (half/full prepaid)

(မင်မင် ဒီ order လေးထိုးနေလို့ page ကို update
မလုပ်ဖြစ်ဘူးဖြစ်သွားတယ် အခု update တွေနဲ့ပြန်လာပါတော့မယ်
အားပေးလို့ရပါပြီး🙇‍♀️)
မင်မင်ရဲ့ဓာတ်ပုံရိုက်စကေးကိုတော့မသိချင်ယောင်ဆောင်ပေးပေါ့🤧


အင်တာနက်တွေ ဖြတ်ခဲ့သော် offline ဆက်သုံးလိုရမည့် အသုံးဝင်မည့် app များhttps://play.google.com/store/apps/details?id=com.g...
07/09/2021

အင်တာနက်တွေ ဖြတ်ခဲ့သော် offline ဆက်သုံးလိုရမည့် အသုံးဝင်မည့် app များ

https://play.google.com/store/apps/details?id=com.google.android.apps.maps ( Google maps မှာ မြေပုံတွေ offline mode ရအောင် down ထားပါ။ တစ်ခုခုဆို အနီးနားမှာ ဆေးရုံ/စတိုးတည်နေရာတွေ အလွယ်တကူရှာလိုရအောင်ပါ။
Google Maps application ကို ဒေါင်းပါ။ Google maps မှာ Yangon, Mandalay စတဲ့ ကိုယ်ဒေါင်းချင်တဲ့မြိုကိုအရင်ရှာပါ။ အဲ့မြိုမြေပုံအောက်ကို ဆွဲတင်ပြီးရှာလိုက်ရင် download button ကိုတွေ့ပါလိမ့်မယ်။ အဲ့မှာ ဒေါင်းပြီး သိမ်းထားပါ။ အင်တာနက်မရှိလဲ တောက်လျှောက်သုံးလိုရသွားပါလိမ့်မယ်။)

http://onelink.to/ayaypaw ( အရေးပေါ် application)

https://play.google.com/store/apps/details?id=com.cmkk.medicaldictionary (ဆေးအဘိဓာန်)

https://play.google.com/store/apps/details?id=com.cmkk.saykyan (ဆေးကျမ်း- ဆေးဝါးများ၏ အကျိုး/ဆိုးကျိုးများကို ပြပေးပါတယ်)

https://play.google.com/store/apps/details?id=com.gen.bettermeditation (စိတ်ကျန်းမာရေးဆိုင်ရာ)

https://play.google.com/store/apps/details?id=com.pthw.food ( အစားအစာများကို တွဲဖက်စားသင့်/ မစားသင့် အလွယ်တကူ ရှာဖွေလိုရပါတယ် )
Crd to org

ပြည်သူများ ကြိုတင်လေ့လာထားပြီး အချင်းချင်း ကူညီနိုင်စေရန် A Yay Paw အဖွဲ့မှ မျှဝေထားသော အချက်အလက် အချို့ကို စုစည်းပြီး ထ...
07/09/2021

ပြည်သူများ ကြိုတင်လေ့လာထားပြီး အချင်းချင်း ကူညီနိုင်စေရန် A Yay Paw အဖွဲ့မှ မျှဝေထားသော အချက်အလက် အချို့ကို စုစည်းပြီး ထပ်မံ မျှဝေပေးလိုက်ပါတယ်။

သူရဲကောင်း ပြည်သူအပေါင်း ဘေးရန်ကင်းကြပါစေ

🙏🙏🙏

Application ဒေါင်းလုပ် လုပ်ရန် 👇
http://onelink.to/ayaypaw

Website / Android APK file ဒေါင်းလုပ် လုပ်ရန် 👇
https://www.springrevolution.xyz

စာအုပ် ရယူရန် 👇
https://tinyurl.com/ayaypaw-book

YouTube channel 👇
https://www.youtube.com/c/AYayPawApp

ဗီဒီယိုဖိုင်များ ဒေါင်းလုပ် လုပ်ရန်👇
https://tinyurl.com/ayaypaw-videos

လက်ကမ်းစာစောင် (ဘာသာစကား ၁၁မျိုး) ရယူရန် 👇
https://tinyurl.com/ayaypaw-pamphlet

စစ်မြေပြင်အတွက် TCCC Quick Reference Guide 👇
https://tinyurl.com/TCCCGuide

Telegram channel 👇
https://t.me/ayaypaw

Facebook 👇
https://www.facebook.com/ayaypawapp

⛑️ လူနာကို စတင်စစ်ဆေးနည်း
https://www.facebook.com/109141914602281/posts/116883570494782/

⛑️ အခြေခံ အသက်ကယ်နည်း
https://www.facebook.com/109141914602281/posts/117390973777375/

⛑️ သွေးထွက်မလွန်စေရန် လူနာအား ကနဦးပြုစုနည်း
https://www.facebook.com/109141914602281/posts/115261593990313/

https://www.facebook.com/109141914602281/posts/115918890591250/

https://www.facebook.com/109141914602281/posts/116287253887747/

⛑️ လူနာဦးစားပေး အဆင့်ခွဲနည်း
https://www.facebook.com/109141914602281/posts/115497350633404/

⛑️ စစ်ဆင်ရေး အခြေအနေတွင် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်း
https://www.facebook.com/109141914602281/posts/143619477821191/

⛑️ အရေးပေါ် ရေသန့်ပြုလုပ်နည်း
https://www.facebook.com/109141914602281/posts/135608021955670/

⛑️ ဗုံးပေါက်ကွဲမှုကြောင့် ရနိုင်သည့်ထိခိုက်ဒဏ်ရာများ စစ်ဆေးကုသခြင်း အကြောင်း (Medical team များအတွက်)
https://www.facebook.com/109141914602281/posts/128389286010877/

https://www.facebook.com/109141914602281/posts/140791201437352/

Special Credit to A Yay Paw - အရေးပေါ် Team

𝙀𝙈𝙀𝙍𝙂𝙀𝙉𝘾𝙔 𝘽𝘼𝙂 အရေးပေါ်အိတ်ဆိုတာ၁ -အရေးအကြီးဆုံးက ဓါးပါပဲ။မယုံမရှိနဲ့ တောထဲရောက်ရင် ဓါးတစ်ချောင်းမှမရှိရင် အသက်ရှင်ဖို့ သိ...
07/09/2021

𝙀𝙈𝙀𝙍𝙂𝙀𝙉𝘾𝙔 𝘽𝘼𝙂 အရေးပေါ်အိတ်ဆိုတာ

၁ -
အရေးအကြီးဆုံးက ဓါးပါပဲ။

မယုံမရှိနဲ့ တောထဲရောက်ရင် ဓါးတစ်ချောင်းမှမရှိရင် အသက်ရှင်ဖို့ သိပ်ခက်ပါတယ်။
ရမ်ဘိုဓါးလိုမျိုး ၆ လက်မလောက်ရှိတဲ့ ဓါးကောင်းကောင်းတစ်လက်မှမရှိရင် အသက်ရှင်ဖို့ အတော်ခက်ပါတယ်။
စားစရာမရှိလို့ အုန်းသီး ခွါမယ်ဆိုရင်တောင် တရုတ်ခြင်္သေ့ခေါင်းကရင် ခွါသလို လက်သီးနဲ့ ထိုးခွါနေရပါလိမ့်မယ်။

၂ -
ဒုတိယအရေးအကြီးဆုံးက မီးခြစ်ပါ။

ဇစ်ပိုလိုမျိုး တော်ရုံ ရာသီဥတုကြမ်းရင်တောင် ခြစ်လို့ရတဲ့ မီးခြစ် ဖြစ်ရပါမယ်။
မီးက တွေ့ကရာနဲ့ လုပ်ရသိပ်ခက်ပါတယ်။
မယုံရင် ကောက်ရိုးခြောက်ပုံပြီး သစ်ကိုင်းကိုအပေါက်ထဲထည့်ပြီး လှည့်ကြည့်ပါ။ ကျောက်ခဲကို ခတ်မယ်ဆိုလဲ ခတ်ကြည့်ပါ။ ကိုယ်တိုင်လုပ်ဖူးတာတော့ မီးတောက်ဖို့အသေခက်ပါတယ်။

၃ -
ရေဗူး

မရှိမဖြစ်လိုတဲ့အရာပါ။ သံဗူးဖြစ်ရပါမယ်။ ကော်ဗူး ဖန်ဗူး လုံးဝအလုပ်မဖြစ်ပါ။
အရမ်းကြီးလို့မရ၊ လောဘကြီးပြီး ဘူးအကြီးကြီးထည့်ရင် လူအများစုအတွက် သယ်ရတာ အတော်တိုင်ပတ်ပါတယ်။
မယုံရင် ရေသန့် ၁ လီတာဗူး ၃ ဗူးလောက်ပဲ ကျောပိုးအိတ်ထဲထည့်ပြီး အထပ်မြင့်တက်ကြည့်ပါ။ ကျနော်ကိုယ်တိုင် ကျိုက်ထီးရိုးတောင်တက်ရာမှာ သူငယ်ချင်းတွေအတွက် ၅ ဗူး ၆ ဗူး ထည့်သယ်ဖူးတော့ ကောင်းကောင်းသိပါတယ်။
တကယ်တန်း ဝေးဝေးသယ်ပြီဆို ဝိတ်နည်းနည်းလေးကအစ ပြဿနာတက်ပါတယ်။

ရေဗူးအပြင် Lifestraw ရှိရင် ပိုကောင်းပါတယ်။ ဘာလဲဆို ဘယ်လောက်ညစ်ပတ်တဲ့ ရေအိုင်ကဖြစ်ဖြစ် စုတ်သောက်လို့ရတဲ့ ရေသန့်ပေးတဲ့ ပိုက်ကလေးပါ။ ကမ္ဘာမှာနာမည်အလွန်ကြီးပါတယ်။

၎ -
စားစရာ အခြောက်အခြမ်း။

ဗိုက်ဝဖို့ထက် အာဟာရဖြစ်စေဖို့ကို ဦးစားပေးထည့်ရပါမယ်။ တကယ်ပြဿနာတက်ပြီဆို ငတ်တာက ငတ်ဖို့များပါတယ်၊ ဒါပေမယ့် အားမပြတ်ဖို့လိုတာပါ။ အရေးပေါ်အစားအစာရွေးမယ်ဆို ဒီသဘောကို ခွဲခြားသိရပါမယ်။

တကယ်ငတ်ပြီဆို ဘယ်လိုဟာတွေ အကျိုးရှိလဲဆို ကျနော့်အတွက် ဦးစားပေးက ချော့ကလက်ပါပဲ။ ချော့ကလက် တစ်တောင့်ဟာ တစ်နေကုန် သွားဖို့ အင်အားရပါတယ်။ ဗိုက်က ဂွီတာကို မပြောပါဘူး၊ အာဟာရပြတ်ပြီး မူးလဲမသွားဖို့ကိုပြောတာပါ။

ခေါက်ဆွဲခြောက်ဘာညာက ဝန်ပွပြီး အလုပ်မဖြစ်ပါ။ မီးဖိုနေရပါမယ်၊ ပြီးတော့ အာဟာရသိပ်မပါပါဘူး။

ဝန်သေးသေးနဲ့ ခန္ဓာကိုယ်အတွက်လိုတဲ့ အာဟာရပေးနိုက်တာတွေကို ရွေးပါ။ ချော့ကလက်ထက်ကောင်းတာကတော့ UN က ဝေတဲ့ Emergency food ဘီစကစ်ကဲ့သို့ အထုတ်တွေပါပဲ (နာဂစ်တုန်းက ခေတ်စားလိုက်သေးတယ်)

အစားအစာမှာ နောက်ထပ်အရေးကြီးတာ ဆားပါ။
တွေ့ရာ အရွက်နဲ့ ဟင်းချက်မယ်ဆို ကျန်တာမပါလို့ရတယ် ဆားမပါရင် ပြဿနာတက်ပါတယ်။ ဟင်းချက်ရာမှာ မရှိမဖြစ်လိုတာ ဆားတစ်ခုပဲရှိပါတယ်။

သိပ်သယ်ချင်ရင် ငါးခြောက်၊ ဆိတ်သားခြောက်တွေ သယ်လို့ရပါတယ်။ အကြာကြီးအထားခံပါတယ်။

အပျော်ခရီးထွက်ဖို့မဟုတ်လို့ အရေးမပါတဲ့ အစားအစာတွေမေ့လိုက်ပါ။

၅ -
ကိရိယာတန်ဆာပလာများ

Swiss Knife ရှိရင် ယူဖြစ်အောင်ယူပါ။ အရေးနဲ့ အကြောင်းနဲ့ဆို တကယ်အသုံးဝင်ပါတယ်။

နောက်တစ်ခုက မြေပုံ နဲ့ သံလိုက်အိမ်မြှောင်။
မီးမရချိန်မှာ GPS အလုပ်မလုပ်နိုင်ချိန်မှာ အားကိုးရမှာပါ။ ကြည့်တတ်ဖို့တော့လိုပါတယ်။

တစ်ဆင့် သံချိုင့် စတီးချိုင့် လက်ဆွဲပါတစ်ခု၊ ဟင်းချက် ရေသန့်ကြို စတာတွေလုပ်ဖို့ပါ။

ကျန်တာကတော့ မရှိမဖြစ်မဟုတ်ပေမယ့် ယူနိုင်ရင် အရမ်းအသုံးဝင်မှာပါ။

ဝီစီ၊ ကြိုးခိုင်ခိုင်တစ်ခွေ၊ ပလတ်စတစ်အချပ်ကြီးတစ်ချပ် (လေဒဏ်ခံ တာလပတ်စဆို ပိုကောင်း)၊ ဂေါ်ပြား၊ ပလာယာ၊ ပလတ်စတစ်ကြိုး၊ ကြိုးတိပ်အထူတစ်ခွေ (တာလပတ်စပြဲရင်ကပ်ဖို့)

၆ -
ရေဒီယို

တကယ်တန်း အရေးနဲ့အကြောင်းနဲ့ဆို အသုံးအဝင်ဆုံးထဲမှာ ရေဒီယိုပါပါတယ်။
အကြမ်းခံတဲ့ ရေဒီယို ဓါတ်ခဲသိပ်မစားတဲ့ ရေဒီယိုဆို ပိုကောင်းပါတယ်။

မီးတွေပျက် လူနဲ့ဝေးတဲ့နေရာရောက် အရေးနဲ့အကြောင်းဆို သတင်းရဖို့က ရေဒီယိုသာ အားကိုးရမှာပါ။

၇ -
ဓါတ်မီးနှင့် လျှပ်စစ်ပစ္စည်းများ

ဒါကိုတမင်အောက်ကိုပို့ထားတာပါ။ သုံးလိုက်ရင် ကုန်မြန်တဲ့ဟာတွေသည် ရေရှည်အတွက် အရမ်းအသုံးမဝင်လို့ပါ။

ဓါတ်မီးဟာ လင်းအားကောင်းဖို့ထက် ကြာကြာခံဖို့ ပိုအရေးကြီးပါတယ်။
အပိုဓါတ်ခဲတွေကိုလဲ အပေါစားမသုံးဘဲ အကောင်းစားသာ သုံးပါ။ သယ်ရတာ အလေးချိန်တူတူဆို ပိုခံပါတယ်။

Battery free ဓါတ်မီးရရင် အကောင်းဆုံးပါ။ လက်နဲ့လှည့်ပြီး လင်းနိုင်တာမျိုးပါ။

နောက်တစ်ခုက power bank၊
နေရောင်ခြည်နဲ့သွင်းနိုင်တဲ့ဟာဆို ပိုကောင်းပါတယ်။ solar နဲ့က ပြည့်ဖို့ ၄-၅ ရက်သွင်းရပေမယ့် တကယ့်တကယ် ပြတ်ပြီဆို အသုံးပိုဝင်ပါတယ်။ power bank ထည့်မယ်ဆို အလေးချိန်ကို သတိထားပါ။ အတော်လေးပါတယ်။

ဖုန်းကိစ္စတော့ပြောစရာမလိုပါ။
လက်ပတ်နာရီလဲ အများစုမှာ ပါမှာပါ။
GPS စက်ရှိရင် ထည့်ယူဖို့လိုပါတယ်။

၈ -
အရေးပေါ်ဆေးထုတ်

ပတ်တီး၊ ဂွမ်း၊ အရက်ပျံ၊ ပလာစတာ၊ Amoxil, Metro, Paracetamol burmeton နဲ့ အထူးသဖြင့် Bioflor များများ လိုပါမယ်။ မြို့ပေါ်ကလူတွေဆို အလေ့အကျင့်မရှိလို့ ဝမ်းလျှောတာ အတွေ့များမှာမို့ပါ။
(မေ့နေတာထပ်ဖြည့် - တောထဲတောင်ထဲ အတွက်ဆို ကွီနိုင်လို့ခေါ်တဲ့ ကလိုရိုကွင်းငှက်ဖျားဆေးလိုပါမယ်)

၉ -
အဝတ်အစား

ဂျင်းကဲ့သို့ အကြမ်းခံတာ ၂ စုံလောက်ဆိုရပါပြီ။ တကယ်တန်းအကြပ်အတည်းမှာ သန့်ရှင်းဖို့က အရေးမကြီးပါ။ ရာသီဥတုဒါဏ်ကာဖို့က ပိုအရေးကြီးတာပါ။

ရေသုတ်ဖို့အတွက်က တဘက်တစ်ထည် သယ်တာထက် ပုဆိုးတစ်ထည် ထဘီတစ်ထည်က ပိုအသုံးဝင်ပါတယ်။

၁၀ -
ဆပ်ပြာနှင့် တကိုယ်ရည်သုံးပစ္စည်းများ

မရှိမဖြစ်မဟုတ်ပါ။

ဆပ်ပြာ၊ သွားပွတ်တံ၊ သွားတိုက်ဆေး၊ မုတ်ဆိတ်ရိတ်ဂျုတ် စတာတွေဟာ သေရေးရှင်ရေးအတွက် မရှိမဖြစ်မဟုတ်ပါ။ တကယ်ပြောတာပါ။

သိပ်သယ်ချင်ရင် ဆပ်ပြာအရည်တစ်ဘူးလောက်ပဲသယ်ပါ။ အသုံးခံတဲ့အရည်နဲ့ အသုံးမခံတာနဲ့တော့ကွာသေးတယ်။
သွားတိုက်တာ ဆားနဲ့တိုက်လို့ရပါတယ်။

+++++++
အဲ့လောက်ဆို ဘယ်လိုနေရာမှာဖြစ်စေ ၂ ပတ် ၁ လလောက်တော့ အသာလေးရှင်သန်လို့ရမှာပါ။

Smart ဖုန်းကဲ့သို့ ကွဲလွယ်တဲ့ ရေစိုရင် ပျက်တဲ့အရာတွေက အရေးပေါ်ဆို အသုံးမဝင်တာများပါတယ်။
နောက်ပြီး လျှပ်စစ်ပစ္စည်းတွေက မီးမရတဲ့နေရာရောက်ရင် အားကုန်သွားရင် ဘာမှ အသုံးမဝင်တော့ပါ။

သယ်မယ်ဆို လေးတာပဲအဖတ်တင်မှာမို့ သတိထားဖို့ပါ။

မေ့နေတာထပ်ဖြည့်- မှတ်ပုံတင်တော့ မမေ့နဲ့ 😅

▪ ချစ်ခြင်းများစွာဖြင့် ▪

#အရေးပေါ်အိတ်

Internet မရတော့ရင် ဖုန်း application တွေကနေ Radio နားထောင်ပါ Internet မလိုပဲ ဖုန်းကနေပဲ Radio နားထောင်ချင်ရင် ဒီ applica...
07/09/2021

Internet မရတော့ရင်
ဖုန်း application တွေကနေ Radio နားထောင်ပါ
Internet မလိုပဲ ဖုန်းကနေပဲ Radio နားထောင်ချင်ရင် ဒီ application တွေကို iOS ရော Andriod မှာပါ download လုပ်ထားပါ
1. iHeartRadio
2. TuneIn Radio
3. Simple Radio
4. PCRADIO
5. NextRadio
6. FM Radio
နားထောင်သင့်တဲ့ သတင်းဌာနတွေရဲ့ radio ကိန်းညွှန်းတွေနဲ့ အချိန်တွေပါ
RFA မနက်(၇-၈) KHZ 7540 Meters 40 K7510 M40 K9510 M32
ည(၇-၈) K9350 M32 K11795 M25 K15120 M20
ည(၈-၉) K9955 M30 K11795 M25 K12055 M25 K13740 M22
K9380 M32
VOA မနက်(၆-၇) K9380 M32 K7480 M40 K6150 M48
VOA မနက်(၈-၉) K15110 M20 K11820 M25 K9335 M32
ည(၉-၁၀) K15450 M19 K11870 M25 K9335 M32
ည(၁၀-၁၁) K11870 M25 K9335 M32
BBC ည (၈-၈၁၅) K7465 M41 K9560 M31 K11995 M25

ဒါကကျတော့ radio ပစ္စည်းရှိတဲ့သူတွေအတွက်
Internet ပြန်ဖျက်ခဲ့ရင် Radio ကတဆင့်ဖမ်းယူနိုင်အောင် စုပေးလိုက်ပါတယ်။
လူတိုင်းအိမ်မှာ Radio မရှိနိုင်တဲ့အတွက် Psywar နဲ့ သတင်းအမှားတွေကို ရှောင်နိုင်ဖို့ အတွက် ပတ်ဝန်းကျင်ကြားအောင်ဖွင့်ပေးကြပါ။
Radio channels
BBC BURMESE
FM 94.6 Mhz,99.0Mhz,101.7Mhz
RFA 7:00-8:00 am
7540Mhz SW 40,7510 Mhz Sw 40,9510Mhz Sw 32
RFA 7:00-8:00 pm
9350Mhz SW 32,11795Mhz Sw 25,15120Mhz Sw 20
RFA 8:00-9:00 pm
9955 Mhz Sw 30,11795 Mhz Sw 25,
12055 Mhz SW25,13740 Mhz Sw 22,9380 Mhz Sw32
RFA 8:30-9:00 pm
11795 Mhz Sw 25,12055 Mhz Sw 25
DVB 7:30-10:30 am
11880 Mhz Sw 25
DVB 6:00- 7:00 am
5955 Mhz Sw 49
DVB 9:00 pm
17495 Mhz Sw 16,9415Mhz Sw 31

မိန့်ခွန်းကြေငြာသွားလို့ စိတ်လှုပ်ရှားနေကြမယ့်အစား ပြင်ဆင်သင့်တာတွေ ပြင်ဆင်ထားဖို့ပါ ‼️အပိုင်း (1) https://m.facebook.co...
07/09/2021

မိန့်ခွန်းကြေငြာသွားလို့ စိတ်လှုပ်ရှားနေကြမယ့်အစား ပြင်ဆင်သင့်တာတွေ ပြင်ဆင်ထားဖို့ပါ ‼️

အပိုင်း (1)
https://m.facebook.com/story.php?story_fbid=160623262874089&id=100188938917522

အပိုင်း (2)
https://www.facebook.com/100188938917522/posts/160626366207112/

အပိုင်း (3)
https://www.facebook.com/100188938917522/posts/161999992736416/

အပိုင်း (4)
https://www.facebook.com/100188938917522/posts/162721162664299/

အပိုင်း (5)
https://www.facebook.com/100188938917522/posts/163716175898131/

___________________

ပြည်သူ့ဆေးတပ်ဖွဲ့မှ ပြည်သူလူထုထံဖြန့်ဝေထားသော အရေးပေါ်ရှေးဦးပြုစုနည်းများ စုစည်းထားမှု

အရေးပေါ်ဆေးအိတ်ပြင်ဆင်နည်း
https://www.facebook.com/103698571904310/posts/127412612866239/

အပိုင်း ၁ - အရေးပေါ်ရှေးဦးပြုစုခြင်းအကြောင်းနှင့်ရှေးဦးပြုစုသူတယောက်လိုက်နာရမည့်အချက်များ
https://www.facebook.com/103698571904310/posts/126582886282545/

အပိုင်း ၂ - လူနာဆန်းစစ်ခြင်း
https://www.facebook.com/103698571904310/posts/126892886251545/

အပိုင်း ၃ - ဒဏ်ရာအမျိုးမျိုးနှင့်ပြုစုနည်းများ (ပထမပိုင်း)
https://www.facebook.com/103698571904310/posts/128664519407715/

အပိုင်း ၄ - ဒဏ်ရာအမျိုးမျိုးနှင့်ပြုစုနည်းများ (ဒုတိယပိုင်း)
https://www.facebook.com/103698571904310/posts/128666739407493/

အပိုင်း ၅ - သွေးယိုစီးခြင်း
https://www.facebook.com/103698571904310/posts/129529512654549/

အပိုင်း ၆ - အရေးပေါ်ရှေးဦးပြုစုမှုပေးသောစခန်း
https://www.facebook.com/103698571904310/posts/129882442619256/

အပိုင်း ၇ - ဝမ်းဗိုက်ပွင့် အူကလီစာထွက်လူနာပြုစုနည်း
https://www.facebook.com/103698571904310/posts/159549002985933/

အပိုင်း ၈ - သွေးဆုတ်သွေးလန့်(Shock)လူနာပြုစုနည်း
https://www.facebook.com/103698571904310/posts/160382456235921/

အပိုင်း ၉ - ဦးစားပေးလူနာရွေးချယ်ခြင်း(Triage)
https://www.facebook.com/103698571904310/posts/161710519436448/

Crd -

Daisy bandana နဲ့ sunflower bandana လေးတွေကိုလဲမှာယူလို့ရပါပြီးနော်waiting time ကတော့နည်းနည်းကြာပါမယ်ရှင့်မင်မင်ဝယ်နေကျဆ...
21/08/2021

Daisy bandana နဲ့ sunflower bandana လေးတွေကို
လဲမှာယူလို့ရပါပြီးနော်
waiting time ကတော့နည်းနည်းကြာပါမယ်ရှင့်
မင်မင်ဝယ်နေကျဆိုင်ချည်အရောင်လေးတွေ
တစ်ချို့ပစ္စည်းပြတ်နေလို့ပါ🙇‍♀️

Corchet with me page လေးကနေကြိုဆိုပါတယ်Handmade ဦးထုတ်လေးတွေကိုမှာယူလို့ရပါပြီးရှင့်china boycott မလို့ မြန်မာချည်စစ်စစ...
20/08/2021

Corchet with me page လေးကနေကြိုဆိုပါတယ်
Handmade ဦးထုတ်လေးတွေကိုမှာယူလို့ရပါပြီးရှင့်
china boycott မလို့ မြန်မာချည်စစ်စစ်လေးတွေနဲ့ဘဲ
ထိုးပေးထားတာဖြစ်တဲ့အတွက် ပြန်လျှော်ပြီးတော့လည်း
သုံးလို့ရသေးတယ်နော် ကလေးအတွက်ဆိုလည်း
အရုပ်ပုံလေးတွေနဲ့မလို့ ဆောင်းထားရင်တရားချစ်ဖို့ကောင်းနေမှာပါ
ကောင်မလေးတွေနဲ့ဆိုလည်းတအားကိုချစ်ဖို့် ​ကောင်းနေမှာ
သေချာတယ် ကောင်လေးတွေအနေနဲ့ကလည်းက်ုယ့်ကောင်မလေး
တွေကိုလက်ဆောင်ပေးလို့ရတယ်နော်...
ပြည်တွင်းဖြစ် handmade ပစ္စည်းလေးတွေကိုအားပေးကြပါ

price 5500
waiting time 3 ~ 4
pic crd pinterest
ph no:09 750304900 ကိုလည်းဆက်ပြီးမှာယူလို့ရပါတယ်ရှင့်

Address

Yangon

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+959750304900

Website

Alerts

Be the first to know and let us send you an email when Corchet with Me posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share