Maw online shop

Maw online shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Maw online shop, Shopping & retail, Yangon.

ကမ္ဘာပေါ်မှာ အပျော်ဆုံးက ဘာလဲဆိုရင်~မင်း စောင့်နေတဲ့လူကလည်းမင်းကိုစောင့်နေတာဖြစ်ပြီး...မင်း သတိရနေတဲ့လူကလည်းမင်းကိုသတိရန...
28/01/2023

ကမ္ဘာပေါ်မှာ အပျော်ဆုံးက ဘာလဲဆိုရင်~

မင်း စောင့်နေတဲ့လူကလည်း
မင်းကိုစောင့်နေတာဖြစ်ပြီး...

မင်း သတိရနေတဲ့လူကလည်း
မင်းကိုသတိရနေမယ် ။

မင်း ချစ်နေတဲ့လူကလည်း
မင်းကိုအရမ်းချစ်နေတာပဲ ဖြစ်ပါလိမ့်မယ်...🍁

အချစ်ရေ.ဘယ်နတ်ဘုရားကပဲ စေခိုင်းပါစေဘဝမှာတစ်ခါပဲ ရွေးချယ်ခွင့်ရှိရင်တောင်မင်းရှိရာအရပ်ကို ငါရွေးမယ် ငါ့ရဲ့ရွေးချယ်မှု လွဲ...
13/11/2022

အချစ်ရေ.

ဘယ်နတ်ဘုရားကပဲ စေခိုင်းပါစေ
ဘဝမှာတစ်ခါပဲ ရွေးချယ်ခွင့်ရှိရင်တောင်
မင်းရှိရာအရပ်ကို ငါရွေးမယ်

ငါ့ရဲ့ရွေးချယ်မှု လွဲမှားခဲ့ရင်
ကမ္ဘာကြီးက ပြောင်းလဲခဲ့ရင်
မေတ္တာတရားက ကျောသားရင်သား ခွဲခြားခဲ့ရင်
ငါတို့ဟာမဆုံနိုင်တဲ့မျဉ်းဖြောင့်နှစ်ကြောင်းဖြစ်ခဲ့ရင်
နောင်တမရှိဘဲ ငါရှင်သန်နိုင်တယ်

#တစ်ဘဝတစ်ခါ

#ကဗျာဂီတ
#အကြည်တော်
#ရွှေနားဆင်

🙂 ဒီပုံလေးကို သင် ခဏကြည့်လိုက်ပါ ..။ အရှေ့ဆုံးက လှည်းကိုဆွဲနေသူဟာ သင် ဖြစ်နေခဲ့မယ်ဆိုရင် .. မတော်တဆ သင် ချော်လဲသွားမယ်ဆိ...
10/11/2022

🙂 ဒီပုံလေးကို သင် ခဏကြည့်လိုက်ပါ ..။
အရှေ့ဆုံးက လှည်းကိုဆွဲနေသူဟာ သင် ဖြစ်နေခဲ့မယ်ဆိုရင် .. မတော်တဆ သင် ချော်လဲသွားမယ်ဆိုပါတော့ ..😳
လှည်းတွန်းပေးနေတဲ့ သင့်မိန်းမအပါအ၀င် .. သင့်မိသားစုတွေ အကုန် , အခက်အခဲဖြစ်ပီပဲ 🥺

✅ မင်းဟာ တစ်ခြားလူတွေရဲ့မျက်စိထဲမှာ ..မြက်တစ်ပင် ဖြစ်နေပါစေ ..၊ မင်းမိသားစုရဲ့ရင်ထဲမှာတော့ .. မင်းဟာ ကောင်းကင်ကြီးလိုပါဘဲ။ ဒါကြောင့် ...ကိုယ်တည်ထောင်ထားတဲ့ မိသားစုအပေါ်မှာ ..

👉ယောင်္ကျား တစ်ယောက်အနေနဲ့ အသက်ရှင်တာ တာဝန်ယူစိတ်ရှိရမယ်။

👉မိန်းမ တစ်ယောက်အနေနဲ့ အသက်ရှင်တာ တာဝန်ကျေပွန်မှုရှိရမယ်။

👎ယောင်္ကျား အရမ်းပင်ပန်းနေရတယ် ဆိုရင် .. နောက်မှာ အသုံးမကျတဲ့ မိန်းမရှိလို့ပါ။

👎မိန်းမ အရမ်းပင်ပန်းနေရတယ် ဆိုရင် ..နောက်မှာ တာဝန်ယူစိတ်မရှိတဲ့ ယောင်္ကျားရှိလို့ပါ။

👎အဖေအမေ အရမ်းပင်ပန်းနေရတယ် ဆိုရင် .. နောက်မှာ မိဘကျေးဇူးမသိတတ်တဲ့ သားသမီးရှိလို့ပါ။

👎စာသင်နေရမယ့်ကလေးက အရမ်းပင်ပန်းနေရတယ် ဆိုရင် ..နောက်မှာ အိမ်နဲ့မတူတဲ့ မိသားစုရှိလို့ပါ။

👉 သင့်မိသားစုဟာ .. သင့်ကို နာမည်ခေါ်ဖို့တခုတည်းမဟုတ်ပါဘူး။ သူတို့အားလုံးက သင့်ရဲ့ရှိနေမှုကို .. လိုလားကြတယ်။

👉 လောကမှာ ကိုယ်အသက်ရှင်ရတာကပဲ .. အရမ်းပင်ပန်း/ရုန်းကန်နေရတယ်လို့ မထင်ပါနဲ့၊

လက်တွေ့ဘဝ ဒီလိုကာလကြီးထဲမှာ.. ဘယ်သူမှအသက်ရှင်ရတာ မလွယ်ကူပါဘူး..။
တခြား မိသားစု၀င်တွေရဲ့အခက်ခဲတွေ ဒုက္ခတွေကို .. သင်မမြင်ရတာပဲ ရှိတာပါ။ သူ့ဘာသာသူ ရှိကြပါတယ်။

✅ လူသားအားလုံးဟာ အတိုင်းအတာတစ်ခုအထိ ပင်ပန်းကြိုးစားပြီးမှ .. အောင်မြင်မှုကိုရလာကြတာပါ ✅

💟 ဒါကြောင့် ... မိသားစုရှိတဲ့သူတိုင်း ၊ မိမိတို့ရဲ့အသက်အရွယ်ပေါ်မှုတည်ပြီး .. မိမိ ပုခုံးပေါ်က တာဝန်တွေကို .. ကိုယ်တိုင် ကျေပွန်စွာ ကျေကျေနပ်နပ်နဲ့ ထမ်းဆောင်နိုင်ကြပါစေ💟

.
☝☝☝ မူရင်းရေးသားသူအား

မေးခွန်းတချို့ကို အရမ်းသိချင်နေခဲ့တာ။ဥပမာ-ကြောင်က အထီးကျန်မှာကိုကြောက်လား၊Snowman ☃️ က ဝမှာကိုကြောက်လား၊မီးက ပူမှာကိုကြေ...
05/11/2022

မေးခွန်းတချို့ကို အရမ်းသိချင်နေခဲ့တာ။
ဥပမာ-
ကြောင်က အထီးကျန်မှာကိုကြောက်လား၊
Snowman ☃️ က ဝမှာကိုကြောက်လား၊
မီးက ပူမှာကိုကြောက်လား၊
တိမ်တွေမှာ အမြင့်ကြောက်ရောဂါရှိလား၊
ပြီးတော့ ငါ့ကို နင်သတိရတတ်ပါ့မလား။

🙄
Crd

ကိုယ်ရဲ့ဖြစ်တည်မှုတိုင်းကို နားလည်လက်ခံပြီးတန်ဖိုးထားပေးမယ့် လက်တွဲဖော်မျိုးနဲ့ပဲတစ်သက်တာလုံးအတွက် ဆုံစည်းချင်မိတာ..❣ကို...
01/11/2022

ကိုယ်ရဲ့ဖြစ်တည်မှုတိုင်းကို နားလည်လက်ခံပြီး
တန်ဖိုးထားပေးမယ့် လက်တွဲဖော်မျိုးနဲ့ပဲ
တစ်သက်တာလုံးအတွက် ဆုံစည်းချင်မိတာ..❣

ကိုယ်ရယ်မောတဲ့အခါတိုင်းလိုက်ရယ်မောပြီး
ကိုယ်ပြိုလဲတဲ့အခါ အားပေးနှစ်သိမ့်ပေးတက်တဲ့
သူမျိုးနဲ့ပဲ တစ်ဘဝလုံးစာအတွက်ပိုင်ဆိုင်ချင်မိတာ.❣

တချို့သူတွေက ရွှေတစ်မတ်သားလက်စွပ်လေး ဝတ်ထားတဲ့အကြောင်းကို ရွှေဆိုင်ကြီးဖွင့်ထားတဲ့သူကိုမှ သွားကြွားမိတတ်ကြတယ်တချို့သူတွေ...
28/10/2022

တချို့သူတွေက
ရွှေတစ်မတ်သားလက်စွပ်လေး ဝတ်ထားတဲ့အကြောင်းကို ရွှေဆိုင်ကြီးဖွင့်ထားတဲ့သူကိုမှ သွားကြွားမိတတ်ကြတယ်

တချို့သူတွေက
Hijet ကားလေးစီးနိူင်တာကို
အိမ်ကကားနဲ့လေ အိမ်ကကားနဲ့လေဆိုပြီး သွားသွားကြွားပြနေတာ car show room ပိုင်ရှင်ကြီးမှန်း မေ့နေတတ်ကြတယ်

တချို့သူတွေက အင်္ဂလိပ်စကား
ကိုယ်သိကိုယ်တတ် ဆိုပြီး လူတွင်ကျယ် ဝင်ဝင်စွာတတ်တာ သူတို့ကို ဆိတ်ဆိတ်ငြိမ်ပြီး ကြည့်နေတဲ့သူက ဥရောပလို နိူင်င်ငံကြီးတွေမှာ ကျောင်းပြီးခဲ့တဲ့အကြောင်း သူတို့မသိပြန်ဘူး

ဆိုင်ခန်းလေး တစ်ခန်းဖွင့်ပြီး အဝတ်အထည်အပေါလေးတွေတင်ရောင်းနေတာကို ပိုးထည်တိုက်ဖွင့်ထားတဲ့သူမျိုးတွေနဲ့ သွားယှဉ်နေတဲ့သူမျိုးလဲ ရှိပြန်ရော

ဝမ်းဆက်တစ်စုံ ၅၀၀၀ ချုပ်ပြီးချုပ်ထည်တွေပုံနေတယ်လို့ သွားကြွားဝါမိတဲ့သူက တစ်စုံ ချုပ်ခကို ၁၀ သိန်းလောက်ယူပြီး တနေ့ကို တစ်စုံဘဲ ချုပ်နေတဲ့သူဆိုတာ သူမသိဘူး

တကယ်တော့ ဆိတ်ဆိတ်နေတဲ့သူတွေက ပြည့်ပြီးသားအိုးတွေဆိုတော့ ဘောင်ဘင်မခတ်တဲ့သဘောတွေပါဘဲ

လောကမှာ ကိုယ့်ထက်သိ ကိုယ့်ထက်တတ်
ကိုယ့်ထက်လှ ကိုယ့်ထက်ချမ်းသာ
ကိုယ့်ထက်အောင်မြင်
ကိုယ်မမြင်ဖူး မသိဘူး
မကြားဖူးတဲ့ အကြောင်းအရာတွေ
အများကြီးပါ

ဘောင်ဘင်မခတ်ပြကြပါနဲ့
ကျွန်တော်လည်း ဘောင်ဘင်မခတ်အောင် ကိုယ့်ကိုယ့်ကိုယ် ထိန်းကျောင်းပြုပြင်နေဆဲပါ

အဲ့လို လူမျိုးတွေတွေ့ရင်တော့
အခုလို
ပြုံးပဲပြုံးမိလိုက်ပါတယ် ...

"မင်းဘာပဲလုပ်လုပ် လူတွေက မင်းကို ဝေဖန်ကြလိမ့်မယ်...မကောင်းတာလုပ်မှ ဝေဖန်ကြတာမဟုတ်... ကောင်းတာလုပ်လည်း ဝေဖန်ပြစ်တင်ချင်တဲ...
27/10/2022

"မင်းဘာပဲလုပ်လုပ် လူတွေက မင်းကို ဝေဖန်ကြလိမ့်မယ်...
မကောင်းတာလုပ်မှ ဝေဖန်ကြတာမဟုတ်...
ကောင်းတာလုပ်လည်း ဝေဖန်ပြစ်တင်ချင်တဲ့သူတွေက ရှိတာပဲလေ...

ဒီတော့ မင်းပျော်ရွှင်စေတဲ့အရာကို လုပ်ပါ၊
ဘယ်သူတွေဘာပြောပြော ဘယ်သူ့ကိုမှ ဂရုမစိုက်ပါနဲ့...
ကိုယ့်ရဲ့ စိတ်ချမ်းသာမှုကို လူတွေရဲ့ အထင်အမြင်၊ အပြောအဆိုတွေရဲ့အောက်မှာ မပျောက်ဆုံးသွားပါစေနဲ့... "

(လျှာရှည်တဲ့ ပတ်ဝန်းကျင်က လျှာတွေကို ဆွဲစိပြီး ဒန်းလုပ်စီးပစ်ပါ)

crd ဖူးကျော်ဇင် (Future Wave)

လူမုန်းများနေလား----------------သေချာတာတော့ ကျွန်တော်အပါအဝင် ခင်ဗျားတို့အကုန်လုံး အမုန်းခံရဖူးတာပေါ့အခုလည်း မုန်းနေကြတုန...
26/10/2022

လူမုန်းများနေလား
----------------
သေချာတာတော့ ကျွန်တော်အပါအဝင်
ခင်ဗျားတို့အကုန်လုံး အမုန်းခံရဖူးတာပေါ့
အခုလည်း မုန်းနေကြတုန်းပဲလေ

တခါတလေ
တစ်ယောက်စ၊ နှစ်ယောက်စတောင်မဟုတ်ဘူး
အုံလိုက်၊ ကျင်းလိုက် ဝိုင်းမုန်းခံကြရတာ

ခင်ဗျား ဘာမသိ၊ ညာမသိ ခါစ
ချာတိတ် ကလေးဘ၀တုန်းက ဘေးကဖေးမခဲ့တဲ့လူတွေက
အောင်မြင်လို့ လူကြီးဖြစ်လာတဲ့တစ်နေ့
ခင်ဗျားကို အမုန်းတရားအချို့နဲ့ ဆွဲချချင်းခံရပါလိမ့်မယ်
ဒါဟာ လူတစ်ချို့ရဲ့ ဖြစ်တတ်တဲ့ ဝန်တိုခြင်းထဲကတစ်ခု

ခင်ဗျား အောင်မြင်လို့ (လုံး၀) မရဘူး
သာမာန်လေး ဟိုမကျ၊ ဒီမကျ
ဒုံရင်း×ဒုံရင်းဖြတ်သန်းနေလေ သူတို့ချစ်လေပါပဲ
ကြိုးစားရုန်းကန်ပြီး သူတို့နဲ့ ရင်ပေါင်းတန်းလာကြည့်
ဝေဖန်မှုတွေက သူ့တို့ပါးစပ်မှာအဆင်သင့်ရှိပြီးသား

ခင်ဗျား ချမ်းသာလို့ (လုံး၀) မရဘူး
မွဲနေလေ လူတွေက ချစ်လေ၊ သနားလေ၊ ကြင်နာလေပါ
ခင်ဗျားဝင်ငွေ (၁) သိန်းရနေချိန်မှာ
သူတို့ (၅) သိန်းရကောင်းရနေလိမ့်မယ်
သူတို့ ခင်ဗျားကို ကြိုးစားဖို့ အားပေးလိမ့်မယ်
ခင်ဗျားကြိုးစားလို့ တစ်လ (၁၀) သိန်းရသွားတဲ့တစ်နေ့
သူတို့ ခင်ဗျားကို အပေါင်းအသင်း မလုပ်ချင်ကြတော့ဘူး

နေရာတစ်ခုမှာ ခင်ဗျား ကျရှုံးနေသ၍
လူတွေက ခင်ဗျားကို နှစ်သိမ့်အားပေးနေလိမ့်မယ်
တစ်နေ့ ခင်ဗျား ထိပ်ဆုံးရောက်သွားတဲ့တစ်နေ့
သူတို့ကို ဆုံးရှုံးကောင်း ဆုံးရှုံးရလိမ့်မယ်

သူတို့ရဲ့ ယေဘုယျဆန်ဆန်
စကားလုံးအကြီးတွေအောက်မှာ မမြောသွားဖို့လိုတယ်
ဥပမာ × ဒီကောင် အရင်က လမ်းဘေးက ချာတိတ်ပါ ×
ဒီကလေးမ အရင်က ဘ၀ကိုမေ့သွားတယ်×
ဘာ-ညာ အကုန်လုံး Playback လုပ်ကြတာမျိူး

တစ်ခုပဲ သတိထားဖို့လိုတယ်
ခင်ဗျား ဆင်းရဲကျရှုံးတဲ့ လောကဓံကို ခံနိုင်သလို
အောင်မြင်ချမ်းသာတဲ့ လောကဓံကို ခံနိုင်ရည်ရှိဖို့လိုတယ်
တကယ်က ခင်ဗျား ပြောင်းလဲသွားတာမဟုတ်ဘူး
ခင်ဗျား သူတို့ကို ရင်ထဲမှာနေရာပေးထားတုန်းပဲ
သူတို့က သိမ်ငယ်သွားတာ
ခင်ဗျားရဲ့ အောင်မြင်မှုကို မုဒိတာမပွားပေးနိုင်တာ
အဲ့တော့ ခင်ဗျားက သူတို့အသိုင်းအဝန်းမှာ
သူတို့ချပေးထားတဲ့
ဇာတ်လမ်းထဲက Character တစ်ခုဖြစ်သွားတယ်
သေချာပေါက် ဇာတ်ကောင်က လူကောင်းတော့မဟုတ်ဖူး
ဗီလိန်ဆိုရင်တောင် ဒဿဂီရိလောက်တော့ မလျော့ဘူး

ဘာလုပ်ရမလဲဆိုတော့
ခင်ဗျား ခြေလှမ်းတွေရပ်မသွားနဲ့ ရှေ့ဆက်လျှောက်
ရှေ့ဆက်လျှောက်တဲ့ လမ်းတိုင်းမှာ
ခင်ဗျားမမျှော်လင့်ထားတဲ့ လူတစ်ချို့ကို
ဆုံးရှုံးရမယ်ဆိုတာ ကြိုတွက်ထား...

ခင်ဗျား ဘာကောင်မှ မဖြစ်ခင်ကတည်းက
ခုချိန်ထိ တစ်နေရာရပြီး အောင်မြင်တဲ့ အချိန်ထိ
ဘယ်သောအခါမှမပြောင်းလဲတဲ့ သူတစ်ချို့ရှိလိမ့်မယ်
အဲ့လူတွေကို သေတောင် မခွဲနဲ့ ---တန်ဖိုးထား
ရှိတော့ ရှိတယ် -- ရှားတယ်။

ကျန်တဲ့သူတွေကိုတော့
ခင်ဗျားတစ်နေရာမှာ ပြန်တွေ့ရင်တောင်
အမုန်းမပါတဲ့ အပြုံးနဲ့ ပြုံးပြပေး....။

ပြီးတော့ သူတို့မုန်းတာတွေ ပျော်ပျော်ကြီးခံလိုက်...

: original uploader

အချစ်ရေ…….ဘယ်နတ်ဘုရားကပဲ စေခိုင်းပါစေဘဝမှာတစ်ခါပဲ ရွေးချယ်ခွင့်ရှိရင်တောင်မင်းရှိရာအရပ်ကို ငါရွေးမယ် 💛ငါ့ရဲ့ရွေးချယ်မှု ...
26/10/2022

အချစ်ရေ…….

ဘယ်နတ်ဘုရားကပဲ စေခိုင်းပါစေ
ဘဝမှာတစ်ခါပဲ ရွေးချယ်ခွင့်ရှိရင်တောင်
မင်းရှိရာအရပ်ကို ငါရွေးမယ် 💛

ငါ့ရဲ့ရွေးချယ်မှု လွဲမှားခဲ့ရင်
ကမ္ဘာကြီးက ပြောင်းလဲခဲ့ရင်
မေတ္တာတရားက ကျောသားရင်သား ခွဲခြားခဲ့ရင်
ငါတို့ဟာမဆုံနိုင်တဲ့မျဉ်းဖြောင့်နှစ်ကြောင်းဖြစ်ခဲ့ရင်
နောင်တမရှိဘဲ ငါရှင်သန်နိုင်တယ် 💛
.crd
#အကြည်တော်

လောကဟာ ဒရမ်မာတွေ များလွန်းတော့ ဘေဘီရေ...ဟာသရုပ်ရှင်ထဲပဲ ကိုယ် ခုန်ဝင်လိုက်ပါတယ်မျက်ရည်မကျဘဲ ရယ်နိုင်တဲ့သူကအကောင်းဆုံး သရ...
26/10/2022

လောကဟာ ဒရမ်မာတွေ များလွန်းတော့
ဘေဘီရေ...
ဟာသရုပ်ရှင်ထဲပဲ ကိုယ် ခုန်ဝင်လိုက်ပါတယ်
မျက်ရည်မကျဘဲ ရယ်နိုင်တဲ့သူက
အကောင်းဆုံး သရုပ်ဆောင်ပါပဲ။

#ခွန်းညိုသွေး

20/10/2022
17/10/2022

မျက်ရည်ခိုင်မှဖတ်ပါ

ကျွန်တော့ ဇနီး မှဲ့ကင်ဆာ ဖြစ်ပြီး
ကျွန်တော်တို့ဆီကနေ ထွက်ခွာသွားတာ
၂ နှစ်ရှိပါပြီ… ကျွန်တော်ပြန်စဉ်းစားမိတယ်…
-
-
-
အိမ်မှုကိစ္စလုံး၀မလုပ်တတ်တဲ့ကျွန်တော် နဲ့ သားလေးကို ထားခဲ့ ရတာ သူဘယ်လောက်ထိ ၀မ်းနည်းလိမ့်မလဲ။
-
ကျွန်တော်ကိုယ်တိုင်လဲ မိဘ ၂ယောက်စလုံးရဲ့ ဇာတ်ကောင်နေရာကနေကောင်းကောင်း မလုပ်နိုင်တဲ့ အတွက် ကိုယ့်ကိုယ်ကို အားမလို အားမရ ဖြစ်ခဲ့ရတယ်။
-
တနေ့မှာ ကျွန်တော် အလုပ်ကိစ္စနဲ့ မနက်စောစော ခရီးထွက်ဖို့ရှိတော့ ကလေးအတွက် ဘာမှ မပြင်ဆင်ပေးခဲ့ ရဘဲ ကမန်းကတန်းထွက်လာခဲ့တယ်။
-
မနေ့ကကျန်တဲ့ ထမင်းအေးနဲ့ ကြက်ဥကြော်နဲ့ ထားခဲ့ပေးပြီး အိပ်ယာမနှိုးသေးတဲ့ သားလေးကို ပြောပြီးထွက်လာခဲ့တယ်။
-
ကလေးကိုကောင်းကောင်းကမ်းကမ်းထားနိုင်ဖို့ အတွက် ကျွန်တော်လဲ အလုပ်ကို ကြိုးစားပြီး လုပ်နေရတယ်။
အိမ်ပြန်မိုးချုပ်တဲ့ တညမှာ ကျွန်တော်က သားလေးကို
-
တိုတိုတုတ်တုတ်ဘဲ နှုတ်ဆက်လိုက်တယ်…
အလုပ်ပင်ပန်းလွန်းတဲ့ အတွက် အင်္ကျီချွတ်ပြီး ကုတင်ပေါ် ပစ်လဲလိုက်တယ်။
-
အဲဒီ အချိန်မှာဘဲ ဗွန်းကနဲ အနီရောင်ဟင်းရည်တွေနဲ့ ခေါက်ဆွဲ တွေ အိပ်ယာခင်းနဲ့ စောင်တွေကို တခဏတွင်းမှာဘဲ စွန်းထင်းစေကုန်တယ်…
-
လက်ဆက်တတ်တော့ ခေါက်ဆွဲပန်းကန်က စောင်ထဲရောက်နေတာကိုး…
ဒီကောင်ကတော့ တကယ်ဘဲ… ပြောတာနှေးတယ်… လုပ်တာမြန်တယ်… ချက်ချင်းဘဲ ကျွန်တော် အ၀တ်ချိတ်တစ်ခုယူပြီး ပြေးထွက်သွားတယ်။
-
အရုပ်တွေနဲ့ ကစားနေတဲ့ သားလေးရဲ့ ဖင်ကို ရိုက်တော့တာဘဲ။ ကျွန်တော် တော်တော်လေးကို စိတ်တိုနေလို့ အဆက်မပြတ်ရိုက်ခဲ့တယ်။ ဒါပေမဲ့ အဲဒီ အချိန်မှာဘဲ သူငိုပြီးပြောလိုက်တဲ့ စကားကြောင့်
ကျွန်တော် ရပ်သွားတယ်…
-
“ထမင်းအိုးထဲက ထမင်း မနက် ကတည်းက စားလို့ကုန်သွားပြီ… ညစာကို ကျောင်းမှာဘဲ စားခဲ့တယ်… ညရောက်တော့ ဖေဖေက ပြန်မလာသေးဘူး… အံဆွဲထဲမှာ ခေါက်ဆွဲထုတ်ရှာတွေ့တယ်…
-
ဒါပေမဲ့ ဖေဖေပြောထားတယ်… မီးဖို မထိရဘူးလို့… ဒါကြောင့် သားက ရေချိုးတဲ့ ရေနွေးပိုက်ခေါင်းကို ဖွင့်ပြီး ရေနွေးနဲ့ ခေါက်ဆွဲစိမ်ထားလိုက်တယ်…
-
တစ်ခုက သားစားဖို့ နောက်တစ်ခုက ဖေဖေ့ကို စားစေချင်လို့…
ခေါက်ဆွဲတွေ အေးသွားမှာ စိုးလို့ စောင်ထဲထည့်ထားပြီး ဖေဖေပြန်လာတာကို သားစောင့်နေတာပါ… သား အရုပ်တွေနဲ့ ဆော့နေလို့ ဖေဖေ့ကို ပြောပြဖို့မေ့သွားတာပါ…”
-
ကျွန်တော့ မျက်ရည်ကို သားလေးကို မမြင်စေချင်တဲ့ အတွက် ရေချိုးခန်းထဲပြေး၀င်သွားပြီး ရေပိုက်ခေါင်းကို ဖွင့်ပြီး အားပါးတရ ငိုချလိုက်တယ်…
-
တအောင့်နေတော့ ကျွန်တော် အားတင်းပြီး ကလေးကို ချော့ရင်း သူ့ဖင်ကို ဆေးလိမ်းပေးပြီး ချော့သိပ်လိုက်တယ်။ ခေါက်ဆွဲကြောင့် ပေကြံသွားတဲ့ အိပ်ယာခင်းကို သိမ်းပြီး သားလေးရဲ့ အခန်းကိုဖွင့်လိုက်တော့
-
သူလေးရဲ့ ငိုသံလေးကို ကြားနေရသေးတယ်… လက်မှာ ကတော့ အမေ့ဓာတ်ပုံ ကိုင်လို့… ကျွန်တော် တံခါးရွက်ကို မှီပြီး ဒီမြင်ကွင်းကို အကြာကြီး ရပ်ကြည့်နေမိတယ်…
-
ဒီကိစ္စပြီးတဲ့ နောက်နှစ်တွေမှာတော့ မိခင်တစ်ယောက်ရဲ့ဇာတ်ကောင် အနေနဲ့ ကောင်းကောင်း လုပ်ဆောင် နိုင်ဖို့ သားလေးကို ပိုပြီး ဂရုစိုက်ခဲ့တယ်…
-
အခုဆို သားလေး ၇ နှစ်ပြည့်တော့မယ်… ဒုတိယတန်း အောင်လို့ တတိယတန်းတက်တော့မယ်… ကံကောင်းတာက သားလေး အရိပ်မည်းအောက်မှာ ရှိမနေဘဲ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာခဲ့တယ်။
-
သိပ်မကြာသေးခင်မှာဘဲ ကလေးကို နောက်တစ်ကြိမ် ရိုက်မိ ခဲ့တယ်။ ကျောင်းက ဖုန်းဆက်လာတယ်… သားကျောင်းမတက်ဘူးတဲ့…
-
ကျွန်တော်စိတ်မအေးနိုင်တော့ဘူး… ရပ်ကွက်ထဲ နေရာ အနှံ့ သူ့နာမည်အော်ခေါ်ပြီးလိုက်ရှာပေမဲ့ ရှာမတွေ့ခဲ့ဘူး… နောက်ဆုံးတော့ ဂိမ်းဆိုင်ရှေ့မှာ သူ့ကို တွေ့တယ်။
-
ကျွန်တော် ဒေါသ အရမ်းထွက်ပြီး သူ့ကို အဆက်မပြတ်ရိုက်ခဲ့တယ်။ သားလေးကတော့ ဘာဖြေရှင်းချက်မှ မပေးဘဲ… “သား တောင်းပန်ပါတယ်” ဆိုတာ တစ်ခွန်းဘဲပြောခဲ့တယ်…
-
နောက်မှ သိလိုက်ရတယ်… အဲဒီနေ့ဟာ ကျောင်းက အမေများနှင့်ဆုံညီပွဲလုပ်ပေးတဲ့နေ့ ဖြစ်နေပါတယ်။
-
ဒီကိစ္စပြီးနောက်ပိုင်း သားလေး အိမ်ပြန်ရောက်ပြီးပြောပြတယ်…
သူကျောင်းမှာ စာရေးသင်ခဲ့တယ်တဲ့။
နောက်ပိုင်းမှာ တော့ သူ အခန်းထဲမှာ ဘဲ
အောင်းနေပြီး စာကို သေသေချာချာရေးနေတယ်။
-
သားလေးကို ဒီလိုလေးမြင်ရတော့လဲ ဆုံးသွားတဲ့ ဇနီး ဒီမြင်ကွင်းလေးကို သာ မြင်ရရင်တော့ ပြုံးမိမှာဘဲ ဆိုတာကို တွေးမိရင်း မျက်ရည်ကို ထိန်းမရခဲ့ဘူး…
-
အချိန်ကုန်ဆုံးတာ အရမ်းမြန်တယ်… နောက်တနှစ် မိုးကုန်လို့ သီတင်းကျွတ်ရာသီရောက်ခဲ့ပြီ။
သားလေးက နောက် ပြသနာတစ်ခုရှာလာပြန်ပြီ…
-
စာတိုက်က ဖုန်းဆက်လာတယ်… လိပ်စာမရှိတဲ့ စာအထုတ်လိုက်ကို အတင်းပို့ခိုင်းနေလို့တဲ့… စာတိုက်ကလဲပြောလိုက်တယ်…
-
ဒီလိုရာသီ အလုပ်အရှုပ်ဆုံးအချိန်းမှာ ကိုယ့်သားကို ကောင်းကောင်းထိန်းပါလို့ပြောလိုက်တယ်… သားကို မရိုက်တော့ဘူးလို့ဆုံးဖြတ်ထားပေမဲ့ ထိန်းမရဘူး… ရိုက်လိုက်တယ်…
-
သားလေးကတော့ ဒီတစ်ကြိမ်မှာ သူ မှားပါတယ်ဆိုတာဘဲ ပြောလိုက်တယ်… ဘာဖြေရှင်းချက်မှ မပေးဘူး။
-
ကျွန်တော်လဲ သူစာတိုက်မှာ လက်သွားဆော့တဲ့ စာတွေကို သူ့မျက်စိရှေ့ပစ်ချလိုက်ပြီးပြောလိုက်တယ်…
-
“ဘာဖြစ်လို့ ဒီလို စာတိုက်မှာ သွားဆော့ရတာလဲ…”
သားလေးက ငိုပြီးပြန်ဖြေတယ်… “ဒါ… ဒါတွေဟာ မေမေ့ဆီကို ပို့ပေးဖို့ပါ…”
-
အဲဒီ အချိန်မှာ ကျွန်တော့ မျက်လုံးတွေနီရဲသွားတယ်… စိတ်ထဲမှာတော့ ဘောင်ဘင်ခတ်လို့…
ဒါပေမဲ့ သားရှေ့မှာ ဆိုတော့ တတ်နိုင်သလောက် ဖုံးဖိထားလိုက်တယ်။
-
ဆက်ပြီးမေးလိုက်တယ်… “ဒါဆိုရင် ဘာဖြစ်လို့ တစ်ခါတည်း ဒီလောက် အများကြီးပို့ရတာလဲ?”
သားလေးက ပြန်ဖြေတယ်… “
-
ဟိုး အရင် ကတည်းကပို့ဖို့ရေးထားတဲ့ စာတွေကို သား အရပ်ပုတော့ စာတိုက်ပုံးထဲ ထည့်လို့ မရဘူး…
-
အခု တလော သား ထပ်သွားထည့်ကြည့်တဲ့ အခါ မှီနေပြီ… ဒါကြောင့် အရင်ကတည်းက မထည့်ရသေးတဲ့ စာတွေကို တခါတည်းထည့် လိုက်ချင်တာပါ။”
-
ကျွန်တော် နားထောင်ပြီး စိတ်ထဲမှာ လမ်းစပျောက်သွားတယ်… ဘာပြန်ပြောရမလဲ မသိတော့ဘူး…
-
ခဏနေပြီး သားလေးကို ပြန်ပြောလိုက်တယ်… “အခု မေမေက မိုးကောင်းကင်ပေါ်မှာ ရှိတယ်… နောက် စာရေးပြီးရင် မီးရှို့လိုက်… ဒါဆိုရင် မေမေ့ဆီကို ပို့လို့ရောက်ပြီ။”
-
သားလေးအိပ်ပျော်သွားပြီးနောက် အိမ်ရှေ့ထွက်ပြီး ဒီစာတွေကို မီးရှို့ပေးလိုက်တယ်။
-
သားလေး ဘာတွေများရေးထားသလဲဆိုတာကို စိတ်၀င်စားပြီး အဲဒီထဲက တချို့ကို ယူဖတ်လိုက်တယ်။
-
စာတစ်စောင်ကတော့ ကျွန်တော့ ရင်ထိကို နက်နက်ရှိုင်းရှိုင်း ထိနာသွားစေတယ်ဗျာ…
-
ချစ်ခင်ရပါသောမေမေ
“သား မေမေ့ကို အရမ်းသတိရတယ်… ဒီနေ့ကျောင်းမှာ မေမေတွေနဲ့ပျော်ပွဲရွှင်ပွဲ လုပ်ပေးတယ်။
-
သားမှာ မေမေ မရှိတော့ မသွားဘူး။ ဖေဖေ့ကိုလဲ မပြောပြဘူး။ ဖေဖေလဲ မေမေ့ကို သတိရမှာစိုးလို့… ဖေဖေ သားကို လိုက်ရှာတယ်…
-
သားပျော်နေတာကိုဘဲ ဖေဖေ့ကို မြင်စေချင်လို့ ဂိမ်းဆိုင်ရှေ့မှာ ထိုင်နေလိုက်တယ်။ ဖေဖေသားကို ဆူပေမဲ့ ဖေဖေ့ကို သား အကြောင်းရင်း မပြောပြဘူး။ မေမေ…
-
ဖေဖေက မေမေ့ကို သတိရလို့ငိုနေတာကို သားနေ့တိုင်းတွေ့တယ်။ ဖေဖေလဲ သားလိုဘဲနေမှာ… မေမေ့ကို အရမ်းအရမ်း သတိရတယ်…
-
ဒါပေမဲ့.. မေမေ… သား အခုချိန်မှာ မေမေ့မျက်နှာကို သေချာ မမှတ်မိတော့ဘူး… မေမေ… သားရဲ့ အိပ်မက်ထဲကို လာပါလားဟင်…
မေမေ့မျက်နှာကို နောက်တစ်ခေါက် မြင်ချင်လို့ပါ…
-
သတိရတဲ့ သူရဲ့ဓာတ်ပုံကို ရင်ထဲမှာ ပိုက်ပြီးအိပ်ရင် အဲဒီလူကို အိပ်မက်မက်တတ်တယ်လို့ ကြားဖူးတယ်…
-
မေမေက ဘာလို့သားရဲ့ အိပ်မက်ထဲကို မလာတာလဲ?”
ဒီစာကို ဖတ်ပြီး ကျွန်တော် ရှိုက်ကြီးတငင်ငိုချလိုက်တယ်…
-
ဘယ်သော အချိန်မှာမှ -
ဇနီးရဲ့ နေရာလွတ်လေးကို -
ကျွန်တော် ဖြည့်ဆည်းပေးနိုင်မှာလဲ . . . . .
-
-
-
Credit ; original writer and Up loader

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Maw online shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share