Diary By Ah Hnin

Diary By Ah Hnin Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Diary By Ah Hnin, Book shop, Yangon.

🍃Diary By Ah Hnin စာပေမှ စာအုပ်လေးများကို မြန်မာပြည်အနှံ့ အိမ်ရောက်ငွေချေစနစ်ဖြင့်ရောင်းချပေးပါတယ်နော်💛💛

စာဖတ်ခြင်းဖြင့် စိတ်နှလုံးများအေးချမ်းပြီး ဉာဏ်အလင်းများပွင့်လင်းပါစေ☘️🧚📚

☸️ “ပဋ္ဌာန်းရွတ်ဖတ်ပူဇော်လျက် နှစ်သစ်ကူးခြင်း” ✨၁။ ဒီဇင်ဘာ ၃၁ ရက် ည ၁၁ နာရီ ၃၅ မိနစ်တွင်စတင်၍ ဩကာသကန်တော့ချိုးဖြင့် ဘုရာ...
31/12/2025

☸️ “ပဋ္ဌာန်းရွတ်ဖတ်ပူဇော်လျက် နှစ်သစ်ကူးခြင်း” ✨

၁။ ဒီဇင်ဘာ ၃၁ ရက် ည ၁၁ နာရီ ၃၅ မိနစ်တွင်
စတင်၍ ဩကာသကန်တော့ချိုးဖြင့် ဘုရားရှိခိုးခြင်း၊
ငါးပါးသီလခံယူခြင်း၊
နတ်ပင့်ခြင်း၊
မေတ္တသုတ်ရွတ်ခြင်းတို့ကို ၁၁ နာရီ ၅၅ မိနစ်တွင်
ပြီးဆုံးစေရပါသည်။

၂။ ၁၁ နာရီ ၅၅ မိနစ်မှစ၍
ဟေတုပစ္စယော၊ အာရမဏ္ဏပစ္စယော အစချီ၍
ပဋ္ဌာန်း ပစ္စယနိဒ္ဒေသနှင့် ပစ္စယုဒ္ဒေသတို့ကို
ဆက်လက်ရွတ်ဖတ်ပူဇော်ရပါမည်။
ဆိုလိုသည်မှာ နှစ်ဟောင်းမှ နှစ်သစ်သို့
ပဌာန်းရွတ်ဖတ်ပူဇော်လျက်
နှစ်သစ်ထဲသို့ချဉ်းနင်းဝင်ရောက်ခြင်းဖြစ်ပါသည်။

ထိုသို့ပဌာန်းရွတ်ဖတ်ပူဇော်လျက်
နှစ်သစ်သို့ဝင်ရောက်ခြင်းဖြင့်
ထိုနှစ်တစ်နှစ်လုံးတွင် ကျရောက်နေဆဲ
ဒုက္ခမှ လွတ်မြောက်စေခြင်း၊
ကျရောက်လာတတ်သော
ဘေးအပေါင်းမှ လုံခြုံစေခြင်း၊
အကြောက်ကိုပြေစေခြင်း၊
အရှုပ်ကိုရှင်းစေခြင်း၊
အညစ်အကြေးကို ကင်းစင်စေခြင်း၊
အငိုတိတ်စေခြင်း၊
ဆိုးနေသောကံကောင်းစေခြင်း၊
နိမ့်နေသောကံမြင့်စေခြင်း၊
မှားနေသောကံ မှန်စေခြင်းနှင့်
အတိတ်ဘဝကပါလာသော ဝဋ်ကြွေးတို့မှ
ကင်းလွတ်စေကြောင်း
ထေရဝါဒ ဗုဒ္ဓစာပေတို့မှာ ဖော်ပြကြပါတယ်။

မိသားစုအားလုံး ညီညီညာညာ ရွတ်ဖတ်ပူဇော်ကြပါ 🙏

မူရင်းတင်သူအားလေးစားစွာဖြင့် ပြန်လည်မျှဝေလိုက်ပါတယ်🙏🏻🩵

#2026

other - ဘယ်စာအုပ်အကြိုက်ဆုံးလဲ??me - 😝
08/10/2025

other - ဘယ်စာအုပ်အကြိုက်ဆုံးလဲ??
me - 😝

မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါ‌တော်နေ့)မှစ၍ ကမ္ဘာသူကမ္ဘာသားအားလုံးအေးချမ်းကြပါစေ။ကိုယ်စိတ်နှစ်ဖ...
06/10/2025

မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါ‌တော်နေ့)မှစ၍ ကမ္ဘာသူကမ္ဘာသားအားလုံးအေးချမ်းကြပါစေ။ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။ဘေးဘယာတွေကင်းဝေးကြပြီး ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း Diary By Ah Hnin မှဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်🙏🏻🩵

ညနက်နက်မှာ ကိုယ်ဘယ်လို ငိုနေလဲ...ဒါမှမဟုတ် အိပ်မပျော် လူးလှိမ့်နေလဲဆိုတာဘယ်သူမှ ဂရုမစိုက်ပါဘူး။အပြင်လူတွေက ရလဒ်ကိုပဲ ကြည...
12/09/2025

ညနက်နက်မှာ ကိုယ်ဘယ်လို ငိုနေလဲ...
ဒါမှမဟုတ် အိပ်မပျော် လူးလှိမ့်နေလဲဆိုတာ
ဘယ်သူမှ ဂရုမစိုက်ပါဘူး။

အပြင်လူတွေက ရလဒ်ကိုပဲ ကြည့်တာပါ။

ဒီအခိုက်အတန့်ကနေ လွတ်မြောက်ဖို့
ကိုယ်တိုင်ပဲ ရုန်းကန်ရပါတယ်။

ဒီသဘောတရားကို သဘောပေါက်လာတဲ့အခါ
တခြားသူရဲ့ နှစ်သိမ့်မှု၊ နားလည်မှုကို ရဖို့
လူတွေ့တိုင်း ကိုယ်တို့ ရင်မဖွင့်တတ်တော့ပါဘူး။


💌
#နိုင်းနိုင်းစနေ

ပိုကောင်းတဲ့နေရာတွေက ပိုပြီး လူနည်းတယ်ပိုပြီး Respect ရှိကြတယ်ပိုပြီး အသံတိုးကြတယ်ပိုပြီး လှကြတယ်ပိုပြီး Humble ဖြစ်ကြတယ...
10/08/2025

ပိုကောင်းတဲ့နေရာတွေက

ပိုပြီး လူနည်းတယ်
ပိုပြီး Respect ရှိကြတယ်
ပိုပြီး အသံတိုးကြတယ်
ပိုပြီး လှကြတယ်
ပိုပြီး Humble ဖြစ်ကြတယ်
ပိုပြီး လေ့လာသင်ယူကြတယ်
ပိုပြီး Focus ကောင်းကြတယ်
ပိုပြီး Attitude ကောင်းကြတယ်
ပိုပြီး ဝင်ငွေကောင်းကြတယ်

ပိုကောင်းတဲ့နေရာတွေကို ရောက်အောင်သွားပါ

အကြွေစေ့လိုအသံဆူလို့ လူသိရုံနဲ့ အလုပ်မဖြစ်တာတွေလောကမှာအများကြီး လူထင်ကြီးအောင်လုပ်ပြရှင်းပြနေမှ အမှန်တရားဖြစ်တာမဟုတ် လောကမှာ ပိုကောင်းတဲ့နေရာမှာရှိဖို့ ပတ်ဝန်းကျင်ကောင်းကိုကိုယ်တိုင်ရွေးရတယ်
လူရွေးပေါင်းတတ်ရတယ် နေရာအရွေးမှားရင် ဘယ်လောက်ဘဲကြိုးစားကြိုးစားဘယ်လောက်စေတနာထားထား ကျေးဇူးတင်မခံရဘူး အသိမှတ်ပြုမခံရဘူး အဲ့စကားကိုမှတ်ထားပီး

ပိုကောင်းတဲ့နေရာကိုရောက်အောင်သွားပါ ♥️

မူရင်းရေးသားသူအားလေးစားစွာဖြင့်

မေ့ကုန်ကြပြီလား😬🖤
04/08/2025

မေ့ကုန်ကြပြီလား😬🖤

National Girlfriend Day ပါ ကောင်မလေးတို့🤪💘- ပန်းစည်းရတဲ့အဖွဲ့ကလား - ဘာမှမရတဲ့အဖွဲ့ကလား- ပေးမယ့်သူမရှိတဲ့အဖွဲ့ကလားဘယ်အဖွဲ...
01/08/2025

National Girlfriend Day ပါ ကောင်မလေးတို့🤪💘
- ပန်းစည်းရတဲ့အဖွဲ့ကလား
- ဘာမှမရတဲ့အဖွဲ့ကလား
- ပေးမယ့်သူမရှိတဲ့အဖွဲ့ကလား
ဘယ်အဖွဲ့ကလည်း အသဲလေးတို့🤣🩵

08/02/2025

ကျွန်မကို မောင်ချစ်ခွင့်ပန်တုန်းက မောင့်ဆီမှာ တောင်းခဲ့တဲ့ကတိက နှစ်ခုတည်းရယ် ချန်မထားနဲ့၊ မစောင့်ခိုင်းနဲ့လို့
တစ်ခုမှ မောင်ကမတည်ခဲ့ဘူး။

ဒီကမ္ဘာမှာ မောင်နဲ့ကျွန်မ နှစ်ယောက်တည်းကျန်ခဲ့ရင်တောင် ကျွန်မ မောင့်ကို ဘယ်တော့မှလက်မထပ်ဘူး။ ဘာကြောင့်
ချန်ခဲ့ ချန်ခဲ့ ကျန်ခဲ့ရတဲ့သူက ကျွန်မသာလျှင်မဟုတ်လား။ မောင့်ထက် သုံးနှစ်ငယ်တဲ့ မိန်းမငယ်လေးနဲ့ပျော်အောင်နေပါ။

" ကြိုးတစ်ချောင်းဟာ ဖြတ်သင့်တဲ့အချိန်ရောက်ရင် ဖြတ်ကိုဖြတ်ရမှာပါလေ... "

အမှတ်တရ - ဂျူး

ဘဝမှာ မတန်တာတွေရှိတယ်ရန်ဖြစ်ဖို့ မတန်တာတွေ...ရှင်းပြဖို့ မတန်တာတွေ...ပြုံးပြဖို့ မတန်တာတွေ...ပေးဆပ်ဖို့ မတန်တာတွေ...ခင်မ...
01/11/2024

ဘဝမှာ မတန်တာတွေရှိတယ်

ရန်ဖြစ်ဖို့ မတန်တာတွေ...
ရှင်းပြဖို့ မတန်တာတွေ...
ပြုံးပြဖို့ မတန်တာတွေ...
ပေးဆပ်ဖို့ မတန်တာတွေ...

ခင်မင်ဖို့ မတန်တာတွေ...
ချစ်မြတ်နိုးဖို့ မတန်တာတွေ...
သတိရဖို့ မတန်တာတွေ...
အများကြီးဆို အများကြီးရှိတယ်...

တစ်ခါတစ်လေကျရင်တော့
ကိုယ့်အတွက်.....တန် မတန်
စဉ်းစားဖို့လိုတယ်တဲ့

အခုနောက်ပိုင်း
ကိုယ့်အတွက်မတန်တဲ့အရာတွေအတွက်
အဖက်လုပ်နေဖို့ရော အချိန်ပေးဖို့ရော
နေရာပေးဖို့ရော ခံစားနေဖို့ရော
မတန်တာမို့ ကိုယ်က
မတန်တဲ့အရာတော်တော်များများကို
ဥပေက္ခာပဲ ပြုထားလိုက်တော့တယ်

အဲ့တာကြောင့် တစ်ခါတစ်လေ
ရန်လာလုပ်သူတွေ၊ တိုက်ခိုက်သူတွေကို
ပြန်ရန်လုပ်ဖို့၊ ပြန်ပြောဖို့ မတန်တာမို့ ရှောင်ပစ်လိုက်တယ်
ကိုယ့်အပေါ် မကောင်းတဲ့သူတွေအတွက်
ခံစားနေဖို့လည်း မတန်တာမို့
ဥပေက္ခာပြုတတ်လာတယ်

မတန်ပါဘူး.......တကယ်ကို မတန်တာပါ

မတန်တာကိုမှ မာန်ကိုချ
ဟန်ပြ ဆက်ဆံနေမည့်အစား
နှလုံးသားမှာ အမုန်းမပွါးမီ...
ဥပေက္ခာတရားဆီသို့
ဦးတည်ထားလိုက်ပါတော့တယ်...

Crd.

အစစအရာရာအဆင်ပြေကြပါစေ💓အသက်ရှူတိုင်းငွေတွေဝင်ကြပါစေ👀ရည်ရွယ်ထားသမျှဖြစ်မြောက်အောင်မြင်ပါစေနော်🥰
01/11/2024

အစစအရာရာအဆင်ပြေကြပါစေ💓
အသက်ရှူတိုင်းငွေတွေဝင်ကြပါစေ👀
ရည်ရွယ်ထားသမျှဖြစ်မြောက်အောင်မြင်ပါစေနော်🥰

ငါ့ဘဝကြီးကို ကြည့်စမ်းပါဦး ကိုကိုရယ် ငါကချစ်တော့လဲ ဝေး ငါ့ကိုချစ်တော့လဲ ဝေးနဲ့ ငါ့ရင်ထဲမှာ ဒါဏ်ရာတွေ ။ ငါ့အတိတ်မှာ အမှတ်...
06/10/2024

ငါ့ဘဝကြီးကို ကြည့်စမ်းပါဦး ကိုကိုရယ်
ငါကချစ်တော့လဲ ဝေး
ငါ့ကိုချစ်တော့လဲ ဝေးနဲ့

ငါ့ရင်ထဲမှာ ဒါဏ်ရာတွေ ။
ငါ့အတိတ်မှာ အမှတ်တရတွေ ။

ပြီးတော့လဲ

အလုပ်လုပ်လိုက် ငွေရှာလိုက် နဲ့
ပုံမှန်လိုလို ပြန်လည်ပတ်ရ ။
သောက်တလွဲ
ပြိုလဲပျက်စီးနေတဲ့ ငါ့ဘဝကြီးမှာ အရာရာဟာ
အထီးကျန်စရာတွေကြီးပါပဲ ကိုကိုရာ

#မယ်ညို

Address

Yangon

Telephone

+959776229311

Website

Alerts

Be the first to know and let us send you an email when Diary By Ah Hnin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Diary By Ah Hnin:

Share

Category