21/08/2021
SOUEAST DX7 brand new
ဆိုးအိ ဆိုတဲ့ brand က တော့ နောက်ပိုင်း brand new ကားလောက မှာ နာမည်ကောင်းရလာတဲ့ လူကြိုက်များလာတဲ့ ရှားရှားပါးပါး တရုတ်ကား တစ်ခု။။
တရုတ်ကားဆိုတော့ တရုတ်ကားတွေရဲ့ ထုံးစံအတိုင်းပဲ ဈေးသက်သာတယ်။
နောက်ဆုံးပေါ် နည်းပညာ function စုံမယ် grade အကုန် ပါမယ် ။
လူတွေ စထင်ကြမာက ကောင်းရော ကောင်းပါ့မလား ပေါ့ တရုတ် မိတ် ဆိုတော့ကာ။တကယ်တော့ သူ့ဈေးနဲ့သူ ဆို စိတ်ချရတဲ့ ကား အမျိုးအစားထဲ မှာ ပါပါတယ်။
ဘာလို့လဲဆိုတော့
ကားရဲ့ အဓိက ဖြစ်တဲ့ အင်ဂျင်သည် တရုတ်အင်ဂျင်မဟုတ်ဘူး ။ တခြားနည်းပညာနဲ့ တရုတ်မှာ ပြန်ထုတ်တာမျိုးလဲမဟုတ်ဘုး။
အင်ဂျင်အလုံးလိုက်ကိုက ဂျပန် အင်ဂျင် ဂျပန် brandဖြစ်တဲ့ Mitsubishi အင်ဂျင်ကို သုံးထားတဲ့အတွက် အကြမ်းခံတယ် ကောင်းတယ် စိတ်ပူစရာမလိုဘူး။
အတွင်း အင်ဂျင် ပြီးတော့ အပြင် design ဆိုပြန်တော့လဲ SOUEAST က သူ့ကား designတွေကို
ကမ္ဘာကျော် အီတလီ ကုမ္ပဏီ PININFARINA က Design တွေကို အသူံးပြုတာဖြစ်လို့ လှပတယ် သေသပ်တယ် ပြေပြစ်တယ်။
ဆိုတော့ ဒီကားbrand က
တရုတ်ကားတွေရဲ့
ယခင် အားနည်းချက်တွေနေရာမှာ
တခြား ပိုကောင်းတဲ့
ပြည်ပ brand တွေနဲ့ လက်တွဲပြီး
ဖြေရှင်းလိုက်တယ်။
သူ့မူလ အားသာချက်တွေဖြစ်တဲ့
grade အစုံဆုံး ကားတစ်ခုကို
ဈေး အသက်သာဆူံးနဲ့
ရောင်းပေးမယ်ဆိုတဲ့
trend အတိုင်း သွားနေတဲ့ brand မျိူးလို့ ယူဆလို့ ရတယ်။
ဒီကားက မြန်မာပြည်မှာလဲ showroom တွေ အများကြီးရှိတယ်.
တရုတ် ကုမ္ပဏီဖြစ်ပြီး skd စက်ရုံလဲ ရှိတာမို့လို့ ရေရှည် ပြင်ဆင်ထိန်းသိမ်းဖို့ spare parts တွေကိုလည်း လွယ်လင့်တကူ ရရှိနိုင်မှာဖြစ်ပါတယ်။
ရန်ကုန် လိုင်စင် အပါအ၀င် မိမိ လိုချင်တဲ့ လိုင်စင်နဲ့လဲ ရနိုင်ပါတယ်။
အင်ဂျင်နဲ့ ဂီယာ transmission ကို 3နှစ် or ကီလို တစ်သိန်းခွဲ အာမခံပေးထားလို့ quality မကောင်းမှာလဲ ပူစရာ မလိုပါဘူး။
SOUEAST DX7 PRIME
363 သိန်း။
ဒီကားက တင်သွင်းသမျှ ထဲ model အမြင့်ဆုံး နဲ့ grade အစုံဆုံး ပဲ။
SUV TYPE ဖြစ်ပြီး 1.5 cc engine နဲ့ 1.8 engine ဆိုပြီး နှစ်မျိုးလာပါတယ်။1.8က ဈေး သိန်း 20 ပိုပါတယ်။
သတိထားမိသမျှ သူ့ featureတွေ အနေနဲ့ကတော့
Italy designဖြစ်လို့ designက လုံး၀ အလွင့်ပါ။ suv type မိူ့လို့ ခရီးကြမ်း သုံးလို့ရမယ် ကကျယ်ကျယ်၀န်း၀န်း ရှိမယ် အကြမ်းခံမယ်။မြေပြင်ကနေ 7.8 inch မြင့်လို့ alloyဂွေ 18 inch တာယာတွေကို အသုံးပြုထားလို့ အမြင်လဲလှမယ် အကြမ်းလဲ ခံမယ်။
လမ်းကြမ်းလဲရ ရေကြီးလဲရ။အေးဆေးပဲ။
SOUEAST ရဲ့ flagship မော်ဒယ်မို့လို့ သူံးထားတာတွေ လဲ အကောင်းစားတွေချည်း သူံးပေးထားတယ် ။
Seats တွေ စတီယာရင် dashboard လက်တင်တန်းတွေ အားလုံးက leather ပဲ သုံးထားတယ်။
Seat အနေနဲ့က ခုံနှစ်တန်း .ရှေ့ နှစ်ယောက် နောက် သုံးယောက်။ဒီထဲမှာ မှ driving seat က တော့ electric motor နဲ့ဖြစ်ပြီး ကျန်တဲ့ခုံတွေက တော့ manualပါ။
Parking brake ကလဲ electric parking brake နဲ့မို့လို့ အထာကျပါတယ်။
Aircon ကလဲ round Aircon စနစ် ကိုသုံးထားလို့ နောက်ခန်းမို့ အအေး လျော့တယ်ဆိုတာမျိုးတွေကို မေ့ထားလိုက်လို့ ရပါပြီ ။
Multi function Steering wheel and cruise control.။
စတီယာရင် ကို လက်က မလွှတ်ပဲ အထာကျကျ audio setting.တွေ ချိန်ညှိနိုင်မှာဖြစ်သလို
Highway မောင်းရရင်လဲ cruise control ပါလို့ လီဗာ တစ်ချိန်လူံး နင်းထားဖို့ မလိုပဲ သတ်မှတ်ထားတဲ့ အရှိန်နှုန်းအတိုင်း
သက်တောင့်သက်သာ မောင်းနှင်နိုင်ပါတယ်။
Keyless entry and kick sensor
ကားအပြင်ကနေကို
စက်လဲကြိုနှိုးထားနိုင်သလို
မှန်တင်မှန်ချ စတာတွေလည်း
smart ကျကျ ပြုလုပ်နိုင်ပါတယ်။
အထုပ်တွေ ပစ္စည်းတွေ အများကြီးသယ်လာရလို့ လက်မအားတဲ့အခါ မှာ နောက်ဖူံးဖွင့်ဖို့ သောကမရောက်ရအောင် kick sensor ကို အလွယ်တကူ အသူံပြုပြီး နောက်ဖုံး ဖွင့်နိုင်ပါတယ်။
Push start button
သော့ကြီးထိုးထည့်ပြီး
လှည့်နှိုးနေစရာမလိုဘဲ
မော်ဒယ်မြင့်ကားတွေရဲ့ထူံးစံအတိုင်း
ခလုတ်လေး နှိပ်လိုက်ရုံး ဝူးခနဲ စက်နှိုးလို့ရတယ်။စက်နိုးတဲ့အခါ အလုပ်စလုပ်ဖို့ လင်းလာတဲ့ display screen တွေ digital ဒိုင်ခွက်တွေကလည်း တော်တော်လေးကို မျက်စိပသာဒ ဖြစ်ပါတယ်။
Auto parking assistant, round Camera sensor and 3d panoramic image
ကားမောင်းစမရှိတဲ့သူတွေအတွက် ကားမောင်းပညာမှာ အခက်ဆုံးက ပါကင်ပါပဲ။
ဒီကားမှာတော့ round camera
round sensor နဲ့ မို့လို့ ဘာအကူမှ မလိုပဲနဲ့
ကိုယ်တိုင်ကို အပေါ်စီး droneကနေ ကြည့်ပြီးမြင်နေရသလို မြင်နိုင်မှာဖြစ်ပြီး အလွယ်တကူ ပါကင် ထိုးနိုင်မှာ ဖြစ်ပါတယ်။
Auto parking စနစ်ကို အသံုးပြုမယ်ဆို
စတီယာရင်ကို တောင် ကိုင်စရာ မလိုဘဲ အလို အလျောက် ပါကင် ထိုးလို့ရပါတယ် ။
ADAS Advanced driver assistance
Camera တွေ sensor တွေ အားလူံး နဲ့ ပေါင်းစပ် အလုပ်လုပ်တဲ့ ဒီစနစ်ဟာ ဆိုရင် ကားို အချိန်ပြည့် monitoring လုပ်ပေးနေမှာဖြစ်ပြီး လိုအပ်တဲ့အခါတိုင်း driver ကို warning ပေးနိုင်သည့်အပြင်lamp တွေ brake လိုမျိုး automatic assist တွေ ကို ပြုလုပါပေးနေမာဖြစ်တယ် ။
ဒီစနစ်မှာ ပါ၀င်တဲ့ အစိတ်အပိုင်း တွေ အနေနဲ့ကတော့
HBA High Beam Assist System
LDWS Lane Departure Warning System
FCW Front Collision Warning System
PDS Pedestrian Detection System
AEB Autonomous Emergency Brake System တို့ပဲ ဖြစ်ပါတယ်။
ပိုလုံခြုံပြီး ပို စမတ်ကျစေမယ့် feeling မျိူး အပြည့်အ၀ ပေးစွမ်းတယ်ဆိုတာ ဒါမျိုးပေါ့။
Airbagကလဲ 8 လုံး တောင် ပါပါသေးတယ်။
10 inch floated ultra-clear touch screen
Infotainment screen ကလဲ android စနစ်ကို support ပေးထားတယ်။
Touch screen နဲ့ လွယ်ကူစွာ သုံးနိုင်ပြီး
မြေပုံကစလို့ ကားတစ်စီးလုံးရဲ့ အချက်အလက်တော်တော်များများက ဘေးနားက လက်ထောက်တစ်ယောက်လို အများကြီး အကူအညီပေးမှာ သေချာပါတယ်။
alluminium alloy hub wheel metal and 16 inch wheel size
Aluminum alloy တွေကို သုံးထားပြီး 16 လက်မ ဂွေကို သုံးထားတာမို့လို့ ကားအရွယ်အစား ပူံပန်းသဏ္ဍန်နဲ့ အသင့်တော်ဆူံးနဲ့ တောက်ပြောင် လှပနေမှာ ဖြစ်ပါတယ်။
tire pressure monitoring
ခရီးသွားလာရမာ ပြင်ဆင်ရတာ အပန်းမကြီးသလောက် ပေါ့လို့မရဘဲ အမြဲ ဂရုစိုက်သင့်တဲ့အထဲမှာ တာယာနဲ့ လေပေါင်ချိန်က ထိပ်ဆူံးမှာပါပါတယ်။
ဒီကားမှာဆိုရင်တော့ ဘီးလေးဘီးစလုံးရဲ့ လေဖိအားကို infotainment screen ကနေ လွယ်လင့်တကူ အကဲခတ်စောင့်ကြည့်နိုင်ပါတယ်။
Automatic induction wiper
မိုးရွာတဲ့ အခါ wiperက sensor မို့ အလိုအလျောက် ချိန်ညှိပြီး အလုပ်လုပ်ပေးပါတယ်။
ခုပြောခဲ့တာတွေက သိသာထင်ရှားတဲ့ဟာတွေကို သာ တင်ပြထားတာဖြစ်ပြီး တကယ်တမ်းတော့ ဒီ dx7 prime က ရွတ်ပြသမျှ အကုန်ပါတဲ့ ကားမို့လို့ စာအရမ်းရှည်မာစိုးလို့ ထည့်မရေးလိုက်ရတာတေ အများကြီး။ခု ဒါတောင် တော်တော်ရှည်နေပါပြီ😂
Interior color
အနီ နှင့် အနက် ဆိူပြီး interior color နှစ်ခု ရွေးချယ်နိုင်ပါတယ်။ အနီက အနက် ထက် 4 သိန်း ပိုမို ကျသင့်မှာဖြစ်ပါတယ်။
Color
Exterior color ကတော့ white .pearl white,red,black,blue ,grey,နဲ့ brown ဆိုပြီး6 ရောင် ရွေးချယ်နိုင်ပြီး တခြားအရောင်ဏ္ဍွက အဖြူထက် ဈေးနှန်း လေးသိန်းပိုမိူ ကျသင့်ပါမယ်။
မူလ ဈေးနှုန်းက 363သိန်းဖြစ်ပြီး
1.8 cc ဆိုရင် သိန်း 20 ပေါင်းပြီး 383 သိန်း ကျသင့်မှာပါ။
Exterior color က အဖြူမဟုတ်ဘူးဆိုရင် 7 သိန်း ထပ်ပေါင်းပြီး သိန်း 370။
Interior colorက အနီ ကိုမှ ကြိုက်တယ်ဆိုရင်
4 သိန်းထပ်ပေါင်းပြီး 367 သိန်း ကျသင့်မှာဖြစ်ပါတယ်။
Cash down ရော bank transfer နဲ့ရော ၀ယ်ယူနိုင်သလို
အရစ်ကျစနစ်နဲ့လဲ ၀ယ်ယူရရှိနိုင်ပါတယ်။
ခုလိုကာလမျိုးမှာ ကားလဲစီးချင်တယ်။ ငွေသားလဲ ခေတ်အခြေအနေ အရ ကိုင်ရတာ စိတ်မချရ ။ဘဏ်ထဲမှာ ထည့်ထားရတာလဲ စိတ်မလုံဘူးဆိုရင်တော့
ဘယ်အကောင့်နဲ့လဲ ငွေချေလို့ရပြီး
သိန်း လေးရာ မကျော် တဲ့ ပမာဏနဲ့ flagship ကားတစ်စီးရမာမို့လို့ ၀ယ်ကို ၀ယ်ထားသင့်ပါတယ်။
ဈေးကလည်း သက်သာရမယ်
အရစ်ကျ စနစ်နဲ့လည်း ၀ယ်လို့ရတယ်
Flagshipကိုမှ brand new စီးချင်တယ်
Qualityလဲ ကောင်းရမယ် ။
Servicing and Maintenance ကလဲ စိတ်ချရတယ် ။
ရွတ်သမျှ အကုန်ပါတာကိုမှ ကြိုက်တယ်ဆိုရင်တော့ ဒီကားလေးက
မိတ်ဆွေ အတွက်ပါပဲ။
ပိုမို စေျးသက်သာတဲ့ soueast မော်ဒယ်များဖြစ်တဲ
A5 ,DX 3 ,နဲ့ DX 3X များကို စိတ်၀င်စားတယ်ဆိုရင်လည်း ဆက်သွယ် စုံစမ်း ၀ယ်ယူနိုင်ပါတယ်။
A5က သိန်း 230
DX3 က သိန်း 290
DX3Xက 306သိန်း
DX7 primeကတော့ 363 သိန်း ။
အသေးစိတ် ထပ်မံ သိရှိလိုတယ် ဆိုရင်
messenger ကိုလည်း
လွတ်လွတ်လပ်လပ်
လာရောက်မေးမြန်းနိုင်သလို
ဖုန်းနံပါတ်
09450238166
09771940853
ကိုလည်း ဆက်သွယ်စုံစမ်း
မေးမြန်းနိုင်ပါတယ်ခင်ဗျာ ။
Thein Htet Naing
Facebook personal account.
https://www.facebook.com/theinhtetnaing19
#အရစ်ကျ