Ju Ju han

Ju Ju   han ကောင်းသောနေ့လေးဖြစ်ပါစေ��

28/03/2022

❤️လိုသုံးမဖြစ်အောင် ကြိုးစားရအုံးမယ် တစ်ခါတလေလည်းမအားဘူး မအားဘူးဆိုတဲ့ လူတွေက တခြားလူတွေနဲ့အားနေတာမြင်ရတော့ သူတို့အတွက် ...
16/03/2022

❤️လိုသုံးမဖြစ်အောင် ကြိုးစားရအုံးမယ်
တစ်ခါတလေလည်း
မအားဘူး မအားဘူးဆိုတဲ့
လူတွေက တခြားလူတွေနဲ့
အားနေတာမြင်ရတော့
သူတို့အတွက် အမြဲတမ်းအားခဲ့မိတဲ့
ကိုယ့်ကိုယ်ကို ပြန်ရှက်မိတယ်

❤️တစ်ရက်တွေ့ဦးမယ်ဆိုတဲ့
စကားဟာ
ဖုန်းချခါနီး ၀တ်ကျေတမ်းကျေ
ပြောတဲ့ စကားတစ်ခွန်းဖြစ်မှန်း
ဘယ်တော့ မတွေ့ဖြစ်ကြတော့တဲ့
အခါမှ
နားလည်လာတယ်

❤️ကိုယ်က အားပါတယ်ဆိုတဲ့စကားဟာ
သိပ်အရေးမကြီးတဲ့ကိစ္စလေးတွေကို
ရွေ့လိုက်ပြီး
သူတို့အတွက် အချိန်ပေးလိုက်တာ ဖြစ်ပေမဲ့

❤️သူတို့အားပါတယ်ဆိုတဲ့စကားဟာ
ကိုယ့်ဆီက
တစ်ခုခု အကူအညီ ယူချင်လို့ပဲဆိုတာသိလာတယ်

❤️အပေါာယံသက်သက် လာပေါင်းတဲ့လူတွေအတွက်
ကိုယ်က ဦးနှောက်ထဲ ထည့်ထားပေမဲ့

❤️သူတို့စိတ်ကူးထဲက VIP
တွေထဲကိုယ်မပါဘူးဆိုတာ
ကိုသိလိုက်ရတဲ့ အချိန်မှာ
တကယ့်ကို ကျေကျေနပ်နပ်နဲ့ပြုံးမိတယ်

❤️လူတွေအကြောင်းကို
လူတွေကပဲ သင်ပေးတယ်

❤️လိုသုံးလာလာလုပ်တဲ့
လူတွေကို လိုအပ်ရင်တောင်
နောက်နောင်မသုံးတော့ဖို့ကြိုးစားရအုံးမယ်

မူရင်းရေးသားသူအား

မေတ္တာဖြစ်ပြန်လည်မျှဝေသူ
🌿juju han

တပေါင်းလပြည့်  အဖေများနေ့❤️တပေါင်းလပြည့်နေ့သည်မြတ်ဗုဒ္ဓ၏ပြည်တော်ဝင် အခါတော်နေ့ဖြစ်သလို မြတ်စွာဘုရားမှ ဖခင်သုဒ္ဓေါမင်းကြီးက...
16/03/2022

တပေါင်းလပြည့် အဖေများနေ့

❤️တပေါင်းလပြည့်နေ့သည်မြတ်ဗုဒ္ဓ၏
ပြည်တော်ဝင် အခါတော်နေ့ဖြစ်သလို
မြတ်စွာဘုရားမှ ဖခင်သုဒ္ဓေါမင်းကြီးကိုတရားဖြစ် ကျေးဇူးဆပ်ခြင်းကို ရည်ညွှန်း၍
အဖေများနေ့အဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်

❤️အဖေ့တန်ဖိုး
အဖေဆိုတာ ပုခတ်လွှဲခဲ့တဲ့လက်မဟုတ်ပါဘူး ဒါပေမယ့် လွဲဖို့ပုခက် ဆင်ပေးခဲ့တဲ့လူတစ်ယောက်

❤️အဖေဆိုတာ
အမေတစ်ယောက်လို အနားမှာ အချိန်ပြည့် ဂရုမစိုက်နိုင်ပေမဲ့ အမေ ဂရုစိုက်မူ့ကို အချိန်ပြည့် ရအောင် ဖြည့်ဆည်းပေးခဲ့တဲ့လူတစ်ယောက်

❤️အဖေဆိုတာ
အမေလိုသားသမီးအပေါာကြင်နာမူ့ကို
အပြင်ထုတ်ပြီး မချစ်နိုင်ပေမဲ့ အမေ
တစ်ယောက်ထက်မလျော့တဲ့
ကြင်နာမူ့တွေ ရင်ထဲမှာ အပြည့်ရှိနေခဲ့တဲ့လူတစ်ယောက်

❤️အဖေဆိုတာ အမေ တစ်ယောက်လို
ဖိုးလမင်းဆီက ထမင်းဆီဆမ်းရွှေလင်ပန်းနဲ့တောင် မကျွေးခဲ့ပေမယ့်
သားသမီးကို ကျောအပေါာတက် ဆင်ကြီးတစ်ကောင် မြင်းတစ်ကောင် ဖြစ်ပေးခဲ့တဲ့ သူတစ်ယောက်

❤️အဖေဆိုတာ အမေတစ်ယောက်လို
ဝတ်ချင်တာကို ကိုယ်တိုင်မဆင်ပေးခဲ့ပေမဲ့
ဝတ်ချင်တာကို ဆင်ပေးနိုင်အောင်ဖြည့်ဆည်းပေးခဲ့တဲ့လူတစ်ယောက်

❤️အဖေဆိုတာ အမေတစ်ယောက်လိုစားချင်တာကို ချက်ပြုတ်မကျွေးနိုင်ပေမဲ့စားချင်တာကိုချက်ပြုတ်ကျွေးနိုင်အောင်ဖန်တီးပေးခဲ့တဲ့သူတစ်ယောက်

❤️အဖေဆိုတာ အမေတယောက်လိုဝမ်းနဲ့လွယ်မမွေးခဲ့ပေမဲ့ ၀မ်းနဲ့လွယ်ခဲ့ရတဲ့အမေနဲ့သားသမီးတွေအတွက်ပူပင် သောက မရှိရအောင် စောင့်ရှောက်ကာကွယ်ပေးခဲ့တဲ့သူ

❤️မိသားစုနဲ့အဖြည့်ခံမေတ္တာသမားကြီးတစ်ယောက်ဟာအဖေပါပဲ
🙏ဂုဏ်ပြုပူဇော်ပါ၏

မူရင်းရေးသားသူအား ပေးပါသည်။

အမြဲတမ်းလည်းလူတိုင်းအပေါာ ကောင်းမနေနိုင်ဘူးအမြဲတမ်းလည်းစိတ်ထားက မြင့်မြတ်မနေနိုင်ဘူးအမြဲတမ်းလည်းလူတိုင်းအပေါာ သဘောထားမကြ...
19/02/2022

အမြဲတမ်းလည်း
လူတိုင်းအပေါာ ကောင်းမနေနိုင်ဘူး
အမြဲတမ်းလည်း
စိတ်ထားက မြင့်မြတ်မနေနိုင်ဘူး
အမြဲတမ်းလည်း
လူတိုင်းအပေါာ သဘောထားမကြီးပေးနိုင်ဘူး

ကျွန်တော့မှာလည်း
မကောင်းတဲ့ အချက်တွေအများကြီးပဲ
ဒါပေမယ့်
ဘယ်တော့မှစိတ်ဓာတ်အောက်တန်းမကျဘူး
သေချာတာတစ်ခုကတော့
ဘယ်သူ့နောက်ကျောမှာမှ
ကျနော့်ဓားရာမရှိဖူး


မေတ္တာဖြစ်ပြန်လည်မျှဝေသူ
Jujuhan☘️☘

15/02/2022

ဘ၀ကို မိဘနဲ့ စခဲ့တာမို့

အချစ်က ဘ၀မဟုတ်ပေမဲ့

မိဘကတော့ဘ၀ပဲ❤️

☘️ရှောင်နေလိုက်ပါမိတ်ဆွေသူ့စိတ်ဓာတ်ကို ကိုယ်သိရပြီဆိုရင်တိုက်ရိုက်သွားမပြောနဲ့မသိသလို နေပေးပြီးတော့နောက်ဆို ကိုယ်ကရှောင်...
05/02/2022

☘️ရှောင်နေလိုက်ပါမိတ်ဆွေ
သူ့စိတ်ဓာတ်ကို ကိုယ်သိရပြီဆိုရင်
တိုက်ရိုက်သွားမပြောနဲ့
မသိသလို နေပေးပြီးတော့
နောက်ဆို ကိုယ်ကရှောင်နေလိုက်ပါ

☘️သူ့အကျင့်ကိုရိပ်မိနေပြီမလား
သွားပြီးပေါက်ကွဲမပြနဲ့
မသိသလို နေပေးပြီး
နောက်ဆို ကိုယ်ကဆင်ခြင်လိုက်ပါ

☘️နင်က ဘယ်လို ငါကဘယ်လိုဆိုပြီး
စကားလုံးတွေနဲ့ စစ်တိုက်နေဖို့မလိုဘူး
ရိုးသားချင်ယောင်ဆောင်နေတဲ့သူ့အကြောင်းကို ကိုယ်ကနားလည်နေပြီမလား

☘️ဆက်ပြီးအပေါင်းအသင်းမလုပ်နဲ့
တဖြည်းဖြည်းရှောင်နေလိုက်ပါ
ရှေ့ဆက်သွားရင် ကိုယ့်ကိုပါ ထိခိုက်စေနိုင်တာမို့ပါ

☘️တစ်ခါတစ်လေတော့ ကိုယ်သိတဲ့အရာတစ်ခု ဟာ
ကိုယ့်စိတ်ထဲမှာ မှတ်သားထားဖို့ပဲလိုတာပါ
လုံးဝမပတ်သက် မဆက်ဆံရဘူးလို့မပြောလိုဘူး
မဖြစ်သာလို့ ဆက်ဆံနေရအုံးမယ်ဆိုရင်လဲ
ကိုယ်ပေါင်းစိတ်ခွာနဲ့ပေါင်းသင်းနိုင်ပါတယ်

☘️ရိုးသားချင်ယောင်ဆောင်
သဘောကောင်းသလို ဟန်ပြ ကွယ်ရာမှာ နောက်ကောက်ချနင်း
ကိုယ့်ရဲ့မကောင်းသတင်းကို
အလံတလူလူလိုလေလွင့်၊
ခွင့်ရရင်ရသလို ဖဲ့ညှစ်
အရာရာကိုသူ့အပြစ်မဟုတ်ဘူးလို့
ဟန်ဆောင်ကာ မျက်နှာဖုံးစွပ်ထားတဲ့လူမျိုးကို
ဒီတစ်သက် မင်းတွေ့ဆုံခဲ့ရင်
ကင်းနိုင်သလောက်ရှောင်ဖယ်ကာနေလိုက်ပါ

မူရင်းရေးသားသူအား

မေတ္တာဖြစ်ပြန်လည်မျှဝေသူ
☘️Jujuhan

  photo
31/01/2022

photo

31/01/2022

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Ju Ju han posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share