10/02/2023
https://m.facebook.com/story.php?story_fbid=763157428507502&id=100044397550738&mibextid=qC1gEa
ဒီတခါတော့ မိုး ပြောပြမှာက အလှအပ မဟုတ်ပဲ earphones လေးပါ ၊ earbuds ပေါ့လေ ။
Budget သမားတွေ ဖို့ပါနော် ။ Lenovo LP 40 pro ပါ။
မိုး ရဲ့ airpod လေး က ပျက်ချင်သလို ဖြစ်ပီး ဘယ်တဖက် အားအမြန် ကုန်ပီး ညာတဖက်ပဲ သုံးလို့ ရတာ တနှစ်လောက် ရှိခဲ့ပီ။
ခုတော့ ရန်ကုန် ရောက်ခါမှ airpod က နားထဲထည့် ပီး လှုပ်ရှား လမ်းလျှောက်မိရင်ကို Bluetooth လွတ် တဲ့ အဆင့်ဖြစ်လာတော့ ငြိမ်ပီး တရားနာ ဖို့က လွဲရင် သုံးမရတော့ဘူး 🤪
အဲ့တော့ exchange rate တွေကြောင့် ရင်ဘတ်ဖိပီး လိုချင်တာကတော့ Beats ရဲ့ earbuds ပဲ ၊ ဒါပေမဲ့ မယူတော့ပဲ အကြမ်းသုံးဖို့ လိုင်းပေါ် ရှာလိုက်တော့ ဒီ lenovo လေး သွားတွေ့တယ်။
LP40Pro တဲ့ ၊ 2022 အသစ်ထုတ်တာတဲ့ ။
အဲ့ဒါတွေလည်း ကြည့်မနေပါဘူး ။ ချက်ချင်း ရနိုင်ပီး စျေး အတော်ချိုတာ ရှာရင်း ဒါတွေ့ သွားတာ ။
ကောင်းလား မေးရင် iphone ရော ၊ macbook ရော ၊ samsung note ဖုန်း ရော ချိတ်ကြည့်တာ ရတယ် ။
အသံကြည်တယ် ။
Noise cancellation တော့ မရပါဘူး ။ မေမေ ဘေးက ပြောနေတာ အကုန် နားထဲ ကြားရတယ် ။ ဒါလေးတပ်ပီး subliminal နားထောင်တာ 😬 subliminal ရော ၊ မေမေ့ အသံရော တူတူ ကြားနေရ တော့ အပြင် noise တော့ မလုံဘူးနော် ။
ဒါပေမဲ့ လည်း ဒီစျေးက ဒါပဲပေါ့။
မိုး ဝယ်တာတော့ warrantyမယူလို့ ၃ သောင်းကျော် စျေးကို 15% off ပေးလို့ ၃ သောင်း မပြည့်ပဲ ရတယ် ရယ် ။
ရေစိုခံတယ် ပြောတယ် မစမ်းရသေးဘူး ။ သုံးစရာ မရှိခင် အစားထိုး ခန ကြိုးမပါ ကြားရရုံ ဝယ်တာမို့ ပျက်ခံ မရသေးလို့ မကလိရသေးဘူး တကယ် ရေစို ခံမခံ ကိုတော့ ။
မိုး ဝယ်တဲ့ ဆိုင်တော့ မညွှန်ပေးတော့ဘူး ၊ တော်ကြာ တခြားဝယ်သူကျမှ အဆင်မပြေ ဖြစ်မစိုးလို့ ။ ကိုယ်တိုင်ကလည်း မြန်မာပြည်က ဆိုင်တွေ သေချာ မသိလို့ ။
အရောင် လှတာ တော့ ရွေးမနေတော့တာ ၊ အသံပဲ ကြားရဖို့ ဆိုတော့လေ ။
ခရမ်း ၊ အစိမ်း ၊ ပန်း ၊ ဖြူ ၊ မဲ ရှိတာရယ် ။
တချို့ အရောင်လှတာ ရှိတဲ့ instock တွေက 36000 လောက် ရောင်းတာ မြင်မိတယ် ။
မိုး က တမင် warranty မယူတာပါ ။ ဟိုပြန်လည်း ပြင်ဖို့ warranty မသုံးဖြစ်လောက်လို့။ လိုချင်သူကတော့ ယူပေါ့နော် warranty ပါတာ။
Apple airpod နဲ့တော့ မယှဉ် နဲ့ပေါ့။ စျေးကလည်း တော်ရုံ ကွာတာမှ မဟုတ်တာ။ သူက ပုံမှန် စျေး ၁ သိန်းကျော် သတဲ့ ။ ၁ သိန်းကျော် ဆိုရင်တော့ မိုး မဝယ်တာ ကျိန်းသေ ပါတယ် ။ အဲ့စျေးဆိုရင်တော့ ကြိုး နားကျပ် နဲ့ပဲ လိမ်ပိန် နားထောင်မဲ့ လူမျိုး ပါ 🤣
LP40 Pro / LP 40 Pro