Htet Htet Online Shop

Htet Htet Online Shop ချစ်ခင်ရသူများအတွက် လှပကောင်းမွန်တဲ့ အမှတ်တရများ ဖန်တီးကြပါစို့

27/02/2023

မင်မင် ပန်းစည်းအလုပ်လေးလုပ်နေပါသေးတယ်

အများကြီး order လက်မခံပါဘူး

ပြီးတော့ ငွေကြိုလွှဲခိုင်းခြင်း ကိစ္စမျိုးလဲမရှိပါဘူး

မင်မင်က 09401073774 ဖုန်းတစ်လုံးပဲ အသုံးပြုပါတယ်နော်

မင်မင် page နာမည်နှင့် ငွေကြို‌လွဲခိုင်းခြင်းမျရှိလျှင် မင်မင်တာဝန်ယူဆောင်ရွက်ပေးလို့ မရကြောင်း ကြိုတင် သတင်းလေး ပေးပါရ ချစ်ကာကာတို့ရေ

သတင်းကျွတ်လေးမှာ လုပ်ပေးဖြစ်တာလေးတွေ မရိုက်လိုက်ရတဲ့ ပုံတွေရှိသေးတယ်Stock လက်ကျန်လေးတွေနဲ့ဆိုတော့ စျေးအရမ်းမကြီးထားပဲ ကု...
11/10/2022

သတင်းကျွတ်လေးမှာ လုပ်ပေးဖြစ်တာလေးတွေ မရိုက်လိုက်ရတဲ့ ပုံတွေရှိသေးတယ်

Stock လက်ကျန်လေးတွေနဲ့ဆိုတော့ စျေးအရမ်းမကြီးထားပဲ ကုသိုလ်မယူတတ်ရင် စျေးရောင်းပါဆိုသလို လျော့ပြီး ကုသိုလ်တွေ ယူခဲ့ပါတယ်

အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ

အလုပ်တစ်ဖက် စာတစ်ဖက်နဲ့မတင်ခဲ့ရတဲ့ post တွေများနေလို့BTS fan ညီမလေးအတွက် လာမှာတဲ့ order လေး
09/09/2022

အလုပ်တစ်ဖက် စာတစ်ဖက်နဲ့မတင်ခဲ့ရတဲ့ post တွေများနေလို့

BTS fan ညီမလေးအတွက် လာမှာတဲ့ order လေး

လအစ စည်းဖြစ်သော ပန်းစည်းလေးများ
07/07/2022

လအစ စည်းဖြစ်သော ပန်းစည်းလေးများ

ဆားဝက်ခြံ ဖြစ်ရခြင်းအကြောင်းရင်း No-1ချွေးပေါက်ပိတ်ဆို့မူကြောင့် မျက်နှာအဆီထုတ်လွှတ်နိုင်စွမ်းမမှန်ကန်သောအခါ လေနှင့်အတူဓ...
01/07/2022

ဆားဝက်ခြံ ဖြစ်ရခြင်းအကြောင်းရင်း

No-1
ချွေးပေါက်ပိတ်ဆို့မူကြောင့် မျက်နှာအဆီထုတ်လွှတ်နိုင်စွမ်းမမှန်ကန်သောအခါ လေနှင့်အတူဓာတုဓာတ်ပြုမှုများထိတွေ့ခြင်းကြောင်းဖြစ်သည်

No-2
T-Zoneသည် အဆီပြန်မူအားကောင်းသောကြောင့် နဖူး,နခေါင်းမှာအမြဲဆားဝက်ခြံတွေ့ရှိရသည်

No-3
အပူပိုင်းရာသီဥတုသည် အဆီပိုပြန်တတ်ပြီး ဆားဝက်ခြံပိုဖြစ်ပွားစေသည်

No-4
အသားအရေအလွန်အကျွံသန့်စင်ခြင်း
အသားရေအင်းအားနဲ့သန့်ရှင်းနောက်
အသားအရေတင်းကျပ်စွာခြောက်သွေ့ခြင်းကြောင့် blackheads လည်းဖွဲ့စည်းလိမ့်မည်

No-5
အစာစားခြင်းအလေ့အထနှင့်ဆားဝက်ခြံဆက်စပ်မူရှိပါသည်

No-6အလှကုန်ပစ္စည်းများကိုမသင့်လျော်စွာအသုံးပြုခြင်းကြောင်း ဆားဝက်ခြံဖြစ်ပေါ်စေသည်

No-7စိတ်ဖိစီးမှုများခြင်း (သို့) ဟော်မုန်းထုတ်လွှတ်မှုသည်မျှတမှုမရှိခြင်းလည်း ဆားဝက်ခြံဖြစ်ပေါ်စေသည်

May လ Order လေးတွေ
31/05/2022

May လ Order လေးတွေ

Mini ပန်းစည်း Order လေး
19/05/2022

Mini ပန်းစည်း Order လေး

14/05/2022

#ကဆုန်လပြည့်နေ့_အကြောင်းသိကောင်းစရာများ
═════════════════════

❖ ဗုဒ္ဓဘာသာဝင်တိုင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ အကြောင်းကို သိစေရန်အတွက် ဒီဆောင်းပါးကို ရေးပြီး ဘုရားရှင်ကို ပူဇော်သက္ကာရ ပြုလိုက်ရပါတယ်။
ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာတို့ရဲ့ နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့--

━ (၁) ဘုရားအလောင်းတော် ရသေ့သုမေဓာဟာ ဒီဘဒ္ဒကမ္ဘာမှ လေးဆူမြောက် ဂေါတမဘုရားစင်စစ် ဖြစ်လိမ့်မယ်လို့ ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူတဲ့နေ့ဟာ ကဆုန်လပြည့်နေ့ဖြစ်တယ်။

━ (၂) ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး မွေးဖွားလာခဲ့တဲ့နေ့လဲ မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့ဖြစ်တယ်။

━ (၃) ဂေါတမဘုရားအလောင်း ဗောဓိပင်အောက်မှာ ဘုရားဖြစ်တဲ့နေ့လဲ မဟာသက္ကရာဇ် (၁၀၃) ခု ကဆုန်လပြည့်နေ့ဖြစ်တယ်။

━ (၄) ဂေါတမဘုရား ပရိနှိဗ္ဗာန်စံတဲ့ နေ့ဟာလဲ မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့်နေ့ဖြစ်ပြန်တယ်။

`` ဆု . ဖွား . ပွင့် .စံ ဤလေးတန်
မှတ်ရန် ကဆုန်လပြည့်နေ့ "

“ဆုပန်နေ့”
•••••••••••••••••
“လေးသင်္ချေကိန်း၊ တစ်သိန်းကပ်ကြုံ၊
သူမေဓာလောင်း၊ ညွန်ပျောင်းဗွက်အုံ၊
ဒီပင်ထံပါး၊ ၀မ်းလျားမှောက်ခုံ၊
ဆုပန်နေ့၊ လပြည့်နွေကဆုန်။

“ဖွားမြင်နေ့”
••••••••••••••
မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊
လုမ္ဗနီတော၊ သာမောရဂုံ၊
လောင်းတော်သိဒ္ဓတ်၊ ထွက်လတ်ကြာငုံ၊
ဖွားမြင်နေ့၊ လပြည့်နွေကဆုန်။

“ဗုဒ္ဓနေ့”
••••••••••••
တစ်ရာ့သုံးနှစ်၊ သက္ကရာဇ်ကြုံ၊
ဗောဓိပင်မင်း၊ မှီတင်းခိုလှုံ၊
မာန်စွယ်ငါးစင်း၊ အောင်ခြင်းဖုံဖုံ၊
ဗုဒ္ဓနေ့၊ လပြည့်နွေကဆုန်။

“နိဗ္ဗူနေ့”
••••••••••••••
ရာ့လေးဆယ့်ရှစ်၊သက္ကရာဇ်ကြုံ၊
မလ္လာမင်းတို့၊ အင်ကြင်းရဂုံ၊
ဇာတ်တော်သိမ်းလို့၊အေးငြိမ်းခိုလှုံ၊
နိဗ္ဗူနေ့၊ လပြည့်နွေကဆုန်

❖ ဒါကြောင့် ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် အင်မတန် ထူးမြတ်တဲ့နေ့တစ်နေ့ပါ။

❖ ကဆုန်လဟာ မြန်မာလ ၁၂ ရာသီမှာ ဒုတိယလဖြစ်ပြီး ဗြိဿရာသီနှင့်တူသည်။ ပုဂံခေတ်ကျောက်စာမှာ ကဆုန်လကို “ကုဆုန်” လို့အရေးများတယ်။ နောက်ပိုင်းမှာ “ကု” မှ “က” သို့ ပြောင်းလဲလာတယ်လို့ ဆိုတယ်။ (ကုက)ရဲ့ အဓိပ္ပါယ်ကတော့ “ရေ” ဖြစ်ကာ “ဆုန်” တော့ သွန်းလောင်းတယ်လို့ အဓိပ္ပါယ်ရှိလို့ ကဆုန်လကို “ရေသွန်းလ” (သို့မဟုတ်) “ရေလောင်းလ” လို့ ဆိုနိုင်ပါတယ်။

❖ ပါဠိစာပေမှာ ကဆုန်လကို “ဝေသာခ” Vesaka လို့ခေါ်ပြီး အဲဒီ ဝေသာခ ကနေ ပါဌ်ပျက်ကာ “ဝေသခ်” Vesak ဖြစ်လာတယ်။ သီဟိုအသံထွက်ကတော့ ဝေဆတ်ခ် လို့ ထွက်ပြီး အနောက်နိုင်ငံသားများကလည်း သီဟိုသံကို အမှီပြုကာ ကဆုန်လပြည့်နေ့ကို ဝေဆတ်ခ်ဒေး Vesak Day လို့ ခေါ်ကြတယ်။ ထိုင်းဗုဒ္ဓဘာသာတွေကတော့ ကဆုန်လပြည့်နေ့ကို “ဝိဆာခပူချား” (ဝိသာခပူဇာ) လို့ခေါ်သတဲ့။

❖ မြန်မာပြည်မှ ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲတော်
ပြည်ထောင်စု မြန်မာနိုင်ငံတော်နဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့
ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်နေ့ဖြစ်လို့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။ ကဆုန်ညောင်ရေသွန်းပွဲတော်အဖြစ် ထင်ရှားတဲ့ ဘာသာရေးပွဲကို ဆင်နွှဲတယ်။ ကဆုန်လရာသီဟာ နေအရှိန် အပြင်းအထန်ဆုံးဖြစ်လို့ ရေတွေ ခန်းချောက်လေ့ရှိတယ်။ ဘုရားပွင့်တော်မူတဲ့ ဗောဓိပင်ကို ရည်မှတ်ကာ ဗောဓိပင်အပွားတော်များကို တပျော်တပါး ရေစင်သွန်းလောင်းကြလို့ “ကဆုန်လ ညောင်ရေသွန်းပွဲ” လို့ ခေါ်လာကြတယ်။

❖ ဗုဒ္ဓဘာသာဝင်များအတွက် ဗောဓိပင်ဟာ ဘုရားရှင်အား
ပရိဘောဂစေတီတော်ဖြစ်လို့ ဗောဓိပင်ကို ရေလောင်းပေးခြင်းဟာ ဗောဓိပင် ပိုမိုရှင်သန်စေဖို့ ဘုရားသာသနာတော် ဆက်လက် အဓွန့်ရှည်စေဖို့ ဖေါ်ညွှန်းပါတယ်။

❖ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ဟာ ကဆုန်လပြည့်နေ့မှာ သံဃာတော်များအား အရုဏ်ဆွမ်း၊ နေ့ဆွမ်းလောင်းလှူခြင်း၊ သီလခံယူခြင်း၊ ပရိတ်တရားတော် တရားတော်များ နာကြားခြင်း၊ ဘာဝနာတရား ပွားများခြင်း စတာတွေ ပြုလုပ်ကြပါတယ်။ ဇိဝိတဒါန ငါးလွှတ်ပွဲ၊ ငှက်လွှတ်ပွဲ၊ တိရစ္ဆာန်ဘေးမဲ့လွှတ်ပွဲ တွေကိုလည်း တပျော်တပါး ကျင်းပကြတယ်။………။

❖ ❖ ❖ ❖ ❖ ❖ ❖ ❖ ❖ ★ ★ ★ ★ ★

ထူးခြားလှတဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ကုလသမဂ္ဂက အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့လေပြီ။

★ ကဆုန်လပြည့်နေ့ဟာ ဘုရားရှင် အဆူဆူ ပွင့်တော်မူတဲ့နေ့လည်းဖြစ်တယ်။ လောကမှာ ဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်လာခြင်းဟာ လောက ကောင်းကျိုးအတွက်ပဲဖြစ်တယ်။ ဘုရားရှင်ရဲ့အဆုံးအမတော်ဟာ လောကသားတိုင်းအတွက် ဖြစ်တယ်။
လောကသားတို့ဟာ ဘုရားရှင်ရဲ့ အဆုံးအမအတိုင်း လိုက်နာ ကျင့်သုံးပါက ကာယသုခ စိတ္တသုခနဲ့ ပြည့်စုံကြပြီး ငြိမ်းချမ်းရေးအစစ် ဖြစ်တဲ့ သန္တိသုခ နိဗ္ဗာန်ကို မလွှဲဧကန် ရောက်ရပေမည်။
ဘုရားရှင် အဆုံးအမဖြစ်တဲ့
“မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ စိတ်ကိုဖြူအောင်ထား”
“ဗုဒ္ဓတိုင်းသာ၊ မိန့်ခဲ့တာ၊ သုံးဖြာဤစကား” အတိုင်း လိုက်နာကျင့်သုံးနိုင်ကြပြီး ငြိမ်းချမ်းရေး အစစ်ဖြစ်တဲ့ သန္တိသုခကို ရရှိနိုင်ကြပါစေ .... … …။

❖ ကဆုန်လပြည့်နေ့ ( ၅ )နေ့ရှိပါတယ် ၊

☞ ၁ ။ ။ ဗျာဒိတ်ယူသည့်နေ့
လေးအသင်္ချေ နဲ့ ကမ္ဘာတစ်သိန်းအစ ကဆုန်လပြည့်နေ့ ။

☞ ၂ ။ ။ ဘုရားရှင်မွေးဖွားသည့်နေ့
မဟာသက္ကရာဇ် ၆၈. ကဆုန်လပြည့်နေ့ ။

☞ ၃ ။ ။ ဘုရားအဖြစ်ကိုရသည့်နေ့
မဟာသက္ကရာဇ် ၁၀၃. ကဆုန်လပြည့်နေ့ ။

☞ ၄။ ။ ဗုဒ္ဓဝင်အကျဉ်း ဟောသည့်နေ့
မဟာသက္ကရာဇ် ၁၀၄. ကဆုန်လပြည့်နေ့ ။

☞ ၅ ။ ။ ပရိနိဗ္ဗာန် စံသည့်နေ့ ။
မဟာသက္ကရာဇ် ၁၄၈. ကဆုန်လပြည့်နေ့ ။

☞ ၆ ။ ။ ဗုဒ္ဓနေ့ ( ဆဋ္ဌ သံင်္ဂါယနာတင် နေ့ )
တစ်နေ့ထပ်တိုးတော့ ဗုဒ္ဓနေ့ ကဆုန်လပြည့်ဟာ
၆. နေ့ဖြစ်ရောပေါ့ဗျာ....

❖ ဘုရားရှင်ကိုယ်တော်မြတ်ကြီး
ဘာကြောင့်များ ဗုဒ္ဓ ဆိုတဲ့ဂုဏ်နဲ့လောကမှာ
ဘုရားရယ်လို့ဖြစ်လာအောင်
ဘယ်လိုအတွေးအကြံနဲ့ ပါရမီဖြည့်ခဲ့တာလည်းဆိုတာ
သိကြဖို့လိုတာပါဘဲ။

❖ ဘုရားဆိုတာကိုတော့(ဗုဒ္ဓ ဝါဒအရ)
သတ္တလောက ( လူ ၊ နတ် ၊ ဗြဟ္မာ ၊ သတ္တဝါ ၃၁ဘုံ)
မှာအမြင့်ဆုံးသော၊အမြတ်ဆုံးသောသူကိုဘုရားဟု
ခေါ်ကြောင်း အဘိဓာန်နိသျသစ်တွင် ဘုရားကိုမြတ်
သောသူအဖြစ် ဝရပုဒ်မှ ဗရ ၊ ဗရး ၊ ဗရား ၊ ဘုရား ဟု
အဆင့်ဆင့်ပြောင်းလဲခေါ်ကြောင်း
သစ္စာ လေးပါးကိုသိသော ဉာဏ်ပညာကြီး ပုဂ္ဂိုလ်ထူး
ပုဂ္ဂိုလ်မြတ်အဖြစ် ပုညဝန္တပုဒ်မှ ပုညား၊ဘုရား ဟု
အဆင့်ဆင့်ပြောင်းလဲခေါ်ဝေါ်လာသော ဝေါဟာရဖြစ်
ကြောင်း အဘယရာမ ဆရာတော် အရှင်အဂ္ဂဓမ္မာ
ဘိဝံသ. ကပြဆိုပါတယ်

❖ ဘုရားအလောင်းတော်ကြီးရဲ့ စိတ်အကြံ အတွေးနဲ့
ပါရမီဖြည့်လာတဲ့ အချက်ကို
မဟာပုရိသ ဝိတက်ဆိုပြီးမဟာဝါပါဠိတော်မှာ ၈ မျိူ း
ဖွင့်ပြီးပြပါတယ် ......

၁ ။ ။ ဒန္တော ဒမေယျံ ။
ငါကိုယ်တိုင်လည်း ယဉ်ကျေးအောင့်ကျင့်သုံးမယ်
တစ်ပါးသောသူကိုလည်း ငါကဲ့သို့ယဉ်ကျေ းစေရမယ်၊ ယဉ်ကျေးအောင်လည်း ညွှန်ပြတော်မူမယ်။

၂ ။ ။ သန္တော သမေယျံ ။
ငါကိုယ်တိုင်လည်းငြိမ်သက်အောင်ကျင့်သုံးမယ်
တစ်ပါးသောသူတို့ကိုလည်း ငါကဲ့သို့ငြိမ်သက်
အောင် ကျင့်သုံးနည်းညွှန်ပြတော်မူမယ်။

၃ ။ ။ ဗုဒ္ဓေါ ဗောဓေယျံ ။
ငါကိုယ်တိုင်လည်း ဘယ်တရားဟာအမှန်ဆုံး
သောလွတ်မြောက်ရာဖြစ်သလဲဆိုတာကိုတွေ့
အောင်ရှာဖွေကျင့်သုံးမယ်၊တစ်ပါးသူတို့ကိုလဲ
ငါရရှိတဲ့အမှန်လွတ်မြောက်ရေးတရားကိုကျင့်
နိုင်ဖို့ညွှန်ပြတော်မူမယ်။

၄ ။ ။ မုတ္တော မောစေယျံ ။
ငါကိုယ်တိုင်လဲ ဒီသံသရာ ဝဋ်ဆင်းရဲဆိုတဲ့
ဇာတိ ၊ ဇရာ ၊ မရဏ. တို့ခြယ်လှယ်နေသောဒီ
ဒုက္ခ မှလွတ်အောင်ကျ င့်မယ် ၊တစ်ပါးသူတို့ကို
လည်း ဒီသံသရာဝဲသြဃမှလွတ်စေရမယ် ။

၅ ။ ။ နိဗ္ဗူတော နိဗ္ဗာပေယျံ ။
ငါကိုယ်တိုင်လည်းသေခြင်းမှကင်းလွတ်တဲ့စင်
ကြယ်သောတရားဖြင့်အဆုံးပန်းတိုင် နိဗ္ဗာန်ပြု
နိုင်အောင်ကျ င့်သုံးမယ် ၊တစ်ပါးသူတို့ကိုလည်း
ငါကဲ့သို့စင်ကြယ်သောတရားဖြင့် နိဗ္ဗာန်ပြုနိုင်ရေး
ညွှန်ပြမယ် ။

၆ ။ ။ တိဏ္ဏော တာရေယျံ ။
ငါကိုယ်တိုင် ဒီသံသရာဝဋ်ဆင်းရဲအပေါင်း၏နယ်
မှကူးထွက်လွတ်မြောက်အောင်ကျ င့်မယ်၊
တစ်ပါးသူတို့ကိုလည်းဒီသံသရာနယ်မှကူးထွက်
လွတ်မြောက်အောင်ဟောဖော်ညွှန်ပြမယ်။

၇ ။ ။ အသဿတ္တော အသ ​ေဿယျံ ။
ငါကိုယ်တိုင်လည်း နိဗ္ဗာန်ချမ်းသာသက်သက်
အေးငြိမ်းချမ်းသာဖြစ်အောင်ကျ င့်သုံးမယ် ။
တစ်ပါးသူတို့ကိုလည်း နိဗ္ဗာန်ချမ်းသာရရှိစေပြီး
အပူမရှိ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ
ဥပါယာသ တို့ မကြုံတွေ့အောင်ညွှန်ပြမယ် ။

၈ ။ ။ သုဒ္ဓေါ သောစေယျံ ။
ငါကိုယ်တိုင်လည်း တဏှာရာဂရဲ့ကျွန်အဖြစ်က
လွတ်အောင်ကျင့်မယ်၊တစ်ပါးသူတို့ကိုလည်း
တဏှာစေခိုင်းသမျှ ခံနေကြရတဲ့သံသရာကျွန်
ဘဝ က လွတ်မြောက်အောင်ဟောဖော်ညွှန်ပြပြီး
လွတ်မြောက်စေရမယ် ။

❖ အဲ့ဒီလိုအကြံအတွေးနဲ့ ဘုရားဆုပန်ကာ
လေးအသင်္ချေ နဲ့ ကမ္ဘာ တစ်သိန်းပါရမီတွေဖြည့်ကျင့်
လာခဲ့ရပါသတဲ့… …

မဟာပုရိသဝိတက်တရားကိုဖတ်ပြီး ဘုရားကျေးဇူးကို
မြင်ရင် တရားကျေးဇူး သံဃာတွေရဲ့ကျေ းဇူးဟာလဲ
ဘယ်လောက်ကြီးမားတယ်ဆိုတာ မြင်နိုင်ကြပါလိမ့်မယ်.......... ဒီတော့

ကျေးဇူးရှိမှန်းသိကြ
ကျေးဇူးကိုလည်းဆပ်တတ်ကြပါစေ… ᠌᠌᠌။

❖ စေတနာ မေတ္တာဖြင့် အရှင်သီရိန္ဒာစာရ 🌹🌺

မှာယူအားပေးတဲ့ ပိုက်ဆံပန်းစည်းလေး😍
14/05/2022

မှာယူအားပေးတဲ့ ပိုက်ဆံပန်းစည်းလေး😍

Address

Yangon
232810

Telephone

+959401073774

Website

Alerts

Be the first to know and let us send you an email when Htet Htet Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Htet Htet Online Shop:

Share