09/05/2020
ရုန်းထွက်နိင်သူ ဖြစ်ပါစေ......
သူငယ်ချင်း
အောင်မြင်ဖို့ ကြိုးစားနေချိန်မှာ
အမြင့် မတက်နိင်ရင်နေ
မင်း ရင့်ကျက်ဖို့တော့ လိုလိမ့်မယ်
သူငယ်ချင်း
မင်းဆင်းရဲနေတာ အပြစ်မဟုတ်ပေမယ့်
ကိုယ့်ကိုယ်ကို ညှင်းဆဲပြီး ပျင်းတွဲနေရင်
တော့ မင်းအပြစ်ပဲ ။
မင်း(သတိ)ထားမိလား မင်းလဲကျတိုင်း
ကြားနေရမှာက လက်ခုပ်သံတွေပါ ကမ်းလက်မဟုတ်ဘူး
မင်းရှုံးနိမ့်နေချိန် မင်းအနားမှာ ဘယ်သူမှရှိမနေတာ သတိပြုလိုက်ပါ~~~
သေချာတယ် မင်းရုန်းကန်နေချိန်
မင်းအတွက် အရာရာ ခက်ခဲနေမယ်ဆိုတာ ငြင်းလို့ မရဘူး ။
ကြိုးစားတိုင်း~~~
အမြင့် မရောက်ပေမယ့်
အမြင့်ရောက် သူတိုင်းက
ကြိုးစားခဲ့လိုဘဲ သူငယ်ချင်း
ဘဝဆိုတာ ပြက္ခဒိန် ရက်စွဲတွေထဲမှာ
ကုန်ဆုံးစေဖို့ မဟုတ်ဘူး
ကြောက်ရွံ့ စိုးရိမ်စိတ်တွေ မင်းရင်ထဲက အပြီးအပိုင် မောင်းထုတ်ပြစ်လိုက်ပါ
သူငယ်ချင်း.....။
လူတိုင်းကို အထင်မသေးလိုက်ပါနဲ့
အထူးသဖြင့် မင်းကိုယ်မင်းပေါ့
အတိတ်မှာ လူအဖြစ် ရရှိဖို့
မင်းတကယ် ကြိုးစားခဲ့တယ်နော်
ဒါကြောင့် လက်ရှိအချိန်ကို ထပ်ပြီးကြိုးစားလိုက်ပါ သူငယ်ချင်း.....
မင်း လုပ်သမျှတွေကို ပတ်ဝန်းကျင်ရဲ့
အသိမှတ် ပြုမှုကို မမျှော်လင့်ပါနဲ့ ။
ဒါပေမယ့် မင်းဘာလုပ်လုပ် ပတ်ဝန်းကျင်က မျက်လုံးဒေါက်ထောက်ကြည့်နေလိမ့်မယ် ဒါကို မင်းစိတ်ထဲမှာ စောဒက မတက်မိပါစေနဲ့ သူငယ်ချင်း......
မင်းမှန်နေဖိုတော့ လိုလိမ့်မယ်
လူအထင်ကြီး ခံချင်စိတ်နဲ့ ကြိုးစားနေရင်
သေချာတယ် မင်းရဲ့ ကြိုးစားမှုဟာ
အစစ်အမှန် မဟုတ်ဘူး သူငယ်ချင်း......။
အိမ်မက်ဆိုတာ သေဆုံးစေဖို့ မဟုတ်ဘူး
ခုံဖိနပ်ကို ကြိုးတပ်စီးပြီး လျှောက်နေရတဲ့ လမ်းမျိုးတော့ မဖြစ်စေနဲ့
အောင်မြင်သူတစ်ယောက် ဖြစ်လာတဲ့အခါ အချစ်ဆိုတဲ့ အရာဟာ မင်းရဲ့ခြေရင်းမှာ သူအလိုလို {ကျွန်}လာခံလိ့မ်မယ်
သူငယ်ချင်း။
©® #
photo crd #