Fairy Land

Fairy Land We offers all fashionable products, cosmetics, skin care ,electronic accessories and FMCG products

လမကုန်ခင် skin care က ကုန်သွားသောခါ
19/08/2025

လမကုန်ခင် skin care က ကုန်သွားသောခါ

မျက်တောင်လှလှလေးတစ်စုံအတွက် price -12000MMKလက်ကားယူချင်သူများ cbမှာ စုံစမ်းပေးပါရှင့်
11/08/2025

မျက်တောင်လှလှလေးတစ်စုံအတွက်

price -12000MMK

လက်ကားယူချင်သူများ cbမှာ စုံစမ်းပေးပါရှင့်

ကွာလတီလှလှ စျေးကမျှ++++နှုတ်ခမ်းဖူးဖူးစိုစိုနဲ့ လှချင်တဲ့ မိန်းကလေးတွေက နာမည်ရှိပြီးသား ကွာလတီကောင်းကောင်းသုံးချင်တယ်ဆို...
11/08/2025

ကွာလတီလှလှ စျေးကမျှ
++++

နှုတ်ခမ်းဖူးဖူးစိုစိုနဲ့ လှချင်တဲ့ မိန်းကလေးတွေက
နာမည်ရှိပြီးသား ကွာလတီကောင်းကောင်းသုံးချင်တယ်ဆို Gloss Lipstick လေး လက်လီလက်ကား ဝယ်ယူလို့ ရနေပါပြီနော်
price 6400MMK
ကြိုက်ရာ ၃ချောင်းယူ 10% off
၅ ချောင်းနဲ့အထက် ယူသူများလက်ကားဈေးလေးများကို cb မှာ စုံစမ်းပေးပါရှင့်

14/05/2025

ဗဟုသုတပါ။

အိုင်ဖုန်းမှာ ဖုန်းအ၀င်ကော ၀င်လာတဲ့အခါမှာ ပုံစံနှစ်မျိုးနဲ့ ပြသပေးပါတယ်။ အောက်မှာ ပြထားတဲ့ ပုံကို ကြည့်ပေးပါ။

ဘာလို့ အဲ့လို နှစ်မျိုးဖြစ်နေတာလဲဆိုရင် ပထမပုံက Decline နဲ့ Accept နှစ်မျိုး ပါ၀င်ပြီးတော့ အလွယ်တကူ ထိလိုက်ရုံနဲ့ လက်ခံ ဖြေကြားလို့ရအောင် ဖန်တီးထားပြီး ညာဘက်က ပုံမှာကတော့ အလွယ်တကူ ထိရုံနဲ့ answer လုပ်ပေးလို့ မရပါဘူး။ slide ဆွဲမှ answer ဖြစ်သွားမှာပါ။ ပုံမှန်ဆိုရင် ဒီဖြစ်စဉ်နှစ်ခုက မထူးခြားပေမယ့် တကယ်တော့ တော်တော် အကျိုးရှိပါတယ်။

ပထမပုံစံ ဒီဇိုင်းက ဘယ်လိုအခြေအနေမျိုးမှာမှ ၀င်လာလဲဆိုရင် ဖုန်းကို ကိုက အသုံးပြုနေတဲ့အချိန် Display ပွင့်နေတဲ့အချိန်မှာဆို ပေါ်လာမှာ ဖြစ်ပြီး ကိုယ်က ဖုန်းကို အထိအတွေ့ ရှိနေသရွေ့ ကာလပတ်လုံး အဝင်ကောတိုင်းကို ဒီလိုပေါ်လာမှာဖြစ်ပြီး အလွယ်တကူပင် လက်ခံ ငြင်းဆို လုပ်နိုင်ပါတယ်။

ဒုတိယ ပုံစံကျတော့ ဖုန်းကို ပိတ်ထားတဲ့အချိန်မျိုးမှာသာ ပေါ်လာမှာပါ။ ဘာဖြစ်လို့ slide ဆွဲမှ ပွင့်စေတာလဲဆိုရင် ဖုန်းကို မသုံးတဲ့အချိန်မှာ မိမိအိပ်ကပ် ဒါမှမဟုတ် ဘောင်းဘီအိတ်ထဲ ထည့်ထားတာမျိုး ကျောပိုးအိတ်ထဲ ထည့်ထားတာမျိုး အခြေအနေမျိုးက အများဆုံး ရှိပါတယ်။ အဲ့လို အခြေအနေမျိုးကျရင် အလွယ်တကူ စကရင်ကို ထိမိရုံလေးနဲ့ answer မဖြစ်အောင် ကာကွယ်ပေးထားတဲ့ပုံပါ။ ဘောင်းဘီအိတ်ထဲ ထည့်ထားတဲ့အချိန်မှာ မတော်တဆပုံစံနဲ့ Slide အဆုံးထိ ထိပြီး ပွင့်သွားစရာ အကြောင်းမရှိဘူးလေ။ ဒါ့ကြောင့် slide သဘောနဲ့ ဖန်တီးပေးထားတာပါ။ ဒါက တကယ့် အသေးအဖွဲ့လေးပါ။
သို့ပေမယ့် အက်ပဲလ်က အသေးအဖွဲ့လေးတွေက အစ ဂရုစိုက်တတ်တယ်ဆိုတာ တွေ့နိုင်ပါတယ်။

Aung Thu Ya

01/04/2025

စိုးရိမ်ပူပန်မှုတွေ အရမ်းများလာတဲ့အခါ အသက်ရှူလို့မဝ အသက်ရှူကျပ် မော ရင်တုန် ရင်ဘတ်အောင့် စတဲ့ လက္ခဏာတွေဖြစ်ပေါ်လာတတ်ပါတယ်

ဒီလို စိတ်စိုးရိမ်ပူပန်မှုများလို့ ဖြစ်တဲ့လက္ခဏာတွေကို ဆေးပညာမှာ Anxiety Neurosis လို့ရောဂါနာမည်သတ်မှတ်ထားပါတယ်

Anxiety Neurosis မှာ မောတာ အသက်ရှူရခက် တာ ရင်ဘက်အောင့်တာအပြင် ချွေးစီးတွေပြန် ညဘက်အိပ်မပျော် ခြေတွေလက်တွေတုန်တာ နဲ့ ကြွက်သားတွေ နာကျင်တောင့်တင်းနေတာနဲ့လဲ တွဲတတ်ပါသေးတယ်

စိုးရိမ်ပူပန်စိတ်များလာပြီး အသက်ရှူနှုန်းတွေ အရမ်းမြန်လာတဲ့အခါ oxygen နဲ့ carbon dioxide ဝင်လေထွက်လေ ပုံမှန်မဟုတ်တော့ပဲ oxygen အဝင်နည်း carbon dioxide က ပိုအထွက်များ gaseous exchange မညီမျှမှုတွေကြောင့် ပိုမော ပိုကျပ် အသက်ရှူရခက် ဖြစ်လာပါတယ်

လူက မောလေ အသက်ရှူနှုန်းပိုမြန်လေ နဲ့ ပိုပိုဆိုးလာပြီးခြေချောင်းတွေ လက်ချောင်းတွေပါ အကြောကပ် တဲ့ signs တွေဖြစ်လာတတ်ပါတယ်

ကိုယ့်မှာ ဒီလို မျိုး စိုးရိမ်ပူပန်မှုတွေကြောင့် မောလာပြီရင် ဘာလုပ်ရမလဲ ဆို အသက်ရှုလေ့ကျင့်ခန်း (Breathing Exercises) ကို အဓိက ထားလုပ်ဆောင်ရပါမယ်

Breathing exercises ဆိုတာဘယ်လိုမျိုးလဲ??

- အသက်ကို မြန်မြန် ရှုတာမျိုးမဟုတ်ပဲ တဝကြီးဖြေးဖြေးချင်းရှုသွင်း ပါ
- ၃ စက္ကန့်လောက် ခဏလေးအောင့်ထား
- ပြီးမှ ပါးစပ်ကနေ ဖြေးဖြေးချင်းရှူထုတ်ရပါမယ်
- ဒါကို ၅ကျော့လောက်လုပ် ခဏနား ပြီးရင် အစကပြန်ရှူ လုပ်ပေးပါ ဒါက်ို breathing exercises လုပ်တယ်လို့ခေါ်ပါတယ်

Breathing Exercise လုပ်ပေးခြင်းအားဖြင့် အဆုတ်ထဲကို oxygen ကောင်းစွာရရှိစေပြီး oxygen-carbon dioxide အဝင်အထွက်မျှလာတဲ့အခါ အမောသက်သာလာပြီး အသက်ရှူရလွယ်အမောပြေလာပါလိမ့်မယ်

ဒီရက်ပိုင်းတွေမှာ စိုးရိမ်ပူပန်စိတ်တွေများကြရတာမို့ ကိုယ့်မှာ ဒီလို Anxiety Neurosis လက္ခဏာတွေရှိနေပြီဆို ပထမဆုံးအနေနဲ့ ကိုယ့်ကိုကိုယ် သတိပြုလက်ခံပြီး အရမ်းမစိုးရိမ်ပဲ အသက်ရှူလေ့ကျင့်ခန်းကိုသာ အာရုံစိုက်ပြီး သေချာလုပ်ဆောင်ပေးဖို့ဝေမျှပေးခြင်းဖြစ်ပါတယ်ရှင်

စိတ်ဖိစီးပူပန်မှုတွေလျော့ကျအောင်လုပ်ဆောင်နိုင်တဲ့နည်းလမ်းတွေကိုလဲ ပြန်လည်မျှဝေလိုက်ပါတယ်
https://www.facebook.com/share/1AHgZHs5rj/?mibextid=wwXIfr

ဒေါက်တာရတနာ
၃၁.၃.၂၀၂၅

Dr Yadanar page မှ orginal post များကို လွတ်လပ်စွာရှဲ နိုင်ပါသည်..မိမိ wall တွင် တဆင့်ပြန်လည်ကူးယူဖော်ပြခြင်းသည်းခံပါရှင်

Messager မှာ page admin ကသာ reply လုပ်တာဖြစ်တဲ့ အတွက် မိမိတို့ရဲ့ personal ကျန်းမာရေးကိစ္စများ သီးသန့်ဆွေးနွေးလိုပါက cb ကနေ page admin မှ တဆင့် online consultation booking ရယူနိုင်ပါတယ်

01/04/2025
21/09/2024
21/09/2024
14/09/2024

❌ ငွေအလှူခံခြင်း လုံးဝမဟုတ်ပါ ❌

ကျွန်တော် ဒီပို့စ်တင်ဖို့ အတော်လေးစဥ်းစားခဲ့ရပါတယ်။ ဒီအချိန်မှာ နာမည်ကြီးချင်လို့ထလုပ်တယ်၊ ရေဘေးအကြောင်းပြပြီးလုပ်နေတာ ဘာညာဆိုတာမျိုးတွေ ကျွန်တော်မလိုချင်ပါဘူး။

သို့ပေမယ့်လည်း နေ့စဥ်နဲ့အမျှ ဒုက္ခဆင်းရဲခံစားနေကြရတဲ့ မြန်မာပြည်သူတွေအတွက် ကျွန်တော်တစ်နည်းနည်းနဲ့တော့ ကူညီချင်ပါတယ်။ အရှင်းဆုံးပြောရရင် ဒီလိုကူညီဖို့အတွက် ငွေကလည်း အရေးအပါဆုံးအရာတစ်ခုပါ။

ကျွန်တော်မချမ်းသာပါဘူး။ ဟိုတလောက ကျွန်တော့်ကို လောင်းကစားကြော်ငြာတစ်ခုလာအပ်ပါတယ်၊ ကျွန်တော်လက်မခံခဲ့ပါဘူး။ ဘယ်တုန်းကမှလည်း ကျွန်တော်ဒါမျိုးအလှူခံတာတွေ မလုပ်ခဲ့ဖူးပါဘူး။

Anyway, လက်ရှိကျွန်တော့်မှာ အလုပ်မရှိတဲ့အတွက် ဝင်ငွေမရှိပေမယ့် ခင်ဗျားတို့ရဲ့အကူအညီနဲ့ဆိုရင်တော့ ကျွန်တော်တို့ ရေဘေးဒုက္ခသည်တွေအတွက် တစ်နည်းနည်းနဲ့တော့ ကူညီနိုင်မယ်လို့ ယုံကြည်ပါတယ်။

မိတ်ဆွေတို့အနေနဲ့ ဘာလုပ်ပေးရမလည်းဆိုရင်တော့ ကျွန်တော့်ရဲ့ ဒီပို့စ်လေးကို Like ပေးတာတို့ Share ပေးတာတို့ လုပ်ပေးရုံပါပဲ။ ဒီအချိန်မှာ အားလုံးကခက်ခဲနေတာမို့ ပိုက်ဆံကောက်ခံတာမျိုးတွေလည်း ကျွန်တော်မလုပ်ချင်ပါ။ ပိုက်ဆံကောက်ခံဖို့အတွက်ဆိုရင်လည်း ကျွန်တော်ဒီပို့စ်မတင်ပါဘူး။ လက်ရှိ အလှူငွေကောက်ခံပြီး ပြန်လည်ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေအများကြီးမှ သူတို့ကိုသွားလှူဖို့သာ အားပေးပါတယ်။

စိတ်မကောင်းစရာကတော့ ကျွန်တော့်ကို Facebook က Bonus ပေးတာက ဒီလ (၂၀) ရက်နေ့ဆိုကုန်ပါပြီ။ ဆိုတော့ ကျွန်တော်တို့မှာ အချိန် (၅) ရက်နီးနီးသာကျန်ပါတယ်။

လက်ရှိ ကျွန်တော့်မှာရထားတာက $30 လောက်ရှိတာမို့ $100 ရမှသာထုတ်လို့ရမှာဖြစ်တဲ့အတွက် $70 လောက်လိုနေပါတယ်။ ကျွန်တော်ကတော့ ရသမျှအကုန် ရေဘေးအတွက်လှူမယ်ဆုံးဖြတ်ထားတာမို့ ပိုရလေ ပိုကောင်းလေပါ။

အနည်းဆုံး $70 ထပ်ရဖို့ ဒါတွေလိုပါမယ် 👇

🔥 React >>> 20K -> 50K -> 100K -> 200K -> 350K
🔥 Comment >>> 1K -> 10K -> 30K
🔥 Share >>> 5K -> 10K -> 30K

[ Edit: လောလောဆယ်တော့ $100 ကျော်လို့ $300 ပြည့်ခါနီးနေပါပြီခင်ဗျာ၊ အပေါ်က Target လေးတွေကိုတော့ အစကတည်းကတင်ထားတာလေးမို့ မပြောင်းချင်တာနဲ့ ဒီအတိုင်းလေးပဲထားထားတာပါ၊ ကောမန့်မှာလည်း ဝင်လာတဲ့ $ ကို အမြဲ Update တင်ပေးနေပေမယ့် တစ်ချို့လူတွေရဲ့ ပြစ်တင်ပြောဆိုတာတွေမခံနိုင်လို့ ဒါလေးရေးလိုက်ရပါတယ်ခင်ဗျာ ]

အဆုံးသတ်ရရင် ဒီအလှူက ကျွန်တော်တို့ ကားချစ်သူ ညီအကိုတွေရဲ့ အလှူလို့ပြောရင်လည်း မမှားပါဘူး။ အချိန် (၅) ရက်သာ ကျန်တော့တာမို့ ဒါလေးတော့ ကူညီကြနော်။

{ 𝙍𝙚𝙨𝙩𝙧𝙞𝙘𝙩𝙚𝙙 𝙪𝙨𝙖𝙜𝙚 : 𝙄 𝙠𝙞𝙣𝙙𝙡𝙮 𝙧𝙚𝙦𝙪𝙚𝙨𝙩 𝙩𝙝𝙖𝙩 𝙮𝙤𝙪 𝙧𝙚𝙛𝙧𝙖𝙞𝙣 𝙛𝙧𝙤𝙢 𝙪𝙨𝙞𝙣𝙜 𝙩𝙝𝙞𝙨 𝙥𝙤𝙨𝙩 𝙞𝙣𝙙𝙚𝙥𝙚𝙣𝙙𝙚𝙣𝙩𝙡𝙮, 𝙗𝙪𝙩 𝙛𝙚𝙚𝙡 𝙛𝙧𝙚𝙚 𝙩𝙤 𝙨𝙝𝙖𝙧𝙚 𝙞𝙩 }




𝙁𝙪𝙚𝙡 𝙮𝙤𝙪𝙧 𝙥𝙖𝙨𝙨𝙞𝙤𝙣 𝙛𝙤𝙧 𝙖𝙪𝙩𝙤𝙢𝙤𝙗𝙞𝙡𝙚𝙨 𝙬𝙞𝙩𝙝

▀▄▀▄▀▄ 𝙆𝙖𝙧𝙨 - 𝘽𝙪𝙧𝙢𝙖 ▄▀▄▀▄▀

Address

Yangon
1111

Website

Alerts

Be the first to know and let us send you an email when Fairy Land posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share