Yadanar May Book Store

Yadanar May Book Store စာပေအတွက် ဆက်သွယ်ကြည့်
ရတနာမေက အသင့်ရှိ။

ယုံကြည်စိတ်ချဆက်သွယ်ပါ
ရတနာမေက သင့်တွက်တာ။

09/05/2026

အိုဘယ့် လောက... မဆုံးနိုင်တဲ့ သံသရာခရီးကို လှမ်းရင်း ကြုံတွေ့ခဲ့ရတဲ့ ထူးဆန်းနက်နဲတဲ့ ဂမ္ဘီရပညာရပ်တွေနဲ့ နှလုံးသားဇာတ်လမ်းတစ်ပုဒ်ရဲ့ လျှို့ဝှက်ချက်များ... ✨📖

ဒီစာအုပ်ဟာ သာမန်ဝတ္ထုတစ်ပုဒ် မဟုတ်ပါဘူး။ စာရေးသူကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်မှန်တွေကို မှီငြမ်းပြီး သုတ၊ ရသ စုံလင်စွာနဲ့ မှတ်တမ်းတင် ရေးဖွဲ့ထားတာ ဖြစ်ပါတယ် 🕯️🌿

ဇာတ်လမ်းထဲမှာ -
✅ မဆုံးနိုင်တဲ့ သံသရာခရီးမှာ ဆည်းပူးခဲ့ရတဲ့ ထူးဆန်းနက်နဲတဲ့ ကဝေမှော်ပညာရပ်တွေ။
✅ ဘဝဇာတ်ခုံပေါ်မှာ နိမ့်တုံမြင့်တုံ စီးမျောရင်း ကဝေပျိုမလေးနဲ့ တွေ့ဆုံခဲ့ရတဲ့ ဆန်းကြယ်တဲ့ အခိုက်အတန့်တွေ။
✅ အချစ်နဲ့ မှော်အတတ်တို့ကြားက နက်နဲတဲ့ ပတ်သက်မှုတွေကို အစအဆုံး ခံစားရမှာပါရှင်။
ဂမ္ဘီရပညာရပ်တွေကို စိတ်ဝင်စားသူတွေနဲ့ ရသမြောက်တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းကောင်းတွေကိုမှ ဖတ်ချင်သူတွေအတွက် "လက်ပံပင်အိုအောက်က ကဝေပျို၏ အချစ်နိဂုံး" ကို အခုပဲ ဖတ်ရှုလိုက်ပါဦးနော် 🥰📚

🛒 မှာယူလိုပါက "ရတနာမေစာပေ" messenger မှတစ်ဆင့် ဆက်သွယ်နိုင်ပါပြီရှင် 🤍


#လက်ပံပင်အိုအောက်က
#ကဝေပျို၏အချစ်နိဂုံး
#သီဝေသွန်း #စုန်းကဝေ

“လောကမှာ အောင်မြင်မှုဆိုတာထက် အရေးကြီးတာက ‘စိတ်အေးချမ်းမှု’ ပါ။ ကိုယ့်ရဲ့ မပြည့်စုံမှုတွေကြားထဲကနေ ဘယ်လိုစိတ်ဖြေရမလဲဆိုတ...
09/05/2026

“လောကမှာ အောင်မြင်မှုဆိုတာထက် အရေးကြီးတာက ‘စိတ်အေးချမ်းမှု’ ပါ။ ကိုယ့်ရဲ့ မပြည့်စုံမှုတွေကြားထဲကနေ ဘယ်လိုစိတ်ဖြေရမလဲဆိုတာ သိသွားတဲ့နေ့ဟာ ဘဝရဲ့ အပျော်ဆုံးနေ့ပဲပေါ့…

စာရေးဆရာ မောင်ပြည့် (အတွေးအမြင်) ရဲ့ “မရှိမာနနဲ့ စိတ်ဖြေကြသူများ” စာအုပ်ဟာ သင့်ကို…
🍀 လောကဓံကို အမြင်သစ်နဲ့ ကြည့်တတ်စေဖို့
🍀 မပြည့်စုံမှုတွေထဲက ပြည့်စုံတဲ့စိတ်ကို ရှာဖွေတတ်စေဖို့
🍀 နှလုံးသားကို အေးချမ်းစေမယ့် အတွေးစလေးတွေ ပေးစွမ်းဖို့ ဖန်တီးထားပါတယ်။
အပူအပင်တွေ ခဏဘေးဖယ်ပြီး ဒီစာအုပ်လေးနဲ့အတူ စိတ်အပန်းဖြေလိုက်ရအောင်…

"Yadanar May က တင်သမျှ စာအုပ်စာရင်းတွေနဲ့ Review တွေကို တစ်နေရာတည်းမှာ အလွယ်တကူ ပြန်ရှာဖတ်ချင်ရင်တော့ Telegram Channel လေးကို Join ထားဖို့ ဖိတ်ခေါ်ပါတယ်နော်။

https://t.me/yadanarmaybookstore

#မရှိမာနနဲ့စိတ်ဖြေကြသူများ
#မောင်ပြည့်(အတွေးအမြင်)


"သင့်ဘဝကို ပုံဖော်နေတာဟာ သင်ကြုံတွေ့ရတဲ့ 'အခက်အခဲ' တွေမဟုတ်ဘဲ... အဲဒီအပေါ် သင် 'တုံ့ပြန်ပုံ' သာ ဖြစ်ပါတယ်။" ✨"ဘဝမှာ အဆင်...
09/05/2026

"သင့်ဘဝကို ပုံဖော်နေတာဟာ သင်ကြုံတွေ့ရတဲ့ 'အခက်အခဲ' တွေမဟုတ်ဘဲ... အဲဒီအပေါ် သင် 'တုံ့ပြန်ပုံ' သာ ဖြစ်ပါတယ်။" ✨

"ဘဝမှာ အဆင်မပြေမှုတွေ၊ အခက်အခဲ‌တွေနဲ့ ကြုံလာတဲ့အခါတိုင်း ဆင်ခြေတွေပေး ညည်းညူနေပြီး ရပ်တန့်နေမလား၊ လက်တွေ့ကျကျ ဖြေရှင်းပြီး ရှေ့ဆက်မလား"

တကယ်တော့ ကျွန်မတို့ရဲ့ဘဝကို ပုံဖော်နေတာဟာ ကြုံတွေ့ရတဲ့ အခက်အခဲတွေမဟုတ်ဘဲ၊ အဲဒီအခက်အခဲတွေအပေါ် ကျွန်မတို့ ဘယ်လိုရှုမြင်တုံ့ပြန်သလဲဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

နိုင်ငံတကာ အရောင်းရဆုံးစာရင်းဝင် ဒီ "SUMO - ညည်းညူမနေနဲ့ ရှေ့ဆက်လှမ်း" စာအုပ်ဟာ သင့်ကို အကျိုးမရှိတဲ့ ညည်းညူမှုတွေကနေ ရုန်းထွက်ပြီး ကိုယ့်ဘဝကို ကိုယ်တိုင် ပြန်လည်ဦးဆောင်နိုင်အောင် လက်တွေ့ကျကျ လမ်းညွှန်ပေးသွားမှာပါ။

ဒီစာအုပ်က သင့်ကို အဆိုးမြင်စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် သနားနေတတ်တဲ့ အလေ့အထတွေကို ဖယ်ရှားနိုင်အောင် ကူညီပေးပါလိမ့်မယ်။ မိမိဘဝအတွက် အပြည့်အဝတာဝန်ယူရဲတဲ့ စိတ်ဓာတ်ခွန်အားတွေကို တည်ဆောက်ပေးပါလိမ့်မယ်။

အခက်အခဲတွေကို အခွင့်အရေးအဖြစ် ပြောင်းလဲပြီး အတိတ်မှာပိတ်မိမနေဘဲ ရှေ့ကိုဆက်သွားနိုင်ဖို့ တွန်းအားပေးပါလိမ့်မယ်။ သင့်ကိုယ်သင် အမှန်တကယ် ပြောင်းလဲပစ်ဖို့ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ညည်းညူမနေနဲ့ ရှေ့ဆက်လှမ်းလိုက်ပါ။

ဘဝမှာ ပိတ်မိနေတယ်၊ ရှေ့ဆက်ဖို့ လမ်းပျောက်နေတယ်လို့ ခံစားနေရသူတွေနဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်ချင်သူတိုင်း မဖြစ်မနေဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။

#ညည်းညူမနေနဲ့ရှေ့ဆက်လှမ်း
#သင်ဇာစိုးထင်



ဒီဝတ္ထုလေးဟာ ‘အချစ်’ဆိုတဲ့ သဘောတရားကို ကျော်လွန်ပြီး လူသားတစ်ယောက်ရဲ့  စိတ်အလွှာနုနုလေးကို အခြေခံ ရေးထားခြင်း ဖြစ်ပါတယ်။...
09/05/2026

ဒီဝတ္ထုလေးဟာ ‘အချစ်’ဆိုတဲ့ သဘောတရားကို ကျော်လွန်ပြီး လူသားတစ်ယောက်ရဲ့ စိတ်အလွှာနုနုလေးကို အခြေခံ ရေးထားခြင်း ဖြစ်ပါတယ်။

တိုတောင်းလွန်းလှတဲ့ လူ့ဘဝလေးထဲမှာ ဖြစ်ပျက် ကြုံတွေ့ရလေ့ရှိကြတဲ့ သဘောတရားတွေ၊ ကံကြမ္မာတွေကို သင့်တင့်မျှတအောင် ရောနှောခြယ်မှုန်းထားခြင်း ဖြစ်ပါတယ်။

ပုဂံဆိုတာ မြန်မာတွေရဲ့ အသည်းနှလုံး။ မြန်မာတွေရဲ့ ရှေးအမွေအနှစ်။ ပုဂံကို အလည်လာတဲ့ နိုင်ငံခြားသူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား၊ အိမ်ရှင်ဖြစ်တဲ့ မြန်မာနိုင်ငံသားတစ်ယောက်ရဲ့ သစ္စာတရား၊ ပြီးတော့ နောက်ထပ် ဂျပန် မိန်းကလေးငယ်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာအားလုံးကို ဒီဝတ္ထုလေးထဲမှာ တွေ့မြင်ရမှာပါ။

#ပြန်လာခဲ့ပါဟိုရှီနာ
#မောင်သက်နောင်(ATBC)


"တခြားနိုင်ငံကို ရောက်ရင် အစကနေ ပြန်စပြီး အလုပ်ရှာရခက်နေပါသလား....?"🫴" အလုပ်ကောင်းရဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ Skill၊ ပ...
08/05/2026

"တခြားနိုင်ငံကို ရောက်ရင် အစကနေ ပြန်စပြီး အလုပ်ရှာရခက်နေပါသလား....?"🫴

" အလုပ်ကောင်းရဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ Skill၊ ပညာအရည်အချင်း၊ အတွေ့အကြုံ (၇) ချက်ကို ပြည့်စုံအောင် ဘယ်လိုတည်ဆောက်ရမလဲ...?"🤔

"အလုပ်ကောင်းရဖို့ ဘယ်လိုအရည်အချင်းတွေလိုအပ်လဲ...?"🍃

လူတိုင်းကတော့ အလုပ်ကောင်းကောင်း လုပ်ချင်ကြတဲ့သူတွေ၊ သက်သက်သာသာ အေးအေးဆေးဆေးနဲ့ မိမိအိပ်မက်ထဲကအလုပ် မျိုး လုပ်ချင်ကြတဲ့သူတွေပါပဲ။ တခြားနိုင်ငံကို သွားရောက်အခြေချသူ တွေဆို အဲဒီနိုင်ငံကလိုအပ်တဲ့ Skill တွေမရှိတော့ အစကနေပြန်စ ကြရတယ်။ နိုင်ငံရပ်ခြားရောက်ရင် အလုပ်ရှာလို့မရဘူးဆိုတာ ဒီလို အချက်တွေကြောင့်ပါ။

၁။ Skill Requirements

ရောက်ခါစလူတိုင်းက ဘာမှမသိကြ၊ အရည်အချင်းမရှိကြ သေးဘူး။ အခြေခံအလုပ် လုပ်ကြရတယ်။ အဲဒီအလုပ်တွေက လူတိုင်းလုပ်တတ်တော့ ကြိုက်တဲ့သူဆွဲခန့်လို့ရတော့ ဘယ်သူ့ကို ခန့်မှမဟုတ်တော့ ဘာမှမတတ်ရင် အလုပ်ရှာရခက်ကြပါတယ်။ အလုပ်ရှင်တွေက Training လုပ်ပေးဖို့ အချိန်မရှိကြတာ၊ Training
လုပ်မယ့်ပိုက်ဆံကို အပိုမသုံးချင်ကြတာကြောင့် Skill ရှိသူကိုပဲ လိုချင်ကြတယ်။

၂။ ပညာအရည်အချင်း

အလုပ်ခန့်ရင် ပညာအရည်အချင်းကိုလည်း ထည့်သွင်း စဉ်းစားကြတယ်။ ပညာတတ်လေ ပိုစဉ်းစားတတ်ပြီး အမှားအယွင်း နည်းတယ်။ သင်ပေးရင် မြန်မြန်တတ်လွယ်တယ်။

၃။ အလုပ်အတွေ့အကြုံ

အလုပ်ကြော်ငြာထဲမှာ အလုပ်အတွေ့အကြုံရှိသူကို ဦးစား ပေးမယ်ဆိုတာ မကြာခဏတွေ့ဖူးကြမှာပါ။ အလုပ်အတွေ့အကြုံ များလေ ခဏပဲသင်ပေးစရာလိုပြီး အလုပ်ကို ပိုကောင်းအောင် မြန်မြန်ဆန်ဆန်ဖြစ်အောင် လုပ်နိုင်ကြတယ်။

၄။ License Certificate

လိုင်စင်တွေ၊ Certificate တွေရှိတာကလည်း အလုပ်ရဖို့ အထောက်အကူပေးပါတယ်။ အချိန်ရရင် License ၊ Certificate တွေ တက်ထားပါ။

၅။ ဘာသာစကား

အလုပ်လုပ်ရင် စကားပြောတတ်ဖို့ကလည်း အရေးကြီးပါ တယ်။ သူပြောတာ ကိုယ်နားမလည် ကိုယ်ပြောတာ သူမသိဘူးဆိုရင် အလုပ်တွင်မှာမဟုတ်ပါဘူး။ အလုပ်ကောင်းလိုချင်ရင် ရောက်တဲ့ နိုင်ငံရဲ့ဘာသာစကားကို နားလည်ပြီး ပြောဆိုမေးမြန်းနိုင်အောင် လေ့ကျင့်ထားဖို့လိုအပ်ပါမယ်။

၆။ ပေါင်းသင်းဆက်ဆံရေး

အလုပ်ထဲမှာ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်ဖို့လည်း အရေးကြီးပါတယ်။ ပေါင်းသင်းဆက်ဆံရေး ညံ့ရင်၊ ကြောက်တတ်ရင် Teamwork တွေလုပ်ဖို့ မလွယ်ပါဘူး။

၇။ ကျန်းမာရေး

အလုပ်လုပ်ရင် ကျန်းမာရေးကောင်းဖို့လိုအပ်သလို တချို့ အလုပ်တွေက သတ်မှတ်ထားတဲ့အလေးချိန်ကို မ နိုင်တာ၊ မတ်တတ် ရပ်နိုင်ဖို့လည်း သတ်မှတ်ထားကြပါတယ်။

အလုပ်ကောင်းကောင်းရဖို့ မိမိစိတ်ဝင်စားတာတွေကို သိအောင်လုပ်ပြီး အလုပ်အတွေ့အကြုံ၊ ပညာအရည်အချင်း၊ အတတ် ပညာ Skill တွေကို ဖြည့်ထားသင့်သလို အလုပ်လျှောက်လွှာ Resume ကောင်းကောင်း ပြင်ဆင်ထားပါ။ Interview သေချာ ဖြေတတ်အောင် လေ့ကျင့်ပါ။ လူသစ်၊ ပတ်ဝန်းကျင်သစ်ပေါင်းသင်း ပြီး Networking ကိုချဲ့ပါ။ မိမိကိုလမ်းပြပေးနိုင်မယ့် Mentor ဒါမှမဟုတ် Career Coach ရဲ့လမ်းပြမှုကို ခံယူပါ။ အရေးကြီးဆုံး ကတော့ အလုပ်မရမချင်း ဆက်တိုက်လျှောက်နေဖို့ လိုအပ်ပါတယ်။

"Yadanar May က တင်သမျှ စာအုပ်စာရင်းတွေနဲ့ Review တွေကို တစ်နေရာတည်းမှာ အလွယ်တကူ ပြန်ရှာဖတ်ချင်ရင်တော့ Telegram Channel လေးကို Join ထားဖို့ ဖိတ်ခေါ်ပါတယ်နော်။

https://t.me/yadanarmaybookstore


#ကိုယ့်ကိုယ်ကိုယ်ပြန်လည်တည်ဆောက်ခြင်း




"ဥပဒေရဲ့ရည်ရွယ်ချက်ပန်းတိုင်ဟာ လူတွေကို ချုပ်ချယ်ဖို့မဟုတ်၊ လွတ်လပ်ခွင့်ကို ထိန်းသိမ်းပေးဖို့နဲ့ ချဲ့ထွင်ပေးဖို့သာ ဖြစ်ပ...
08/05/2026

"ဥပဒေရဲ့ရည်ရွယ်ချက်ပန်းတိုင်ဟာ လူတွေကို ချုပ်ချယ်ဖို့မဟုတ်၊ လွတ်လပ်ခွင့်ကို ထိန်းသိမ်းပေးဖို့နဲ့ ချဲ့ထွင်ပေးဖို့သာ ဖြစ်ပါတယ်"

ဥပဒေကို အကာအကွယ်ပေးတဲ့အရာလို့ မမြင်ကြတော့ပါဘူး။ ဥပဒေဆိုတာ တားမြစ်တဲ့အရာ၊ တင်းကျပ်တဲ့အရာအဖြစ် ရှုမြင်လာကြပါတယ်။ “ဥပဒေဆိုတာ ဘာလဲ” ကို သေသေချာချာမသိရခင်မှာပဲ ဥပဒေကို အထင်မှား၊ အမြင်မှား ဖြစ်လာခဲ့ကြပါတယ်။ ဆေးဆရာကို မြင်လိုက်တာနဲ့ ဆေးခါးကြီးတိုက်တဲ့သူအဖြစ် ထင်မှတ်လာသလိုပါပဲ။ အကျိုးဆက်အနေနဲ့ ဥပဒေဆိုတာ ပုဒ်ထီးပုဒ်မ ပြဿနာ၊ တရားသူကြီးတွေ၊ ရှေ့နေတွေရဲ့ အလုပ်၊ ငါတို့နဲ့ မဆိုင်၊ ဥပဒေနဲ့ ဝေးလေကောင်းလေ စသဖြင့် ထင်မြင်နားလည်လာခဲ့ကြပါတော့တယ်။

နိုင်ငံတကာမှာတော့ အဲ့ဒီလို အထင်မှား၊ အမြင်မှားတွေ မဖြစ်စေဖို့၊ ပညာရပ်တစ်ခုရဲ့ အခြေခံအုတ်မြစ်ကို ခိုင်ခိုင်မာမာ သိရှိနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးပမ်းကြတာမျိုးတွေ ရှိကြပါတယ်။ ကျောင်းသားကျောင်းသူတွေ၊ ဘာသာရပ်တစ်ခုကို စတင်လေ့လာချင်သူတွေ၊ အများပြည်သူတွေအတွက်ရည်ရွယ်ပြီး စာအုပ်၊ စာတမ်းတွေ ထုတ်ဝေကြပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ဒီစာအုပ်ကလေး ဖြစ်ပေါ်လာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

အခုစာဖတ်သူ ဖတ်ရှုရမယ့် စာအုပ်ဟာ Usborne တိုက်ထုတ် (Law for Beginners) စာအုပ်ကို မှီငြမ်းရေးသားထားတာ ဖြစ်ပါတယ်။ ဒီဥပဒေစာအုပ်ထဲမှာ ပုဒ်ထီး၊ ပုဒ်မတွေ ထည့်သွင်းမထားပါဘူး။ စိတ်ဝင်စားစရာ ဇာတ်လမ်းလေးတွေ၊ အမှုအခင်းလေးတွေအကြောင်းကိုသာ တင်ပြထားတာဖြစ်ပါတယ်။

"Yadanar May က တင်သမျှ စာအုပ်စာရင်းတွေနဲ့ Review တွေကို တစ်နေရာတည်းမှာ အလွယ်တကူ ပြန်ရှာဖတ်ချင်ရင်တော့ Telegram Channel လေးကို Join ထားဖို့ ဖိတ်ခေါ်ပါတယ်နော်။

https://t.me/yadanarmaybookstore

#လူတိုင်းအတွက်ဥပဒေ
#ဥပဒေအခြေခံမိတ်ဆက်
#အိမ်းထက်မွန်


လူရှိန်ခံရဖို့ဆိုတာ မလွယ်ဘူး၊ ဘယ်လောက်ပဲ ထူးချွန်နေပါစေ၊တော်တိုင်း ထူးချွန်တိုင်းလည်း လူရှိန်ခံရတာ မဟုတ်ဘူး။လူလူချင်း ခယ...
08/05/2026

လူရှိန်ခံရဖို့ဆိုတာ မလွယ်ဘူး၊ ဘယ်လောက်ပဲ ထူးချွန်နေပါစေ၊
တော်တိုင်း ထူးချွန်တိုင်းလည်း လူရှိန်ခံရတာ မဟုတ်ဘူး။

လူလူချင်း ခယချင်လောက်အောင် အရှိန်အဝါရှိတယ်ဆိုတာက
ဘုရားသခင်အလား တန်ခိုးရထားတာနဲ့ တူတယ်။

စိတ်ခွန်အားရော ကိုယ်ခွန်အားပါ ပြီးပြည့်စုံနေမှ ဖြစ်နိုင်တယ်။

ဩဇာအာဏာရှိအောင် ကြိုးစားထားတိုင်းလည်း အရှိန်အဝါ အပြည့်အ၀ မရနိုင်ဘူး။

ပြိုင်စံရှား အရည်အသွေးအစစ်ဆိုတာ နှစ်ခုပြိုင်တူမရှိနိုင်တဲ့ အကောင်းဆုံးသော အရာတွေမှာသာ ရှိနိုင်တယ်။
ကြိုးစားအားထုတ်နိုင်တိုင်း ဖြစ်နိုင်ရနိုင်တဲ့‌
အရည်အသွေး မဟုတ်ဘူး။

#မာယာပညာ
#မောရိသျှ



“ကိုယ့်ရဲ့ လုပ်ငန်းကို စျေးကွက်ချဲ့ချင်ပေမယ့် ဘယ်ကစပြီး ဘယ်လိုလုပ်ရမလဲဆိုတာ ဝေခွဲမရဖြစ်နေပါသလား။မားကတ်တင်းနဲ့ပတ်သတ်ပြီး ...
07/05/2026

“ကိုယ့်ရဲ့ လုပ်ငန်းကို စျေးကွက်ချဲ့ချင်ပေမယ့် ဘယ်ကစပြီး ဘယ်လိုလုပ်ရမလဲဆိုတာ ဝေခွဲမရဖြစ်နေပါသလား။

မားကတ်တင်းနဲ့ပတ်သတ်ပြီး နည်းလမ်းတွေ အမျိုးမျိုးသုံးကြည့်ပေမယ့်လည်း ရလဒ်ကထွက်မလာဘဲ လမ်းပျောက်နေသလို ခံစားနေရတယ်ဆိုရင်တော့ ‘မားကတ်တင်း မြေပုံ’ စာအုပ်က သင့်အတွက် အကောင်းဆုံးလမ်းပြ ဖြစ်လာမှာပါ။

မားကတ်တင်းနဲ့ ပတ်သတ်ပြီးတော့ လမ်းပျောက်နေတဲ့သူတွေ၊ မားကတ်တင်းပရော်ဖက်ရှင်နယ်တွေ၊ လုပ်ငန်းရှင်တွေ နဲ့ လုပ်ငန်းတစ်ခုစတင်ဖို့ ကြိုးစားနေတဲ့သူတွေအတွက် အထူးရည်ရွယ်ထားတဲ့ စာအုပ်ပဲဖြစ်ပါတယ်။

ဒီစာအုပ်ရဲ့ ထူးခြားချက်ကတော့ စာမျက်နှာ ၆ မျက်နှာဖတ်လိုက်တိုင်းမှာ သင့်လုပ်ငန်းအတွက် လက်တွေ့အသုံးချလို့ရမယ့် Marketing Idea တစ်ခုကို ချက်ချင်းရရှိစေဖို့ စနစ်တကျ ပြုစုထားတာပဲဖြစ်ပါတယ်။ စျေးကွက်ကိုအောင်မြင်အောင် ဘယ်လိုဖော်ဆောင်ရမလဲ၊ ရောင်းအားနဲ့ အမြတ်ကို ဘယ်လိုတိုးအောင်လုပ်မလဲဆိုတဲ့ မေးခွန်းတွေအတွက် အဖြေကို ဒီစာအုပ်ထဲမှာ အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းတွေနဲ့ ဖော်ပြပေးထားပါတယ်။

မားကတ်တင်းနဲ့ပတ်သက်ပြီး သင်အရင်က သိထားတဲ့ အယူအဆတွေထက် ပိုမိုနက်ရှိုင်းတဲ့ ဗဟုသုတတွေကို ရရှိစေမယ့်အပြင်၊ လက်ရှိလုပ်ဆောင်နေတဲ့ အမှားတွေကိုလည်း လမ်းမှန်ပြန်ရောက်အောင် ပြုပြင်ပေးနိုင်မှာပါ။ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မားကတ်တင်းကို စိတ်ဝင်စားသူတိုင်း လက်စွဲထားသင့်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

"Yadanar May က တင်သမျှ စာအုပ်စာရင်းတွေနဲ့ Review တွေကို တစ်နေရာတည်းမှာ အလွယ်တကူ ပြန်ရှာဖတ်ချင်ရင်တော့ Telegram Channel လေးကို Join ထားဖို့ ဖိတ်ခေါ်ပါတယ်နော်။

https://t.me/yadanarmaybookstore

#မားကတ်တင်းမြေပုံ
#မင်းသန်းထွဋ်



"သင့်ကို တစ်ယောက်ယောက်က လိမ်နေတာလား၊ လှည့်စားဖို့ ကြိုးစားနေတာလားဆိုတာ စက္ကန့်ပိုင်းအတွင်း သိနိုင်ဖို့..."လူတွေရဲ့ အပြုအ...
07/05/2026

"သင့်ကို တစ်ယောက်ယောက်က လိမ်နေတာလား၊ လှည့်စားဖို့ ကြိုးစားနေတာလားဆိုတာ စက္ကန့်ပိုင်းအတွင်း သိနိုင်ဖို့..."

လူတွေရဲ့ အပြုအမူနောက်ကွယ်က ရည်ရွယ်ချက်အမှန်ကို ဆန်းစစ်တတ်တဲ့အခါ သင်ဟာ ဘယ်သူ့ရဲ့ လှည့်ကွက်အောက်ကိုမှ ကျရောက်တော့မှာ မဟုတ်ပါဘူး။

ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့နဲ့ ပိုမိုထိရောက်တဲ့ ဆက်သွယ်မှုတွေ တည်ဆောက်ဖို့ ဒီစာအုပ်က အဖြေပါပဲ။

"Yadanar May က တင်သမျှ စာအုပ်စာရင်းတွေနဲ့ Review တွေကို တစ်နေရာတည်းမှာ အလွယ်တကူ ပြန်ရှာဖတ်ချင်ရင်တော့ Telegram Channel လေးကို Join ထားဖို့ ဖိတ်ခေါ်ပါတယ်နော်။

https://t.me/yadanarmaybookstore

#လူကဲခတ်ခြင်းအတတ်ပညာ

#ထက်ထက်တင်ဇာ



🔥 စိတ်ခွန်အားလိုနေသူတိုင်း ဖတ်ဖို့ စာအုပ်ကောင်းတစ်အုပ်...ဘဝမှာ ကိုယ်လိုချင်တဲ့ ပန်းတိုင်တစ်ခုကို ရောက်ဖို့ ကြိုးစားတဲ့အခ...
07/05/2026

🔥 စိတ်ခွန်အားလိုနေသူတိုင်း ဖတ်ဖို့ စာအုပ်ကောင်းတစ်အုပ်...

ဘဝမှာ ကိုယ်လိုချင်တဲ့ ပန်းတိုင်တစ်ခုကို ရောက်ဖို့ ကြိုးစားတဲ့အခါ “ငါ တကယ်ရော လုပ်နိုင်ပါ့မလား” ဆိုတဲ့ သံသယစိတ်တွေ ဝင်လာတတ်ပါတယ်။ တစ်ခါတလေ ပတ်ဝန်းကျင်က “မင်းလုပ်နိုင်မှာ မဟုတ်ဘူး” လို့ ပြောတဲ့အခါ ကိုယ့်ရဲ့ ယုံကြည်မှုတွေ ပြိုလဲသွားတတ်ပါတယ်။

ကမ္ဘာကျော် စာရေးဆရာ ဂျော့ဂ်ျ မက်သယူး အဒမ်စ် (George Matthew Adams) ရဲ့ ဂန္ထဝင်မြောက် လက်ရာ “You Can” ကို ဘာသာပြန်ဆိုထားတဲ့ ဒီစာအုပ်ဟာ သင့်အတွင်းစိတ်ကအကြောက်တရားတွေကို ဖယ်ရှားပေးပြီး ဘဝကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ဖို့ လက်တွေ့ကျကျ လမ်းညွှန်ပေးမယ့် စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။

ဒီစာအုပ်က သင့်ကို အောက်ပါအချက်တွေအတွက် ခွန်အားပေးပါလိမ့်မယ်။
• ယုံကြည်မှု တည်ဆောက်ခြင်း – ပျောက်ဆုံးနေတဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှုကို ပြန်လည်ရှာဖွေပြီး ခိုင်မာအောင် တည်ဆောက်နိုင်စေဖို့။
• အခက်အခဲများကို ကျော်လွှားခြင်း – ကျရှုံးမှုတွေကို ကြောက်ရွံ့မနေဘဲ အောင်မြင်မှုရဲ့ လှေကားထစ်တွေအဖြစ် ပြောင်းလဲပစ်နိုင်စေဖို့။
• ရည်မှန်းချက်ကို အကောင်အထည်ဖော်ခြင်း – ဆင်ခြေဆင်လက်တွေကို ဖယ်ရှားပြီး ပန်းတိုင်ဆီသို့ မဆုတ်မနစ် လျှောက်လှမ်းနိုင်စေဖို့။

အခြားသူတွေ လုပ်နိုင်ရင် သင်လည်း လုပ်နိုင်ပါတယ်။ အောင်မြင်မှုဆိုတာ သင့်ရဲ့ ရွေးချယ်မှုနဲ့ ယုံကြည်မှုသာ ဖြစ်ပါတယ်။ ယုံကြည်မှုနဲ့သာ စတင်လိုက်ပါ။

"Yadanar May က တင်သမျှ စာအုပ်စာရင်းတွေနဲ့ Review တွေကို တစ်နေရာတည်းမှာ အလွယ်တကူ ပြန်ရှာဖတ်ချင်ရင်တော့ Telegram Channel လေးကို Join ထားဖို့ ဖိတ်ခေါ်ပါတယ်နော်။

https://t.me/yadanarmaybookstore

#သင်လုပ်နိုင်တယ်
#ပိုင်သုတ

#စာအုပ်ထွက်မည့်ရက် - 𝟗.𝟓.𝟐𝟎𝟐6

"လူတိုင်းအတွက် ရှင်သန်ပေးနေရပေမဲ့... သင့်အတွက်ကော ဘယ်သူရှင်သန်ပေးနေသလဲ....?" 🕊️ဒီစာအုပ်လေးကို တခြားသူတွေအတွက်ပဲ ရှင်သန်န...
07/05/2026

"လူတိုင်းအတွက် ရှင်သန်ပေးနေရပေမဲ့... သင့်အတွက်ကော ဘယ်သူရှင်သန်ပေးနေသလဲ....?" 🕊️

ဒီစာအုပ်လေးကို တခြားသူတွေအတွက်ပဲ ရှင်သန်နေမိရင်းနဲ့ မိမိကိုယ်ကို ပျောက်ဆုံးနေသူတွေအတွက် ရည်ရွယ်ပြီး ရေးသားထားခြင်း ဖြစ်ပါတယ်။

ဒီစာအုပ်လေးကတစ်ဆင့် ဘာတွေကို သိမြင်လာမလဲဆိုရင်....
- မိမိကိုယ်ကို ပျောက်ဆုံးနေသူတွေရဲ့ လက္ခဏာရပ်များ၊
- မိမိကိုယ်ကို ဘယ်လိုပျောက်ဆုံးသွားပုံ၊
- အနစ်နာခံပေးဆပ်တတ်တဲ့ အပြုအမူကို ဖြစ်ပေါ် လာစေခဲ့တဲ့ နောက်ကွယ်က တွန်းအား တွေ၊
- မိမိကိုယ်ကို ပြန်ရှာဖို့ ဘာကြောင့်အရေးကြီးပုံ၊
- မိမိရဲ့အတွင်းစိတ်ကို အားအင်ရှိလာအောင် ပြန်တည်ဆောက်ဖို့ နည်းလမ်းများ၊
- အတ္တအချစ်ကနေ စစ်မှန်စွာ ချစ်တတ်လာဖို့၊ မိမိကိုယ်ကို ပိုမိုချစ်ခင်တန်ဖိုးထားတတ်လာဖို့၊ စတဲ့အကြောင်းအရာတွေကို သိမြင်လာမှာဖြစ်တယ်။

ဒီစာအုပ်လေးက မိမိကို တစ်ကိုယ်ကောင်းဆန်ဖို့ သင်ကြားပေးမှာမဟုတ်ပါဘူး။ မိမိရဲ့စိတ်ကို ပိုမိုနားလည်လာပြီး မိမိကိုယ်ကို ပြန်လည်တည်ဆောက်လာနိုင်စေဖို့ ထိုမှတဆင့် မိမိရဲ့အနီးနားမှာ ရှိတဲ့သူတွေကို ပိုမိုစစ်မှန်စွာ ချစ်တတ်လာကာ ကျန်းမာတဲ့ ဆက်ဆံရေးကို တည်ဆောက်လာနိုင်ပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ ဘဝပုံစံကို ဖန်တီးလာနိုင်စေဖို့ လမ်းညွှန်ပေးထားခြင်း ဖြစ်ပါတယ်။

"Yadanar May က တင်သမျှ စာအုပ်စာရင်းတွေနဲ့ Review တွေကို တစ်နေရာတည်းမှာ အလွယ်တကူ ပြန်ရှာဖတ်ချင်ရင်တော့ Telegram Channel လေးကို Join ထားဖို့ ဖိတ်ခေါ်ပါတယ်နော်။

https://t.me/yadanarmaybookstore

#မိမိအတွက်လဲရှင်သန်ပါ
#သက်တန့်မေရီ


Address

Kyauktatar Tsp
Yangon
11221

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959794344088

Website

Alerts

Be the first to know and let us send you an email when Yadanar May Book Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yadanar May Book Store:

Share

Category