Elise

Elise Fancy and beauty online services

 # # All instock 🤩🤩💄Srichand Everyday Mini Lipstick Sales (1.5 g)👉Price – 4,000 ksDirect From BKK 🇹🇭 / 💯 % Authentic✌Ear...
30/12/2021

# # All instock 🤩🤩

💄Srichand Everyday Mini Lipstick Sales (1.5 g)

👉Price – 4,000 ks

Direct From BKK 🇹🇭 / 💯 % Authentic

✌Early Bird (4:00) (လိမ္မော်ဘက်သွားပါတယ်) ‌and Workaholic (10:00) ဆိုပီး ၂ ရောင်ရပါမယ်နော်

🔵Everyday ဆိုတဲ့အတိုင်း Daily use သုံးဖို့အဆင်ပြေတဲ့ lipstick 💄လေးပါ

🔵Matte ဆိုပေမဲ့ ခြောက်ခြောက်ကြီးမဟုတ်ပဲ စိုစိုအိအိ လေးပါနော်

🔵နှုတ်ခမ်းသားလေးကို အချိန်မရွေး နေရာမရွေး လှပစေမှာပါရှင် 😉

⭕Lazmall ရဲ့ official store ဖြစ်တဲ့ Watsons ကနေ တိုက်ရိုက်မှာထားတာမို့ quality ကိုတော့ စိတ်ချလိုက်တော့နော်

👉မှာယူမယ်ဆိုရင် cb ကနေ hi လိုက်ပါနော် 😊

🚛ရန်ကုန်မြို့တွင်းဆိုရင် ဒီနေ့မှာ မနက်ဖြန်ရပါတယ်

🚛နယ်ဆိုရင်တော့ မှာယူပီး 2-3 ရက်အတွင်းပို့ပေးပါတယ်ရှင့် (ယခုလိုကာလမှာတော့အနည်းငယ်ကွာခြားနိုင်ပါတယ်ရှင်)

 # # All instock 📣📣💋Srichand Me Myself and My Lipstick Sale (1.5 g)👉Price – 4,500 ks👉Direct From BKK 🇹🇭 / 💯 Authentic🇹🇭T...
29/12/2021

# # All instock 📣📣

💋Srichand Me Myself and My Lipstick Sale (1.5 g)

👉Price – 4,500 ks

👉Direct From BKK 🇹🇭 / 💯 Authentic

🇹🇭Thai Brand စစ်စစ်ဖြစ်လို့ ဈေးသက်သာပီး quality ကောင်းတာလေး လိုချင်ရင် ဒါလေး try ကြည့်နော် 🤩

✌️ဒါလေးက Matte and Shine ဆိုပီး series ၂ မျိုးထွက်ပါတယ်နော်

👉Matte က velvet matte လေးမို့လို့ အရမ်းကပ်ကပ်ကြီးမဟုတ်ပဲ နှုတ်ခမ်းသားကို အိအိသိပ်သိပ်လေး ခံစားရစေမှာပါနော်

Available colours (ရရှိနိုင်တဲ့အရောင်များ)

M03, M06, M07, M08

👉Shine ကကျတော့ Glossy type ဖြစ်လို့ နှုတ်ခမ်းလေးကို စိုစိုလေးနဲ့ healthy lip လေးဖြစ်နေစေမှာပါရှင်

Available colours (ရရှိနိုင်တဲ့အရောင်များ)

S03, S05, S06, S07

⭕️Lazmall ရဲ့ official store ဖြစ်တဲ့ Watsons ကနေ တိုက်ရိုက်မှာထားတာမို့ quality ကိုတော့ စိတ်ချလိုက်တော့နော်

👉မှာယူမယ်ဆိုရင် cb ကနေ hi လိုက်တော့နော် 😊

🚛ရန်ကုန်မြို့တွင်းဆိုရင် ဒီနေ့မှာ မနက်ဖြန်ရပါတယ်နော်

🚛နယ်ဆိုရင်တော့ မှာယူပီး 2-3 ရက်အတွင်းပို့ပေးပါတယ်ရှင့် (ယခုလိုကာလမှာတော့အနည်းငယ်ကွာခြားနိုင်ပါတယ်ရှင်)

 # # All instock  🤩🤩💋Sasi Sugar Rush Liptint Sale (3g)👉Price – 6,000 ks (Normal 10,000 ကျော်တန်တွေကို ဈေးချထားတာလေးတွေပါ...
28/12/2021

# # All instock 🤩🤩

💋Sasi Sugar Rush Liptint Sale (3g)

👉Price – 6,000 ks (Normal 10,000 ကျော်တန်တွေကို ဈေးချထားတာလေးတွေပါနော်)

👉Direct From BKK 🇹🇭 / 💯 Authentic

💁‍♀️Lazada ရဲ့ Trending Liptint မှာ Top 8 နေရာယူထားတဲ့ Brand လေးနော်

👉Oily-based coating technology နဲ့ပြုလုပ်ထားတာမို့ ဆိုးလိုက်ရင် နှုတ်ခမ်းသားကို ခြောက်ခြောက်ကြီးဖြစ်မနေပဲ တနေကုန် ပေါ့ပါးပီး သက်တောင့်သက်သာနဲ့ စိုပြေနေစေမှာပါ 😉

⭕️Lazmall ရဲ့ official store ဖြစ်တဲ့ Watsons ကနေ တိုက်ရိုက်မှာထားတာမို့ quality ကိုတော့ စိတ်ချလိုက်တော့နော်

Available colours (ရရှိနိုင်တဲ့အရောင်များ)
01 Berry
02 Carrot
03 Papaya
04 Cantaloupe
05 Watermelon

👉မှာယူမယ်ဆိုရင် cb ကနေ hi လိုက်တော့နော် 😊

🚛ရန်ကုန်မြို့တွင်းဆိုရင် ဒီနေ့မှာ မနက်ဖြန်ရပါတယ်နော်
🚛နယ်ဆိုရင်တော့ မှာယူပီး 2-3 ရက်အတွင်းပို့ပေးပါတယ်ရှင့် (ယခုလိုကာလမှာတော့အနည်းငယ်ကွာခြားနိုင်ပါတယ်ရှင်)

17/12/2021

အာဏာသိမ်း စစ်ကောင်စီ၏ တပ်များ လေးကေကော်မြို့တွင်းသို့ အတင်းအဓမ္မ ဝင်ရောက်သဖြင့် ထိပ်တိုက်တွေ့ဆုံ ပစ်ခတ်မှုဖြစ်ပွား

(၁၆) ရက် ဒီဇင်ဘာလ ၂၀၂၁ ခုနှစ်
ကေအဲန်ယူ - ဗဟို

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် အာဏာသိမ်း စစ်ကောင်စီ၏ တပ်ဖြစ်သော စကခ - ၁၃ လက်အောက်ခံ ခမရ - ၅၆၀ တို့သည် ဖလူးဘက်သို့ တက်သွားပြီး လေးကေကော်မြို့၏ အနောက်ဘက်သို့ ပြန်လာကာ လေးကေကော်မြို့၏ ရှုခင်းသာ တောင်ကုန်း ပေါ်၌ တပ်ချထားကြပါသည်။ ဤ အာဏာသိမ်း စစ်ကောင်စီ၏တပ်များသည် လေးကေကော်မြို့ထဲသို့ ဝင်ရောက်၍ ရှာဖွေစစ်ဆေးမှုများပြုလုပ်ပြီး လေးကေကော်မြို့တွင်းသို့ လာရောက် ခိုလှုံသော ပြည်သူလူထု များကို ဖမ်းဆီးရန် အစီအစဉ် ရှိပါသည်။ လေးကေကော်မြို့၏ တာဝန်ရှိသူများသည် အာဏာသိမ်း စစ်ကောင်စီတပ်များ၏ အစီအစဉ်ကို ကြိုတင်သိရှိထားသဖြင့် လေးကေကော်မြို့တွင်းသို့ လာရောက်ခိုလှုံသော ပြည်သူလူထုများကို ရှောင်တခင် တိမ်းရှောင် နေထိုင်ကြရန် အသိပေးခဲ့ပါသည်။ သို့သော် လာရောက်ခိုလှုံကြသောပြည်သူလူထုအချို့တို့သည် တိမ်းရှောင်နေထိုင်ခဲ့ကြသော်လည်း အချို့သောသူတို့သည် တိမ်းရှောင်နေထိုင်ခြင်းမရှိခဲ့ကြပေ။

ထို့ကြောင့် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် အာဏာသိမ်း စစ်ကောင်စီ၏ တပ်များသည် လေးကေကော်မြို့တွင်းသို့ ဝင်ရောက်ပြီး ရှာဖွေစစ်ဆေးမှုများပြုလုပ်ကာ ပြည်သူလူထုများစွာကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြပါသည်။ ညနေအချိန်သို့ ရောက်သောအခါ ဤအာဏာသိမ်း စစ်ကောင်စီ၏ တပ်များသည် ၎င်းတို့တပ်ချထားသော ရှုခင်းသာ တောင်ကုန်းပေါ်သို့ ပြန်လည်ထွက်ခွာခဲ့ကြပါသည်။ အာဏာသိမ်း စစ်ကောင်စီ၏ တပ်များ လေးကေကော်မြို့တွင်းသို့ ဝင်ရောက်ပြီး ရှာဖွေစစ်ဆေးမှု နှင့် ဖမ်းဆီးမှုများပြုလုပ်နေချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တို့သည် စစ်ရေးပြင်ဆင်မှုအသင့်အနေအထားမှာရှိခဲ့သော်လည်း ပစ်ခတ်မှုပြုလုပ်ပါက ပြည်သူလူထု များ အခက်အခဲများနှင့် ထိခိုက်သေဆုံးမှုများ ရှိလာမှာကို စိုးရိမ်သဖြင့် အာဏာသိမ်း စစ်ကောင်စီ၏ တပ်များကို ပစ်ခတ်ခြင်း မပြုခဲ့ပေ။

သို့သော် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် အာဏာသိမ်း စစ်ကောင်စီ၏ တပ်များသည် လေးကေကော်မြို့တွင်းသို့ ထပ်မံဝင်ရောက်ပြီး ရှာဖွေ စစ်ဆေး ဖမ်းဆီးမှုများလုပ်သည့်အပြင် ပြည်သူလူထု၏ နေအိမ်အချို့ကို ဖျက်ဆီးမှုများပြုလုပ်သောကြောင့် နံနက် ၁၀း၀၀ နာရီအချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း - ၂၇ ( ပူးပေါင်းတပ်ဖွဲ့ ) နှင့် အာဏာသိမ်း စစ်ကောင်စီ၏ တပ်တို့ကြား ထိတွေ့ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့ပါသည်။

ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အာဏာသိမ်း စစ်ကောင်စီ၏ တပ်များသည် ထိခိုက်သေဆုံးမှုများ ရှိခဲ့သည့်အပြင် ကရင်အမျိုးသားတပ်မတော် KNLA မှ ဝိုင်းထား ပိတ်ဆို့ခဲ့သဖြင့် အာဏာသိမ်း စစ်ကောင်စီ၏ တပ်တို့သည် ၎င်းတို့တပ်များ ထွက်ခွာရာအတွက် လေးကေကော်မြို့၏ တာဝန်ရှိသူများထံသို့ အခွင့်တောင်းခံခဲ့ပါသည်။ လေးကေကော်မြို့၏ တာဝန်ရှိသူများသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် တွေ့ဆုံညှိနှိုင်းပြီး အာဏာသိမ်း စစ်ကောင်စီ၏ တပ်များကို ပြန်လည်ထွက်ခွာခွင့်ပေးခဲ့ပါသည်။ သို့သော် အာဏာသိမ်း စစ်ကောင်စီ၏ တပ်များသည် ပြန်လည်ထွက်ခွာခြင်းမရှိခဲ့သောကြောင့် ညနေ ၀၅း၀၀ နာရီ အချိန်တွင် ပစ်ခတ်တိုက်ခိုက်မှု နေညက်ထပ်တစ်ကြိမ် ထပ်မံ ဖြစ်ပွားခဲ့ပါသည်။ ပစ်ခတ်တိုက်ခိုက်မှု ၂ ကြိမ်အတွင်း အာဏာသိမ်း စစ်ကောင်စီ၏ တပ်ဘက်မှ ဗိုလ်ကြီး ၁ ယောက် တပ်ကြကြီး ၁ ယောက် နှင့် တပ်ကြ ၁ ယောက် အပါအဝင် စုစုပေါင်း ၄ ယောက် သေဆုံးပြီး ဒုဗိုလ်မှူးကြီး ၁ ယောက် ဗိုလ်ကြီး ၁ ယောက် နှင့် တပ်သား ၂ ယောက် စုစုပေါင်း ၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါသည်။
ထို့နောက် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အာဏာသိမ်း စစ်ကောင်စီ၏ တပ်များနှင့် နယ်ခြားစောင့်တပ် BGF တို့ပူးပေါင်းပြီး တပ်အင်းတိုးချဲ့ရန်အတွက် လာရောက်ရာတွင် ကျွန်းတောအရပ်၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ထိတွေ့ပြီး တစ်နေ့လုံးနီးပါး ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပါသည်။ အာဏာသိမ်း စစ်ကောင်စီ၏ တပ်ဘက်မှ ထိခိုက်ကျဆုံးမှု စာရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA မှ အတည်ပြု ဆဲရှိနေသေးသည်။

အာဏာသိမ်း စစ်ကောင်စီ၏ တပ်များမှ လေးကေကော်မြို့တွင်းသို့ ဝင်ပြီး ရှာဖွေ စစ်ဆေး ဖမ်ဆီးမှုများနှင့် ပြည်သူလူထု၏ နေအိမ်များကို ဖျက်ဆီးမှုများပြုလုပ်၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားသောကြောင့် ပြည်သူလူထုပေါင်း ၄၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အချို့သောသူတို့သည် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကူးကာ တိမ်းရှောင်ခဲ့ကြပါသည်။ အာဏာသိမ်း စစ်ကောင်စီ၏ တပ်များမှ လက်နက်ကြီးများကို ရမ်းသန်း ပစ်ခတ်ခဲ့သဖြင့် ထိုင်းနိုင်ငံသို့ လက်နက်ကြီးကျည်များကျရောက်ပြီး ပြည်သူလူထုကို ထိခိုက်မှုလည်းရှိခဲ့ပါသည်။
အာဏာသိမ်း စစ်ကောင်စီ၏ တပ်များသည် လေးကေကော်မြို့တွင်းတွင် ဆက်လက်တည်ရှိနေသေးကြောင်းသိရှိရသဖြင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူလူထုများ၏ လုံခြုံရေးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA မှ တာဝန်ယူပေးခဲ့ရပြီး ထွက်ပြေးတိမ်းရှောင်ပြည်သူလူထုများ၏ စားဝတ်နေရေး နှင့် ကျန်းမာရေး ကို KNU - ကရင်အမျိုးသားအစည်းအရုံးမှ တာဝန်ယူ၍ စီစဉ်ဆောင်ရွက်ပေးခဲ့ရပါသည်။

လေးကေကော်မြို့ ကို တည်ဆောက်ရခြင်းအကြောင်းမှာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ပြယုဂ်တစ်ခုပင် ဖြစ်ပါသည်။ ပြည်တွင်းစစ်ဘေးကြောင့် တိမ်းရှောင်ထွက်ပြေးခဲ့ကြရသူ မိဘပြည်သူများ အနေဖြင့် ပြန်လာနေထိုင် လုပ်ကိုင် စားသောက်ရန် ရည်ရွယ်ပြီး တည်ဆောက် ခြင်းလည်း ဖြစ်ပါသည်။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ဦးဆောင်ပြီး ကရင်ပြည်နယ်ဝန်ကြီး သီရိပျံချီ ဦးဇော်မင်း နှင့် တိုင်ပင်ကာ နိပွန်ဖောင်ဒေးရှင်း ၏ ပံ့ပိုးကူညီမှုဖြင့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ တွင် စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။ တည်ဆောက်ပြီးသည့်နောက်ပိုင်း ယခင် က ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသူများ ပြန်လာနေထိုင်၍ လူနေမှုဘဝကို ဤ လေးကေကော်မြို့တွင် တဖန်ပြန်လည် ထူထောင်နေကြသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်ကောင်စီ မှ အာဏာသိမ်းပြီးနောက် (NLD) ခေါင်းဆောင်များ ကို ဖမ်းဆီး ထိန်းသိမ်းခြင်း၊ လိုက်လံဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် ပြည်သူအများ မှ ဆန္ဒဖော်ထုတ်ကြရာ စစ်ကောင်စီ တပ်များ မှ အကြမ်းဖက်ဖြိုခွင်း နှိမ်နင်းသည့် နည်းလမ်းကို အသုံးပြုပြီး ဆန္ဒပြသူများ ကို လိုက်လံ ဖမ်းဆီး နေကြပါသည်။ မြို့ကြီးပြကြီးများ မှ (NLD) ခေါင်းဆောင်များ၊ CDM ပြုလုပ်ကြသူများ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး နယ်မြေ ကော်သူးလေ ထဲသို့ ရောက်ရှိလာကြသောကြောင့် လူသားချင်းစာနာထောက်ထားမှု အရ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တာဝန်ရှိသူများ မှ လေးကေကော်မြို့တွင် တချို့ကို ခိုလှုံခွင့်ပေးခဲ့ကြပါသည်။

စစ်ကောင်စီ တပ်များ သည် လမ်းကြောင်းအမျိုးမျိုးရှာပြီး လေးကေ့ကော်မြို့ဝင်လာရန် ကြိုးစားကြသော်လည်း တာဝန်ရှိသူများ မှ ဝင်ခွင့်မပြုခဲ့ကြပါ။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၄) ရက် တွင်မူ လေးကေကော် မြို့တွင်းသို့ ဇွတ်အတင်း ဝင်ရောက်ပြီး ဖမ်းဆီးမှုများ ပြုလုပ်လာသောကြောင့် နောက်ဆက်တွဲ အနေဖြင့် တိုက်ပွဲများ ဖြစ်လာရခြင်း ဖြစ်ပါသည်။ ယခုကဲ့သို့ စစ်ကောင်စီတပ်များ လေးကေကော်မြို့ တွင်းသို့ ဝင်ရောက်လာပြီး နှောက်ယှက်ဖျက်ဆီးမှုများသည့် ငြိမ်းချမ်းရေး ကို ဖျက်ဆီး လိုက်ခြင်း ဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်ခြင်းများစွာ ကိုလည်း ပြုမူ ကျင့်သုံးနေခြင်း ပင်ဖြစ်ပါသည်။

😢😓
16/12/2021

😢😓

အရးကြီးသတင်းတွေထဲရောက်သွားရင်တောင်းပန်ပါတယ်ရှင့် 🙏🙏🙏  necklaces  10,000 Ks and above ( 🤩🤩Get 10% Discount until Dec 31)✨...
15/12/2021

အရးကြီးသတင်းတွေထဲရောက်သွားရင်တောင်းပန်ပါတယ်ရှင့် 🙏🙏🙏
necklaces
10,000 Ks and above ( 🤩🤩Get 10% Discount until Dec 31)

✨Elisa လေးတို့ကို 👉စျေးနှုန်းလေးတွေကလဲသင့်တင့်ပီး ကိုရီးယားမလေးတွေ ထိုင်းမလေးတွေလို စတိုင်ကျသွားစေမဲ့ 😉 ဆွဲကြိုးလေးတွေ ပြပေးထားပါတယ်ရှင့်

📸ဓါတ်ပုံရိုက်ရင်အရမ်းလှမဲ့ ဆွဲကြိုးလေးတွေပါနော်

💁‍♀‍မင်မင် ဝတ်ပြထားတဲ့ပုံလေးတွေပါထည့်ပေးထားပါတယ်ရှင့်

⚡️⚡️December လကုန်ထိ 10,000 ဖိုး နှင့် အထက်ဝယ်ယူရင် 10% discount လဲရှိသေးတယ်နော် 🤗

📍📍ဒါလေးတွေက page မှာမတင်ခင် အပြင် customer လေးတွေကိုရောင်းထားတာမို့ အရေအတွက်နည်းနည်းပဲရှိပါမယ်ရှင် 🥺

👉ကြိုက်နှစ်သက်ရင် messenger ကနေမှာယူနိုင်ပါတယ်ရှင့် 😊

🚛ရန်ကုန်မြို့တွင်းဆိုရင် ဒီနေ့မှာ မနက်ဖြန်ရပါတယ်နော်
🚛နယ်ဆိုရင်တော့ မှာယူပီး 2-3 ရက်အတွင်းပို့ပေးပါတယ်ရှင်

Hello Elisa လေးတို့ရေ 🙋‍♀️  bracelet Price – 6000 MMK for one pairElisa တို့ကိုမင်မင်က Couple Bracelet လေးတွေနဲ့မိတ်ဆက်ပ...
12/12/2021

Hello Elisa လေးတို့ရေ 🙋‍♀️
bracelet
Price – 6000 MMK for one pair

Elisa တို့ကိုမင်မင်က Couple Bracelet လေးတွေနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင် 🙆‍♀️

🌈အခုလို December ခရီးသွားကာလမှာ

👩‍❤️‍👨Couple လေးတွေအနေနဲ့ ခရီးသွားရင်း ဆင်တူ Bracelet လေးတွေနဲ့ Ro နိုင်သလို

👭သူငယ်ချင်းတွေ ဆင်တူဝတ်ပီးလဲ Friendship Goal Photo shoot လို့ရတယ်နော်

တယောက်ထဲလဲ မင်မင်လိုရိုက်ပီး လှလို့ရပါတယ်ရှင် 😎

ဘယ်မှမသွားပဲ အိမ်မှာဝတ်ထားချင်လဲ Elisa လေးတို့သဘောပါရှင် 💁‍♀️

👉ရရှိနိုင်တဲ့ အရောင်လေးတွေကတော့
Black (အမဲ)
White (အဖြူ)
Grey (မီးခိုး)
Red (အနီ)
Red Wine (နီညို)
Dark Green (အစိမ်းရင့်)
Dark Blue (နက်ပြာ)

👉 တမျိုးကိုအရေအတွက်နည်းနည်းပဲပါလို့ ဦးသူယူပါနော်
👉 ကြိုက်နှစ်သက်တယ်ဆိုရင် Messenger မှာမြန်မြန် လာမှာလိုက်တော့နော် 💁‍♀️

🚛ရန်ကုန်မြို့တွင်းဆိုရင် ဒီနေ့မှာ မနက်ဖြန်ရပါတယ်နော်
🚛နယ်ဆိုရင်တော့ မှာယူပီး 2-3 ရက်အတွင်းပို့ပေးပါတယ်ရှင့်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Elise posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share