06/02/2021
တကယ် မသုံးစေချင်ရင်
အင်တာနက်ကို ရခိုင်ကို ပိတ်သလိုပိတ်ချမှာပါ
Vpn နဲ့ သုံးလို့ရတာကို သူတို့ မသိဘူးမထင်ပါနဲ့
သိပါတယ်
Facebook ကို သူတို့ကြောက်တဲ့အရာလို့
လူတွေ ထင်အောင် ပိတ်ချတာပါ
လူတွေ က vpn ကျော်ပြီး သုံးကျပြီး
Facebook ကို သူတို့ ကြောက်တယ် ထင်နေကြတာပါ
အခုလဲ Twitter ကိစ္စလာပါပြီ
Twitter ကို ပိတ်ချပါတယ်
Trend လုပ်တဲ့ ကိစ္စတွေ သူတို့ကြောက်တယ် ထင်အောင်လုပ်လာပါတယ်
တကယ် က သူတို့ အဲ့လောက်မကြောက်ပါဘူး
ချစ်နိုင် (စိတ်ပညာ) လို လူမျိုးက သူတို့ကြောက်တဲ့
အရာကို လူတွေ ကို လွယ်လွယ်ပေးသိမှာမဟုတ်ပါဘူး
သူတို့ကြောက်တဲ့အရာတွေ လူထု လုပ်မလာအောင်
သူတို့ကြောက်တဲ့အရာတွေဆီ လူထု အာရုံရောက်မလာအောင်
တစ်ဖက်လှည့်နဲ့ ကြောက်ချင်ယောင်ဆောင်
စိတ်ကစားတာပါ
သူတို့တကယ် ကြောက်တဲ့ အရာက တော့
Civil Disobedience Moment ပါ
ဘယ်လောက်ကြောက်သလဲ ဆို Red Ribbon Movement လိုအရာမျိုးနဲ့ လူထု ကို
ရောထွေးအောင်လုပ်ပြီး ဓာတ်ပုံလေးရိုက်ပြီး
ရုံးပြန်တက်အောင် လုပ်တယ်
Civil Disobedience မှာ ပါဝင်ကြတဲ့ သူတွေ ကို
ထွက်စာတင်ရမယ်တွေ အရေးယူမယ်တွေထိ
ချိန်းခြောက်လာတာကြည့်ပါ
လူထု ညီပြီး အလုပ်မသွား အလုပ်မလုပ်ပဲ ဆန္ဒပြကြရင် သူတို့အုပ်ချုပ်လို့မရပါဘူး
ဆေးကုမယ့်သူမရှိ
စာသင်မယ့်သူမရှိ
နည်းပညာ ပိုင်း လုပ်မယ့်သူမရှိ
အင်ဂျင်နီယာမရှိ
ဆက်သွယ်ရေးလုပ်မယ့်သူမရှိ
အမှိုက်သိမ်းမယ့် သူမရှိ
စိုက်ပျိုးတဲ့သူမရှိ
ပို့ဆောင်ရေးလုပ်မယ့်သူမရှိတဲ့ တိုင်းပြည်ကို
အုပ်ချုပ်ရတဲ့ သူဘဝကို မြင်ကြည့်ပါ
အုန်းရေသောက်ချင်လို့ အုန်းသီးဝယ်ပြီးကာမှ
အရည်မပါတဲ့အသီး အဖက်မပါတဲ့ အသီးကို ရသလိုဖြစ်မှာပါ
Civil Disobedience Movement က
အထိရောက်ဆုံးပါ
ဝန်ထမ်း အားလုံးညီပြီး CDM လုပ်ကြမယ်ဆိုရင်
စစ်အာဏာရှင် မပြောနဲ့
ကျွန်တော်တို့
ထောက်ခံတဲ့လူထု အစိုးရဆိုရင်တောင် မရပ်တည်နိုင်ပါဘူး
အဲ့တော့ CDM ကပဲ စစ်အာဏာရှင်ကိုဖြုတ်ချနိုင်မှာပါ
နောက်ပိုင်း လက်နက်အားကိုးပြီး
အာဏာသိမ်းချင်တဲ့ သူတွေ ကိုလဲ
လူထု လက်မခံရင် CDM နဲ့ ဖြုတ်ချလို့ရကြောင်း
အာဏာသိမ်းရင် အခွံတိုင်းပြည်ကိုသာအုပ်ချုပ်ရမှာဖြစ်ကြောင်း ဥပမာ ပြထားရမှာပါ
CDM နဲ့ပဲ စစ်အာဏာရှင်ကို ဖြုတ်ချနိုင်မှာပါ
အဲ့တော့ ဝန်ထမ်းအားလုံး CDM မှာ ပါဝင်ပါ
မြန်မြန်နဲ့ ထိရောက်အောင်လုပ်ရမှာပါ
အချိန်ကြာလာရင် အာဏာရှင် ပြင်ဆင်ချိန်ရသွားပါလိမ့်မယ်
အဲ့တော့ အခု တစ်ရက်နှစ်ရက်အတွင်း
အကုန်ပါဝင်မှ ရမှာပါ
ဝန်ထမ်းဌာနတွေအကုန်မပါဝင်ရင်
ရှေ့က ဦးဆောင်လုပ်ထားတဲ့ ဌာနတွေပဲ
ဒုက္ခရောက်မှာပါ
အကုန်ပါဝင်လာရင်တော့ စစ်အာဏာရှင်ကို
ဖြုတ်ချနိုင်မှာပါ
ဒီတစ်ခေါက်တော့ငါတို့ညီကြရအောင်ပါ ညီအကိုမောင်နှမတို့
#စစ်အာဏာရှင်စနစ်ကျရှုံးပါစေ
ူးပြီးပြန်တင်ပေးကြပါ