KMT Gift & Digital Printing Servies

KMT Gift & Digital Printing Servies Gift Shop And Printing Services

20/04/2020
ဒုတိယအသုတ် ထပ်တိုးမရှိပါCOVID-19 ရောဂါအတွက် ဓာတ်ခွဲစစ်ဆေးမှုအခြေအနေ(၁၇-၄-၂၀၂၀)  ရက်နေ့၊ နံနက် (၂:၀၀)နာရီ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄...
16/04/2020

ဒုတိယအသုတ် ထပ်တိုးမရှိပါ

COVID-19 ရောဂါအတွက် ဓာတ်ခွဲစစ်ဆေးမှုအခြေအနေ
(၁၇-၄-၂၀၂၀) ရက်နေ့၊ နံနက် (၂:၀၀)နာရီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် (၁၆-၄-၂၀၂၀) ရက်နေ့တွင် ရောဂါစောင့်ကြည့်လူနာ (၁၁၀) ဦး နှင့် အသွားအလာ ကန့်သတ်ခြင်း/ တားမြစ်ခြင်း ဆောင်ရွက်ထားရှိသူ (၁၅၉) ဦး၊ စုစုပေါင်း (၂၆၉) ဦး၏ ဓာတ်ခွဲနမူနာများအား စစ်‌ဆေးခဲ့ရာ ဓာတ်ခွဲနမူနာအားလုံးတွင် COVID-19 ရောဂါပိုးမတွေ့ရှိပါ။

မှတ်ချက် ။ ။ အဆိုပါ ဓာတ်ခွဲနမူနာများအား ပထမအသုတ်အနေဖြင့် ဓာတ်ခွဲနမူနာ (၁၀၂) ခုကို စစ်ဆေးခဲ့ပြီး အားလုံးတွင် COVID-19 ရောဂါပိုးမတွေ့ရှိကြောင်းအား ယမန်နေ့ (၁၆-၄- ၂၀၂၀) ည (၈) နာရီတွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

ပထမအသုတ် ထပ်တိုးမရှိပါCOVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၁၆-၄-၂၀၂၀)  ရက်နေ့၊ ည (၈:၀၀)နာရ...
16/04/2020

ပထမအသုတ် ထပ်တိုးမရှိပါ

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁၆-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် (၁၆-၄-၂၀၂၀) ရက်နေ့၊ နံနက် ပိုင်းအထိ စောင့်ကြည့်လူနာနှင့် အသွားအလာကန့်သတ်ထားသူ စုစုပေါင်း (၃,၂၃၆) ဦး၏ ဓာတ်ခွဲ နမူနာများကို စစ်ဆေးခဲ့ရာ (၈၅) ဦးတွင် COVID-19 ရောဂါ ကူးစက်ခံရကြောင်း အတည်ပြုနိုင်ခဲ့ပြီး (၃,၁၅၁) ဦးတွင် ရောဂါပိုးမရှိကြောင်း တွေ့ရှိခဲ့ရပါသည်။

၂။ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၇၉)ဦးအား အောက်ပါဇယားအတိုင်း သက်ဆိုင်ရာ ဆေးရုံများတွင် လိုအပ်သလို ကုသမှုပေးလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ် ကောင်းမွန်လျက်ရှိပါသည်။

၃။ (၁၅-၄-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၁၆-၄-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၁၁၉)ဦး ရှိပါသည်။

၄။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က (၁၆-၄-၂၀၂၀) ရက်နေ့တွင် ရောဂါစောင့်ကြည့်လူနာနှင့် အသွားအလာ ကန့်သတ်ခြင်း/ တားမြစ်ခြင်း ဆောင်ရွက်ထားရှိသူ စုစုပေါင်း (၁၀၂) ဦး၏ ဓာတ်ခွဲနမူနာများအား (ပထမအသုတ်) အနေဖြင့် စစ်‌ဆေးခဲ့ရာ ဓာတ်ခွဲနမူနာအားလုံးတွင် COVID-19 ရောဂါပိုးမတွေ့ရှိပါ။

16/04/2020
+ 11Total  85COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၁၆-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ▄▄...
16/04/2020

+ 11
Total 85

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁၆-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် (၁၅-၄-၂၀၂၀) ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပေးပို့လာသော COVID-19 ရောဂါ စောင့်ကြည့်လူနာနှင့် အသွားအလာ ကန့်သတ်ခြင်း/ တားမြစ်ခြင်း ဆောင်ရွက်ထားရှိသူ စုစုပေါင်း (၄၀၀) ဦး၏ ဓာတ်ခွဲ နမူနာများအား စစ်ဆေးခဲ့ပါသည်။

၂။ အဆိုပါ ဓာတ်ခွဲနမူနာများအနက် (၁၂၈) ဦး၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုး မတွေ့ရှိရကြောင်းကို (၁၅-၄-၂၀၂၀) ရက်နေ့၊ ည (၈) နာရီ သတင်းတွင် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ (၁၆-၄-၂၀၂၀) ရက်နေ့၊ နံနက် (၃) နာရီအချိန် ထုတ်ပြန်ချက်အရ ကျန်ရှိသည့် (၂၇၂) ဦး၏ ဓာတ်ခွဲနမူနာများအနက် ဇယား (၁) ၌ ဖော်ပြထားသော (၁၁) ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိရပြီး ကျန် (၂၆၁) ဦး၏ ဓာတ်ခွဲနမူနာ များတွင် COVID-19 ရောဂါပိုး မတွေ့ရှိပါ။

၄။ မြန်မာနိုင်ငံတွင် ယခုအချိန်အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၈၅) ဦးရှိပြီ ဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၁) ဦးအား သက်ဆိုင်ရာဆေးရုံများသို့ လွှဲပို့၍ ကုသမှုပေးသွားမည်ဖြစ်ပါသည်။

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၁၅-၄-၂၀၂၀)  ရက်နေ့၊ ည (၈:၀၀)နာရီ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄...
15/04/2020

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁၅-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် (၁၅-၄-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းအထိ စောင့်ကြည့်လူနာနှင့် အသွားအလာကန့်သက်ထားသူ များ စုစုပေါင်း (၂,၈၄၁) ဦး၏ ဓာတ်ခွဲနမူနာများကို စစ်ဆေးခဲ့ရာ (၇၄) ဦးတွင် COVID-19 ရောဂါ ကူးစက်ခံရကြောင်း အတည်ပြုနိုင်ခဲ့ပြီး (၂,၇၆၇)ဦးတွင် ရောဂါပိုးမရှိကြောင်း တွေ့ရှိခဲ့ရပါသည်။

၂။ COVID-9 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၆၈)ဦးအား အောက်ပါဇယားအတိုင်း သက်ဆိုင်ရာဆေးရုံများတွင် လိုအပ်သလို ကုသမှုပေးလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေ အနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိပါသည်။

၃။ (၁၄-၄-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၁၅-၄-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀)နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၁၀၉)ဦး ရှိပါသည်။

၄။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က (၁၅-၄-၂၀၂၀)ရက်နေ့တွင် COVID-19 ရောဂါစောင့်ကြည့်လူနာနှင့် အသွားအလာ ကန့်သတ်ခြင်း/ တားမြစ်ခြင်း ဆောင်ရွက်ထားရှိသူ စုစုပေါင်း (၁၂၈) ဦး၏ ဓာတ်ခွဲနမူနာများအား (ပထမအသုတ်) အနေဖြင့် စစ်‌ဆေးခဲ့ရာ ဓာတ်ခွဲနမူနာအားလုံးတွင် COVID-19 ရောဂါပိုးမတွေ့ရှိပါ။

14/04/2020

ကိုယ်နဲ့အနီးအနားမှာ COVID-19 ဓာတ်ခွဲအတည်ပြုလူနာရှိမရှိ သိနိုင်မယ့် application တစ်ခုထွက်ရှိလာပါတယ်။ အဲဒီ app နာမည်က MyamarCovid19M...

+ 1  Total  63COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၁၄-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ▄▄▄▄▄▄...
14/04/2020

+ 1 Total 63

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁၄-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်‌‌ခြင်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့များ၊ အခြားဌာနဆိုင်ရာများနှင့် ချိတ်ဆက်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိပါသည်။

၂။ (၁၃-၄-၂၀၂၀) ရက်နေ့၊ ညနေ (၆)နာရီမှ (၁၄-၄-၂၀၂၀)ရက်နေ့၊ ညနေ (၆)နာရီအထိ စောင့်ကြည့်လူနာအသစ် (၁၂၃) ဦး ရှိပါသည်။

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၏ (၁၄-၄-၂၀၂၀)ရက်နေ့၊ ည‌ (၇)နာရီအချိန် ထုတ်ပြန်ချက်အရ COVID-19 ရောဂါစောင့်ကြည့်လူနာနှင့် အသွားအလာကန့် သတ်ခြင်း/ တားမြစ်ခြင်း ဆောင်ရွက်ထားရှိသူ စုစုပေါင်း (၉၁)ဦးအား ပထမအသုတ်အနေဖြင့် စစ်‌ဆေးခဲ့ရာ (ဇယား-၁) တွင် ဖော်ပြထားသူ (၁)ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိရသဖြင့် ၎င်း အားသက်ဆိုင်ရာဆေးရုံသို့ ပို့ဆောင်၍ ကုသမှုပေးရန် ဆက်လက်စီစဉ်ဆောင်ရွက်သွား မည်ဖြစ်ပြီး ကျန် (၉၀)ဦးတွင် COVID-19 ရောဂါပိုး မတွေ့ရှိပါကြောင်း သိရှိရပါသည်။

၄။ ယခုအချိန်အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၆၃)ဦး တွေ့ရှိပြီးဖြစ်ကာ ၎င်းတို့အနက် -

• ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ဆေးရုံတွင် (၃) ဦး၊

• ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၄၉) ဦး၊

• ရှမ်း ပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် (၁)ဦး၊

• မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁) ဦး၊

• စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁)ဦးနှင့်

• ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့တွင် (၁)ဦး၊

• ယခုသတင်းတွင် ဖော်ပြထားသည့် ဓာတ်ခွဲအတည်ပြုလူနာသစ် (၁)ဦး၊ စုစုပေါင်း (၅၇)ဦး၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိပါသည်။

• COVID-19 ရောဂါပိုးကင်းစင်၍ ဆေးရုံဆင်းခွင့်ပြုခဲ့ပြီး ရောဂါစောင့်ကြည့်လူနာနှင့် အသွားအလာကန့် သတ်ခြင်း/ တားမြစ်ခြင်း (Quarantine) ဆက်လက် ဆောင်ရွက် ထားရှိသူ (၂)ဦးနှင့် သေဆုံးသူ (၄)ဦးတို့ ဖြစ်ပါသည်။

၅။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါနှင့်ပတ်သက်၍ သတင်းထုတ်ပြန်မှုအား (၁၅-၄-၂၀၂၀) ရက်နေ့မှစ၍ နံနက် (၉)နာရီမှ (၁၀) နာရီအကြားတွင် တစ်ကြိမ်နှင့် ည (၈)နာရီမှ (၉) နာရီအကြားတွင် တစ်ကြိမ်တို့ဖြင့် ထုတ်ပြန်သွားမည်ဖြစ်ပါသည်။

Total 62COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၁၄-၄-၂၀၂၀) ရက်နေ့၊ နံနက် (၀၀:၁၅) နာရီ ▄▄▄▄▄▄...
13/04/2020

Total 62

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁၄-၄-၂၀၂၀) ရက်နေ့၊ နံနက် (၀၀:၁၅) နာရီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၁၃-၄-၂၀၂၀) ရက်နေ့ ည COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှု တတိယအသုတ် (၁၃-၄-၂၀၂၀ အတွက် နောက်ဆုံး) အဖြစ် ဓာတ်ခွဲနမူနာ (၁၂၃) ခု အား ထပ်မံစစ်ဆေးခဲ့ပါသည်။

၂။ ၎င်းတို့အနက် အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် ကုသမှုပေးလျက်ရှိသူ (၈) ဦးနှင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် ကုသမှုပေးလျက်ရှိသူ (၁) ဦး၊ စုစုပေါင်း (၉) ဦးတို့၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုး တွေ့ရှိရပါသည်။

၃။ ကျန်ဓာတ်ခွဲနမူနာ (၁၁၄) ခုတွင် COVID-19 ရောဂါပိုးမတွေ့ရှိပါ။

၄။ သို့ဖြစ်ပါ၍ (၁၃-၄-၂၀၂၀) ရက်နေ့တွင် ဓာတ်ခွဲနမူနာ စုစုပေါင်း (၃၀၉) ခု အား စစ်ဆေးခဲ့ရာ ဇယား (၁) ပါ (၂၁) ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ရပါသည်။ လက်ရှိတွင် ၎င်းတို့အားလုံး၏ ကျန်းမာရေး အခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိပါသည်။

၅။ ဓာတ်ခွဲအတည်ပြုလူနာများကို သက်ဆိုင်ရာဆေးရုံကြီးများသို့ ပို့ဆောင်၍ လိုအပ်သလို ကုသမှုပေးသွားမည်ဖြစ်ပါသည်။

Address

No. 191, Min Ye Kyaw Swar Street 4, South Okkalapa Tsp
Yangon
11091

Telephone

+959264388966

Website

Alerts

Be the first to know and let us send you an email when KMT Gift & Digital Printing Servies posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KMT Gift & Digital Printing Servies:

Share