YGN Food Box

YGN Food Box Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from YGN Food Box, Shopping & retail, No. 50, San Chaung Townshop, Yangon.

ကျန်းမာရေးအတွက် အရမ်းကောင်းလွန်းတဲ့ (မျောက်ငိုသီး) လေးကို မှာယူစားသုံးချင်တယ်ဆိုရင် ☎ - 09401554625☎ - 09696740921 ထံ ဆက...
13/10/2020

ကျန်းမာရေးအတွက် အရမ်းကောင်းလွန်းတဲ့ (မျောက်ငိုသီး)
လေးကို မှာယူစားသုံးချင်တယ်ဆိုရင်
☎ - 09401554625
☎ - 09696740921 ထံ ဆက်သွယ်မှာယူလို့ရပါတယ်
ရန်ကုန်မြို့ အတွင်း Delivery Free အနေနဲ့ပို့ဆောင်ပေးပါတယ်
အာဟာရဓာတ်ကြွယ်ဝတဲ့
မျောက်ငိုသီး ရဲ့ကျန်းမာရေးအကျိုးကျေးဇူး များကို
ဖော်ပြပေးထားပါတယ် ၊ အရသာလဲ အထူး အရမ်းကောင်းမွန်ပါတယ်
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻
🇺🇾စျေးကွက်မှာသိပ်မတွေ့ရပေမယ့် အွန်လိုင်းကတဆင့် တခုတ်တရမှာယူစားသုံးကြတဲ့ သွင်းကုန်အစားအသောက်တွေထဲ မျောက်ငိုသီးတွေလည်းပါဝင်ပါတယ်။ တညင်းသီးနဲ့တူတယ်ဆိုတဲ့ သူ့ရဲ့အရသာကို မစားဖူးသေးသူတွေရှိပေမယ့် နှစ်သက်သူတွေကတော့ သူူ့အရသာကိုစွဲလမ်းလို့ ထိုင်းစားသောက်ကုန်တင်သွင်းသူတွေဆီအွန်လိုင်းကနေ မှာယူကြရပါတယ်။ သူ့ရဲ့ကျန်းမာရေးကောင်းကျိုးတွေကို သိပ်မသိဘဲနဲ့တောင် မျောက်ငိုသီးကြိုက်တဲ့သူတွေက ဘာကြောင့်မှန်းမသိ ကြိုက်နေကြတာဖြစ်ပါတယ်။
🗨
မျောက်ငိုသီးမှာက ပရိုတင်း၊ အကျိုးပြုအဆီဓာတ်တွေ၊ အမျှင်ဓာတ်၊ သံဓာတ်၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊မဂ္ဂနီဆီယမ်၊ဇင့်၊ ကော့ပါးနဲ့ ဗီတာမင်တွေစုံလင်အောင် ပါဝင်လို့ တကယ့်ရတနာသိုက်လို့တောင် တင်စားကြပါတယ်။ ဒီလိုပြောကြတဲ့ မျောက်ငိုသီးက ဘယ်လောက်စွမ်းနေလို့လဲဆိုတာ လေ့လာကြည့်တော့ ဒီအချက်တွေကို သိလာရပါတယ်။ အိန္ဒိယ၊အင်ဒိုနီးရှား၊မလေးရှားနဲ့ ထိုင်းနိုင်ငံတို့မှာ လူကြိုက်များကြတဲ့ မျောက်ငိုသီးက –
♻️♻️♻️♻️♻️
အရိုးကျန်းမာစေတယ်
🗨
မျောက်ငိုသီး ၁၀၀ ဂရမ်မှာ ဖော့စဖရပ်စ်ပမာဏ ၁၁၅ မီလီဂရမ်ပါဝင်ပြီး ဒါဟာ တစ်နေ့တာလိုအပ်တဲ့ပမာဏရဲ့ ၁၄ ရာခို်င်နှုန်းလောက်ရှိပါတယ်။ ဖော့စဖရပ်စ်ဟာ အရိုးပွခြင်းကိုကာကွယ်ပေးပြီး ခန္ဓာကိုယ်ထဲက ပုံမှန်ဆဲလ်လုပ်ဆောင်ချက်တွေကို ထောက်ပံ့ပေးဖို့ မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဒီသတ္တုဓာတ်က သွားကျန်းမာရေးအတွက်လည်း မရှိမဖြစ်လိုအပ်တဲ့ဓာတ်ဖြစ်ပါတယ်။
♻️♻️♻️♻️♻️
ဦးနှောက်ကျန်းမာစေတယ်
🗨
လူ့ခန္ဓာကိုယ်ရဲ့အာရုံကြောစနစ်နဲ့ ဦးနှောက်လုပ်ဆောင်ချက်တွေကို မှန်ကန်စေဖို့က ပိုတက်စီယမ်လုံလောက်မှဖြစ်မှာပါ။ ပိုတက်စီယမ်ချို့တဲ့ရင် ရေဓာတ်ဆုံးရှုံးခြင်း၊ ပြင်းထန်တဲ့ခေါင်းကိုက်ခြင်း၊ ဂလင်းတွေနဲ့တစ်ရှူးတွေရောင်ရမ်းခြင်း၊ ရင်တုန်ပန်းတုန်ဖြစ်ခြင်းစတဲ့ လက္ခဏာတွေဖြစ်လာနိုင်တယ်။ မျောက်ငိုသီး ၁၀၀ ဂရမ်မှာ ပိုတက်ဆီယမ် ၃၄၁ မီလီဂရမ် လောက်ပါဝင်နေတာဖြစ်ပါတယ်။
♻️♻️♻️♻️♻️
စိတ်ကြည်စေတယ်
🗨
သူ့မှာပါတဲ့ မဂ္ဂနီဆီယမ်ဟာ ဆဲလ်တွေအားလုံးနီးပါးမှာ ပါရှိတဲ့ မရှိမဖြစ်သတ္တုဓာတ်တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်အတွင်း ဓာတုဓာတ်ပြုမှု ၅၀၀ ကျော်အတွက် အသုံးဝင်တဲ့ဓာတ်ဖြစ်ပါတယ်။ မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့အစားအစာတွေပုံမှန်စားသုံးရင် စိတ်ကြည်စေတယ်၊ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်နိုင်စွမ်းတွေပိုကောင်းစေတယ်။
♻️♻️♻️♻️♻️
သွေးအားကောင်းစေတယ်
🗨
သွေးအားကောင်းဖို့အတွက် သံဓာတ်ကအရေးကြီးပါတယ်။ သံဓာတ်မလုံလောက်တဲ့အခါ ခန္ဓာကိုယ်က အောက်ဆီဂျင်ပေးပို့ဖို့ခက်ခဲလာပြီး လူကမောပန်းလွယ်၊ စိတ်ရောလူရော အားကုန်စေပါတယ်။ မျောက်ငိုသီး ၁၀၀ ဂရမ်မှာ သံဓာတ်က ၂.၇ မီလီဂရမ်ပါဝင်တာကြောင့် တစ်နေ့တာလိုအပ်တဲ့ပမာဏရဲ့ ၁၅ ရာခိုင်နှုန်းလောက်ရရှိနိုင်ပါတယ်။
♻️♻️♻️♻️♻️
ပရိုတင်းကြွယ်ဝတယ်
🗨
ကိုယ်တွင်းအင်္ဂါတွေ၊ ကြွက်သားနဲ့ ကိုယ်ခံအားစနစ်တို့ကို ပရိုတင်းဓာတ်နဲ့ဖွဲ့စည်းထားတာဖြစ်သလို ခန္ဓာကိုယ်အတွင်းက တစ်ရှူးတွေ အစားထိုးဖြစ်ပေါ်ခြင်း၊ ထိန်းသိမ်းခြင်း၊တည်ဆောက်ခြင်းတို့အတွက်လည်း အထောက်အကူပေးပါတယ်။ ပရိုတင်းကြွယ်ဝတာတွေစားရင် မကောင်းတဲ့ကိုလက်စထရောဓာတ်တွေကို လျော့နည်းစေနိုင်ပါသေးတယ်။ မျောက်ငိုသီး ၁၀၀ ဂရမ်မှာ ပရိုတင်းဓာတ်က ၁၆ မီလီဂရမ်ပါဝင်တာကြောင့် တစ်နေ့တာလိုအပ်တဲ့ပမာဏရဲ့ ၁၇ ရာခိုင်နှုန်းလောက်ရရှိနိုင်ပါတယ်။
ကယ်လ်စီယမ်လည်းရနိုင်တယ်

ကြွက်သားကျုံ့ဆန့်နိုင်စွမ်း၊ အာရုံကြောနှိုးဆွမှုပေးပို့ခြင်း၊သွေးတိတ်နိုင်စွမ်းတို့လို ခန္ဓာကိုယ်လုပ်ဆောင်ချက်အမျိုးမျိုးအတွက် ကယ်လ်စီယမ်ကို မရှိမဖြစ်လိုအပ်ပါတယ်။ မျောက်ငိုသီး ၁၀၀ ဂရမ်မှာ ပရိုတင်းဓာတ်က ၁၈၅ မီလီဂရမ်ပါဝင်တာကြောင့် တစ်နေ့တာလိုအပ်တဲ့ပမာဏရဲ့ ၁၈ ရာခိုင်နှုန်းလောက်ရရှိနိုင်ပါတယ်။

ဆီးချိုထိန်းတယ်

မျောက်ငိုသီးရဲ့ အာနိသင်တွေထဲမှာ သွေးတွင်းသကြားဓာတ်ကိုထိန်းနိုင်တဲ့အစွမ်းသတ္တိလည်းပါဝင်ပါတယ်။

ဓာတ်တိုးဆန့်ကျင်အာနိသင်ရှိတယ်

phenolic ဒြပ်ပေါင်းတွေကြွယ်ဝလို့ ဘက်တီးရီးယားသေစေပြီး ရောဂါပိုးဝင်ခြင်းကာကွယ်ုနိုင်တဲ့အစွမ်းနဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေပါဝင်တယ်၊ ကင်ဆာကာကွယ်နိုင်ပါတယ်။

သတိထားစရာရှိတာက –

ကျန်းမာရေးအကျိုးကျေးဇူးများတယ်ဆိုပြီး တစ်ကြိမ်တည်းအများကြီးတော့ စားဖို့မသင့်ပါဘူး။ တန်ဆေးလွန်ဘေး ဆိုသလို သိပ်များလွန်းရင် သူ့မှာအမိုင်နိုအက်စစ်ပါဝင်မှုများလို့ ကျောက်ကပ်ထိခိုက်နိုင်ပါတယ်။

တခြားပဲတွေလိုပဲ သူ့မှာ purine ပမာဏ အတော်အသင့်ပါဝင်ပါတယ်။ ဒီပဲကို ရေစိမ်ထားတဲ့အခါ ယူရစ်အက်စစ်တွေ တော်တော်လျော့သွားစေနိုင်ပါတယ်။

ဘေးထွက်ဆိုးကျိုးနည်းအောင် ကြိုတင်ဂရုစိုက်တဲ့အနေနဲ့ သူ့ကိုရေစိမ်ပြီးမှ ချက်ပြုတ်ပါ။

မော်လမြိုင်(ပန်းရောင်)(အဖြူရောင်)  ကျွဲကောသီး မှာယူစားသုံးချင်တယ်ဆိုရင် တော့ 🤗 အခုပဲ အောက်ပါ ဖုန်းနံပတ်လေးကို ဆက်သွယ်မှာ...
13/10/2020

မော်လမြိုင်(ပန်းရောင်)(အဖြူရောင်) ကျွဲကောသီး မှာယူစားသုံးချင်တယ်ဆိုရင် တော့ 🤗
အခုပဲ အောက်ပါ ဖုန်းနံပတ်လေးကို ဆက်သွယ်မှာယူနိုင်ပါ တယ်
☎ - 09401554625
☎ - 09696740921
တစ်လုံး👉၂၀၀၀ကျပ် ပါ
ရန်ကုန်မြို့ နယ်အတွင်း Delivery Free နဲ့ပို့ဆောင်ပေးပါတယ်
အရည်ရွှမ်းအချိုသီးပါ - ကျန်းမာရေးအတွက်အထူးကောင်းမွန်ပါတယ်
ကျွဲကောသီး စားသုံး ခြင်း ဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများကို
အောက်တွင်းဖော် ပြ ပေးထားပါတယ် ကျေးဇူးတင်ပါတယ် 🤝
⏬⏬⏬⏬⏬⏬⏬⏬⏬⏬⏬⏬⏬⏬

ကျွဲကောသီးသည် အချဉ်ဓာတ် အက်ဆစ်ပါရှိသော အသီးမျိုးနွယ်ဝင်ဖြစ်ပြီး၊ ကမ္ဘာပေါ်ရှိ အချဉ်သီးမျိုးနွယ်ထဲတွင် အကြီးဆုံးအမျိုးအစား ဖြစ်ပါသည်။ အရှေ့တောင်အာရှနိုင်ငံများဖြစ်သော တရုတ်နှင့် အိန္ဒိနယ်စပ်တို့တွင် စတင် ပေါက်ရောက်ကြပြီး၊ ဂျပန်၊ ကာရေဘီယန် နှင့် အမေရိကန်ပြည်ထောင်စုတို့တွင်လည်း ကျယ်ကျယ်ပြန့်ပြန့်တွေ့ မြင်ရပါသည်။ “တရုတ်ပြည်၏ဂရိတ်ဖရုသီး” အဖြစ် ခေါ်ဝေါ်လေ့ရှိပြီး၊ တရုတ်ရိုးရာများတွင် “ နမိတ်ကောင်းတဲ့ မင်္ဂလာရှိသောအသီး” အဖြစ် အခမ်းအနားများတွင် အသုံးပြုလေ့ရှိကြပါသည်။ မြန်မာပြည်တွင် မွန်ပြည်နယ်၊ မော်လမြိုင် နှင့် တနင်္သာရီတိုင်း၊ ထားဝယ်မြို့ တို့မှ ထွက်ရှိသော ကျွဲကောသီးက အလွန်နာမည်ကြီးပါသည်။ မိုးရာသီတွင် လှိုင်လှိုင်ပေါပါသည်။

1. ကျွဲကောသီး၏ အရည်က အစာအိမ်ကို အယ်ကာလိုင်းအဖြစ် ဓာတ်ပြုပေးနိုင်သောကြောင့်၊ အစာကိုကောင်းစွာ ချေဖျက်ပေးနိုင်ပါသည်။ ထမင်းစားသောက်ပြီးနောက် အစောကြေဆေးအဖြစ် ကျွဲကောသီးကို မှီဝဲနိုင်ပါသည်။ ဝမ်းချုပ်ခြင်းမှလဲ ကင်းဝေးစေနိုင်ပါသည်။

2. ကျွဲကောသီး၏အသား ကို ဖုံးအုပ်ထားသော အဖြူရောင်အခွံပါးလွှာထဲတွင် bioflavonoid ဓာတ် ပါရှိပေရာ၊ ထိုဓာတ်က ခန္ဓာကိုယ်ထဲရှိ ကင်ဆာဆဲလ်များပျံ့နှံ့မှု ကို လျှော့ချပေးနိုင်စွမ်းရှိပါသည်။ ထို့ပြင် ခန္ဓာကိုယ် အတွက် ပိုလျှံသော estrogen များကို ရှင်းလင်းပေးသည့်အတွက် ရင်သားကင်ဆာဆဲလ်များ ပြန့်ပွားမှုကို ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ပါသည်။ အစာအိမ် နှင့် မုန့်ချိုအိတ် ကင်ဆာတို့ကိုလဲ သက်သာ ပျောက်ကင်းစေနိုင်ပါသည်။ အူမကြီးကင်ဆာ ကို မဖြစ်စေနိုင်ပါ။

3. ဗီတာမင်စီ အမြောက်မြားပါရှိသည့်အတွက် သွေးလွှတ်ကြောများကို ဆန့်၊ ကျုံ့၊ ပျော့ပြောင်းစေနိုင်သည့်ပြင် pection ဓာတ် ပါရှိသဖြင့် သွေးလွှတ်ကြောများပိတ်ဆို့မှုမဖြစ်စေဘဲ၊ သွေးကို ကောင်းစွာစီးဆင်းလည်ပတ်စေနိုင်သဖြင့် နှလုံးကို ကျန်းမာစေပါသည်။ ထို့ပြင် ကျွဲကောသီးကို မှန်မှန်စားပေးခြင်းဖြင့် ကိုလက်စထရော ကျစေနိုင်သောကြောင့် နှလုံးရောဂါ ဖြစ်ပေါ်မှု အလားအလာကို ဟန့်တားပေးနိုင်ပါသည်။

4. ခန္ဓာကိုယ်အလေးချိန် ကျလိုသူများအတွက် ကျွဲကောသီးက ကောင်းကျိုးပြုပါသည်။ အင်ဇိုင်းကို လောင်ကျွမ်းစေပြီး၊ ခန္ဓာကိုယ်ထဲရှိ ကစီ နှင့် သကြား တို့ကို စုပ်ယူပေးသဖြင့် ကိုယ်အလေးချိန်ကို ကျစေပါသည်။ ထို့ပြင် ကျွဲကောသီးထဲ တွင် အမျှင်ဓာတ် အမြောက်အများပါရှိခြင်းကြောင့်၊ အစာခံနိုင်ပြီး၊ မကြာခဏ အစာစားချင် စိတ်ကို မဖြစ်ပေါ်စေပါဘူး။

ကျွဲကောသီးသည် ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်များကို ဖယ်ထုတ်ပေးကာ၊ သွေးကိုလဲသန့်စင်စေပါသည်။

5. ကျွဲကောသီး စားသုံးပေးခြင်းဖြင့် ပင်ပန်းနွမ်းလျခြင်း၊ အိပ်မပျော်ဘဲ မျက်စိ ကြောင်ခြင်း၊ လည်ပင်းနာခြင်း၊ နှင့် ဆီးချိုရောဂါတို့ကို သက်သာ ကောင်းမွန်စေနိုင်ပါသည်။ ကိုယ်ခံစွမ်းအားကိုလဲ တိုးတက် ကောင်းမွန်စေသော ကြောင့် အဖျားရောဂါများ မဖြစ်စေနိုင်ပါ။

6. ကျွဲကောသီးထဲတွင် ပိုတက်စီယမ် အမြောက်အများပါရှိသည့်အတွက်၊ သွေးကိုပုံမှန် ဖြစ်စေသဖြင့် သွေးတိုး ရောဂါဝေဒနာသည်များ စားသုံးသင့်ပါသည်။ ကျွဲကောသီးက သွေးတိုးရောဂါပျောက် ဆေးဝါးများထက် ပိုမို အစွမ်းထက်မြက်သည်ဟု ဆိုပါသည်။ ပန်းနာရင်ကျပ်ကိုလည်း သက်သာပျောက်ကင်းစေပါသည်။

7. ကိုယ်ဝန်ဆောင်မိခင်များ ခန္ဓာကိုယ်ဖောရောင်ခြင်းအတွက် ကျွဲကောသီး စားပေးသင့်ပါသည်။

8. ဗီတာမင်စီ အမြောက်အများပါရှိခြင်းကြောင့် အနာများကို ကျက်စေပါသည်။ သွားဖုံး သွေးယိုစီးခြင်းကို ကာကွယ်ပေးပြီး သွားများကို ခိုင်မာစေပါသည်။ ခံတွင်းရနံ့ဆိုးများ မဖြစ်ပေါ်စေပါ။ အအေးမိနှာစေး ချောင်းဆိုးခြင်းနှင့် ရာသီဖျားများကို အလွယ်တကူမကူးစက်စေနိုင်ပါ။

9. ကျွဲကောသီးထဲတွင် ပါရှိသော ပိုတက်စီယမ်က၊ အရိုးပွခြင်းကို ကာကွယ်ပေးနိုင်ပြီး၊ အရိုးကိုခိုင်မာစေပါသည်။ ထို့ပြင် ကြွက်သားများ ကျုံ့ခြင်းဆန့်ခြင်းကို အားပေးသဖြင့်ခြေသလုံးကြွက်သားများ ကြွက်တက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

10. သွေးအားနည်းရောဂါ မှလည်း ကာကွယ်ပေးနိုင်ပါသည်။

မိတ်ဆွေများအတွက် ကျန်းမာရေးနဲ့ညီညွတ်မဲ့ ချဉ်စော်ကားသီး လေးကို ဆက်သွယ်မှာယူလိုပါက 🍋🍋🍋📳 - 09401554625📳 - 09696740921 ဆက်သွ...
12/10/2020

မိတ်ဆွေများအတွက် ကျန်းမာရေးနဲ့ညီညွတ်မဲ့
ချဉ်စော်ကားသီး လေးကို ဆက်သွယ်မှာယူလိုပါက
🍋🍋🍋
📳 - 09401554625
📳 - 09696740921 ဆက်သွယ်မှာယူနိုင်ပါတယ်
ရန်ကုန်မြို့ အတွင်း Delivery Free ပါ
ချဉ်စော်ကားသီး စားသုံးခြင်း ဖြင့်ရရှိနိုင်မဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ ကို အောင်တွင်ဖော် ပြ ပေးထားပါတယ်
⏬⏬⏬⏬⏬⏬⏬⏬⏬⏬⏬⏬⏬⏬

သစ်သီးတွေက ကျန်းမာတဲ့ စားသောက်မှုပုံစံအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ သစ်သီးတွေက ခန္ဓာကိုယ် ကျန်းမာစေဖို့ လိုအပ်တဲ့ အာဟာရတွေ ကြွယ်ဝနေပါတယ်။ သရက်သီး၊ လိမ္မော်သီး၊ ငှက်ပျောသီး၊ နာနတ်သီး၊ ဖရဲသီး၊ စပျစ်သီး၊ ပန်းသီးတွေကို နေ့စဉ် စားဖြစ်ပေမယ့် ချဉ်စော်ခါးသီးလို အသီးမျိုးကျ နေ့စဉ် စားမိဖို့က မလွယ်ပါဘူး။

နေ့စဉ် အလွယ်တကူ မစားမိနိုင်တဲ့ ချဉ်စော်ခါးသီးလို အသီးတွေမှာလည်း ခန္ဓာကိုယ် ကျန်းမာစေဖို့လိုအပ်တဲ့ အာဟာရတွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီတစ်ခေါက်တော့ လူသိနည်းနေသေးတဲ့ ချဉ်စော်ခါးသီးလေးရဲ့ ကျန်းမာရေးအာနိသင်တွေအကြောင်း ပြောပြပေးသွားပါမယ်။

ချဉ်စော်ခါးသီး

အစိမ်းစားတာထက် အခြောက်ခံပြီး ဟင်းထဲထည့်ချက်တာ၊ အသီးကို ယိုထိုးစားတာက ပိုများပါ။ ပန်းသီး၊ သစ်တော်သီးတွေနဲ့ ခပ်ဆင်ဆင်တူပြီး အသားထူထူလေးပါ။ အခွံက အဝါရောင် ခပ်ဖျော့ဖျော့လေးပါ။

ဘယ်လို အာဟာရကြွယ်လဲ ……..

ဟင်းလျာတွေကို ချဉ်ချဉ်လေးနဲ့ ခံတွင်းတွေ့ အရသာတိုးစေတဲ့ ချဉ်စော်ခါးသီးမှာ

ကယ်လ်လိုရီ
ကာဗိုဟိုက်ဒရိတ်
ပရိုတင်း
အဆီဓာတ်
အမျှင်ဓာတ်
ဗီတာမင် C
copper
ပိုတက်ဆီယမ်
သံဓာတ်
မဂ္ဂနီဆီယမ်
phosphorus
ဗီတာမင် A
ကယ်လ်ဆီယမ် တို့ပါဝင်ပါတယ်။
ချဉ်စော်ခါးသီး နဲ့ ကျန်းမာရေး

ချဉ်စော်ခါးသီးလေးက

သွေးပေါင် ထိန်းညှိပေးတယ်

ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သွေးပေါင်ထိန်းညှိပေးနိုင်ပါတယ်။ သွေးတိုးတတ်သူတွေ စားသုံးပေးဖို့ သင့်တော်ပါတယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတယ်

ချဉ်စော်ခါးသီးမှ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်မှာ ဓာတ်တိုးပစ္စည်းတွေကြောင့် ဖြစ်တဲ့ ထိခိုက်မှုတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ နာတာရှည်ရောဂါတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

ဝမ်းချုပ် သက်သာစေတယ်

ချဉ်စော်ခါးသီးက အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အူတွေကို လှုပ်ရှားမှုကောင်းစေသလို အစာခြေစနစ် ကျန်းမာစေပါတယ်။ ဝမ်းချုပ်တာကို သက်သာစေသလို ဝမ်းပျက်ဝမ်းလျှောတာကိုလည်း ကာကွယ်ပေးပါတယ်။

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ်

လေ့လာမှုတွေအရ ချဉ်စော်ခါးသီးက ခန္ဓာကိုယ်တွင်း ကိုယ်ပ ဘက်တီးရီးယားတွေကို အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်တယ်၊ လို့ သိရပါတယ်။ ခံတွင်းမှာအနာဖြစ်တာကို သက်သာစေသလို အစာအိမ် အတွင်းနံရံတွေကို ကျန်းမာစေနိုင်ပါတယ်။

ဖျားနာမှုကို ကင်းစေပြီး အရေပြား ပိုးဝင်တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

နှလုံး ကျန်းမာစေတယ်

ချဉ်စော်ခါးသီးက သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို နှလုံးကျန်းမာစေဖို့လည်း အားဖြည့်ပေးပါတယ်။ သွေးတွင်းက အကျိုးမပြု ကိုလက်စထရောကို ကျဆင်းစေပြီး နှလုံးရောဂါ ခံစားရနိုင်ခြေကို လျှော့ချပေးပါတယ်။

အနာကျက် မြန်စေတယ်

ရှေးယခင်ကာလတွေကတည်း ချဉ်စော်ခါးသီးအစေ့ကို အနာကျက်စေဖို့ အသုံးပြုခဲ့ကြပါတယ်။ အနာကျက်မြန်စေသလို တစ်ရှူးတွေ ပြန်လည် ကျန်းမာလာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။

အနာပေါ်ကို ချဉ်စော်ခါးသီး အစေ့ကနေရတဲ့ အဆီကို လိမ်းပေးမယ်ဆိုရင် အနာကျက်မြန်စေပြီး တစ်ရှူးအသစ်တွေ ဖြစ်ပေါ်စေမှာပါ။ အပူလောင်တာ၊ ပြတ်ရှဒဏ်ရာတွေကို သက်သာစေမယ့် သဘာဝဆေးတစ်မျိုးပါ။

စားချဉ့်ရည်ပြန်ဆန်တက်ခြင်း (GERD) သက်သာစေတယ်

စားချဉ့်ရည်ပြန်ဆန်တက်ခြင်း (GERD) ဆိုတာက အစာခြေအက်ဆစ်တွေ အစာရေမြိုဆီ ပြန်ဆန်တက်လာတာပါ။ လက္ခဏာအနေနဲ့ကတော့ ရင်ပူတာ၊ မအီမသာဖြစ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

လေ့လာမှုတွေအရကတာ့ ချဉ်စော်ခါးသီး ဖျော်ရည်က ဒီကျန်းမာရေးပြဿနာကို သက်သာစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေတွေနဲ့ ကလေးတွေမှာဖြစ်တတ်တဲ့ GERD ပြဿနာ သက်သာစေဖို့လည်း အသုံးပြုလို့ရပါတယ်။

Menu For YGN Food Box  You can order for today special food Delivery free for south okkalapa township.Contact number-096...
28/09/2020

Menu For YGN Food Box
You can order for today special food
Delivery free for south okkalapa township.
Contact number-09696740921

Address

No. 50, San Chaung Townshop
Yangon

Alerts

Be the first to know and let us send you an email when YGN Food Box posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share