For U

For U Warmly Welcome!

မင်းဟာ အမြင့်မှာနေရင် လေတိုက်ခံရမယ်အနိမ့်မှာနေရင် လှံစိုက်ခံရမယ် ။အလယ်မှာနေရင် မင်းကိုပုခုံးချင်းယှဉ်တိုက်လိမ့်မယ်ဘေးထွက...
23/04/2023

မင်းဟာ အမြင့်မှာနေရင်
လေတိုက်ခံရမယ်
အနိမ့်မှာနေရင် လှံစိုက်ခံရမယ် ။

အလယ်မှာနေရင်
မင်းကိုပုခုံးချင်းယှဉ်တိုက်လိမ့်မယ်
ဘေးထွက်နေရင်
မကောင်းပြောကြလိမ့်မယ် ။

မင်းကမနေနိုင်လို့လုပ်ပေးတော့
အရူးထနေတာလို့ပြောကြမယ် ။

မင်းဘာမှမလုပ်ပဲနေတော့
မင်းကို ငပျင်းလို့ပြောကြလိမ့်မယ် ။

ဒီမှာ
မင်းကို မင်းရဲ့ပတ်ဝန်းကျင်က
ချီးမွန်းတဲ့စကားထက်
မင်းကိုကဲ့ရဲ့အပြစ်တင်ဖို့
မင်းရဲ့ မှားကွက်ကို
စောင့်နေကြတယ် ။

မင်းအောင်မြင်နေတဲ့အချိန်
မင်းကိုကပ်ဖားပြီး
မင်းကျရှုံးတဲ့အချိန်
မင်းကိုနှာခေါင်းရှုံ့ကြလိမ့်မယ် ။

မျက်နှာဖုံးစွပ်တွေများတဲ့
လောကကြီးထဲမှာ
မိတ်ဆွေကောင်း
အင်မတန်ရှားပါးတယ် ။

မင်းမှန်တယ်ထင်ရင်
တကယ်လည်းမှန်နေရင်
ပတ်ဝန်းကျင်ကို
မင်းသိပ်ပြီးဂရုမစိုက်နဲ့ ။

မင်းစားနေတဲ့ထမင်းလုပ်အတွက်
မင်းကိုယ်တိုင်
ကိုယ့်ဒူးကိုယ်ချွန်နေတာမို့
မင်းမှာ အဲ့လောက်တော့
မာန ရှိသင့်တယ် ။

အထီးကျန်နေရလို့လည်း
စိတ်မပျက်နဲ့
မှားယွင်းနေတဲ့ လူတွေနဲ့
ဆုံစည်းနေရတာထက်
တစ်ယောက်တည်းနေရတာက
ပိုကောင်းပါတယ် ။

ရုန်းကန်လှုပ်ရှားရအကောင်းဆုံး
အရွယ်မှာဇိမ်ခံသက်သာတဲ့လမ်းကို
မင်းမရွေးပါနဲ့ ။

တစ်သက်လုံး
ရေလိုက်ငါးလိုက်နေသွားဖို့က
လွယ်ကူပေမယ့်
ထိုးဖောက်ထွက်ဖို့ကျ
မင်းအတွက်ခက်ခဲသွားလိမ့်မယ် ။

Mahatma Gandhi ရဲ့
အဆို အမိန့်တစ်ခုရှိတယ်

The future depends on
what you do today "

မင်းရဲ့အနာဂါတ်ဟာ
မင်းဒီနေ့လုပ်ရပ်အပေါ်မှာပဲ
မူတည်ပါတယ် " တဲ့

ပြဿနာတိုင်းကို
အပြုံးလေးနဲ့ဖြေရှင်းလိုက်
ပြုံးနေခြင်းက
မင်းအတွက်အားသာချက်ပဲ
ဒါပေမယ့်
မဲ့ပြုံးတော့မဖြစ်စေနဲ့ပေါ့ ။

မင်းပတ်ဝန်းကျင်က
လူတွေကြောင့် စိတ်မညစ်နဲ့

လူတိုင်းက ကိုယ်နဲ့
ထပ်တူမကျနိုင်ဘူးဆိုတာ
မင်းမမေ့နဲ့

မင်းရင့်ကျက်လာတာနဲ့အမျှ
မင်းပတ်ဝန်းကျင်က
မင်းကိုမုန်းနေတဲ့သူတွေကို
မင်း ဥပေက္ခာပြုသွားနိုင်မှာပါ.....


စိတ်ဓာတ်ခွန်အားဖြစ်စေသော သုတရသစာပေများ

21/04/2023

၂၁ ရာစု = ယနေ့ခေတ်အမှန်တရား

အိမ်အကြီးကြီးတွေ ဆောက်ကြတယ်!
ဒါပေမယ့် မိသားစုဝင်အရေအတွက်ကတော့
နည်းသထက် နည်းလာကြတယ်!

ဘွဲ့တွေပိုပြီး ယူလာကြတယ်!
ဒါပေမယ့် ဘဝပေးအသိတွေက
ပိုပြီး နည်းလာကြတယ်!

ဆေးပညာက ပိုပို တိုးတက်လာပေမယ့်
လူတွေရဲ့ကျန်းမာရေးတွေက
ပိုပြီး မကောင်းတာတွေ ဖြစ်လာကြတယ်!

ဝင်ငွေတွေ မြင့်မားလာအောင်
အလုပ်တွေ ကြိုးစားပိုလုပ်လာကြပေမယ့်
စိတ်ရဲ့ငြိမ်းချမ်းခြင်းတွေကတော့
ပိုပိုနည်းပါးလာကြတယ်!

ဉာဏ်ရည်ဉာဏ်သွေးတွေ ပိုမိုမြင့်မားလာပေမယ့်
ခံစားမှုနဲ့ ကိုယ်ချင်းစာတရားတွေကတော့
ပိုပို နည်းပါးလာကြတယ်!

ဗဟုသုတေတြ တိုးလာကြပေမယ့်
ဆင်ခြင်တုံတရား နဲ့ ဉာဏ်ပညာတွေကတော့
ပိုပို နည်းပါးလာကြတယ်!

အချစ်ဇာတ်လမ်းတွေ အများကြီးရှိနေကြပေမယ့်
တကယ့် အချစ်စစ်စစ်တွေကတော့
ရှားပါးကုန်ကြတယ်!

Facebook မှာတော့
သူငယ်ချင်းတွေ အများကြီးပေမယ့်
တကယ့် အပြင်ဘဝမှာ ကိုယ့်အတွက်
သူငယ်ချင်း စစ်စစ်တွေမရှိကြတော့ဘူး!

ငွေတွေ ပေါလျှံနေကြပေမယ့်လည်း
မေတ္တာတရားတွေခေါင်းပါးလာကြတယ်!

အရက်တွေ များများသောက်လာကြပြီး
ရေကိုတော့ နည်းနည်းပဲသောက်ကြတော့တယ်!

လူဦးရေတွေအများကြီးတိုးလာပြီး
ကမ်ဘာကြီးမှာ လူတွေများလာပေမယ့်
လူသားဆန်မှုတွေကတော့ ပျောက်ကွယ်နေပြီ!

ဈေးကြီးတဲ့နာရီတွေပတ်ထားကြတယ်!
ဒါပေမယ့် အချိန်တွေမရှိကြဘူး!

လကမ်ဘာပေါ် ကိုသာ သွားနေ / ရောက်နေကြပေမယ့်
ကိုယ့်ဘေးက အိမ်နီးနားချင်းတွေကိုတော့
မသိကြတော့ပါဘူး!

Crd #
😁😁
မျှဝေသည်။

18/04/2023

အပြေး အလွန်မြန်တဲ့သူတွေလည်း
နောက်ဆုံး မောကြတာပါပဲ

ရုပ်ရည် အလွန်ချောမောသူတွေလည်း
နောက်ဆုံး အိုကြရတာပဲ။

အသက် အလွန်ရှည်တဲ့သူတွေလည်း
နောက်ဆုံး သေကြရတာပါပဲ။

ချစ်ခြင်း အလွန်ကြီး တွဲနေကြတဲ့သူတွေလည်း
နောက်ဆုံး ခွဲခွာဝေးကြရတာပါပဲ ။

ရာထူး ကြီးမားဂုဏ်များသူတွေလည်း
နောက်ဆုံးပစ်ထားချန်ထားခဲ့ကြရတာပါပဲ။

အမုန်း ရန်ငြိုးထားနေတဲ့သူတွေလည်း
နောက်ဆုံး ကိုယ့်ရှေ့ကပျောက်သွားကြရတာပါပဲ။

နောက်ဆုံး
နေ့တိုင်း ထမင်းကျွေးပေး သန့်ရှင်းရေးလုပ်ပေး
အဝတ်စားဝတ်ပေး ယုယုယယ ပြုစုပေးထားတဲ့
ကိုယ်အရမ်းတန်ဖိုးထားတဲ့ ကိုယ့်ရဲ့ ကိုယ်ခန္ဓာလည်း
ပျက်စီးသေသွားရတာပါပဲ ။

ဒါ့ကြောင့်
တွဲသမျှတွေ ခွဲလိုက်ရလို့
ချစ်သမျှတွေ ပစ်လိုက်ရလို့
ရသမျှတွေ စွန့်လိုက်ရလို့
သောကတွေ ဖြစ်နေမဲ့အစား

ဖြစ်-ပျက်တွေ-နှလုံးသားမှာထင်ပြီး
သောကတွေ-စင်နိုင်အောင်သာ
ဗုဒ်ဓ၏ အဆုံးအမများကို
လိုက်နာကြိုးစားနေခြင်းက
ဘဝပိုအဓိပ်ပါယျရှိ ပိုကောင်းမွန်ပါတယ်
အကျိုးလည်းများပါတယ်🙏🙂

Credit🙏🙏🙏
မေတ္တာဖြင့်
For U

အချိန်ရှိခိုက် ဓားသွေးလိုက်................................................... ဂျပန်တွေ ဘာကြောင့်အောင်မြင်သလဲ..?ကျွန်တော...
22/11/2020

အချိန်ရှိခိုက် ဓားသွေးလိုက်...................................................
ဂျပန်တွေ ဘာကြောင့်အောင်မြင်သလဲ..?
ကျွန်တော်တို့လူငယ်တွေ ဂျပန်တွေဆီက ဘာတွေအတုယူပြီး ပြန်ကြမလဲ...?

ကျွန်တော် ကျောင်းသားဘဝတုန်းက စားသောက်ဆိုင်တစ်ဆိုင်ရဲ့ မီးဖိုချောင်(kitchen)ထဲမှာ အချိန်ပိုင်းအလုပ်လုပ်ခဲ့ပါတယ်။

အဲ့ဒီဖိုထဲမှာ "ခိုဘာရရှိ"လို့ခေါ်တဲ့ ဖိုခေါင်း(chef) တစ်ယောက်ရှိပါတယ်။

အလုပ်အားပြီဆိုရင် ကျွန်တော်ကဖုန်းထုတ် ဖေ့ဘုတ်ကြည့်ပေါ့။

"ခိုဘရရှိ"ဖိုခေါင်းကတော့ အားတာနဲ့ဓါးတွေထုတ် ဓါးတွေသွေးတာပါပဲ။သွေးပါများလို့ ဓါးတွေတောင်ပါးသွား တိုသွားပြီးလို့ ထင်ရပါတယ်။

ကျွန်တော်လည်း မနေနိုင်လို့ မေးမိပါတယ် "ခိုဘရရှိစန်" မင်းအားရင် အားအားမနေဘူး ဘာလို့ဓါးတွေပဲ ထိုင်သွေးနေရတာလဲပေါ့..?

အဲ့ဒါနဲ့ "ခိုဘရရှိ"ဖိုခေါင်းက ဘာပြန်ပြောသလဲဆိုတော့...."သူဟာ လခယူပြီးအလုပ်လုပ်နေတဲ့ အလုပ်သမားတစ်ယောက်ဖြစ်တဲ့အတွက် သူ့အလုပ်ကိုသူတန်ဖိုးထားကြောင်း....

စားဖိုမှူးအလုပ်ကိုလုပ်နေတဲ့အတွက် စားဖိုမှူးရဲ့လက်နက်ဖြစ်တဲ့ ဓါးကို အမြဲတမ်း သုံးဖို့အဆင်သင့်ဖြစ်အောင်သွေးနေတာဖြစ်ကြောင်း....." ပြောပြပါတယ်

နောက်ပိုင်းတော့ ကျွန်တော်လည်း အလုပ်မရှိလို့ အားရင် ဓါးလေးထုတ် ဓါးလေးသွေးပေါ့ ....

ဒီလိုနဲ့ပဲ ကျောင်းပြီးတော့ ကုမ္ပဏီမှာအလုပ်ဝင်.....
အလုပ်ထဲရောက်တော့လည်း ဂျပန်တွေ
အလုပ်လုပ်ချိန်မစခင် မိနစ်၃၀ဆို အားလုံး ရုံးကိုရောက်နေကြပြီ။

ကိုယ်ကတော့ ၉နာရီဆို ၉နာရီအတိမှ ရုံးကိုရောက်တယ်။ကျွန်တော်လည်း မနေနိုင်လို့ မေးကြည့်ပါတယ် မင်းတို့ဘာလို့ အလုပ်ကိုစောစောလာကြတာလဲပေါ့..?

အလုပ်ကဂျပန်တွေက ဒီလိုပြန်ဖြေပါတယ်....
"အလုပ်ချိန်က၉နာရီကစမှာဆိုတော့ ၉နာရီမတိုင်မှီမှာ ကွန်ပျုတာဖွင့် လိုအပ်တဲ့စာရွက်စာတမ်းတွေပြင်ဆင် တနေ့တာလုပ်စရာရှိတဲ့ အစီအစဉ်တွေကိုရေးချထားတော့ ၉နာရီဒေါင်ကနဲ့ထိုးတာနဲ့ အလုပ်စလုပ်လို့ရပြီပေါ့တဲ့...."

ကျွန်တော်သဘောပေါက်လိုက်ပါပြီ ကုမ္ပဏီကဂျပန်တွေလည်း "ခိုဘရရှိ"ဖိုခေါင်းလိုပဲ အလုပ်ကိုတန်ဖိုးထားလို့ မိနစ်၃၀ စောလာကြတယ်ဆိုတာ...

ပြီးတော့ ဂျပန်ကုမ္ပဏီတွေဟာ....
ဘယ်ရာထူးဆိုရင် ဘာ certificate ရှိရမယ်ဆိုတာ သတ်မှတ်ထားလေ့ရှိပါတယ်။

အဲ့ဒါကြောင့် ဂျပန်တွေဟာ အချိန်ရှိတိုင်း သူတို့ရဲ့ နည်းပညာတွေကို တိုးတက်အောင်လေ့လာ certificate တွေ ယူကြပါတယ်။

အလုပ်လုပ်နေရင်း certificate ယူဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။
စာကျက်ချိန်ရှိဖို့လိုအပ်ပါတယ်။
ကျွန်တော့မှာ စာကျက်ချိန်မရှိတော့...
ကျွန်တော်မေးကြည့်ပါတယ် မင်းတို့တွေ ဘယ်အချိန်မှာစာကျက်ကြသလဲပေါ့...?

ဂျပန်တွေက ဘာပြန်ပြောလဲဆိုတော့......
" ရုံးသွားရုံးပြန် ရထားထဲမှာစာကျက်ကြပါတယ်တဲ့....."

ကျွန်တော်သိလိုက်ပါပီ.....
ဂျပန်တွေဘာကြောင့် အောင်မြင်သလဲဆိုတာ.....

ကျွန်တော်တို့တွေလည်း ကိုယ့်အလုပ်ကို ကိုယ်တန်ဖိုးထားပြီး...

အချိန်ရှိခိုက် ဓါးသွေးလိုက်ကြပါစို့။

Credit : အကီ アキ

"သင် ဘယ်တော့မှ မရှုံးသေးဘူး"တောဘုရင် ခြင်္သေဟာရေထဲမှမကျင်လည်နိုင်ဘူး.......ပုရွက်ဆိတ်တစ်ကောင်က ဆင် တစ်ကောင်ကိုသတ်နိုင်တယ...
12/10/2020

"သင် ဘယ်တော့မှ မရှုံးသေးဘူး"

တောဘုရင် ခြင်္သေဟာရေထဲမှ
မကျင်လည်နိုင်ဘူး.......

ပုရွက်ဆိတ်
တစ်ကောင်က ဆင် တစ်ကောင်ကို
သတ်နိုင်တယ်......

ကြွက် တစ်ကောင်က ကြောင်တစ်ကောင်
ကို အရူးလုပ်နိုင်တယ်.....

ူဒူးထောက်တိုင်း အရှုံးပေးတယ်မထင်နဲ
အင်အားကြီးတိုင် နိုင်တယ်မထင်နဲ......

သေးငယ် တိုင်းလည်း သိမ်ငယ်စရာမလိုဘူး
ယုံကြည့် မူ သည် နေရာတိုင်း မမှန်နိုင်ဘူး.....

အသက်ကြီးလို့ လူကြီး ဖြစ်လာတာထက်
အသိ တရားတွေ ကြီးထွား ဖို့ လိုအပ်တယ်.......

သူဌေး တိုင်းလည်း ကိုယ်ကျင့် တရားမကောင်းသလို
သူတောင်းစားတိုင်းလဲ စာရိတ္တမညံ့ဘူ.........

လူကြီးတိုင် လည်း မကောင်းသလို
လူငယ်တိုင်း လည်း မညံ ဘူး.......

အဆင်မပြေတိုင်း မညီးငြူ နဲ ပြေလည်နိုင်မဲ့
နည်းလမ်း ကို ရှာပါ သင့်န္ဒာကိုယ်မှာ စွမ်းအားရှိတယ်

အရေးကြီး ဖြေးဖြေး လုပ် တဲ့ ဦးနှောက်ကို
ပြောတာ မလော နဲ အပြောလျှော့ အခုလုပ်ပါ.......

ဆုပ်ရုပ်သွားတဲ့ မနက်ဖြန် မဖြစ်စေနဲ
မနက်ဖြန်တိုင်း မှ ပန်းတိုင်းရှာပါ.........

သင့် ကိုယ် သင် အမြဲ အားပေးပါ
ယဉ်ကျေးပါ သင့် ယဉ်ကျေး မူအတွက်
ငွေ တစ်ပြားမှ မ ကုန်ပါ ........

ကုန်ဆုံးသွားတဲ့ မနက်ဖြန်ဆိုတာ မရှိစေနဲ့
မနက်ဖြန်တိုင်မှာ အချိန်တွေ မကုန်ဆုံးပါစေနဲ့......

စိတ်ကူးနဲ နန်းတော် မတည်ပါနဲ့
အိမ်မက်မှာ အကောင်ထည်ဖော်နိုင်အောင်လုပ်ပါ....

ဘဝ ဆိုတာ ရှင်သန်ခြင်းဖြင့် မွေးဖွားလာရင်
အသက်ရှင်ရယုံဖြစ် မရှင်သန်ပါနဲ့........

အရှုံးဆိုတာ အောင်မြင်သူတို့ရဲ့
လှေခါးထစ်တွေပါ သင့်ရဲ့ ခြေလှမ်း
အသစ်တိုင်းက ငါ လူညံ့တစ်ယောက်မဟုတ်ဘူး
ဆိုတာ သက်သေ ပြဖို့ပါ......

အဲ့တော့ အားပေးလိုက်ပါ...

သင် ဘယ်တော့ မှ မရှုံး ဘူး .......

ပြန်လည်မျှဝေးပါသည်။
Credit

သိပ်ကောင်းလို့ (ဖတ်စေချင်)မင်းဟာ....အမြင့်မှာနေရင် လေတိုက်ခံရမယ်အနိမ့်မှာနေရင် လှံစိုက်ခံရမယ်အလယ်မှာနေရင် မင်းကိုပုခုံးခ...
20/09/2020

သိပ်ကောင်းလို့ (ဖတ်စေချင်)
မင်းဟာ....
အမြင့်မှာနေရင် လေတိုက်ခံရမယ်
အနိမ့်မှာနေရင် လှံစိုက်ခံရမယ်
အလယ်မှာနေရင် မင်းကိုပုခုံးချင်းယှဉ်တိုက်လိမ့်မယ်
ဘေးထွက်နေရင် မကောင်းပြောကြလိမ့်မယ်
မင်းကမနေနိုင်လို့လုပ်ပေးတော့ အရူးထနေတာလို့ပြောကြမယ်
မင်းဘာမှမလုပ်ပဲနေတော့ မင်းကို ငပျင်းလို့ပြောကြလိမ့်မယ် ။

ဒီမှာ
မင်းကို မင်းရဲ့ပတ်ဝန်းကျင်က
ချီးမွန်းတဲ့စကားထက် မင်းကိုကဲ့ရဲ့အပြစ်တင်ဖို့
မင်းရဲ့ မှားကွက်ကို စောင့်နေကြတယ် ။
မင်းအောင်မြင်နေတဲ့အချိန် မင်းကိုကပ်ဖားပြီး
မင်းကျရှုံးတဲ့အချိန် မင်းကိုနှာခေါင်းရှုံ့ကြလိမ့်မယ် ။ ။
မျက်နှာဖုံးစွပ်တွေများတဲ့လောကကြီးထဲမှာ
မိတ်ဆွေကောင်း အင်မတန်ရှားပါးတယ် ။
မင်းမှန်တယ်ထင်ရင် တကယ်လည်းမှန်နေရင်
ပတ်ဝန်းကျင်ကို မင်းသိပ်ပြီးဂရုမစိုက်နဲ့ ။
မင်းစားနေတဲ့ထမင်းလုပ်အတွက်
မင်းကိုယ်တိုင် ကိုယ့်ဒူးကိုယ်ချွန်နေတာမို့
မင်းမှာ အဲ့လောက်တော့ မာန ရှိသင့်တယ် ။ ။

အထီးကျန်နေရလို့လည်း စိတ်မပျက်နဲ့
မှားယွင်းနေတဲ့ လူတွေနဲ့ ဆုံစည်းနေရတာထက်
တစ်ယောက်တည်းနေရတာက ပိုကောင်းပါတယ် ။ ။
ရုန်းကန်လှုပ်ရှားရအကောင်းဆုံးအရွယ်မှာ
ဇိမ်ခံသက်သာတဲ့လမ်းကို မင်းမရွေးပါနဲ့
တစ်သက်လုံး ရေလိုက်ငါးလိုက်နေသွားဖို့ကလွယ်ကူပေမယ့်
ထိုးဖောက်ထွက်ဖို့ကျ မင်းအတွက်ခက်ခဲသွားလိမ့်မယ် ။ ။

Mahatma Gandhi ရဲ့အဆိုအမိန့်တစ်ခုရှိတယ်

" The future depends on what you do today "

" မင်းရဲ့အနာဂါတ်ဟာ မင်းဒီနေ့လုပ်ရပ်အပေါ်မှာပဲမူတည်ပါတယ် " တဲ့
ပြဿနာတိုင်းကို အပြုံးလေးနဲ့ဖြေရှင်းလိုက်
ပြုံးနေခြင်းက မင်းအတွက်အားသာချက်ပဲ
ဒါပေမယ့် မဲ့ပြုံးတော့မဖြစ်စေနဲ့ပေါ့ ။ ။

မင်းပတ်ဝန်းကျင်ကလူတွေကြောင့် စိတ်မညစ်နဲ့
လူတိုင်းက ကိုယ်နဲ့ ထပ်တူမကျနိုင်ဘူးဆိုတာမင်းမမေ့နဲ့
မင်းရင့်ကျက်လာတာနဲ့အမျှ
မင်းပတ်ဝန်းကျင်က မင်းကိုမုန်းနေတဲ့သူတွေကို
မင်း ဥပေက္ခာပြုသွားနိုင်မှာပါ ။ ။

ူသူဟိန်း

တချို့၀န်ထမ်းတွေက ကိုယ်တိုင်ကြုံဖူးကြတယ် ... ကောင်းလွန်းလို့ အချိန်ပေးပြီးဖတ်ပေးစေချင်ပါတယ်နော်။အလုပ်ကြိုးစားတဲ့မြည်းလေး...
06/09/2020

တချို့၀န်ထမ်းတွေက ကိုယ်တိုင်ကြုံဖူးကြတယ် ... ကောင်းလွန်းလို့ အချိန်ပေးပြီးဖတ်ပေးစေချင်ပါတယ်နော်။

အလုပ်ကြိုးစားတဲ့မြည်းလေး သတ်ခံလိုက်ရပြီ !!!

ကိုမြည်းဟာ အမြဲအလုပ်ကြိုးစားပေမယ့် သခင်ဟာ သူ့ကိုတော်ရုံနဲ့ချီးကျုးလေ့မရှိပါဘူး။

ဒီနေ့တော့ ကိုမြည်းဟာ ပစ္စည်းတွေလည်း မနက်တပိုင်းလုံးသယ်ထားတယ်။ နေ့ခင်းရောက်တော့လည်း ကိုနွားနေမကောင်းလို့ဆိုပြီး ကိုနွားနေရာမှာ သူက လယ်ကူထွန်ပေးခဲ့သေးတယ်။ လယ်ထွန်တာ တစ်ခါမှလည်းမထွန်ဖူး၊ နေကလည်းအတော်ပြင်းတော့ ညနေစောင်းအိမ်အပြန်မှာ ကိုမြည်းဟာ အတော်လည်း ပင်ပန်းနွမ်းလျနေခဲ့တယ်။

သခင်ကိုခြံ၀မှာ အသင့်လာကြိုနေတဲ့ ကိုခွေးကတွေ့တော့ " ဟာ ကိုမြည်း အဆင်ကောပြေရဲ့လား? အတော်လေးပင်ပန်းနေပုံပဲ! " " ဟုတ်တယ် ကိုခွေးရေ! ဒီနေ့တော့ တော်တော်လေးပင်ပန်းသွားတယ်လေ နေကလည်းအတော်လေးပူတာကိုးဗျ မနက်ဖြန်တော့ တစ်ရက်လောက်နားချင်မိတယ်ဗျာ ဖျားသွားလို့ ရက်ဆက်နားရင် အလုပ်တွေမပြီးမှာလည်းဆိုးတာဗျ !!! "

ကိုခွေးဟာ ပင်ပန်းနေတဲ့ကိုမြည်းကို နှုတ်ဆက်ပြီးထွက်လာချိန်မှာ ခြံထောင့်မှာ ကိုကြောင်ကိုတွေ့တော့ ကိုမြည်းအကြောင်းပြောပြဖြစ်တယ်။ " ကိုမြည်းသနားပါတယ်ဗျာ သူဒီနေ့တော်တော်လေးပင်ပန်းခဲ့တယ်ပြောတယ်။ မနက်ဖြန်တစ်ရက်လောက်နားချင်မိတယ်ဆိုပြီး ညည်းနေရှာတယ်။ ဟုတ်ပါတယ်လေ။ သခင်ကလည်း ကိုနွားနေမကောင်းတော့ ကိုမြည်းနဲ့ပိုရုန်းတာကိုးဗျ! "

ကိုကြောင်က ကိုခွေးထွက်သွားတော့ သူ့နားမြက်လာစားတဲ့ ကိုဆိတ်ကိုပြောပြတယ်။ " ကိုမြည်းက သခင်က သူ့ကိုအလုပ်အများကြီးလုပ်ခိုင်းလို့ဆိုပြီး ညည်းနေတာ။ ခုလည်းမနက်ဖြန်တစ်ရက် အလုပ်မလုပ်ဘဲနားချင်တယ်ဆိုပြီး ညည်းနေတာလေ။ "လို့ပြောပြီးထွက်သွားတယ်။

ကိုဆိတ်က သူ့အနား အစာလာစားတဲ့ ကိုကြက်ကိုတွေ့တာနဲ့ " ကိုမြည်းက သခင်အသစ်ပြောင်းရင်ကောင်းမလား စဉ်းစားနေတယ်ဆိုလား? အင်းလေ။ သူ့အနေနဲ့ကျတော့လည်း တခြားသခင်တွေသာဆို ဒီလောက်ခိုင်းမှာမဟုတ်ဘူးဆိုပြီး တွေးမိမှာပဲ။ သနားပါတယ်။ "

ကိုဆိတ်ထွက်သွားတာနဲ့ ကိုကြက်က ကို၀က်ကိုလှည့်ပြောတာက " ကိုမြည်းက တို့သခင်အတွက်အလုပ်မလုပ်ပေးချင်တော့ဘဲ သခင်အသစ်ရှာချင်နေတယ်ဆိုလား? သခင်က သူ့အပေါ်ဆို အလုပ်တွေအရမ်းခိုင်းပြီး နှိပ်စက်တယ်ဆိုပြီးပြောနေတာလေ! "

ညစာကျွေးချိန်ရောက်တော့ သခင်မလာချိန်မှာ ကို၀က်က သခင်မနားကိုကပ်ပြီးပြောလိုက်တယ်။ " သခင်မကို သတိပေးစရာတစ်ခုရှိတယ်။ ကိုမြည်းကိုကြည့်ရတာ ခုတလောတစ်ခုခုကို ကြံစည်နေသလိုပဲဗျ။ ကျွန်တော်ကြားတာကတော့ သခင်ကသူ့အပေါ်မညှာမတာခိုင်းလို့ မလုပ်ပေးချင်တော့ဘူး သခင်အသစ်ရှာမယ်ဆိုလား? "

သခင်မဟာ စိတ်တိုဒေါသထွက်ပြီး ညစာစားနေတဲ့ သခင်ကိုသွားပြောတယ်။ " မြည်းက ရှင့်ဆီမှာ မလုပ်တော့ဘဲ တခြားသခင်ရှာနေတာတဲ့ ဒီလိုသစ္စာမရှိတဲ့ဟာကို ရှင်ဘယ်လိုလုပ်မှာလဲပြော? "

ကိုမြည်းရဲ့ သခင်ဟာလည်း စိတ်တိုဒေါသထွက်ပြီး " သစ္စာဖောက်တွေကို အရှင်မထားဘူး " ဆိုပြီး ပင်ပန်းပြီး အိပ်မောကျနေတဲ့ ကိုမြည်းကိုသတ်ပစ်လိုက်တယ်။

ဒီလိုနဲ့ပဲ အလုပ်ကို မညည်းမငြူကြိုးစားတဲ့ မြည်းလေးဟာ သတ်ခံလိုက်ရတယ်။

သင်ခန်းစာ

ဘယ်တော့မှ အလုပ်ခွင်ထဲမှာ မညည်းပါနဲ့။ သင့်ဘေးမှာ သင့်ကိုတွန်းချပြီး နေရာလုချင်နေသူက အများအပြားရှိနေတယ်ဆိုတာ မမေ့ပါနဲ့။ မဟုတ်ရင်ကိုယ်ဘာကြောင့် အလုပ်ပြုတ်မှန်းတောင် သိလိုက်မှာ မဟုတ်ပါဘူး။

သင်ကိုယ်တိုင်က လုပ်ငန်းရှင် (သို့) အကြီးအကဲတစ်ယောက်ဖြစ်ခဲ့ရင် ဘေးစကားတွေကို ကိုယ်တိုင်မမြင်ရ၊ မကြားရဘဲ လွယ်လွယ်ကူကူမယုံလွယ်ပါနဲ့။ မဟုတ်ရင်မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေချမိပြီး ၀န်ထမ်းကောင်းတွေ ဆုံးရှုံးတတ်ပါတယ်။

Credit-Htoo Zaw Wai


" တန်ဖိုး "*******တန်ဖိုးဆိုတာတကယ်လိုအပ်ပြီးတကယ်မရှိတဲ့အချိန်ကြမှသိလာတာပါ" For U"ရဲ့တန်ဖိုးရှိတဲ့စာလေးဖို့ဆုံးအောင်ဖတ်စျ...
29/08/2020

" တန်ဖိုး "
*******
တန်ဖိုးဆိုတာတကယ်လိုအပ်ပြီးတကယ်မရှိတဲ့အချိန်ကြမှသိလာတာပါ" For U"ရဲ့တန်ဖိုးရှိတဲ့စာလေးဖို့ဆုံးအောင်ဖတ်စျေချင်တယ်နော်
မကုန်လို့ သွန်ပစ်လိုက်တဲ့
ထမင်းတွေရဲ့ တန်ဖိုးကို ....
ဆာလောင်နေသူတွေကလွဲလို့
ကျနော်တို့ မသိနိုင်ဘူး ။

မဝတ်ချင်တော့လို့
ချောင်ထိုးလိုက်တဲ့
အင်္ကျီတွေရဲ့ တန်ဖိုးကို ...
အဝတ်အထည်
ရှားပါးနေသူတွေကလွဲလို့
ကျနော်တို့ မသိနိုင်ဘူး ။

မပြတ်သေးပဲ စွန့်ပြစ်လိုက်တဲ့
ဖိနပ်တွေရဲ့ တန်ဖိုးကို ...
ဖိနပ်မပါပဲ
သွားလာနေရသူတွေကလွဲလို့
ကျနော်တို့ မသိနိုင်ဘူး ။

ဒါလေးနဲ့ ...!
ဖုန်းဘေလ် တစ်လစာ
မလောက်ဘူးဆိုတဲ့
ပိုက်ဆံတွေရဲ့ တန်ဖိုးကို ...
ဒါလေးနဲ့ ...
တစ်လလုံးလောက်အောင်
စားနေရသူတွေက လွဲလို့
ကျနော်တို့ မသိနိုင်ဘူး ။

မိုးရွာလို့
ကျောင်းမသွားချင်ဘူးဆိုတဲ့
အချိန်တွေရဲ့ တန်ဖိုးကို ...
မိုးရွာထဲမှာ
ငွေရှာနေသူတွေကလွဲလို့
ကျနော်တို့ မသိနိုင်ဘူး ။

အဖေက တအားချုပ်ချယ်တယ်
အမေက တအားဆူတယ် ဆိုတဲ့
မိဘတွေရဲ့ တန်ဖိုးကို ...
မိဘမဲ့နေသူတွေကလွဲလို့
ကျနော်တို့ မသိနိုင်ဘူး ။


Via... .

" တန်ဖိုး "
*******

မကုန်လို့ သွန်ပြစ်လိုက်တဲ့
ထမင်းတွေရဲ့ တန်ဖိုးကို ....
ဆာလောင်နေသူတွေကလွဲလို့
ကျနော်တို့ မသိနိုင်ဘူး ။

မဝတ်ချင်တော့လို့
ချောင်ထိုးလိုက်တဲ့
အင်္ကျီတွေရဲ့ တန်ဖိုးကို ...
အဝတ်အထည်
ရှားပါးနေသူတွေကလွဲလို့
ကျနော်တို့ မသိနိုင်ဘူး ။

မပြတ်သေးပဲ စွန့်ပြစ်လိုက်တဲ့
ဖိနပ်တွေရဲ့ တန်ဖိုးကို ...
ဖိနပ်မပါပဲ
သွားလာနေရသူတွေကလွဲလို့
ကျနော်တို့ မသိနိုင်ဘူး ။

ဒါလေးနဲ့ ...!
ဖုန်းဘေလ် တစ်လစာ
မလောက်ဘူးဆိုတဲ့
ပိုက်ဆံတွေရဲ့ တန်ဖိုးကို ...
ဒါလေးနဲ့ ...
တစ်လလုံးလောက်အောင်
စားနေရသူတွေက လွဲလို့
ကျနော်တို့ မသိနိုင်ဘူး ။

မိုးရွာလို့
ကျောင်းမသွားချင်ဘူးဆိုတဲ့
အချိန်တွေရဲ့ တန်ဖိုးကို ...
မိုးရွာထဲမှာ
ငွေရှာနေသူတွေကလွဲလို့
ကျနော်တို့ မသိနိုင်ဘူး ။

အဖေက တအားချုပ်ချယ်တယ်
အမေက တအားဆူတယ် ဆိုတဲ့
မိဘတွေရဲ့ တန်ဖိုးကို ...
မိဘမဲ့နေသူတွေကလွဲလို့
ကျနော်တို့ မသိနိုင်ဘူး ။


Via... ..

အားလုံးပဲမင်္ဂလာပါဗျာ"For U  "ရဲ့စေတနာစာလေးမို့ဖတ်စေချင်ပါတယ်အိန္ဒိယ သမ္မတဟောင်း အဗ္ဗဒူကာလမ်ရဲ့စကား။ကျနော်ငယ်ငယ်က မေမေကခ...
22/08/2020

အားလုံးပဲမင်္ဂလာပါဗျာ
"For U "ရဲ့စေတနာစာလေးမို့ဖတ်စေချင်ပါတယ်
အိန္ဒိယ သမ္မတဟောင်း အဗ္ဗဒူကာလမ်ရဲ့စကား။
ကျနော်ငယ်ငယ်က မေမေကချက်ကျွေးတယ်။ တနေ့ ညနေစာထမင်းဝိုင်းမှာ မီးကျွမ်းပြီး တူးနေတဲ့ ပလာတာကို အဖေ့ရှေ့မှာ တွေ့တယ်။ ကျနော်လဲပလာတာ မီးကျွမ်းနေတာကို အဖေ ဘာပြောမလဲလို့ ကြည့်နေတ,ယ်။ အဖေက ပလာတာမီးကျွမ်းနေတာကို မပြောဘဲ သားဒီနေ့ ကျောင်းမှာ စာသင်ရတာ ဘယ်လိုလဲလို့ မေးပါတယ်။ ကျနော် ဘာဖြေခဲ့တယ်ဆိုတာတော့ မမှတ်မိတော့ပါ။ မှတ်မိတာက မေမေက အဖေ့ကို ပလာတာ မီးကျွမ်းသွားတဲ့အတွက် တောင်းပန်တာပါ။ အဖေပြန်ပြောတာကို ဘယ်တော့မှ မမေ့ပါဘူး။
မိန်းမရေ မီးကျွမ်းတဲ့ ပလာတာကို ငါကြိုက်တယ်ကွ။
ဒီညမှာ မအိပ်ခင် အဖေ့ကိုကျနော်ဖက်ရင်း အဖေကမီးကျွမ်းတဲ့ ပလာတာကို တကယ်ကြိုက်သလား လို့ မေးကြည့်ပါတယ်။ အဖေက ကျနော့်ကိုဖက်ထားပြီး
သားရေ၊ မင်းမေမေက တစ်နေ့လုံး အိမ်အလုပ်တွေ လုပ်နေရတာ။ ဒီနေ့ဆို တော်တော် ပင်ပန်းနေတယ်။ တူးနေတဲ့ ပလာတာက ဘယ်သူကိုမှ မနာကျင်စေပါဘူး။ အပြစ်တင်တဲ့စကား ကြမ်းတမ်းတဲ့စကားတွေကပဲ နာကျင်စေတာပါ။
သားရေ… ဘ၀ဆိုတာ ပြီးပြည့်စုံမှု မရှိတဲ့အရာတွေ၊ ပြီးပြည့်စုံမှု မရှိတဲ့သူတွေနဲ့ ပြည့်နေတယ်။ ဖေဖေလဲ ပြီးပြည့်စုံတဲ့လူတစ်ယောက် မဟုတ်ပါဘူး။ သားလဲမှတ်ထားပါ။ ပြီးပြည့်စုံမှု မရှိတာကို လက်ခံတတ်ရမယ်။
………
ဒါကြောင့် .. နည်းနည်းလွဲနေတာကို လက်ခံပေးလိုက်ပါ။ ခွင့်လွှတ်လိုက်ပါ။
ချစ်ခင်မှုအတွက် ပျော်ရွှင်လိုက်ပါ။

အိမ်ထဲမှာနေပြီးမိသားစုတွေကို ကိုယ့်ရဲ့မေတ္တာတရားနဲ့အတူချစ်ခင်မှုတွေကိုပေးဝေလိုက်ရအောင်ဗျာ
အားလုံးပဲကျေးဇူးပါ

👨‍👩‍👦‍👦👩‍👩‍👦👩‍👩‍👧👨‍👩‍👧‍👦👨‍👩‍👦‍👦👩‍👩‍👧‍👧👨‍👨‍👧👩‍👦👩‍👧👩‍👧‍👦👨‍👧‍👦👙👨‍👧‍👧👨‍👧👨‍👦👩‍👧‍👧

ကောင်းလိုက်တဲ့အတွေးကောင်းလိုက်တဲ့အမြင်ကောင်းလိုက်တဲ့စာ။*********************ကဲ "For U" ရဲ့စေတနာလေးပါကျွန်မစာတွေ အများကြီ...
08/08/2020

ကောင်းလိုက်တဲ့အတွေး
ကောင်းလိုက်တဲ့အမြင်
ကောင်းလိုက်တဲ့စာ။
*********************
ကဲ "For U" ရဲ့စေတနာလေးပါ

ကျွန်မစာတွေ အများကြီးသင်ခဲ့တယ်
စီးပွားရေးပညာမှာ ပေါ်ပြူလာအဖြစ်ဆုံး ဘွဲ့တစ်ခုကိုရခဲ့တယ်
ကျွန်မ ကျောင်းကို ပြန်သွားတဲ့အခါ အခု ကျောင်းတက်နေကြတဲ့ လူငယ်တွေက ကျွန်မကို
ဟာ..10th Batch က အစ်မကြီးရယ်လို့ နှုတ်ဆက်ကြ အသိအမှတ်ပြုကြတယ်
သူတို့ အခုကြုံနေရတဲ့ အခက်အခဲတွေကို ကျော်ဖြတ်ခဲ့ပြီးသွားသူတစ်ယောက်အနေနဲ့ပေါ့..

ဒီ အသိုင်းအဝိုင်းထဲကပြန်ထွက်လာချိန်မှာ ကျွန်မဟာ လှည်းတန်းစျေးမှာ စျေးဝယ်နေတဲ့ သာမာန်မိန်းမတစ်ယောက်ပဲဖြစ်သွားတယ်
အတန်းပညာမတတ်တဲ့ အိမ်ရှင်မတစ်ယောက်
သာမာန်မိန်းမတစ်ယောက်လို့လည်း မြင်မိရင် မြင်မိကြလိမ့်မယ်..
ကျွန်မ ဘာဘွဲ့ရခဲ့လည်း ဘယ်သူမှစိတ်မဝင်စားဘူး
ဘွဲ့တွေ ဒီကရီတွေ ဆိုတာ တန်ဖိုးသိသူတွေလက်ထဲမှာပဲ အသုံးဝင်နေတာပါလားလို့ တွေးမိတယ်

ပညာတွေအရမ်းတတ်တယ်လို့ ထင်ခဲ့ပေမဲ့
ခုချိန် ကားလာပြင်ခိုင်းရင်ပြင်တတ်မှာမဟုတ်ဘူး
ကားပြင်ဆရာကလည်း ကိုယ်ရထားတဲ့ ဘွဲ့မျိုး မက်မောမှာမဟုတ်ဘူး
ပညာဆိုတာလည်း အကန့်အသတ်လေးတွေနဲ့ရှိနေတာပါလား စဉ်းစားမိလာတယ်

အဲတော့..
ပညာဆိုတာ တကယ်တော့ ဆင်ခြင်တုံတရားပဲ လို့ သိလာတယ်

ကျွန်မ တစ်ခါ သူငယ်ချင်း တစ်ယောက်ကို စာအုပ်လက်ဆောင်ယူခဲ့ပေးဖို့ မေ့ခဲ့လို့..
မြန်မာပလာဇာက အင်းဝ စာအုပ်ဆိုင်မှာ
မွန်ဟော်စီရဲ့ စိတ်ပျော်အောင်နေတတ်ဖို့ ဆိုတဲ့ စာအုပ်ကလေး ဝင်ဝယ်တယ်..ဒီစာအုပ်က Best seller ထဲပါတယ် တစ်အုပ်ပဲ ကျန်တော့တယ်တဲ့..

ပိုက်ဆံ ၃၀၀၀ပေးပြီး ကောင်တာကလှည့်အထွက်.. အရောင်းစာရေးမလေးတစ်ယောက် ကျွန်မကို ပြောပြောဆိုဆို
ဝင်တိုက်တယ်
စိတ်ပျော်အောင်နေတတ်ဖို့ အုပ်၂၀ထပ်မှာပါဦးဟေ့..တဲ့..
ကျွန်မပြုံးမိတယ်
ကျွန်မ ဘယ်သူလဲဆိုတာ ဘယ်သူမှ စိတ်မဝင်စားခဲ့ပါဘူး..

အောင်မြင် ကျော်ကြားမှုနောက်ကို ကျွန်မလိုက်နေပေမဲ့..
ဒီအောင်မြင်မှုဆိုတာ ကျွန်မကို အစဉ်အမြဲ အလေးပြုမနေတဲ့အရာပါလား သဘောပေါက်မိတယ်

ဒါကြောင့်..
အောင်မြင်မှုဆိုတာ တကယ်တော့ လောဘ ဒေါသ နဲ့ မောဟကို ထိန်းချုပ် ကွပ်ကဲနိုင်တာကသာ အောင်မြင်မှုအစစ်အမှန်ဖြစ်တယ်လို့ လက်ခံလာမိတယ်

အလုပ်တွေတော်တော်လုပ်ခဲ့တယ်
အလုပ်ထဲမှာ ရာထူးတစ်ခုရှိခဲ့တယ်
ဒါပေမဲ့ အလုပ်ရပ်လိုက်တဲ့နေ့မှာ ကျွန်မဟာ ဘာမှမဟုတ်တော့ပြန်ဘူး

ပွဲလမ်းသဘင်တွေရောက်တော့ အရင်လို ရှေ့ဆုံးဝိုင်းမှာ ရာထူးရာခံရှိသူတွေနဲ့ မထိုင်ရတော့ဘူး
ဟိုလိုလို ဒီလိုလိုနဲ့ နောက်နားလေး မသိမသာပို့တာခံရတယ်
ဆရာကြီးတို့ ဆရာမကြီးတို့ဆိုတဲ့ ရာထူး ရာခံ
ဂုဏ်ဒြပ်တွေဟာ ကိုယ့်ကို တစ်သက်လုံး မစောင့်ရှောက်နိုင်ပါလား သိသွားတယ်

အဲဒီနောက်ပိုင်း..
သူကတော့ ဘာမို့လို့ အထင်ကြီးတယ်
သူ့ကိုတော့ အထင်သေးတယ်..
ဆိုတာတွေမရှိတော့ဘူး

နေရာ ဆိုတာ ဘယ်နေရာဖြစ်ဖြစ် နေတတ်ဖို့ကသာ အရေးကြီးပါတယ်လို့ တွေးတတ်လာတယ်..

ပိုက်ဆံတွေရှာခဲ့တယ်
ဒီပိုက်ဆံတွေနဲ့ မိသားစုကို ထောက်ပံခဲ့တယ်..
ခရီးတွေသွားခဲ့တယ်
ဝတ်ကောင်းစားလှတွေဝတ်ခဲ့ စားခဲ့တယ်

ဒါပေမဲ့..ကိုယ့်လောက်မရှိတဲ့ သူရှေ့မှာ ကိုယ်က သူဌေးဖြစ်နေပြီး
ကိုယ့်ထက်အဆတစ်ရာလောက် ချမ်းသာတဲ့သူတွေရှေ့မှာ ကိုယ်က မရှိဆင်းရဲသားလေးဖြစ်သွားတာ တွေ့ရတော့..
ပိုက်ဆံနဲ့ ပြပြီးဘယ်လိုပဲ ဂုဏ်ဆာ နေကြပါစေ..
အဲဒီ ဂုဏ်တွေ မြောင်းထဲရောက်သွားတဲ့ အခါတွေလည်း ရှိပါသေးလား ..မြင်တတ်လာတယ်..

ပိုက်ဆံဆိုတာ..
ဘယ်လောက်ရှိရှိ ကိုယ်နဲ့ မထိုက်တန်..ကိုယ့်အတွက် မဟုတ်ရင် ဘယ်လောက်ပဲ ပင်ပင်ပန်းပန်း ရှာဖွေ ရှာဖွေ.. ထားခဲ့ရတာပါပဲ..

ကျွန်မတို့တွေနေ့တိုင်း ရှင်သန်နေကြပါတယ်
ပညာနောက်ကို လိုက်နေလား
အောင်မြင် ကျော်ကြားမှု နောက်ကို လိုက်နေလား
ရာထူးရာခံဂုဏ်ဒြပ်တွေ
စည်းစိမ်ချမ်းသာပကာသနတွေ..နောက်ကိုများ လိုက်နေမိလား..
ဘာတွေနောက်လိုက်ပြီး..
ဘယ်လိုပုံစံနဲ့ ရှင်သန်နေကြတာလဲ...

ကိုယ့်ကိုကိုယ် မေးကြည့်မိတာဖြစ်ပါတယ်..

ဘဝ အတွေ့အကြုံတွေအရ ဒါတွေဟာ တခဏ
အချိန်အတိုင်းအတာတစ်ခု အခြေအနေတစ်ခု
အတွက်သာ အသုံးဝင်တာသေချာပြီး နောက်ဆုံးတော့လည်း
ကိုယ့်ကို အမြဲ
မစောင့်ရှောက်နိုင်ဘူး ဆိုတာ လက်ခံလာမိတယ်
ကိုယ် ယုံကြည်အားကိုးလို့မရဘူးဆိုတာသိလာတယ်

တကယ်တော့ လိုက်ချင်းလိုက်ရင်.. ကိုယ့်ကို ဒီတစ်ဘဝအတွက်သာမက သံသရာမှာပါ ကာကွယ် စောင့်ရှောက်ပေးမဲ့ တရားတွေ အကျင့်တွေ ဥာဏ်တွေနောက်ကို လိုက်ကြရမှာပါ

ဒါကို ကျွန်မ စောပြီး သိခဲ့တာ..
ကံကောင်းပါတယ်

ကျွန်မတို့ လူအများစုဟာ ဘယ်တော့မှ
ပြီးပြည့်စုံသွားပြီလို့မရှိတဲ့ အရာတွေရဲ့ နောက်ကို အမောတကော လိုက်နေကြပါတယ်
ဘယ်လိုလိုက်လိုက် သေသာသွားရော...ဘယ်တော့မှလည်း ပြီးဆုံးသွားသည်မရှိပါ..

ကျွန်မလည်းအပါအဝင်ပေါ့လေ..
မောလိုက်တာ..ဘာကိုလိုက်မှန်းမသိလိုက်နေမိတာ..
ဒါပေမဲ့..ကျွန်မလေ..လုံးဝမရပ်နိုင်သေးသည့်တိုင်
အရှိန်လျှော့ပြီး ဘရိတ်တော့ အုပ်လိုက်နိုင်ပြီရှင့်။

Credit

Address

Yangon

Website

Alerts

Be the first to know and let us send you an email when For U posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share