WE Bookstore - Thuwanna Branch

WE Bookstore - Thuwanna Branch Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from WE Bookstore - Thuwanna Branch, Book shop, Yangon.

စိတ်ကူးယဉ် ဒဏ္ဍာရီတို့က ကျွန်ုပ်တို့အားစုစည်းစေခဲ့သည်။စာအုပ်စာပေတို့က ကျွန်ုပ်တို့၏အတွေးအခေါ်နှင့် ဒဏ္ဍာရီတို့အား ပျံ့နှ...
28/02/2025

စိတ်ကူးယဉ် ဒဏ္ဍာရီတို့က ကျွန်ုပ်တို့အား
စုစည်းစေခဲ့သည်။

စာအုပ်စာပေတို့က ကျွန်ုပ်တို့၏
အတွေးအခေါ်နှင့် ဒဏ္ဍာရီတို့အား ပျံ့နှံ့စေခဲ့သည်။

အင်တာနက်က အကန့်အသတ်မဲ့ အသိပညာတို့အား ကတိပြုခဲ့သည် ။

အယ်လ်ဂိုရစ်သမ်တို့မှာ ကျွန်ုပ်တို့၏
လျှို့ဝှက်ချက်များအား သိမြင်သွားခဲ့ပြီး
လူအချင်းချင်းအား ရန်ဘက်ပြုစေခဲ့ပြီ ။

ဉာဏ်ရည်တု နည်းပညာက ဘာတွေများ
ရှေ့ဆက်လာမည်နည်း ??

Nexus စာအုပ်သည် လက်ရှိကာလသို့ ကျွန်ုပ်တို့၏ မည်သည့်နည်းဖြင့် ရောက်ရှိခဲ့ပုံ နှင့် ရှင်သန်ရပ်တည်နိုင်ရန်အတွက် အခုချက်ချင်း လုပ်ဆောင်ရမည့် အရေးတကြီး ရွေးချယ်မှုအကြောင်းတို့ကို စိတ်လှုပ်ရှားဖွယ် တင်ပြထားပေသည် ။

#ညီနောင် (Humber) အသစ်ထွက်စာအုပ်

- ကျောက်ခေတ်မှ ဉာဏ်ရည်တုနည်းပညာ ခေတ်အထိ သတင်းကွန်ရက်များ သမိုင်းအကျဉ်း

အပါအဝင် ဆရာညီနောင် (Humber) ၏
စာအုပ်များကို မှာယူရရှိနိုင်ပါတယ်။

▪️▪️▪️▪️▪️

🔴စာအုပ်မှာယူရရှိနိုင်မည့် အပြည့်အစုံကို
Comment မှာဖော်ပြပေးထားပါတယ်။

ဂျပွေး စာအုပ်အသစ်မျှော်နေတဲ့သူများအတွက်⭕️ဂျပွေးနဲ့အတူရေးကြမယ်     စာအုပ်အသစ်လေး ရပါပြီနော်🥰♻️ဒီတစ်ခါ ထူးခြားတာက ဘူးလှလှလ...
27/02/2025

ဂျပွေး စာအုပ်အသစ်
မျှော်နေတဲ့သူများအတွက်

⭕️ဂျပွေးနဲ့အတူရေးကြမယ်
စာအုပ်အသစ်လေး ရပါပြီနော်🥰

♻️ဒီတစ်ခါ ထူးခြားတာက ဘူးလှလှလေးလည်း
ပါပါတယ်။

စာအုပ်အမျိုးအစားလေးက
ဖတ်နေကျ ကာတွန်းစာအုပ်မျိုးတော့
မဟုတ်ပါဘူး။ ဂျပွေးကိုချစ်တဲ့
သားသားမီးမီးတွေအတွက်
ကျောင်းမှာဖြစ်ဖြစ်၊ အိမ်မှာဖြစ်ဖြစ်
အသုံးဝင်မယ့် ဘက်စုံသုံးအဖော်မွန်
စာအုပ်လေးပါ။

စာအုပ်လေးထဲမှာ
♻️အမှတ်တရ စာရေးဖို့အတွက် Note Pages
♻️ဆေးရောင်ခြယ်ဖို့အတွက် Coloring Pages
♻️ပုံဆွဲလေ့ကျင့်ဖို့အတွက် Tutorial Pages
တွေ ပါရှိသလို ...

ကျောင်းကဖြစ်စေ၊ အိမ်နီးနားချင်းကဖြစ်စေ
သားသား မီးမီးတို့ရဲ့ အခင်ဆုံးသူငယ်ချင်းတွေကို
အမှတ်တရ ရေးဖွဲ့ခိုင်းလို့ရမယ့် စာမျက်နှာတွေလည်း ပါဝင်ပါတယ်။

သေချာတာကတော့ ဒီစာအုပ်လေးက
သားသား မီးမီးတို့ ချစ်တဲ့ဂျပွေးနဲ့အတူ
အမှတ်တရ များစွာရှိစေမယ့် စာအုပ်လေးပါပဲ။

✴️စာအုပ်တန်ဖိုးလေးက (၉၅၀၀) ကျပ်ပါ။

🔴စာအုပ်မှာယူနိုင်မည့် အပြည့်အစုံကို
Comment မှာဖော်ပြပေးထားပါတယ်။

"အမေဇုန် မိုးသစ်တော" မှာဘယ်လို အကြောင်းအရာတွေ ပါပါလဲ?⛳⛳အမေဇုန်မိုးသစ်တောရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေသဘာဝပတ်ဝန်းကျင်ရဲ့ အ...
26/02/2025

"အမေဇုန် မိုးသစ်တော" မှာ
ဘယ်လို အကြောင်းအရာတွေ ပါပါလဲ?

⛳⛳

အမေဇုန်မိုးသစ်တောရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ
သဘာဝပတ်ဝန်းကျင်ရဲ့ အံ့သြဖွယ်ရာတွေနဲ့
ရှားပါးမျိုးစိတ်တွေအကြောင်းကို စူးစမ်း
လေ့လာထားတာတွေ၊ အမေဇုန်မိုးသစ်တော
ဖြစ်တည်လာပုံသမိုင်း၊ ပထဝီအနေအထားနဲ့
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်တွေ
များစွာပါဝင်ပါတယ်။

အမေဇုန်မိုးသစ်တောနဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီတွေ
ယုံတမ်းပုံပြင်တွေနဲ့ စတင်အခြေချ နေထိုင်ခဲ့ကြသူတွေ၊ အမေဇုန်မိုးသစ်တောထဲက ရှားပါးတဲ့သက်ရှိတွေ၊ သစ်ပင်တွေနဲ့ သတ္တဝါတွေအကြောင်းနဲ့ သစ်တောကြီး ရေရှည်တည်တံ့အောင် သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာတွေ စတဲ့ အမေဇုန်မိုးသစ်တောအပြင် သဘာဝပတ်ဝန်းကျင် အကြောင်းအရာ အစုံအလင်ကိုပါ
ရုပ်ပုံများနဲ့ဖော်ပြထားပြီး ကလေးတွေအတွက် ဗဟုသုတများစွာ ရစေမယ့်
စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။

✴️အမေဇုန်မိုးသစ်တော
✍️ထက်ထက်တင်ဇာ
✅၄၅၀၀ ကျပ်

🔴စာအုပ်မှာယူနိုင်မည့် အပြည့်အစုံကို
Comment တွင်ဖော်ပြပေးထားပါသည်။

🔸ဗုဒ္ဓဦးနှောက်✍️ဇော်ဝင်းကြူ(ပျဥ်းမနား) - မြန်မာပြန်▪️ပဥ္စမအကြိမ်✴️မူရင်း - Buddha´s Brainဗုဒ္ဓဦးနှောက်ဟာ သာမန်လူတွေရဲ့...
26/02/2025

🔸ဗုဒ္ဓဦးနှောက်
✍️ဇော်ဝင်းကြူ(ပျဥ်းမနား) - မြန်မာပြန်
▪️ပဥ္စမအကြိမ်
✴️မူရင်း - Buddha´s Brain

ဗုဒ္ဓဦးနှောက်ဟာ သာမန်လူတွေရဲ့ ဦးနှောက်နဲ့ မတူတဲ့ ထူးခြားမှုတွေ၊ ဗုဒ္ဓဦးနှောက်ရဲ့ ထူးခြားတဲ့ ဖွဲ့စည်းပုံတွေနဲ့ အလုပ်လုပ်ပုံစနစ်တွေ အကြောင်းကို စူးစမ်းဖော်ထုတ် ရေးသားထားတဲ့ စာအုပ်မဟုတ်ပါဘူး။

ဗုဒ္ဓရဲ့ကျင့်စဥ်တွေဟာ လူ့ဦးနှောက်ရဲ့ အာရုံကြောစနစ်အပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိပြီး
ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ဘယ်လိုပြုပြင် ပြောင်းလဲသွားစေနိုင်တယ်ဆိုတာကို အကိုးအကား၊ အထောက်အထားတွေနဲ့ ရှင်းလင်းတင်ပြထားတဲ့ စာအုပ်ပါ။

စာအုပ်ရဲ့ တင်ပြချက်တွေဟာ အာရုံ​ကြောဆိုင်ရာဆေးပညာမှ ပညာရပ်ဆိုင်ရာ အချက်အလက်တွေအပေါ်မှာ အခြေခံထားပြီး လူ့သမိုင်းတစ်လျှောက် ဦးနှောက်နဲ့ အာရုံကြောစနစ်တို့ရဲ့ ဆင့်ကဲပြောင်းလဲမှုတွေက ယနေ့ဖြစ်ပေါ်နေတဲ့ စိတ်အခြေအနေတွေအပေါ် ဘယ်လိုလွှမ်းမိုးလျက်ရှိနေသေးတာကို မီးမောင်းထိုးပြထားပါတယ်။

ဦးနှောက်နဲ့ အာရုံကြောစနစ်တို့နဲ့ ပတ်သက်တဲ့ ဖော်ပြချက်တချို့ဟာ ဆေးပညာဘာသာရပ်မှာပါရှိတဲ့ အချက်အလက်တွေဖြစ်လို့ ပညာရပ်ဆန်ပြီး ရှုပ်ထွေးနက်နဲမှု အနည်းငယ် ရှိတာကြောင့် တချို့ဝါကျတွေကို တစ်ကြိမ်ဖတ်လို့ နားမလည်သေးရင် နောက်တစ်ကြိမ်အာရုံစူးစိုက်ဖတ်လိုက်ပါက နားလည်သိရှိသွားမှာဖြစ်ပါတယ်။

ဦးနှောက်ရဲ့ စွမ်းရည်တွေကို ထုတ်ယူသုံးစွဲဖို့နဲ့ ပိုမိုကြီးမားတဲ့ ချမ်းသာသုခနဲ့ စိတ်ငြိမ်းချမ်းမှုအတွက်
သင့်ဦးနှောက်ကို ရေရှည်ပြန်လည်မွမ်းမံဖို့ ဒီစာအုပ်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

✅တန်ဖိုး - ၁၇၀၀၀

🔴စာအုပ်မှာယူနိုင်မည့် အပြည့်အစုံကို
Comment တွင်ဖော်ပြပေးထားပါသည်။

"အကြောက်တရား" FEAR◾️◾️◾️လူတိုင်းက ကြောက်တတ်ကြတယ်။ဘဝရဲ့ အပျော်ရွှင်ရဆုံး အချိန်တွေတောင်မှပဲလူအများစုဟာ အကြောက်တရားရဲ့ အရိ...
25/02/2025

"အကြောက်တရား" FEAR

◾️◾️◾️

လူတိုင်းက ကြောက်တတ်ကြတယ်။

ဘဝရဲ့ အပျော်ရွှင်ရဆုံး အချိန်တွေတောင်မှပဲ
လူအများစုဟာ အကြောက်တရားရဲ့ အရိပ်
လွှမ်းမိုးမှုကို ခံနေကြရတယ်။

ပတ်ဝန်းကျင်မှာ ပျော်စရာတွေနဲ့ ပြည့်နေသည့်
တိုင်အောင် ကျွန်ုပ်တို့ဟာ ဘယ်တော့မှ ပျော်ရွှင်မှုကို အပြည့်အဝ မခံစားကြရဘူး။

လိုအပ်ချက်တွေ မပြည့်ဝမှာ ကြောက်တယ်။
ကိုယ်ချစ်တဲ့အရာတွေ ဆုံးရှုံးရမှာ ကြောက်တယ်။
ဘဝလုံခြုံမှုမရှိမှာ ကြောက်တယ်။

အဲဒီ အကြောက်တရားကို ဘယ်လို
ရင်ဆိုင် ကျော်လွှားရမလဲ။

ကျွနု်ပ်တို့မှာ ကြောက်စိတ်ကို စူးစိုက်ပြီး ကြည့်နိုင်တဲ့ အစွမ်းရှိတယ်။

ဒီလို ကြည့်နိုင်ရင် ကြောက်စိတ်မှာ ကျွန်ုပ်တို့ကို
ဆက်ပြီး ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူး။

ကြောက်စိတ်ဟာ ပြောင်းလဲသွားလိမ့်မယ်။

🔺အကြောက်တရား
✍️ကျော်စွာ မြန်မာပြန်သည်
✅(၁၅၀၀၀)
...............

🔴စာအုပ်လေးများကို မှာယူလိုပါက WE Bookstore - သု၀ဏ္ဏပေ့ခ်ျမှာ နေရပ်လိပ်စာအပြည့်အစုံ နှင့် ဖုန်းနံပါတ် ပေးပို့ပြီး မှာယူနိုင်သလို ဖုန်းဖြင့် ဆက်သွယ်၍ မှာယူလိုပါက 09986362992 တို့ကို နေ့စဉ် မနက်ကိုးနာရီမှ ညနေ ငါးနာရီအတွင်း မှာယူနိုင်ပါပြီ။

ပို့ခ - ၃၀၀၀ ကျပ် (ရန်ကုန်မြိုတွင်း၊ ၁ အုပ်မှ ၅ အုပ်အထိ) ၅ အုပ်အထက် 1Kg ထပ်တိုး (၅၀၀) ကျပ် ကျသင့်မှာဖြစ်ပါတယ်။

"သန်မာတဲ့အမျိုးသမီး" (Strong Woman)💢💢💢ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုဖြောင့်မတ်တည်ကြည်မှုအကောင်းမြင်တတ်မှုစိတ်ဓာတ်ခိုင်မာမှု...
24/02/2025

"သန်မာတဲ့အမျိုးသမီး" (Strong Woman)

💢💢💢

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု

ဖြောင့်မတ်တည်ကြည်မှု

အကောင်းမြင်တတ်မှု

စိတ်ဓာတ်ခိုင်မာမှုတို့နဲ့

သန်မာတဲ့ အမျိုးသမီးတစ်ယောက်

ဖြစ်လာစေဖို့ လမ်းညွှန်ပေးတဲ့

စာအုပ်တစ်အုပ်ဖြစ်ပြီး

မိမိရဲ့ ဘဝကို ပြောင်းလဲဖို့

ရှာဖွေနေသူတိုင်းအတွက်

သင့်တော်တဲ့ စာအုပ်ဖြစ်ပါတယ်။

✍️ဉာဏ
✅MMK - 12000...........

🔴စာအုပ်လေးများကို မှာယူလိုပါက WE bookstore - သု၀ဏ္ဏပေ့ခ်ျမှာ နေရပ်လိပ်စာအပြည့်အစုံ နှင့် ဖုန်းနံပါတ် ပေးပို့ပြီး မှာယူနိုင်သလို ဖုန်းဖြင့် ဆက်သွယ်၍ မှာယူလိုပါက 09986362992 တို့ကို နေ့စဉ် မနက်ကိုးနာရီမှ ညနေ ငါးနာရီအတွင်း မှာယူနိုင်ပါပြီ။ ပို့ခ - ၃၀၀၀ ကျပ် (ရန်ကုန်မြိုတွင်း၊ ၁ အုပ်မှ ၅ အုပ်အထိ) ၅ အုပ်အထက် 1Kg ထပ်တိုး (၅၀၀) ကျပ် ကျသင့်မှာဖြစ်ပါတယ်။

ဆယ်မြူအလ် ဘက်ကက်၏ အရေးအသားများကို နှစ်ခြိုက်သူများအတွက် ....✅မြတ်သစ် (မြန်မာပြန်)ထားသည်🔺ဘက်ကက်၏ ရုပ်ရှင် ဇာတ်ညွှန်းအပြည်...
24/02/2025

ဆယ်မြူအလ် ဘက်ကက်၏ အရေးအသား
များကို နှစ်ခြိုက်သူများအတွက် ....

✅မြတ်သစ် (မြန်မာပြန်)ထားသည်

🔺ဘက်ကက်၏ ရုပ်ရှင် ဇာတ်ညွှန်းအပြည့်အစုံသရုပ်ဖော်ပုံနှင့် ရိုက်ကူးရေးဓာတ်ပုံများ

(အသစ်ထွက်စာအုပ်နဲ့)

✅မြင့်သန်း(မြန်မာပြန်)
🔺ဆယ်မြူအယ် ဘက်ကက်၏အရေးအသားများ

စာအုပ်နှစ်အုပ် မှာယူရရှိနိုင်ပါပြီ။...........

✴️စာအုပ်လေးများကို မှာယူလိုပါက WE bookstore - သု၀ဏ္ဏပေ့ခ်ျမှာ နေရပ်လိပ်စာအပြည့်အစုံ နှင့် ဖုန်းနံပါတ် ပေးပို့ပြီး မှာယူနိုင်သလို ဖုန်းဖြင့် ဆက်သွယ်၍ မှာယူလိုပါက 09986362992 တို့ကို နေ့စဉ် မနက်ကိုးနာရီမှ ညနေ ငါးနာရီအတွင်း မှာယူနိုင်ပါပြီ။ ပို့ခ - ၃၀၀၀ ကျပ် (ရန်ကုန်မြိုတွင်း၊ ၁ အုပ်မှ ၅ အုပ်အထိ) ၅ အုပ်အထက် 1Kg ထပ်တိုး (၅၀၀) ကျပ် ကျသင့်မှာဖြစ်ပါတယ်။

🔴ဆိုင်လိပ်စာလေးက သံသုမာလမ်းမပေါ် ၊ ဝေဘူလမှတ်တိုင် ၊ ABC store အပေါ်ထပ်ရှိပါတယ်။ ( Abc store အထဲကနေပဲ ဝင်လာနိုင်ပါတယ်) မနက် (၉)နာရီကနေ ညနေ(၅) နာရီအထိ ပိတ်ရက်မရှိ ဆိုင်ဖွင့်ပါတယ်။

စာချစ်သူများအတွက်WE Bookstore သုဝဏ္ဏသို့အသစ်ရောက်ရှိတဲ့ စာအုပ်များဖြစ်ပါတယ်။📚📚📚နှစ်သက်ရာ သုတ၊ ရသ၊ ဘာသာပြန်၊ရုပ်ပြ စာအုပ်...
22/02/2025

စာချစ်သူများအတွက်

WE Bookstore သုဝဏ္ဏသို့

အသစ်ရောက်ရှိတဲ့ စာအုပ်များ

ဖြစ်ပါတယ်။

📚📚📚

နှစ်သက်ရာ သုတ၊ ရသ၊ ဘာသာပြန်၊

ရုပ်ပြ စာအုပ်များကိုလည်း လာရောက်

မြည်းစမ်းဖတ်ရှုပြီး ဝယ်ယူနိုင်ပါတယ်နော်။

♻️♻️♻️

✴️ဥဒါန်းသစ်နှင့်ယန္တရားဝတ္ထုတိုများ (၉၀၀၀)
✅စိုးဘားဒိုင်

✴️သိုးနှစ်ကောင် (၁၀၀၀၀)
✅အော်ပီကျယ်၊ ဇော်မောင်

✴️နွေးထွေးကြင်နာတဲ့ကော်ဖီတစ်ခွက် (၆၀၀၀)
✅နိုင်းနိုင်းစနေ

✴️ရန်ကုန်မှာခုနစ်ညတာ (၇၅၀၀)
✅မင်းကြည်(မိုးညှင်း)

✴️သံမဏိစိတ်ဓာတ် (၈၀၀၀)
✅ဘုန်းမောင်ဦး

✴️မာနကင်းမဲ့ဇုန် (၈၅၀၀)
✅ဒေါ်ဟေ(အညာမြေ)

✴️တန်ဖိုးထားတဲ့ရပ်ဝန်းမှာရှင်သန်ပါ (၈၀၀၀)
✅အရှင်ဇဝန(ရွှေကုန်းမြ)

✴️မောင်ဖတ်ဖို့ (၆၀၀၀)
✅ခမ်း

✴️ကျေးတောသူ (၁၀၀၀၀)
✅လင်းရောင်နီ(စဘေ)

✴️ချစ်ရတဲ့သူတွေ (၁၀၀၀၀)
✅ဝိုင်ချို

✴️သန်မာတဲ့စိတ်ဓာတ် (၆၀၀၀)
✅ချမ်းမင်းခန့်

✴️စာအုပ်လေးအုပ် (၂၂၀၀၀)
✅နေမင်းနိုင် (မြန်မာပြန်)

✴️အမေဇုန်မိုးသစ်တော (၄၅၀၀)
✅ထက်ထက်တင်ဇာ

✴️The Wish Poem (၁၀၀၀၀)
✅Naung Yoe Thit

📙📗စာအုပ်လေးများမှာယူနိုင်မည့် အပြည့်အစုံကို
Comment တွင်ဖော်ပြပေးထားပါသည်။

🔺ငွေရှာနည်းစိတ်ပညာ(The Psychology of Money) ပြန်ရပါပြီ📣📣📣ငွေရှာနေတဲ့သူ မည်သူမဆိုဖတ်သင့်တဲ့ စာအုပ်ပါ။မူရင်းရေးသားသူ Mogra...
21/02/2025

🔺ငွေရှာနည်းစိတ်ပညာ
(The Psychology of Money)

ပြန်ရပါပြီ

📣📣📣

ငွေရှာနေတဲ့သူ မည်သူမဆိုဖတ်သင့်တဲ့ စာအုပ်ပါ။

မူရင်းရေးသားသူ Mogran Housel ဖြစ်ပြီး ကမ္ဘာတစ်ဝန်း အရောင်းရဆုံးစာရင်းဝင် စာအုပ်ဖြစ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး ငွေကြေးဆိုင်ရာအတွေးအခေါ်၊ ငွေကြေးစီမံခန့်ခွဲမှုများကို အကောင်းဆုံး ညွှန်ပြထားပါတယ်။ ငွေကြေးအပေါ်မှာ ထားရှိတဲ့လူတစ်ဦးနဲ့တစ်ဦးရဲ့ မတူညီတဲ့ ဆုံးဖြတ်ချက်တွေ၊ ခံယူချက်တွေကို နားလည်သိရှိနိုင်မှာလည်းဖြစ်ပါတယ်။

စာအုပ်မှာ အခန်း ၂၀ ပါရှိပြီး တစ်ခန်းချင်းဆီမှာ ငွေရှာနည်းစိတ်ပညာရဲ့ အရေးကြီးဆုံးနဲ့ လျစ်လျူရှုလို့မရတဲ့အင်္ဂါရပ်များကို ဖော်ပြပေးထားပါတယ်။ ငွေကြေးရဲ့နည်းပညာပိုင်းထက် စိတ်ပိုင်းဆိုင်ရာအရည်အချင်းက ပိုအရေးကြီးကြောင်း ရှင်းပြထားပြီး ပိုမိုကောင်းမွန်တဲ့ ငွေကြေးဆိုင်ရာဆုံးဖြတ်ချက်များ ချမှတ်နိုင်ဖို့ အထောက်အကူဖြစ်မယ့် နည်းလမ်းများနဲ့ ရှင်းပြထားပါတယ်။

✅Dr.Phyo Min Tun
🔺MMK - 18000
...................

🔴စာအုပ်မှာယူနိုင်မည့် အပြည့်အစုံကို
Comment တွင်ဖော်ပြပေးထားပါသည်။

ကလေးမိဘတွေ အုပ်ထိန်းသူတွေဖတ်ရှုသင့်တဲ့ ဒေါက်တာအောင် (ဆေး-၂) ရဲ့စာအုပ်များဖြစ်ပါတယ်။ကလေးတစ်ယောက် မွေးကင်းစက အစသိတတ်စအရွယ်...
20/02/2025

ကလေးမိဘတွေ အုပ်ထိန်းသူတွေ
ဖတ်ရှုသင့်တဲ့ ဒေါက်တာအောင် (ဆေး-၂) ရဲ့
စာအုပ်များဖြစ်ပါတယ်။

ကလေးတစ်ယောက် မွေးကင်းစက အစ
သိတတ်စအရွယ် လေး ငါးနှစ်မှ
မြီးကောင်ပေါက် လူပျိုဖော် အပျိုဖော်
ဝင်လာတဲ့အရွယ်အဆုံး စိတ်နေစိတ်ထား
ပေါင်းသင်းဆက်ဆံမှုနဲ့
မိမိကလေးကို ဘယ်လို ပြုစုစောင့်ရှောက်မလဲ
မိဘတွေအနေနဲ့ ဘာတွေပြင်ဆင်သင့်လဲ
ဆိုတာတွေအတွက်
ဒီစာအုပ်တွေက အဖြေရှာပေးထားပါတယ်။

🔸🔸🔸

✅ကလေးစိတ်ပညာ (၅၅၀၀)
✅သင့်ကလေးကိုငွေကြေးအကြောင်း ဘယ်လို သင်ပေးမလဲ (၂၈၀၀)
✅အတ္တကြီးသောအမေများ (၄၈၀၀)
✅ဖေဖေနဲ့မေမေဘာကြောင့်အတူမနေချင်တာလဲ
(၂၈၀၀)
✅သင့်ကလေးကို S*x အကြောင်းဘယ်လိုပြောမလဲ (၃၅၀၀)
✅ထိရှခံစားလွယ်တဲ့ကလေးတွေကို
ပြုစုပျိုးထောင်နည်း (၃၈၀၀)................

♻️စာအုပ်မှာယူနိုင်မည့် အပြည့်အစုံကို
Comment တွင်ဖော်ပြပေးထားပါသည်။

ကွန်မြူနစ်ဝါဒ သမိုင်းကြောင်းနှင့်ပတ်သက်ပြီးမေးဖို့မြန်းဖို့ မဝံ့မရဲဖြစ်နေသော အရာအားလုံးကိုအကုန်အစင်သိနိုင်မယ့် စာအုပ်ကြီ...
19/02/2025

ကွန်မြူနစ်ဝါဒ သမိုင်းကြောင်းနှင့်ပတ်သက်ပြီး

မေးဖို့မြန်းဖို့ မဝံ့မရဲဖြစ်နေသော အရာအားလုံးကို

အကုန်အစင်သိနိုင်မယ့် စာအုပ်ကြီးနှစ်အုပ်။

အသေးစိတ် ရှင်းပြချက်များ

ထက်မြက်တဲ့ ထိုးထွင်းအမြင်များကို

ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်မည့်

ကွန်မြူနစ်ဝါဒနှင့် ပတ်သက်ပြီး

အခိုင်မာဆုံး၊ အချက်အချာကျဆုံး

စာအုပ်ကြီးနှစ်အုပ်ဟု ဆိုရမည်ဖြစ်သည်။

- မူရင်းရေးသားသူ အာချီဘရောင်း၏ The Rise And Fall Of Communism ကို ဆရာကျော်ဝင်း ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။

✅ကွန်မြူနစ်ဝါဒ၏နေထွက်ချိန်နှင့်နေဝင်ချိန်
✅ပထမတွဲ - (၁၈၀၀၀) ကျပ်
✅ဒုတိယတွဲ - (၃၀၀၀၀) ကျပ်
................

🔴ပို့ခ - ၃၀၀၀ ကျပ် (ရန်ကုန်မြိုတွင်း၊ ၁ အုပ်မှ ၅ အုပ်အထိ)စာအုပ်သံတမန်ရောက်ရှိမြို့များ (၁ အုပ်မှ ၅ အုပ်အထိ)၅ အုပ်အထက် 1Kg ထပ်တိုး (၅၀၀) ကျပ် ကျသင့်မှာဖြစ်ပါတယ်။ စာအုပ်လေးများကို မှာယူလိုပါက WE bookstore - သု၀ဏ္ဏပေ့ခ်ျမှာ နေရပ်လိပ်စာအပြည့်အစုံ နှင့် ဖုန်းနံပါတ် ပေးပို့ပြီး မှာယူနိုင်သလို ဖုန်းဖြင့် ဆက်သွယ်၍ မှာယူလိုပါက 09986362992 တို့ကို နေ့စဉ် မနက်ကိုးနာရီမှ ညနေ ငါးနာရီအတွင်း မှာယူနိုင်ပါပြီ။

🔴ဆိုင်လိပ်စာလေးက သံသုမာလမ်းမပေါ် ၊ ဝေဘူလမှတ်တိုင် ၊ ABC store အပေါ်ထပ်ရှိပါတယ်။ ( Abc store အထဲကနေပဲ ၀ငျလာနိုငျပါတယျ) မနက် (၉)နာရီကနေ ညနေ(၅) နာရီအထိ ပိတ်ရက်မရှိ ဆိုင်ဖွင့်ပါတယ်။

ဆရာတော် ဦးဇောတိကရဲ့ရရှိနိုင်တဲ့ စာအုပ်များကိုစုစည်းပေးထားပါတယ်။🌱🌱🌱🌹🌹🔸ဘဝကိုစိတ်ကဦးဆောင်သည် (၆၀၀၀)🔸မသိရင်ခက်မယ် (၆၀၀၀)🔸စ...
18/02/2025

ဆရာတော် ဦးဇောတိကရဲ့
ရရှိနိုင်တဲ့ စာအုပ်များကို
စုစည်းပေးထားပါတယ်။

🌱🌱🌱🌹🌹

🔸ဘဝကိုစိတ်ကဦးဆောင်သည် (၆၀၀၀)
🔸မသိရင်ခက်မယ် (၆၀၀၀)
🔸စိတ်ချမ်းသာဖို့လိုရင်းပါ (၈၀၀၀)
🔸ချီးမွမ်းခြင်းကဲ့ရဲ့ခြင်း (၅၀၀၀)
🔸အလှတရားမှအမှန်တရားသို့ (၆၀၀၀)
🔸အသက်ရှင်နေလျက်ဘဝသေနေသူ (၆၀၀၀)
🔸အခွင့်အရေးနှင့်တာဝန်သဘောထား
မှန်ပါစေ (၄၀၀၀)
🔸မင်္ဂလာတရားတော် (၆၀၀၀)
🔸ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန်သတိဖြင့် နေထိုင်ခြင်း (၄၀၀၀)
🔸တစိမ့်စိမ့်တွေးမယ်သိစရာတွေးစရာ (၅၀၀၀)
🔸မြင့်မြတ်မှုပျောက်ဆုံးနေခြင်းမေတ္တသုတ်
တရားတော် (၆၀၀၀)
🔸သိက္ခာရှိရှိနေမယ်ခွင့်လွှတ်ပါတယ် (၄၀၀၀)
🔸မေတ္တာတရားလမ်းပျောက်ရာမှ လမ်းမှန်ပေါ်
ရောက်လာသူ (၄၀၀၀)
🔸လေးစားပါတယ်ဘဝတန်ဖိုး အထီးကျန်ဘဝမှ
လွတ်မြောက်ခြင်း (၄၀၀၀)
🔸ဘဝ၏အဆင့်အတန်းသဘောထားကြီးပါတယ်
(၄၀၀၀)
🔸တစိမ့်စိမ့်တွေးမယ်သိစရာတွေးစရာ (၅၀၀၀)..............

✳️စာအုပ်လေးများမှာယူနိုင်မည့် အပြည့်အစုံကို
Comment တွင်ဖော်ပြပေးထားပါသည်။

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when WE Bookstore - Thuwanna Branch posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category