16/08/2026
" ဆရာမင်းလူ၏ ၀တ္ထုတိုပေါင်းချုပ်စာအုပ်နှင့်
အမှတ်တရအိတ်လက်ဆောင် " 📚✨
ဝတ္ထုတိုပေါင်းချုပ်ကြီးဟာ
ဆရာမင်းလူရဲ့ တစ်ဘဝလုံးပါပဲ….
ဒီလိုပါ။
နေဝင်သွားတော့ လထွက်သည် ဆိုတဲ့
ဝတ္ထုတိုလေးဟာ
ဆရာမင်းလူရဲ့
ပထမဆုံး ပုံနှိပ်ဖော်ပြခြင်းခံရတဲ့ ဝတ္ထုတိုဖြစ်ပြီး
ရုပ်ရှင်ပဒေသာ မဂ္ဂဇင်း၊
၁၉၇၆ ခုနှစ်မှာ ဖော်ပြခဲ့ပါတယ်။
တစ်ဘဝလုံး စာရေးသားခြင်းကိုသာ
တစိုက်မတ်မတ်လုပ်ခဲ့သူ ဆရာမင်းလူဟာ
ကွယ်လွန်ချိန်ထိ ရတနာခုနှစ်သွယ်ဆိုတဲ့
စာမူကို ရေးသားခဲ့ပြီး
အဆုံးသတ်နိုင်ခဲ့ခြင်းတော့ မရှိပါ။
ဝတ္ထုတိုပေါင်းချုပ်စာအုပ်ကြီးဟာ
ဆရာမင်းလူရဲ့ ပထမဆုံး ပုံနှိပ်စာမူကနေ
နောက်ဆုံးချိန်ထိရေးသားခဲ့တဲ့
ဝတ္ထုတို ၁၀၁ ပုဒ်ကို စုစည်းထားတဲ့
စာအုပ်ကြီး ဖြစ်ပါတယ်။
🌟 စာအုပ်တန်ဖိုး - ၃၅၀၀၀ ကျပ်
ဆရာမင်းလူ၏ ၀တ္ထုတိုပေါင်းချုပ်နှင့် အမှတ်တရ
အိတ်လက်ဆောင်များ မင်မင်တို့လရောင်Pageမှာ
ကြိုတင်မှာယူလို့ရပါပြီရှင့် ✨
📍 အမှတ်တရအိတ်လက်ဆောင်နှင့်ယူမည့်သူများ
ကြိုတင်အမှာကို 20.8.2026 နောက်ဆုံးထားပြီး
မှာယူပေးကြပါရန်မေတ္တာရပ်ခံအပ်ပါတယ်ရှင်။
📌စာအုပ်လေးကို အိမ်ခေါ်ချင်တယ်ဆိုရင် မင်မင်တို့ရဲ့ page messenger မှာ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်နှင့်တကွ လာရောက်မှာယူနိုင်ပါတယ်ရှင့်။ 🍀
#မင်းလူ
#၀တ္ထုတိုပေါင်းချုပ်
#အမှတ်တရအိတ်လက်ဆောင်