Boom Beauty Kyi Kyi

Boom Beauty Kyi Kyi ယုံကြည်စိတ်ချစွာဝယ်ယူအားပေးနိုင်ပါတယ်ရှင့်

အမျိုးသမီးတစ်ယောက်ဟာ ဘယ်လိုအမျိုးသမီးမျိုးလဲဆိုတာ ထည့်သွင်းစဉ်းစားတဲ့အခါ -🚫နောက်ခံမိဘနဲ့ ဆွေမျိုးအသိုင်းအဝိုင်းရဲ့အခြေအန...
04/01/2021

အမျိုးသမီးတစ်ယောက်ဟာ ဘယ်လိုအမျိုးသမီးမျိုးလဲဆိုတာ ထည့်သွင်းစဉ်းစားတဲ့အခါ -

🚫နောက်ခံမိဘနဲ့ ဆွေမျိုးအသိုင်းအဝိုင်းရဲ့အခြေအနေ

🚫သူမအပေါ်မကောင်းခဲ့လို့ ပြတ်ခဲ့ရတဲ့ relationship

🚫သူမအကြောင်း အတင်းပြောတဲ့ လူတွေနဲ့ပတ်ဝန်းကျင်ရဲ့ကောလဟာလသတင်းတွေ

🚫ငယ်စဉ်က ကြုံတွေ့ခဲ့ရတဲ့ အတိတ်ဆိုး

🚫အဝတ်အစားနဲ့အပြင်အဆင်

🚫မိသားစုစီးပွားရေးနဲ့ အသိုင်းအဝိုင်း

🚫သူမလက်ရှိလက်တွဲထားတဲ့လူ

ဒါတွေက ဒီအမျိုးသမီးဟာ ဘယ်လိုမိန်းမမျိုးပါဆိုတာကို တိုင်းတာခွင့်မပေးတဲ့ အချက်အလက်တွေပါပဲ။ ပြောရရင် ဒါတွေအားလုံးက ပတ်ဝန်းကျင်ရဲ့ လှုံ့ဆော်မှုနဲ့ အပေါ်အကာရံတွေကြီးပဲလို့ မေကတော့မြင်မိတဲ့အကြောင်းလေးကို sharing လုပ်ပေးချင်တာပါ။

------------------------------------------------------------------------

အမှန်တော့လေ တကယ့်တန်ဖိုးအစစ်အမှန်တစ်ခု၊ ပုံစံအစစ်တစ်ခုကို မြင်ချင်တယ်ဆိုရင် သူမရဲ့ -

✅စိတ်နေစိတ်ထားနဲ့ ဘဝခံယူချက်

✅အသိပညာနဲ့အတတ်ပညာ

✅လူတွေအပေါ်ဆက်ဆံတဲ့ အပြုအမှု

✅အကျင့်စာရိတ္တနဲ့ အရည်အချင်း

✅သူမရဲ့ကြိုးစားအားထုတ်မှုတွေနဲ့သာ သူမရဲ့ တန်ဖိုးကိုမြင်ပေးပါ။

အမျိုးသမီးတိုင်းမှာ သူတို့ကိုယ်တိုင် ရွေးချယ်ခွင့်ရတဲ့ အရာတွေရှိသလို ရွေးချယ်ခွင့်မရလိုက်တဲ့ အရာတွေလည်းရှိပါတယ်။

ရွေးချယ်ခွင့်ရတဲ့အရာတွေပေါ်မှာ ဘယ်လိုရွေးချယ်ခဲ့သလဲဆိုတာနဲ့ ရွေးချယ်ခွင့်မရလိုက်တဲ့အပေါ်မှာရော ဘယ်လိုတုံ့ပြန်ခဲ့သလဲဆိုတာတွေကသာ သူမဘယ်လို အမျိုးသမီးမျိုးလည်းဆိုတာ ပုံပေါ်စေတာပါ..

သူမအကြောင်းသိချင်ရင်
သူမကိုသာရွေးချယ်ပါ။
သူမဘေးက အကာအရံတွေကိုမရွေးချယ်ပါနဲ့.....

ချစ်သော

မေ

မဂ်လာနံနက်ခင်းလေးပါရှင့် စီးပွားလာဘ်လာဘတွေတိုးပွားကြပါစေ
03/01/2021

မဂ်လာနံနက်ခင်းလေးပါရှင့် စီးပွားလာဘ်လာဘတွေတိုးပွားကြပါစေ

တိုတောင်းလှတဲ့ ဘဝ လေးမှာ အနည်းဆုံးတော့ ပြုံးလိုက်ပါ•••••••••••••••••✷☆✷••••••••••••✷☆✷••••••••••••••••စိတ်ကောင်းထားပါစိတ...
02/01/2021

တိုတောင်းလှတဲ့ ဘဝ လေးမှာ အနည်းဆုံးတော့ ပြုံးလိုက်ပါ
•••••••••••••••••✷☆✷••••••••••••✷☆✷••••••••••••••••

စိတ်ကောင်းထားပါ
စိတ်ကောင်းရှိသူတိုင်းဟာ လှနေပါတယ်

ဘာမှမပိုင်ရင်တောင်
ဒီတစ်ခုကိုတော့ ပိုင်အောင် လုပ်သင့်ပါတယ်

ဒေါသနဲ့ ဝေးဝေးနေပါ..
ဒေါသက နာကျင် မှုတွေပေးလို့ပါ
သင့် ကိုယ် တိုင် ကိုရော ပါတ်ဝန်းကျင် ကိုရောပေါ့

၁ မိနစ် ဒေါသထွက် ရတိုင်း စက္ကန့် ၆ဝ စာ
ပျှော်ရွှင်မှုတွေ ဆုံးရှုံးသွားရတာကို မမေ့ပါနဲ့ ..

ကိုယ်က မှန်နေတယ်ဆိုရင် စိတ်ဆိုးနေစရာ မလိုပါ။
တကယ်လို့ ကိုယ့်ဘက်က မှားနေတယ်ဆိုရင်လည်း ကိုယ်က
ဘာမှစိတ်ဆိုးပိုင်ခွင့်မရှိတာကို နားလည်လိုက်ပါ……။

မိသားစုဝင်တွေအပေါ်
သည်းခံခြင်းဟာ .. ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းတယ်...။

တခြားသူတွေအပေါ်
သည်းခံခြင်းဟာ ... လေးစားမှုကို ဖော်ညွှန်းတယ်...။

ကိုယ့်ကိုယ်ကို ... သည်းခံနိုင် ခြင်းဟာ
မိမိကိုယ်ကို ယုံကြည်မှု့ ရှိတာကိုဖော်ညွှန်းတယ်...။

အခြေအနေတွေကို .. အလိုက်သင့် သည်းခံခြင်းဟာ
ကိုယ့်ရဲ့ ကိုယ်ရည် ကိုယ်သွေး အရည်အချင်းကို
ဖော်ညွှန်းတယ်...။

အတိတ်အကြောင်းကို သိပ်မတွေးပါနဲ့... ။
မျက်ရည်တွေပဲ ကျလာရင် ကိုယ်ပဲ ဝမ်းနည်းရမယ်လေ…။

အနာဂတ်အကြောင်းကို သိပ်မတွေးပါနဲ့.. စိုးရိမ်ကြောက်ရွံ့
မှု့တွေ ၊ အားငယ်မှုတွေ က သင့်ကို နှိပ်စက်လာလိမ့်မယ် ..။

ပစ္စုပ္ပန် လက်ရှိအချိန်မှာ ... အကောင်းဆုံးစိတ်ထား
အကောင်းဆုံး အလုပ်တွေနဲ့ နေထိုင်ပါ... ။

ကောင်းချီးသြဘာတွေ ဆိုက်ရောက် လာပါလိမ့်မယ်
ဒါက လက်ဆောင်မွန် ဖြစ်လာပါလိမ့်မယ်...။

ဘဝ ရဲ့ စမ်းသပ်ချက်တိုင်းက ...
ပိုမိုကောင်းမွန်လာစေသလို ပိုပြီးခါးသီးသွားစေနိုင်တာလည်း
ရှိတတ်တာကို မေ့မထားပါနဲ့ ... ။

ကြုံတွေ့ရတဲ့ ပြဿနာ တိုင်းဟာ ...
အတွေ့အကြုံကောင်းကို တည်ဆောက်ပေးနိုင် သလို
အမှားအဖြစ်လည်း သင့် ကို ချိုးဖျက်နိုင် ပါတယ်...။

ဒူးထောက်မလား , ဆက်လျှောက်မလား ...?
ဆိုတာကတော့ သင့်ရွေးချယ်မှုအပေါ်မှာပဲ
မူတည်နေပါတယ်...။

လှပတဲ့အရာတိုင်းဟာ ... အမြဲတမ်း မကောင်းနိုင် ပေမယ့်
ကောင်းတဲ့အရာတိုင်းကတော့ အမြဲတမ်းလှပနေပါတယ်...။

ပြောရရင် လှတာထက် ကောင်းတာကို ဦးစားပေးဖို့ပါ ...။

ပျော်ရွှင်မှုဟာ သင့်ကို ချစ်ဖွယ်သော အရာတွေကို ယူဆောင်ပေးတယ် ...။

ဒါကြောင့် ..
အမြဲပျော်ရွှင်နေရအောင် တတ်နိုင်သမျှ ကြိုးစားသင့်တယ်...။

✿ အနည်းဆုံးတော့ ပြုံးလိုက်ပါ ... ✿

ဆရာတော်အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
🙏🙏🙏

မဂ်လာနံနက်ခင်းလေးပါရှင့်မြတ်စွာဘုရားရဲ့အရိပ်အာဝါသအောက်မှာ သတ္တဝါအားလုံး အေးချမ်းသာယာပြီး ကပ်ဘေးမှလွတ်မြောက်နိုင်ကြပါစေ
02/01/2021

မဂ်လာနံနက်ခင်းလေးပါရှင့်
မြတ်စွာဘုရားရဲ့အရိပ်အာဝါသအောက်မှာ သတ္တဝါအားလုံး အေးချမ်းသာယာပြီး ကပ်ဘေးမှလွတ်မြောက်နိုင်ကြပါစေ

"ရူး" မှ "ထူး" မှာ"ထူး" ချင်ရင် "ရူး" လောက်အောင်ကြိုးစား....💪ဘယ်ကိစ္စမဆိုပေါ့....- ကိုယ့်ဆန္ဒပြည့်ဖို့အတွက် ကိုယ့်ကြိုးစ...
29/12/2020

"ရူး" မှ "ထူး" မှာ

"ထူး" ချင်ရင် "ရူး" လောက်အောင်ကြိုးစား....💪

ဘယ်ကိစ္စမဆိုပေါ့....

- ကိုယ့်ဆန္ဒပြည့်ဖို့အတွက် ကိုယ့်ကြိုးစားတာ

လောကကို မထိခိုက်ရင် အပြစ်မဟုတ်ပါ။

- အောင်မြင်တဲ့ဘဝဆိုတာ အများက သတ်မှတ်လို့မရပါ။

- ကိုယ့်ဆန္ဒတွေ ကိုယ်ဖြည့်နိုင်ပြီး

- စိတ်ချမ်းချမ်းသာသာ နဲ့

- ကိုယ့်ဘဝမှာကိုယ်ပျော်ရွှင်ပြီး နေရတာကို

- အောင်မြင်တဲ့ ဘဝတစ်ခုအဖြစ်ကိုယ်တိုင်သတ်မှတ်ပါ။

စီးကရက်

မောင်သာချို

ဟိုးအရင်တုန်းကအလုပ်တစ်ခုကိုလုပ်ဘို့အတွက်ကိုအတွေးပေါင်းစုံနဲ့ကြောက်စိတ်တွေများပြီးအရမ်းကိုတွေဝေခဲ့ဖူးတယ်အခုနောက်ပိုင်းမှ ...
22/12/2020

ဟိုးအရင်တုန်းက
အလုပ်တစ်ခုကိုလုပ်ဘို့အတွက်ကို
အတွေးပေါင်းစုံနဲ့
ကြောက်စိတ်တွေများပြီး
အရမ်းကိုတွေဝေခဲ့ဖူးတယ်

အခုနောက်ပိုင်းမှ
သိလာခဲ့ရတာတစ်ခုကတော့

ချက်ချင်းအတွေးပေါ်လာရင်
ချက်ချင်းကောက်လုပ်ရဲတဲ့သူက
ဘာအလုပ်ပဲဖြစ်ဖြစ်
ချက်ချင်းအောင်မြင်တဲ့သူ
ဖြစ်တယ်ဆိုတာကို
လက်တွေ့ကျကျသိလိုက်ရပါတယ်

အောင်မြင်ချင်ရင်
ဘာအလုပ်ပဲဖြစ်ဖြစ်
ဘယ်တော့မှမတွေဝေပါနဲ့

ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်နဲ့
ချက်ချင်းထလုပ်လိုက်ပါ

သင်လုပ်မယ်ဆိုတဲ့အလုပ်က
ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိနေတဲ့အတွက်
ကျိန်းသေကို သင်အောင်မြင်ပါတယ်

By@Lin Aung Kyaw
Crd

"Skincare ခြင်းကြောင့်ဘာတွေပြောင်းလဲလာမလဲ"Skincare ခြင်းဟာအောက်ခံအသားအရေကိုထိန်းသိမ်းပေးလို့မိတ်ကပ်မလိမ်းခင် (သို့မဟုတ်)...
14/12/2020

"Skincare ခြင်းကြောင့်ဘာတွေပြောင်းလဲလာမလဲ"

Skincare ခြင်းဟာ
အောက်ခံအသားအရေကိုထိန်းသိမ်းပေးလို့

မိတ်ကပ်မလိမ်းခင် (သို့မဟုတ်) အခြားတစ်ခုခုမလိမ်းခင်
အရင်ဆုံး Skincare လုပ်ပြီးမှ
လိမ်းပေးခြင်းအားဖြင့်

မိတ်ကပ်လိမ်းရင်လဲ အသားနဲ့ကပ်ကပ်လေးဖြစ်စေပြီး
သနပ်ခါးလိမ်းရင်လဲ အသားနဲ့ကပ်ကပ်လေးကွာမကျစေပဲ
ဘာလေးပဲလိမ်းလိမ်း မျက်နှာအသားအရေနဲ့
တစ်ထပ်တည်းကျနေပြီး ကြည့်ကောင်းစေတယ်

Skincare ခြင်းကြောင့်
အရွယ်မတိုင်ခင် အိုမင်းခြင်းကိုကာကွယ်ပေးနိုင်
အရေးအကြောင်းများ သက်သာစေပြီး
တင်းတိပ် များဖြစ်ပေါ်တာကိုလဲတားစီးပေးပါတယ်
အသားအရေပြသနာများကိုလဲ ကာကွယ်ပေးပါတယ်

Skincare ခြင်းဟာ
မျက်နှာ ကိုဖြူစင်ကြည်လင်း စေပါတယ်
အသားမဲတယ်ဆိုရင်တောင်
မျက်နှာလေးက ကြည်ဝင်းနေစေပါတယ်

ဒါကြောင့် Skincare လုပ်ဖို့မပျင်းပါနဲ့☺☺☺

 #အိမ်တွင်းသဘာဝပေါင်းတင်နည်း သဘာဝဆို သဘာဝမှကြိုက်တတ်တဲ့သူတွေအိမ်မှာလွယ်လွယ်ကူကူလုပ်လို့ရတဲ့နည်းတွေကိုပဲသဘောကျတဲ့သူတွေအတွ...
07/12/2020

#အိမ်တွင်းသဘာဝပေါင်းတင်နည်း
သဘာဝဆို သဘာဝမှကြိုက်တတ်တဲ့သူတွေ
အိမ်မှာလွယ်လွယ်ကူကူလုပ်လို့ရတဲ့နည်းတွေကိုပဲသဘောကျတဲ့သူတွေအတွက်
အကြိုက်တွေ့စေမဲ့နည်းလမ်းတွေကိုဖော်ပြပေးလိုက်ပါတယ်
👏👏👏👏👏👏👏👏👏👏👏👏👏

#သခြားသီး
ားသီးကိုရှားစောင်းလက်ပပ်အနှစ်နဲ့အနှစ်ဖြစ်အောင်ရောပါ ပြီးရင်မျက်နှာမှာလူးပါ ၁၅မိနစ်လောက်ထားပြီးရေဆေးချပါ အသားခြောက်တဲ့သူတွေအတွက်သင့်တော်ပါတယ်
သခွားးသီးကိုအရည်ရအောင်ညှစ်ထုတ်ပါရလာတဲ့အရည်ကိုမျက်နှာလူးပြီးနှိပ်နယ်ပေးပါ၅မိနစ်လောက်ထားပါ ရေဆေးချလို့ရပါတယ်
#သခြားသီ
ားသီနဲ့ခရမ်းချဉ်သီးကိုအရည်ဖြစ်အောင်လုပ်ပြီးရောလူးပါ၁၅မိနစ်လောက်ထားပြီးဆေးချလို့ရပါပြီ
#ခရမ်းချဉ်သီး
ခရမ်းချဉ်သီးကိုရှားစောင်းလက်ပပ်နဲ့ရောပြီးလူးပေးပါ၁၅မိနစ်လောက်ထားပြီးရင်ရေဆေးချလို့ရပါပြီ နေ့တိုင်းလုပ်နိုင်ပါတယ်
#ခရမ်းချဉ်သီး
ခရမ်းချဉ်သီးကိုအနှစ်ဖြစ်အောင်လုပ်ပျားရည်နဲ့ရောပြီးလူးပါ၁၅မိနစ်လောက်ထားပါရေဆေးချလို့ရပါပြီ
#ခရမ်းချဉ်သီး
ခရမ်းချဉ်သီးကိုအနှစ်ဖြစ်အောင်လုပ်ဒိန်ချဉ်နဲ့ရောပြီးလူးပါခြောက်သွားရင်ဆေးချလို့ရပါပြီ
#သဘောင်္သီး
သဘောင်္သီးကိုသံပုရိုရည်နဲ့ရောပြီးရလာတဲ့အနှစ်ကိုမျက်နှာမှာလူးပါ ၁၅မိနစ်လောက်ထားပါ ရေဆေးချလိုက်ရင်ရပါပြီ
#သဘောင်္သီး
သဘောင်္သီးကိုအနှစ်လုပ်ပြီးပျားရည်နဲ့ရောပါ မျက်နှာတစ်ခုလုံးလူးပြီးခြောက်ရင်ရေဆေးချလို့ရပါပြီ
#သဘောင်္သီး
သဘောင်္သီးကိုအနှစ်ရအောင်လုပ်ပြီးမျက်နှာမှာလူးပါ၁၀မိနစ်လောက်ထားပြီးရေဆေးချပါ
#ထောပတ်သီး
ထောပတ်သီးနဲ့ခရမ်းချဉ်သီးကိုအနှစ်ဖြစ်အောင်လုပ်ပြီးရောလူးပါ ၁၅မိနစ်လောက်ထားပါ အသားခြောက်တဲ့သူတွေအတွက်သင့်တော်ပါတယ်
#ထောပတ်သီး
ထောပတ်သီးကိုအနှစ်ဖြစ်အောင်လုပ်သံလွင်ဆီနဲ့ရောလူးပါ ၁၅မိနစ်လောက်ထားပါ ရေဆေးချပါ
#ထောပတ်သီး
ထောပတ်သီးနဲ့ကြက်ဥအနှစ်ကိုရောမွှေပါ မျက်နှာအနှံလူးပြီးရင် ၁၀မိနစ်လောက်ထားပြီးရေဆေးချပါ
#ဌက်ပျော်သီး
ဌက်ပျော်သီးကိုဒိန်ချဉ်ပျားရည်တို့နဲ့ရောပြီးလူးပါ ၁၅မိနစ်လောက်ထားပြိး။ီးရေဆေးချပါ ဝက်ခြံရှိတဲ့သူတွေနဲ့သင်ေ့တ်ာပါတယ်
#ဌက်ပျော်သီး
ဌက်ပျော်သီးနဲ့သံလွင်ဆီကိုအနှစ်ဖြစ်အောင်လုပ်ပြီးလူးပါ ၁၅မိနစ်လောက်ထားပါ ရေဆေးချပါ
#အာလူး
အာလူးကိုကြိတ်ချေပြီးရလာတဲ့အနှစ်ကိုလူးပါခြောက်သွားရင်ရေဆေးချပါ အမာရွတ် အမဲစက်သမားတွေသင့်တော်
#နာနတ်သီး
နာနတ်သီးကိုကြိတ်ချေပြီးပျားရည်နဲ့ရောလူးပါ ၅မိနစ်လောက်ထားပြီးရေဆေးချပါ
#ပန်းသီး
ပန်းသီးကိုကြိတ်ချေပြီးပျားရည်နဲ့ရောလူးပါ ၁၀မိနစ်လောက်ထားပြီးဆေးချပါ
#ပျားရည်
ပျားရည်ကိုကြက်ဥအနှစ်နဲ့ရောပြီးလူးပါခြောက်သွားရင်ဆေးချပါ အဆီပြန်သမားတွေအတွက်သင့်တော်
ဒါတွေကတော့ နွယ်ကိုယ်တိုင်လဲသုံးနေတဲ့နည်းလမ်းလေးတွေဖြစ်ပါတယ် အချိန်ကုန်ငွေကုန်သက်သာတဲ့အိမ်တွင်းနည်းတွေပါ ဒီပေါင်းတင်နည်းတွေကိုလုပ်မယ်ဆို
1.မျက်နာကိုသန့်စင်ထားပါ
2.ပေါင်းတင်ပြီးရင်နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့တာမျိုးတွေရှောင်ပါ
3.တချို့နည်းတွေကိုတပတ်၂ခါပဲလုပ်ပေးပါ
ဲမှာအသားရည်ထိန်းသိမ်းနည်းတွေနေ့စဉ်မျှဝေပေးနေလို့သဘောကျရင်pageကိုlikeလုပ်ပေးပါ
ဆဲလ်အသေတွေနဲ့ အသားရည်ညိုညစ်နေတာတွေကိုဖယ်ရှားချင်ရင် The more you glowကScrubလေးတွေကိသုံးပေးပါ
စွဲမက်စရာအနံ စိတ်ကျေနပ်စေတဲ့အာနိသင်ကိုရရှိခံစားရစေမှာပါ

💪 ဘဝမှာမျှော်လင့်သလို            ဖြစ်မလာတဲ့အခါ           စိတ်ဓာတ်မကျပါနဲ့။     ခေါင်းကိုမော့ ရင်ကိုကော့ပြီး ကိုယ့်ကိုယ်က...
23/11/2020

💪 ဘဝမှာမျှော်လင့်သလို
ဖြစ်မလာတဲ့အခါ
စိတ်ဓာတ်မကျပါနဲ့။
ခေါင်းကိုမော့ ရင်ကိုကော့ပြီး
ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့
​ရှေ့ဆက်သွားပါ။
ဘဝဆိုတာ ရပ်နေဖို့မဟုတ်ဘူး


GOOD MORNING
19/11/2020

GOOD MORNING

အိမ်မက်ထဲမှာဘဲ အိပ်မနေပါနဲ့။လက်တွေ့ လုပ်ဆောင်လိုက်ကြရအောင်...။💪💪💪
15/11/2020

အိမ်မက်ထဲမှာဘဲ အိပ်မနေပါနဲ့။

လက်တွေ့ လုပ်ဆောင်လိုက်ကြရအောင်...။💪💪💪

Glow Skin ပိုင်ဆိုင်ဖို့အတွက်အိမ်မှာပဲလုပ်နိုင်တဲ့အဆင့်(၁၀)မျိုး ၁  အဆီနဲ့သန့်ရှင်းပါ-အများစုကတေ့ာမျက်နှာသန့်စင်တယ်ဆိုရင...
07/10/2020

Glow Skin ပိုင်ဆိုင်ဖို့အတွက်
အိမ်မှာပဲလုပ်နိုင်တဲ့အဆင့်(၁၀)မျိုး

၁ အဆီနဲ့သန့်ရှင်းပါ

-အများစုကတေ့ာမျက်နှာသန့်စင်တယ်ဆိုရင် Facial Foamကို သုံးရမယ်လို့ထင်နေကြတယ်တကယ်တော့အညစ်အကြေးတွေကိုအသားရေအတွင်းပိုင်းအထိဖယ်ရှားပေးဖို့ဆိုရင် Cleansing oilကိုသုံးပေးသင့်ပါတယ် တကယ်လို့Cleansing oilမရှိဘူးဆိုရင် သံလွင်ဆီကိုအစားထိုသုံးနိုင်ပါတယ် ပြီးရင်တေ့ာ Make up Removerနဲ့ပြန်ဖျက်ပေးရပါမယ်။

၂ Facial Foamကိုသုံးပါ

လုပ်နေကြအတိုင်းပါပဲ မျက်နှာသစ်ဆေးသုံးပြီးမျက်နှာငစ်ပေးရပါမယ်

၃ ဂျီးချွတ်ပါ

မျက်နှာအတွက် ဦးတည်ရည်ရွယ်ပြီးထုတ်လုပ်ထားတဲ့
Facial Scrubတွေကချွေးပေါက်ကျယ်စေတာမို့သတိထားပြီးရွေချယ်ပါ။

၄ Toner အသုံးပြုပါ

ဂျီးချွတ်ပြီးနောက်ပိုင်းမှာtonerသုံးပေးရပါတယ်TonerကSkin careအာနီသင်စိမ့်ဝင်တာပိုလွယ်စေသိလုpHကိုလည်းထိန်းညှိပေးပါတယ်။

၅ Essence လိမ်းပါ

ဝက်ခြံဖြစ်တတ်တဲ့နေရာ အမဲစက်ရှိတဲ့နေရာတွေကို
Essenceလိမ်းပေးနိုင်ပါတယ်။

၆ Eye creamလိမ်းပေးပါ

မျက်လုံးအောက်ကနူးညံ့တဲ့အသားရေတွေစိုပြေဖို့
အရေးအကြောင်းတွေလျော့ပါးစေဖို့အတွက် Eye creamကိုလိမ်းပေးပါ။

၇ Serumကိုအသုံးပြုပါ

မျက်နှာအပေါ်ကိုပင့်တင်တဲ့ပုံမျိုးနဲ့serumကိုအသုံးပြုပေးပါ။

၈ Face Maskအသုံးပြုပါ

ဒါကတေ့ာလွယ်လွယ်ကူကူပါပေါင်းတင်နည်းပါ
ကိုယ့်အသားအရေနဲ့တည့်တဲ့Face maskကပ်ပေးပါ။

၉ moisturizerအသုံးပြုပါ

အစိုဓာတ်ထိန်းcreamကိုမျက်နှာထဲစိမ့်ဝင်တဲ့အထိလိမ်းပေးပါ။

၁၀ sunscreenအသုံးပြုပါ

အပြင်မသွားခင်နေလောက်ကာcreamကိုဂရုတစိုက်လိမ်းပေးပါ။

လှချင်တယ်ဆိုတဲ့လူတွေအတွက် ပျင်းနေရင်တေ့ာ
Glow skinရဖို့ဝေးနေဦးမှာပဲနော်
အပျင်းမကြီးပဲအချိန်ပေးပြီးစိတ်အေးအေးနဲ့လိုက်လုပ်ကြည့်ပါ။

Address

No. 20/22, Alan Pya Pagoda Street
Yangon
11222

Telephone

+959972064144

Website

Alerts

Be the first to know and let us send you an email when Boom Beauty Kyi Kyi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Boom Beauty Kyi Kyi:

Share