Ko Oo Zinc c k2 d3

Ko Oo Zinc c k2 d3 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ko Oo Zinc c k2 d3, Shopping & retail, သမိုင္း, Yangon.

27/12/2020
ယနေ့ကမ္ဘာပေါ်တွင်လူ များနေထိုင်စားသောက်မှု့ပုံစံပြောင်းလဲလာကြပါသည်။ဤတွင်Supplimentသည်အရေးကြီးသောအပိုင်းမှပါဝင်လာသည်။    ...
27/12/2020

ယနေ့ကမ္ဘာပေါ်တွင်လူ များနေထိုင်စားသောက်မှု့ပုံစံ
ပြောင်းလဲလာကြပါသည်။
ဤတွင်Supplimentသည်
အရေးကြီးသောအပိုင်းမှပါ
ဝင်လာသည်။
Suppliments(ဖြည့်စွက်
အဟာရ)သည်ရောဂါကုသ
သည့်ဆေး၊ပိုးသတ်ဆေးများ
မဟုတ်ဘဲဖြည့်စွက်အဟာရ
သာဖြစ်သောကြောင့်ဘေးထွက်ဆိုးကျိုးထက်ကိုယ်ခံ
စွမ်းအင်များကိုတိုးတက်မှု
ပိုမိုရစေပါသည်။
သာမန် အား ဖြင့်လွယ်
ကူစွာမရနိုင်သောအဟာရများများ ဖြည့် ပေးခြင်းဖြစ်ပါသည်။ဖွံ့ဖြိုး
ပြီး နိုင်ငံများတွင်လွန်ခဲ့သောနှစ်များမှစတင်သုံးစွဲခဲ့ပြီးယ
ခုနှစ်များ ရောက်မှမြန်မာနိုင်
ငံတွင်ဖြည်စွက်အဟာရသုံး
စွဲရန်ပို၍သိမြင်လာကြသည်။
ဖြည်စွက်အဟာရသည်ယခု
လိုCovidကာလတွင်သာမ
ဟုတ်အချိန်တိုင်းအတွက်
ကိုယ်ခံစွမ်းအားပြည့်ဝနေစေရန်သုံးစွဲသင့်ပါသည်။မိမိအ
လုပ်၊ဘဝတွင်လန်းဆန်းတက်ကြွစွာစီမံဆောင်ရွက်
နိုင်မည်ဖြစ်သည်။

သွေးဖြူနည်းသူတွေ ဘာတွေစားရမလဲသွေးဖြူဥနည်းသူတွေအနေနဲ့ သွေးတွင်း ကသွေးဖြူဥပမာဏတိုးစေဖို့ ဒီအစားအစာလေးတွေကို စားပေးလို့ရပါတ...
17/12/2020

သွေးဖြူနည်းသူတွေ ဘာတွေစားရမလဲ

သွေးဖြူဥနည်းသူတွေအနေနဲ့ သွေးတွင်း ကသွေးဖြူဥပမာဏတိုးစေဖို့ ဒီအစားအစာလေးတွေကို စားပေးလို့ရပါတယ်။ ကြက်သွန်ဖြူကြက်သွန်ဖြူမှာ allicin ဒြပ်ပေါင်းပါဝင်တာကြောင့် သွေးဖြူဥဆဲလ်တွေထွက်ရှိလာအောင် လှုံ့ဆော်ပေးပြီး ကိုယ်ခံအားကိုကောင်းစေနိုင်ပါတယ်။ တစ်နေ့ကို နုတ်နုတ်စဉ်းထားတဲ့ ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာကနေ ၂ ဇွန်းစာအထိစားသုံးပေးပါ။ ဟင်းချက်စားလို့ရသလို တို့စားပေးလို့လည်းရပါတယ်။ ဟင်းနုနွယ်ဗီတာမင် အေ၊ စီ နဲ့ ဗီတာမင်အီးတို့ပါဝင်တာကြောင့် သွေးဖြူဥဆဲလ်အရေအတွက်ကို တိုးစေနိုင်ပါတယ်။ နေ့တိုင်း ဟင်းနုနွယ်ကြော် ပန်းကန်လုံးတစ်လုံးစာ စားပေးသင့်ပါတယ်။ သင်္ဘောရွက်သွေးတွင်း သွေးဖြူဥ ပမာဏကိုတိုးစေနိုင်တဲ့ အရေးပါတဲ့ ဒြပ်ပေါင်းတစ်ခုဖြစ်တဲ့ acetogenins ပါဝင်တာကြောင့် သွေးဖြူဥအရေအတွက် တိုးချင်သူတွေအတွက် သင့်တော်ပါတယ်။ သင်္ဘောရွက်ကို ရေနဲ့ရောကြိတ်ပြီး ပျားရည်နည်းနည်းထည့်လို့ သောက်ပေးလို့ရပါတယ်။ ဒိန်ချဉ်ဒိန်ချဉ်မှာပါတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေက သွေးဖြူဥတွေထွက်ရှိလာအောင် လှုံ့ဆော်ပေးပြီး ကိုယ်ခံအားကိုကောင်းစေနိုင်ပါတယ်။ နေ့တိုင်း ဒိန်ချဉ်တစ်ခွက်သောက်ပေးပါ။ ပန်းဂေါ်ဖီစိမ်းပန်းဂေါ်ဖီစိမ်းမှာ sulforaphane (SFN) လို့ခေါ်တဲ့ ဓာတုဒြပ်ပေါင်းတစ်ခုပါဝင်တာကြောင့် သွေးဖြူဥဆဲလ်အရေအတွက်ကို တိုးစေနိုင်ပြီး ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ပါတယ်။ နေ့တိုင်း ချက်ထားတဲ့ ပန်းဂေါ်ဖီတစ်ခွက်စာ စားပေးပါ။

ကီဝီသီးကီဝီသီးက ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝသလို ပိုတက်ဆီယမ်၊ ဗီတာမင်စီနဲ့ ဗီတာမင် အီးတို့ပါဝင်တာကြောင့် ကိုယ်ခံအားကောင်းစေနိုင်သလို သွေးဖြူဥအရေအတွက်ကိုလည်း တိုးစေနိုင်ပါတယ်။ တစ်နေ့ကို ကီဝီသီး တစ်လုံး၊ နှစ်လုံးလောက်စားပေးလို့ရပါတယ်။ လိမ္မော်သီးဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ ဗီတာမင် စီကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံအားကောင်းစေပြီး သွေးဖြူဥအရေအတွက်ကိုလည်း တိုးစေနိုင်ပါတယ်။ တစ်နေ့ကို လိမ္မော်သီးတစ်လုံးကနေ ၃ လုံးလောက်အထိစားပေးလို့ရပါတယ်။ အခြားအချဉ်ပါတဲ့အသီးတွေဖြစ်တဲ့ စတော်ဘယ်ရီ၊ ဂရိတ်ဖရုစ်နဲ့ စပျစ်သီးတို့ကိုလည်း စားပေးလို့ရပါတယ်။ ရဲယိုသီးရဲယိုသီးမှာ ဗီတာမင် စီပါဝင်တာကြောင့် ကိုယ်ခံအားကိုကောင်းစေနိုင်ပါတယ်။ သွေးဖြူဥဆဲလ်တွေကို တိုးပွားစေနိုင်ပါတယ်။ တစ်နေ့ကို ရဲယိုသီး အရွယ်တော် တစ်လုံး ဒါမှမဟုတ် အချိုမပါတဲ့ ရဲယိုသီးဖျော်ရည်တစ်ခွက်သောက်ပေးပါ။

ရေးသားသူ - Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win “ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”

ပိုမိုကျန်းမာပျော်ရွှင်သောဘဝကိုနေထိုင်ပါ။ Hello ဆရာဝန်တွင် ဆေးပညာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများအကြောင...

13/12/2020
09/12/2020

Vit- K2 အကြောင်း
သိစေချင်လို့ပါ

09/12/2020

Vit- K2 အကြောင်း
လေးတွေသိစေချင်လို့

Vit- K2 ပါ စားသောက်လိုက်သောအဟာရများ၊ဆေးအာနိသင်များကိုအပြည့်အဝရရှိရန်အားပေးပါသည်180 SOFTGELS ပါဈေးနှုန်းက 33000KပါUSA Bra...
09/12/2020

Vit- K2 ပါ စားသောက်လိုက်
သောအဟာရများ၊ဆေးအာနိ
သင်များကိုအပြည့်အဝရရှိရန်
အားပေးပါသည်
180 SOFTGELS ပါ
ဈေးနှုန်းက 33000Kပါ
USA Brandပါ
Comment တွင်မှာယူနိုင်ပါသည်

07/12/2020

၂-၁၂-၂၀၂၀ ကတည်းကရေးပြီးသားစာကို တင်သင့် မတင်သင့်စဉ်းစားနေတဲ့အတွက် ၂ ရက်ကြာသွားပါတယ်။ နိုင်ငံရေးသမားတစ်ယောက်က မိမိမကျွမ်းကျင်တဲ့ဆေးပညာအကြောင်းရေးတာသင့်တော်ပါ့မလား ချင့်ချိန်နေခဲ့တာပါ။

ကျွန်တော်မေမေဝေဒနာခံစားရလို့ လေ့လာဖြစ်တာတွေကိုသိသလောက်မျှဝေချင်စိတ်လဲရှိနေပါတယ်။ သိသလောက်ပြောတာ မေတ္တာနှင့်ပါ။ ကျွန်တော်သိသလောက် ၊ ကျွန်တော်လေလာမိသလောက်လေးရေးပြတာပါ။

ကျွန်တော့်စာကိုဖတ်ပြီး အကျိုးကျေးဇူးတစ်စုံတစ်ရာရရှိလေမလား မျော်လင့်ချက်နှင့်ပါ။

ကျွန်တော့်အတွေ့အကြုံကိုကောင်းသောစိတ်စေတနာနှင့်မျှဝေပါတယ်။ ကျွန်တော်စာကိုဖတ်ပြီး တတ်ကြွမ်းနားလည်တဲ့ဆရာဝန်တွေနှင့် ထပ်မံမေးမြန်းပါ။ကျွန်တော်​ရေးတဲ့စာကိုတတ်ကြွမ်းနားလည်တဲ့ ဆေးပညာရှင်တွေကို ပြသပြီးမှအတည်မှတ်ယူပါလို့ စကားချီးဆိုပါရစေ။

စာကရှည်ပါတယ်၊ သေချာစွာနားလည်စေရန် အဆုံးထိ မှတ်ရင်း၊ တွေးရင်းဖတ်သေချင်ပါတယ်။

✍️ ကိုဗစ်ကိုဘယ်လိုအနိုင်ယူမလဲအပိုင်း (၂ ) ✍️

၁-၁၂-၂၀၂၀ က ကိုဗစ်ကို တိုက်ထုတ်ကာကွယ်ဖို့ NAC အရေးကြီးကြောင်းရေးပြီးပါပြီ။ ဒီနေ့ NAC ထက်ပိုအရေးကြီးတဲ့ vitamin D3 အကြောင်းရေးပါမယ်။

✍️Vitamin D3 ( သို့မဟုတ် ) အသက်ကယ်ဆေး

Vitamin D 3 ဟာ မေမေ့အတွက် ကိုဗစ်ကနေအသက်ကယ်ခဲ့တဲ့ဆေးပါ။ မေမေအသက်ရှုကြပ်ပြီး အလွန်အမင်းခံစားနေရချိန်မှာ Vitamin D3 တစ်သိန်းIU နှစ်ရက်ဆက်တိုက်တိုက်ပြီး မေမေ့အသက်ကိုကယ်ခဲ့တာပါ။

ထပ်ပြောပြပါ့မယ် Vitamin D3 ၁သိန်း IU ကို နှစ်ရက်ဆက်တိုက်တိုက်ခဲ့တာပါ။ Vitamin D3 နှစ်သိန်းIU တိုက်ခဲ့တာပါ။

Vitamin D3 ကို ဖြည့်စွက်အဟာရအဖြစ်သောက်သုံးကြသူများဟာ တစ်ရက်ကို Vitamin D3 တစ်ထောင် IU လောက်သောက်ကြတာပါ။ ကျွန်တော့်ဦးလေးတစ်ဦးတော့ အသက် ၇၅ ကျော်နေပြီမို့လိုအပ်ချက်အရ တစ်ရက်ကို Vitamin D3 ငါးထောင်IU သောက်ပါတယ်။

မေမေ့ကို Vitamin D3 တစ်သိန်းIU နှစ်ရက်ဆက်တိုက်တာမများလွန်ရဘူးလားလို့မေးလို့ရပါတယ်။ မများပါဘူး ။ Vitamin D3 ငါးသောင်းIU ကို သုံးလလောက်နေ့စဉ် ဆက်တိုက်သောက်မှ ခန္ဓာကိုယ်ကို အဆိတ်အတောက်အဖြစ်အန္တရယ်ဖြစ်စေတယ်လို့ ဆေးပညာရှင်များရေးသားပြောဆိုကြတာကိုမှတ်သားရပါတယ်။

ဒါကြောင့် Vitamin D3 တစ်သိန်းIU ကို အသက်ကယ်ဖို့အတွက် နှစ်ရက် သို့မဟုတ် ၁ ပတ်တိုက်တာဟာ ကြာရှည်စွဲသောက်တာမဟုတ်တဲ့အတွက်ဘာအန္တရယ်မှမရှိပါဘူး။ ကျွန်တော်ကိုယ်တိုင် Vitamin D3 ငါးသောင်းIU ကိုတစ်ပတ်သောက်ပြီး ၊ နောက်ပိုင်း တစ်သောင်းIU ဆက်သောက်နေတာပါ။ မေမေ့ကိုလည်း တစ်ရက် တစ်သောင်း IU ဆက်တိုက်နေတာပါ။ တစ်သောင်းIU ကို ဆယ်ရက်လောက်ဆက်တိုက်ပြီးမှ တစ်ရက် 5000IU ပြောင်းတိုက်ပါတယ်။

✍️ကိုယ်ခံအားစနစ်ဆွဲတင်ခြင်း immunity boosting

အဲ့ဒီလိုလုပ်တာကို immunity boost လုပ်တယ်လို့ခေါ်ပါတယ်။ Vitamin D3 ဟာ အဆုတ်အပါအဝင် ခန္ဓာကိုယ်နေရာအနှံအပြားက ကိုယ်ခဲအားစနစ်အတွက်အလွန်အရေးကြီးပါတယ်။

သာမန်အချိန်မှာတိုက်သလို Vitamin D3 1000IU လောက်တိုက်နေပါလျှင် ခန္ဓာကိုယ်မှာ အဆုတ်ကိုယ်ခံအားစနစ်အတွက် ချက်ချင်းလိုအပ်နေတဲ့ Vitamin D3 ကို အသကဆုံးရှုံးသွားသည်အထိ လိုအပ်တဲ့ပမာဏရရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် အဆုတ်ထဲက Vitamin D3 အားကိုဆွဲမြင့်လိုက်တာပါ။ Vitamin D3 100,000 IU တန်းတိုက်လိုက်တာပါ။

ချက်ချင်းထိရောက်ပါတယ်။ ချက်ချင်းအကျိုးပေးပါတယ်။ မေမေ့ကို Vitamin D3 100,000 IU နှစ်ရက်ဆက်တိုက်ပြီး မေမေ့ရဲ့သေလုမြောပါးဖြစ်နေတဲ့ အသက်ရှုမရတဲ့ဝေဒနာလျော့ပါးသက်သာသွားပါတယ်။

✍️Vitamin D နှင့် IU

Vitamin D3 ကို IU နဲ့သုံးပါတယ်၊ International Unit ပါ။ 1000IU ၊ 10,000IU ၊ 50,000IU ၊ 100,000IU စသည်ဖြင့်ခေါ်ဝေါ်ပါတယ်။

✍️Vitamin D ကိုဘယ်လိုရလဲ။

Vitamin D ကိုနေရောင်ခြည်ကနေအဓိကရပါတယ်။ ဆော်လမွန်ငါး၊ တူနာငါးအစရှိတဲ့ အဆီပါတဲ့ငါးတွေကနေတစ်ဆင့်လဲရတယ်လို့သိရပါတယ်။

Vitamin D3 ( Cholecalciferol) ကို အဓိကအားဖြင့်နေရောင်ခြည်ကရပါတယ်။ Vitamin D2 ( Ergocalciferol) ကို အပင်၊ အရွက်တွေကနေရပါတယ်။

✍️Vitamin D ကခန္ဓာကိုယ်ထဲမှာ Active Vitamin D ( သိုဘမဟုတ်) Calcitriol အဖြစ်ပြောင်းလဲပါတယ်။

ခန္ဓာကိုယ်ထဲက Active Vitamin D ကို Calcitriol လို့ခေါ်ပါတယ်။ နေရောင်ခြည်ကနေရရှိတဲ့ Vitamin D ကို calcitriol အဖြစ် ကျောက်ကပ်က အဓိကပြောင်းလဲထုတ်လုပ်ပေးတာပါ။ ဒါ့အပြင် ကိုယ်ခံအားစနစ်ရဲ့ အဓိကအစိတ်အပိုင်းတွေဖြစ်တဲ့ lymph nodes , alveolar macrophages ၊ alveoli တို့မှာလည်း Vitamin D ကို 1,25 (OH)2 ( သို့ )Calcitriol အဖြစ်ဖြစ်ထွန်းပြောင်းလဲပါတယ်။

✍️Alveoli ရဲ့အကြောင်း။

Alveoli က သွေးထဲကို အောက်cဆီဂျင်ရောက်စေပြီး၊ သွေးထဲက ကာဗွန်ဒိုင်အောက်ဆိုက်တွေကိုဖယ်ရှားပေးပါတယ်။ အဲ့ဒီ Alveoli ကနေပဲ becteria တွေ၊ corona virus လို virus တွေကဝင်လာတာပါ။ ဒါက vitamin D နှင့် corona virus အချိပ်အစပ်ပါ Vitamin D က အဆုတ်ထဲက ကိုယ်ခံအားစနစ်ထဲမှာ activated ဖြစ်တယ် ၊ virus ကလည်းအဲ့ဒီဘကနေဝင်လာတယ်လေ။

✍️Vitamin D ကအဆီထဲပျော်ဝင်တယ်။

Vitamin D ဟာ Vitamin A၊ Vitamin E ၊ Vitamin K တို့လိုပဲ အဆီထဲပျော်ဝင်ပါတယ်။ ဒါကြောင့်လည်း ကောင်းတဲ့အချက်က ခန္ဓာကိုယ်ထဲမှာစုထားပြီးလိုအပ်တဲ့အချိန်မှာထုတ်သုံးနိုင်ပါတယ်၊ ဆိုးတဲ့အချက်က စုပုံသွားပြီး၊ အန္တရယ်ဖြစ်နိုင်တာပါ။ဒါပေမယ့် နေ့စဉ်အများကြီး၊ နှစ်နဲ့ချီသောက်မှသာ ခန္ဓာကိုယ်မှာ အန္တရယ်ရှိလောက်အောင်အများကြီးပိုလျံစုမိသွားတာပါ။

✍️Vitamin D ရရှိခြင်းနှင့် ချို့တဲ့ခြင်း။

Vitamin D ကို ဆော်လမွန်ငါး၊ တူနာငါးစတဲ့အဆီပါတဲ့ငါးတွေကတစ်ဆင့်ရနိုင်ပါတယ်။

Vitamin D ကိုအဓိကအားဖြင့်နေရောင်ခြည်ကနေရပါတယ်၊ ဒါပေမယ့်လုတွေရဲ့နေထိုင်မှုပုံစံပြောင်းလဲလာတာကြောင့် Vitamin D ချို့တဲ့လာကြပါတယ်။ အသက်ကြီးလာတဲ့အခါ နေရောင်ခြည်ကို ခန္ဓာကိုယ်ထဲမှာ Vitamin D 3 အဖြစ်ပြောင်းလဲထုတ်လုပ်နိုင်မှု ကျဆင်းသွားတဲ့အတွက်လည်း Vitamin D ချို့တဲ့ပါတယ်၊ အသားမည်းတဲ့သူတွေဟာ နေရောင်ခြည်ခံပေမယ့် UVကိုစုတ်ယူမှုနည်းတဲ့အတွက် Vitamin D ချို့တဲ့ပါတယ်။

✍️Vitamin D က ခန္ဓာကိုယ် ထဲ ကယ်လဆီယမ်ပေးသလို ကိုယ်ခံအားစနစ်အတွက် အဓိကအရေးကြီးတယ်။

Active Vitamin D လို့ခေါ်တဲ့ Calcitriol မှာ ခန္ဓာကိုယ်အတွက်အလုပ်တွေအများကြီးလုပ်ပေးပါတယ်။ အရေးကြီးဆုံးအလုပ်က အစာအိမ်လမ်းကြောင်းကို calcium စုတ်ယူပြီးသွေးကြောထဲပို့ပေးဖို့ ခိုင်းစေခြင်းပါ။ အဲ့ဒီလိုမှလုပ်မပေးနေရင် စားတဲ့အစာထဲ calcium ပါသော်လည်းသွေးကြောထဲကတစ်ဆင့် လိုအပ်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲ မရောက်တဲ့အတွက် ကြွက်သားနှင့် အရိုးတွေအားပျော့တာ၊ အရိုးတွေကြွတ်ဆပ်တာတွေဖြစ်ပါတယ်။

နောက်ပြီး Calcitriol ဟာ ခန္ဓာကိုယ်ထဲက အဆုတ်အပါအဝင် ခန္ဓာကိုယ်ထဲက ကိုယ်ခံအားစနစ် ဖြစ်ထွန်းဖို့ ၊အားကောင်းဖို့ အဓိကလိုအပ်ပါတယ်။

✍️Vitamin D ဟာခန္ဓာကိုယ်အတွက် အလွန်အကျွံမဖြစ်ရင် အန္တရယ်မရှိပါ။

Vitamin D level ဟာ 20 NG/ ML နှင့် 50 NG/ML ကြားရှိသင့်ပါတယ်။ 30 NG/ML လောက်ဆိုအတော်ပါပဲ။ 100 NG/ML လောက်ဆို ခန္ဓာကိုယ်ကိုဘေးဖြစ်စေပါပြီ။

Vitamin D ဟာတော်ရုံတန်ရုံနှင့် ခန္ဓာကိုယ်ကိုဘေးမဖြစ်စေပါဘူး ။ Vitamin D အလွန်အကျွံနေစဉ်သောက်ပြီး နှစ်နဲ့ချီသောက်မှသာဖြစ်တာပါ။ တစ်ရက်ကို Vitamin D ငါးသောင်းIU ကို တစ်နှစ်ခန့်သောက်ရင်ပြဿနာရှိပါတယ်။

ပုံမှန်ဖြည့်စွက်အားဆေးအဖြစ်သောက်သုံးမယ်ဆိုလျှင် တစ်ရက်ကို 1000IU ၊ 2000IU လောက် နေ့စဉ်သောက်ရင်အတော်ပါပံ ။ အသက်အရွယ်ကြီးရင့်သူတွေအတွက် 3000IU လောက်သောက်သင့်တယ်လို့ သိရပါတယ်။

✍️အဆုတ်ကို corona virus သိမ်းပိုက်ခြင်း၊ အဆုတ်ယောင်ကိုင်းခြင်း၊Cytoldne Storm / Cytokines Storm ဖြစ်ခြင်း။

အဆုတ်ထဲမှာ Alveoli ဆိုတာရှိပါတယ်။ Alveoli ဆိုတာ ခန္ဓာကိုယ်သွေးကြောတွေထဲကို oxygen ပို့ပေးပြီး၊ သွေးထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကိုဖယ်ရှားပေးပါတယ်။

အဲ့ဒီ Alveoli က Type 1 နှင့် Type 2 ဆိုပြီးရှိပါတယ်။ Corona Virus ဟာType 2 Alveoli ရဲ့ ACE2 Receptor ကနေဝင်လာပါတယ်။ အထဲရောက်တဲ့အခါ Aveoli ကို သူရဲ့နေစရာအိမ်အဖြစ်အသုံးချလိုက်ပါတယ်။ အဲ့ဒီမှာနေပြီးဆက်ပွါးပါတယ်။ ဆက်လက်ပြီး Alveoli တွေကိုဆက်ပြီးသိမ်းပိုက်ပါတယ်။

ဒါတင်မကသေးပဲ Alveoli ဘေးက Endothelium ရဲ့ ACE2 receptor တွေကိုသွားသိမ်းပိုက်ပါတယ်။ အဲ့ဒီလိုမျိုးနဲ့ ACE2 receptors တွေဟာ virus ရဲ့သိမ်းပိုက်ခံရပြီး pulmonary vasoconstriction လို့ခေါ်တဲ့အဆုတ်ဟာ Alveoli တွေကတစ်ဆင့် အောက်ဆီဂျင်ပို့လွတ်နိုင်မှုကို ခက်ခဲသွားစေပြီး အသက်ရှုမရတာဖြစ်ပေါ်စေပါတယ်။

ဒါ့အပြင် virus ဟာ အဆုတ်ပေါ်မှာ သူရဲ့virus အပွါးတွေဖြစ်စေပြီး ခန္ဓာကီုယ်ရဲ့တုန့်ပြန်မှုဖြစ်တဲ့ အဆုတ်ယောင်ကိုင်ခြင်းလို့ခေါ်တဲ့ Cytoldne Storm / Cytokines Storm ကိုဖြစ်စေပါတယ်။ အသက်ရှုကြပ်ခြင်း အောက်ဆီဂျင်မရခြင်းတို့ကိုဖြစ်စေတာပါ။

Cytoldne Storm / Cytokines Storm COVID ဝေဒနာရှင်များသေဆုံးရခြင်းရဲ့အဓိကအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။

✍️ Vitamin D နှင့် COVID 19 အချိပ်အဆက်။

1️⃣Vitamin D ဟာ ကိုယ်ခံအားစနစ်ကိုမြင့်တင်၊ထိန်းညှိပေးပါတယ်။

Vitamin D မှာ အဓိကအလုပ် ၂ ခုရှိပါတယ်။
၁။သွေးထဲကယ်လစီယမ်ရအောင်လုပ်ပေးပါတယ်။
၂။ ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ကိုထိန်းညှိပေးပါတယ်၊ ကိုယ်ခံအားစနစ်ကိုကောင်းမွန်အောင်လုပ်ပေးပါတယ်။

Vitamin D မြင့်လျင် အဆုတ်ရဲ့ ခံနိုင်ရည်အားပိုမြင့်ပါတယ်။ အဆုတ်ရဲ့ ကိုယ်ခံစွမ်းအားစနစ်မြင့်တက်လာလို့ ဖြစ်တယ်လို့ ပညာရှင်များက ကနဦးကောက်ချက်ချထားပါတယ်။

ကိုယ်ခံစွမ်းအားစနစ်ကို ဖြစ်စေတဲ့ Dendritic Cell ၊ Macrophages ၊ T Lymphocytes ၊ B Lymphocytes တွေကလည်း Vitamin D လိုအပ်ပါတယ်။

Vitamin D ဟာ Cathelecidins နှင့် Defensins လို့ခေါ်တဲ့ ကိုယ်ခံအားစနစ်ရဲ့ပရိုတိန်းတွေကို ထိန်းညှိမြင့်တင်ပေးပါတယ်။

Vitamin D ဟာ ဘက်တီးရီးယားခုခံစွမ်းရည်၊ ဗိုင်းရပ်လုခံစွမ်းရည် ဂုဏ်သတ္တိတွေရှိပါတယ်။

2️⃣ Vitamin D ချို့တဲ့လျှင်၊ ခန္ဓာကိုယ်ထဲ Vitamin D လုံလောက်တဲ့ပမာဏ ၊ မြင့်မြင့်မားမားမရှိလျှင်ကူးစက်ရောဂါတွေပိုမိုဖြစ်နိုင်တယ်လို့ ပညာရှင်တွေကတွေ့ရှိထားပါတယ်။

Vitamin D လုံလုံလောက်လောက်မရှိလျှင်ဖြစ်တတ်တဲ့ကူးစက်ရောဂါတစ်ချို့ကတော့
၁။ Tuberculosis- TBရောဂါ။
၂။ Influenza - တုတ်ကွေးဖျားနာရောဂါ တို့ဖြစ်ပါတယ်။

3️⃣ Vitamin D ဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူစက်ရောဂါပြင်းထန်မှုကိုလျော့ချပေးနိုင်ကြောင်းဆေးပညာသုတေသနတစ်ချို့က တွေ့ရှိထားပါတယ်။

4️⃣ Vitamin D ဟာ Cytokines Storm / Cytoldne Storm လို့ခေါ်တဲ့ အဆုတ်ရောင်ကိုင်းပြီး အသက်ရှုမရ အသက်ဆုံးရှုံးနိုင်မှုဖြစ်ခြင်းကိုလျော့ချပေးနိုင်တယ်လို့ ဆေးပညာသုတေသနတစ်ချို့ကတွေ့ရှိထားပါတယ်။

5️⃣ ခန္ဓာကိုယ်ထဲမှာ Vitamin D ရှိနေမှုမြင့်မားနေလျှင် ဆီးချို၊သွေးတိုး နှလုံး ရောဂါတို့ကြောင့် COVID ဒဏ်ခံရမှု ၊ သေဆုံးမှုလျော့ပါးစေတဲ့ ဆက်နွယ်မှု correlation ရှိတယ်လို့ ဆေးပညာသုတေသနတစ်ချို့က တွေ့ရှိထားပါတယ်။

✍️ Vitamin D ဟာ ကိုဗစ်ဗိုင်းရပ်ကိုကာကွယ်ကုသရာမှာ ဘာမှသက်ရောက်မှုမရှိပါ လို့ ဆေးပညာသုတေသနတစ်ချို့ကတွေ့ရှိဖော်ပြထားတာတွေလည်းရှိပါတယ်။

✍️ ဘာပဲဖြစ်ဖြစ်ပါ ၊ ခန္ဓာကိုယ်ထဲမှာ Calcitriol လို့ခေါ်တဲ့ Vitamin D level လုံလုံလောက်လောက် မြင့်နေခြင်းဟာ ခန္ဓာကိုယ်အတွက် အန္တရယ်မရှိတဲ့အတွက် Vitamin D3 ဖြည့်စွက်အဟာရဆေး သောက်ထားခြင်းဟာ အကျိုးမယုတ်စေတဲ့အပြင် ၊ အကျိုးများစေမယ်လို့ ယုံကြည်ပါတယ်။

✍️ မေမေ့ကို Vitamin D3 100,000IU နှစ်ရက်တိုက်ပြီး immunity level မြင့်တင်နိုင်ခဲ့တယ်ဆိုတာ ကျွန်တော်ရဲဲ့ ယူဆချက်ပါ။

မေမေခံစားနေရတာမမြင်ရက်တော့တဲ့အတွက် Vitamin D3 အကြောင်းကိုလေ့လာကြည့်ပြီး တော်ရုံတန်ရုံ ဆိုးကျိုးမရှိဘူးလို့လေ့လာတွေရှိခဲ့လို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် တိုက်ခဲ့တာပါ။

Vitamin D3 ကြောင့်မဟုတ်ပဲ ၊ တစ်ခြားသောအကြောင်းရင်းတွေကြောင့် မေမေ့ရဲ့ အသက်ရှုမရဖြစ်နေခဲ့တဲ့အခြေအနေကကျော်လွှားနိုင်ခဲ့တာလည်းဖြစ်နိုင်ပါတယ်။

✍️ Vitamin D3 ကိုသောက်ရင် Vitamin K2 နှင့်တွဲသောက်လျှင်ပိုမိုကောင်းမွန်ပါတယ်။ ယခုစာရှည်နေပြီဖြစ်တဲ့အတွက် Vitamin K2 အကြောင်းကို နောက်နေ့မှဆက်ရေးပါတော့မယ်။

✍️ မေမေ နှင့် ကျွန်တော်ရှိနေတဲ့ မြောက်ဥက္ကလာဆေးရုံ၊ ISO 8 အဆောင်ကို Vitamin D3 အပါအဝင် ဖြည့်စွက်အားဆေးတွေ တကူးတကလာပေးပြီး ၊ မေမေ့ကိုအသက်ကယ်ဖို့ Vitamin D3 ချက်ချင်းတိုက်ဖို့ မေတ္တာနှင့် တွန်းအားပေးခဲ့တာ မမိုးသီတာဟန် ပါ။

မေမေ အသက်ရှုမရတဲ့ ဝေဒနာခံစားနေရတဲ့အကြောင်းကို facebook ပေါ်မှာဖတ်မိပြီးချက်ချင်း ဆေးတွေလာပေးတာပါ။ တစ်ကြိမ်တစ်ခါမှမသိမကြွမ်းဖူးပါပဲ မေတ္တာအပြည့်ထားပေးတဲ့ မမိုးသီတာဟန် ကိုအထူးကျေးဇူးတင်ပါတယ်။

✍️ ကျွန်တော်လည်း မိတ်ဆွေများအတွက် ဒီစာကို မေတ္တာအပြည့်နဲ့ရေးတာပါ။ ကျွန်တော်လေ့လာမိသလောက် မိတ်ဆွေများသိစေလိုတဲ့ စေတနာအပြည့်နှင့် တင်ပြလိုက်ခြင်းဖြစ်ပါတယ်။

မနက်ဖြန် Vitamin D3 နှင့် Vitamin K2 အဆက်အစပ်အကြောင်းကိုရေးပါမယ်။

ချစ်ခင်တန်ဖိုးထားမှုများစွာဖြင့်

မျိုးရန်နောင်သိန်း
၄-၁၂-၂၀၂၀
၀၁-၄၀ နာရီ
စာရေးသူကိုကျေးဇူးတင်စွာ
ဖြင့်ပြန်မျှဝေပါသည်။

Address

သမိုင္း
Yangon

Website

Alerts

Be the first to know and let us send you an email when Ko Oo Zinc c k2 d3 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share