09/01/2023
မျောက်ငိုသီး စားပြီး
ဆရာဝန်ဆီမသွားဘဲ နေကြရအောင်᠌᠌᠌
ဘာ့ကြောင့် ‘မျောက်ငိုသီး’ဟု အမည်ပေးထားသလဲဆိုရင် မျောက်သတ္တဝါ ဆိုသည်မှာ အပင်၏ အခေါက်၊ အရွက်၊ အဖူး၊အပွင့်နှင့် အသီးတို့ကို ခူးဆွတ် စားသုံးတတ်ကြပါတယ်။
ဒီအသီးဟာ အပင်ရဲ့ ကိုင်းအဖျားမှာ တွဲလောင်းကျပြီး သီးတဲ့အသီး ဖြစ်ပါတယ်။ မျောက်ဟာ ဒီအသီးကို စားချင်ပေမဲ့ ကိုင်းအဖျားထိ သွားယူလို့ မဖြစ်နိုင်ပါဘူး။
သူ့ခန္ဓာကိုယ် အလေးချိန်နဲ့ဆိုရင် ကိုင်းကျိုးကျမှာ ဖြစ်ပါတယ်။ အဲ့ဒီအသီးကို စားချင်လွန်းလို့ ကြည့်ရင်း မျက်ရည်ကျရတဲ့အထိ ဖြစ်လို့ မျောက်ငိုသီးလို့ အမည်တွင်ရခြင်း ဖြစ်ပါတယ်။
မျောက်ငိုသီးဟာ အလွန်ဆေးဖက်ဝင်ပါတယ်။ သူ့မှာ သကြားဓာတ်( sugars)သံဓာတ်(iron)ပိုတက်စီယံ( potassium)ဖော့စဖရတ်(phosphorus)ဗိုက်တာမင် A( vitamin A)ဗိုက်တာမင် B6( vitamin B6) နှင့်
ဗိုက်တာမင် C(vitamin C)ဓာတ်များစွာ ပါဝင်ပါတယ်။ ဒီအသီးအနှံက ကျွန်တော်တို့တွေ တစ်ပတ်(၂)ကြိမ်မျှ စားသုံးပေးသင့်ပါတယ်။ ကျန်းမာရေး အာနိသင်တွေများလွန်းလို့တင်စားပြီး ပြောတာပါနော်။
မျောက်ငိုသီးက ကျန်းမာရေး အကျိုးကျေးဇူးတွေများစွာပါဝင်တဲ့အသီးပါ။ ဗီတာမင် A ၊ သံဓါတ်၊ ပရိုတင်းနဲ့ တခြား ဗီတာမင် နဲ့ သတ္တုဓါတ်တွေ အဟာရဓါတ်တွေ အများအပြား ပါဝင်ပါတယ်။
လေဖြတ်မှုကိုကာကွယ်ပေးခြင်း
New England Journal of Medicine ရဲ့ သုတေသန ပြုချက်အရမျောက်ငိုသီးကိုစားပေးတာ ဟာ လေဖြတ် ရောဂါကြောင့် သေဆုံးမှုကို ၄၀%ထိ လျှော့ချပေး နိုင်တယ်လို့ဆိုပါတယ်။
မျက်လုံးကျန်းမာရေး
မျောက်ငိုသီးမှာ ဗီတာမင် A ကြွယ်ဝစွာပါဝင်လို့ အမြင်အာရုံကို ကောင်းမွန်စေပါတယ်။ ပိုတက်ဆီယမ်ဓါတ်လည်း ကြွယ်ဝစွာပါဝင်လို့ အာရုံစူးစိုက်မှုကိုပိုကောင်း စေပြီးဦးနှောက် စွမ်းဆောင်ရည်ကို တိုးတက်စေပါတယ်။
အစာချေစနစ်ကောင်းမွန်စေခြင်း
မျောက်ငိုသီးမှာ အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင် ပါတယ်။ ဒါကြောင့်အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။
အရက်နာကျခြင်း
ညဖက်အရက်သောက်တာများသွားလို့ မနက်ပိုင်းမှာ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိဘဲ အရက်နာကျတာမျိုး ကိုပျားရည်၊ နွားနို့နဲ့ရောပြီး သောက်ပေးပါ။
သွေးတိုးကျစေခြင်း
သွေးတိုးရှိသူတွေအတွက် မျောက်ငိုသီးကို စားပေးမယ်ဆိုရင် သွေးတိုးကျစေပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေ
ကိုယ်ဝန်ဆောင်မိခင်တွေ မျောက်ငိုသီးစားပေးမယ်ဆိုရင် အော့အန်ခြင်းကိုကာကွယ်ပေးပါတယ်။
ခြင်ကိုက်ခံရခြင်း
ခြင်ကိုက်တဲ့နေရာမှာ မျောက်ငိုသီးကို လိမ်းပေးမယ်ဆိုရင် ခြင်ကိုက်လို့ အရေပြားယားယံတာကို ပျောက်ကင်းစေပြီးအရေပြား ရောင်တာကိုလည်း သက်သာစေပါတယ်။
ဆေးလိပ်ဖြတ်ခြင်းကိုကူညီပေးမယ်
ဗီတာမင် B6,B12 ပါဝင်ပြီး ဆေးလိပ်ဖြတ်တဲ့သူတွေအတွက် စားပေးသင့်ပါတယ်။ ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်ပါဝင်လို့လည်း နီကိုတင် ပျက်စေပါတယ်။
တခြားကျန်းမာရေး အကျိုးကျေးဇူးတွေကတော့ အာရုံကြောစနစ်ကို ကောင်းမွန်စေတယ်။ ရင်ပူတာကို သက်သာစေတယ်။ ဦးနှောက်စွမ်းဆောင်ရည်ကို မြင့်တက်စေတယ်။ သွေးအားနည်းရောဂါကို ကာကွယ်ပေးမယ်။
စိတ်ကျရောဂါကိုကာကွယ်ပေးတယ်။ ကိုယ်အလေးချိန် ကျစေတယ်။ စိတ်ဖိစီးမှုလျော့နည်းစေတယ်။ မျောက်ငိုသီးကို နည်းနည်းယူပြီး လိမ်းမယ်ဆိုရင် ကြွက်နို့ကို ပျောက်စေပါတယ်။
Credit...... Original
ကျန်းမာရေးအတွက်ဆေးတစ်ခွက်
မှပြန်လည် ကုသိုလ်ပြု့ မျှဝေပါသည်
#မြန်မာတိုင်းရင်းဆေး
မျောက်ငိုသီးဆားရည်စိမ်တစ်ဘူး
၃၀၀၀ ကျပ်
မျောက်ငိုသီးအစေ့ခြောက်တစ်ထုတ် ၃၀၀ဝ ကျပ်
ကြာချိန် ၄ရက်ပါ