Zay yon gyi

Zay yon gyi အသုံးဝင် လူသုံးကုန် ပစ္စည်းများရော?

အိုမီကရွန် ဘယ်လိုကုရမလဲ**************************သင် အခုအချိန် နေမကောင်းလို့ ကိုဗစ်သံသယ လို့ ယူဆပါက high risk person (ပြ...
10/02/2022

အိုမီကရွန် ဘယ်လိုကုရမလဲ
**************************
သင် အခုအချိန် နေမကောင်းလို့ ကိုဗစ်သံသယ လို့ ယူဆပါက high risk person (ပြင်းထန်ကိုဗစ် ဖြစ်နိုင်ခြေ ရှိသူ) မဟုတ်ခဲ့လျှင် အောက်ပါဆေးများ သောက်ပါ။
(၁) ဖျားပါက
- ပါရာစီတမော ၅၀၀ မီလီဂရမ် သောက်
(၂) နှာစေးပါက
- စီထရင်း/ ဘာမီတွန်/ အလာဒေး သောက်
(၃) နှာခေါင်းပိတ် + အဖျားတက် + နှာမွှန်ပါက
- ဒီကိုဂျင်/ ဖလူဇာ/ မစ်ဆာဂရစ် သောက်
(၄) လည်ချောင်းနာ၊ အသံဝင်ပါက
- ဆားရည် အာလုပ်ကျင်း
- မိုင်ဘေစင် ငုံဆေးပြား ငုံ
(၅) ချောင်းဆိုးပါက
- ချောင်းဆိုးပျောက်ဆေး တခုခုသာသောက်
❌ amoxil (အမောက်ဆေး) စသည့် antibiotics ပိုးသတ်ဆေးများ ကိုဗစ်ရောဂါအတွက် လုံးဝ (လုံးဝ) မလိုအပ်ပါ။
လူနုန်း၊ ဝမ်းပျက်ရုံသာ ဖြစ်ပြီး အကျိုးမရှိပါ။🚨အရေးကြီး လက္ခဏာများ 🚨
- မောလျှင်
- အသက်ရှူမြန်လျှင်
- သွေး အောက်စီဂျင်ကျလျှင်
- နာတာရှည်ရောဂါ တစ်ခုခုရှိလျှင်
- ဆီးချို အရမ်းတက်လျှင်
- သွေးပေါင်ကျလျှင်
- အဖျား အရမ်းတက်လျှင်
မှတ်ရန်
👉 အခုချိန်ခါ ဖျားနာပါက “ကိုဗစ် သံသယ” သဘောထားပါ။
👉 နှာခေါင်းတို့ဖတ် စစ်နိုင်က စစ်ပါ။ မစစ်နိုင်ပါက မိမိဘာသာ ကူးစက်ထားပြီ ယူဆပြီး တစ်ပါးသူ မကူးနိုင်အောင် ကာကွယ်ပါ။
👉 ဒယ်လ်တာ ဆိုလျှင် ပြင်းထန်နိုင်ပြီး အိုမီကရွန် ဆိုလျှင် သိပ်မပြင်းပါ။ (ခွဲခြားဖို့ ခက်ခဲပြီး ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးနိုင်ပါသည်။)
👉 အိုမီကရွန် ကိုဗစ် သည် ၅-၇ ရက်မျှ ကြာတတ်ပြီး ပြန်ကောင်းပါတယ်။
👉 အခြား ဖျားနာ ရောဂါများ ရှိသဖြင့် ၅ ရက်ကျော် အဖျားမကျက၊ အထက်ပါ လက္ခဏာများ အပြင် တခြားလက္ခဏာများရှိက ဆရာဝန်နှင့်ပြသပါ။
လုပ်ဆောင်ရန်
🌐 အောက်စီဂျင် ၉၅% အောက်မကျလျှင် ရေချိုးလို့ရပါသည်။ အဖျားကျရန် ရေချိုးပါ။
တစ်ရက်ကို ရေ ၂-၃ လီတာ (ရေသန့်ပုလင်း ၂-၃ လုံး) ခန့် ကုန်အောင်သောက်ပါ။
🌐 အစားအစာ အာဟာရပြည့်အောင် အကုန်စားပါ။ အသားဓာတ်များများစားပါ။ သီးသန့်ရှောင်ရန် အစာ မရှိပါ။
လည်ချောင်းနာနေပါက ဆီပြန် ဆီကြော် ရှောင်ပါ။
အဖတ် မစားနိုင်က အရည်သောက်ပါ။
အိပ်ရေးဝ အောင်အိပ်ပါ။
🌐 လှုပ်ရှားမှု အရမ်းမလုပ်ပါနဲ့။ နားနားနေနေ နေပါ။
❌ အလေးအပင်မ မရ။
❌ အထပ်မြင့်ကို အလျင်စလို မတက်ရ။
❌ ဝမ်းချုပ်မခံရ။
🌐 နာတာရှည်ရောဂါ ရှိသူများ မိမိသောက်လက်စဆေးကို ဆက်သောက်ပါ။
ဆရာဝန်နှင့် ပြသပြီး ဆေးများ နားရန် လို/ မလို မေးပါ။
💊 Virus ပိုးသတ်ဆေးများ (molnupiravir, remdisavir) စသည်တို့ကို ဆရာဝန်နှင့်တိုင်ပင်ပြီးမှ သောက်ပါ။

&Knowledge

ကိုဗစ်testkit များလိုအပ်ပါက လက်လီလက်ကားဆက်သွယ်မှာယူနိုင်ပါတယ်
ph09777440267

📌ဒေါက်တာဖြိုးမောင်မောင်ရှင်းပြထားတဲ့အိုမီခရွန်📌ဒီတစ်လအတွင်း ဖြစ်ပွားနှုန်းများပါလိမ့်မည်။ ရောဂါပြင်းထန်မှုဖြစ်နိုင်ချေ ရ...
09/02/2022

📌ဒေါက်တာဖြိုးမောင်မောင်ရှင်းပြထားတဲ့အိုမီခရွန်📌

ဒီတစ်လအတွင်း ဖြစ်ပွားနှုန်းများပါလိမ့်မည်။ ရောဂါပြင်းထန်မှုဖြစ်နိုင်ချေ ရာနှုန်းနည်းပါတယ်။ မကြောက်ပါနဲ့။ Omicron အများကြီးဖြစ်နေတဲ့ ထိုင်းမှာ တစ်လလောက်နေပြီး သူ့အကြောင်းအတော်လေး သိလာပါတယ်။ အတွေ့အကြုံအရ အောက်ပါအချက်တွေပြောပါရစေ။

✅ အစားအသောက်ပျက်တတ်ပါတယ်။ အဓိက အသားမစားချင်ဖြစ်ပါတယ်။ အသားမစားနိုင်လျှင် စွတ်ပြုတ်သောက်ပါ။ ရေများများသောက်ပါ။ Welex chlorophyll သောက်လို့ရပါတယ်။

✅ မျက်လုံး နီတတ်ပါတယ်။ သိပ်စိတ်မပူပါနဲ့၊ တစ်ရက်၊ နှစ်ရက်ဆို ပျောက်သွားပါလိမ့်မည်။

✅ လည်ချောင်းနာပါလိမ့်မည်။ ဆားနှင့် ပလုတ်ကျင်းပါ။ ဗိုက်တာမင် C 1000 mg လောက် သောက်ကြည့်ပါ။ လိုအပ်လျှင် အုန်းဆီထဲ ဗိုက်တာမင် D ဖောက်ထည့်ပြီး ငုံသောက်ပေးပါ။

✅ ရောဂါအခံရှိသူတွေ NAC ( 600 mg ) တစ်ရက် ၂ ကြိမ်၊ selenium ( 200 mcg ) တစ်ရက်တစ်ကြိမ်၊ Zinc ( 50 mg ) ညစာစားပြီးတစ်ကြိမ်၊ probiotics ( 30 billions ) တစ်ရက်တစ်ကြိမ် အစာစားပြီးသောက်ပါ။

✅ ဝယ်လို့ရလျှင် antigen test kit နဲ့ စစ်ကြည့်ပါ။ ကျွန်တော်ဆို ဘန်ကောက်မှာ ၂ ရက်တစ်ခါ စစ်ပါတယ်။ အဖြေမှန်နှုန်းလည်း ရာနှုန်းများပါတယ်။



Antigen test kit လိုအပ်ရင် မှာယူနိုင်ပါတယ်
09777440267

 #သတိအိုးမီခရွန် ထလာသည်နှင့်အမျှ ဘုမသိဘမသိ ဘူစတာ Booster ပြေးပြေးထိုးကြသည်။ဆေးရုံတွေကလည်းကြော်ငြာ၏။Sinopharm ၂ခါ ထိုးပြီ...
09/02/2022

#သတိ

အိုးမီခရွန် ထလာသည်နှင့်အမျှ ဘုမသိဘမသိ ဘူစတာ Booster ပြေးပြေးထိုးကြသည်။
ဆေးရုံတွေကလည်းကြော်ငြာ၏။
Sinopharm ၂ခါ ထိုးပြီးလျှင် ၃-၄ လခြားပြီး ထိုးနိုင်သည်ဟုကြော်ငြာကြ၏။
သို့သော် Sinopharm ၂မျိုးရှိသည်ဟု ဆေးရုံဆေးခန်းများကရှင်းလင်းပြသည်ကိုမတွေ့မိပေ။
Sinopharm အဟောင်းသည် ဗိုင်းရပ်အသေကို အခြေပြု၍ ထုတ်ခြင်းဖြစ်ပြီး BBIBP-Corv ဟုခေါ်သည်။ ယင်းကို၂ခါထိုးပြီး တတိယအကြိမ် ယင်းကိုဘူစတာ ထပ်ထိုးလျှင် ပိုက်ဆံကုန် အသားနာတာသာ အဖတ်တင်မည်။ အိုးမီခရွန်ကို မကာကွယ်နိုင်ပေ။
ယခုနောက်ထုတ်သည့် Sinopharm သည် ပရိုတင်းကို အခြေခံ၍ ထုတ်လုပ်ခြင်းဖြစ်ပြီး NVSI-06-07 ဟုခေါ်သည်။
BBIBP-Corv ၂ခါထိုးပြီး NVSI-06-07 ဘူစတာထိုးလျှင် အိုမီခရွန်ကိုကာကွယ်နိုင်သည်။ ယူအေအီးကလည်း NVSI-06-07 ကို ဘူစတာအဖြစ်လက်ခံထားသည်။
မိမိတွင်အခွင့်အရေးရှိသည်။ ဆေးရုံတွင် booking လုပ်၊ ငွေသွင်း၊ဟိုကျ လက်မောင်းလေးပင့်အထိုးခံရုံနှင့်မပြီးပေ။
NVSI-06-07 ဟုတ်မဟုတ် အရင်မေးမြန်းစုံစမ်းသင့်သည်။
credit by Dr .Then Win

Antigen Antibody test kit များနှင့် ကိုဗစ်ရောဂါ ကုသဆေးများ လက်လီလက်ကားဆက်သွယ်မှာယူနိုင်ပါတယ် ခင်ဗျာ

08/02/2022

အိုမီခရွန်-ကိုဗစ်ပိုးကူးစက်ခံရသူများအတွက် အာဟာရဆိုင်ရာ အကြံပြုချက်များ

အိုမီခရွန်-ကိုဗစ်ပိုး ထပ်မံပျံ့နှံ့လာတာတွေ စိပ်လာတဲ့အလျောက် ကိုဗစ်ကို စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာနေပါတယ်။
အိုမီခရွန်ရဲ့ အဓိကလက္ခဏာတွေက နှာရည်ယိုခြင်း၊ ခေါင်းကိုက်ခြင်း၊ နုန်းခြင်း၊ နှာချေခြင်းနဲ့ လည်ချောင်းနာခြင်းတွေပဲဖြစ်ပါတယ်။ ဒီလက္ခဏာတွေက နေကောင်းကျန်းမာနေတဲ့သူတွေ၊ ကာကွယ်ဆေးထိုးပြီး လူတွေမှာ မပြင်းထန်ပေမယ့် သက်ကြီးသူတွေနဲ့ ကိုယ်ခံအားကျနေသူတွေမှာ သတိထားဖို့ လိုအပ်နေပါတယ်။
ဗိုင်းရပ်စ်ကြောင့်ဖျားနာမှုမျိုးဖြစ်တာကြောင့် ကိုယ်ခံအားကသာလျှင် အဓိကအရေးကြီးပါတယ်။ ဒီလိုကာလမှာ အစားအသောက်အနေအထိုင်မှန်ဖို့၊ မလိုအပ်တဲ့ဆေးတွေ၊ ဗီတာမင်တွေ မသောက်မိဖို့ သတိထားရပါမယ်။
တခါတရံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရချိန်မှာ သိပ်မဆိုးပဲ ကူးစက်အပြီး နောက်ဆက်တွဲလက္ခဏာတွေက ပိုဆိုးတတ်ပါတယ်။ ဒီလိုပိုဆိုးရတဲ့အကြောင်းရင်း​တွေထဲက တစ်ခုကတော့ အာဟာရမပြည့်ဝမှုကြောင့်ဖြစ်ပါတယ်။

ဒါကြောင့် လူနာတွေအနေနဲ့ ဘယ်လိုစားသောက်ဖို့လိုတယ် (သို့) လူနာတွေကို အကြမ်းဖျဉ်း အာဟာရဘယ်လိုပေးမလဲဆိုတာလေး မျှဝေချင်ပါတယ်။ 😇

တစ်နေ့တာအာဟာရ လိုအပ်ချက်
- ရေ ၂-၃ လီတာ
- ကယ်လိုရီ ၂၀၀၀-၂၅၀၀
- အသားဓာတ် ၇၅-၁၀၀ ဂရမ်

(၁) ရေ ၃ လီတာသောက်ဖြစ်စေဖို့ ဘာလုပ်ကြမလဲ
- လူနာအနားမှာ ရေသန့်ဘူးတစ်ဘူး အဆင်သင့်ပြင်ပေးထားပါ။ ၁၅-၂၀ မိနစ်ခြားတစ်ခါ ရေ ၁၀၀ စီစီ သောက်စေပါ။
- သောက်ရလွယ်တဲ့ အရည်ကြည်လေးတွေ ပြင်ဆင်ထားပေးပါ (အာဟာရည်များ၊ ဓာတ်ဆားရည်နဲ့ sport drink တွေသောက်ခိုင်းနိုင်ပါတယ်)
- ဆီးချိုနဲ့ ကျောက်ကပ်လူနာတွေမှာတော့ သတ်မှတ်ထားတဲ့ အရည်ပမာဏနဲ့ သင့်တော်တဲ့ အာဟာရရည် အမျိုးအစားကိုသာ တိုက်ရပါမယ်။
အုန်ရည်ကတော့ ပိုတက်ဆီယမ်ဓာတ်အထူးများပြားတဲ့အတွက် ကျောက်ကပ်ရောဂါရှိသူ ကိုဗစ်လူနာတွေမှာ မသောက်သင့်ဘူးလို့ အကြံပြုချင်ပါတယ်)

(၂) ကယ်လိုရီပြည့်မှီအောင် ဘယ်လိုစားသင့်လဲ
- ပမာဏနည်းနည်းနဲ့ ခဏခဏစားပေးပါ။ တကယ်လို့ စားချင်စိတ် ပျောက်နေရင်တောင် နာလန်ထူစေဖို့ ကြိုးစားစားပေးပါ။
- ထမင်းတစ်ချိန်နဲ့ တစ်ချိန်အကြားမှာ ကယ်လိုရီနဲ့ အသားဓာတ်များများပါတဲ့ အာဟာရည်တွေသောက်ပေးပါ။ ကြက်ဥအကာလိုမျိုး စားရလွယ်ပြီး အသားဓာတ်များတဲ့အရာမျိုးကို စားပေးသင့်ပါတယ်။
- ဘာပဲစားစား အာဟာရများများပါတာကို ရွေးချယ်ပါ။ ခေါက်ဆွဲပြုတ်နဲ့ အသင့်စားအစားအစာတွေကို ရှောင်ပါ။
- တစ်နေ့ကို ၆ ကြိမ်ထက်မနည်း အစားစားပေးပါ။

(၃) Enteral Feeding Support လိုတဲ့လူနာတွေကို ဘယ်လိုကျွေးမလဲ
- ကယ်လိုရီလိုအပ်ချက်ကို ကိုယ်အလေးချိန် နဲ့ ရောဂါအခြေအနေအလိုက် တွက်ချက်ပြီး စနစ်တကျထည့်ပေးခြင်းဖြင့် ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ ခံစားရခြင်းကို သက်သာလျော့နည်းစေပါတယ်
- အာဟာရည်အမျိုးအစားနဲ့ ပမာဏရွေးချယ်ရာမှာ အာဟာရဆိုင်ရာကျွမ်းကျင်ဆရာဝန်များ (သို့) အာဟာရအကြောင်းနားလည်သော ဆရာဝန်ကြီးများနှင့် ဆွေးနွေးတိုင်ပင်ခြင်းက လူနာရဲ့ outcome (ရလဒ်) ကို ပိုကောင်းစေပါတယ်။

(၄) ဗီတာမင်စီ ရစေဖို့ >> ချဉ်တဲ့အသီးတွေနဲ့ မာလကာသီးတွေကို စားသုံးပေးပါ
ဇင့်ဓာတ်ရစေဖို့ >> ကုလားပဲ၊ သီဟိုဌ်စေ့နဲ့ မုန်ညင်းရွက်တွေ များများစားပေးပါ
အိုမီဂါ-၃ ရစေဖို့ (ရောင်ရမ်းခြင်းကိုသက်သာစေ) >> အစေ့အဆန် လက်တဆုပ်စာ၊ ငါးနဲ့ ချီယာစေ့တွေ စားပေးပါ
အရေးကြီးဆုံး က အသားဓာတ်ဖြစ်လို့ တစ်နေ့လုံးက်ု အသား ၁၀ ကျပ်သားခန့်နဲ့ ကြက်ဥ အကာ ၂-၃ လုံးခန့်စားပေးသင့်ပါတယ် (မစားနိုင်ရင် အသားဓာတ်အာဟာရဖြည့်အရည်တွေသောက်ပေးနိုင်ပါတယ်)

မစားမသောက်ပဲနေရင်ရောပြန်ကောင်းမှာလား
- ကိုယ်ခံအားကောင်းတဲ့ လူငယ်တွေမှာ အာဟာရမှန်မှန်ကန်ကန် မရလည်းပဲ ရောဂါပိုးကို တိုက်ထုတ်နိုင်ပါတယ်
- ဒါပေမယ့် ရောဂါဖြစ်စဉ် အာဟာရမပြည့်မှီတဲ့အပြင် နာလန်ထအချိန်မှာ စနစ်တကျ မစားသောက်ရင် ကြွက်သားအားနည်းခြင်း/ အမောမခံနိုင်ခြင်းနှင့် နောက်ဆက်တွဲရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

ဗီတာမင်တွေသောက်ချင်တယ်ဆိုရင်
- ဗီတာမင်စီ >> တစ်နေ့ကို ၃၀၀-၅၀၀ မီလီဂရမ်ဆို လုံလောက်ပါတယ် (၂၀၀၀-၃၀၀၀ သောက်စရာမလိုပါ)
- ဗီတာမင် ဒီ >> တစ်နေ့လျှင် ၁၀၀၀ IU
- ဇင့် >> ၅၀-၇၅ မီလီဂရမ်
- Melatonin, Magnesium နဲ့ အခြားဟာတွေကတော့ ဆရာဝန်မညွန်ကြားပဲ မသောက်သင့်ပါဘူး။

“အိုမီခရွန်ပိုးကို အတူတကွလက်တွဲညီညီ တိုက်ထုတ်ကြပါစို့”

“FOOD IS MEDICINE WHEN YOU ARE ILL”
“နေမကောင်းနေချိန်မှာ အစာဟာ ဆေးပါ”

Dr ဆုမြတ်သဇင်
ဆေးကုသမှုဆိုင်ရာအာဟာရဆရာဝန် (Clinical Nutritionist)

Test kit များလိုအပ်ပါက ဆက်သွယ်မှာယူနိုင်ပါတယ်

အိုမီခရွန်က Delta ထက်ပိုပြီးကူးစက်မြန်ပါတယ် ဘာလို့လဲဆို ကိုဗစ်က လူတွေဆေးထိုးထားတာကို လေ့လာပြီး သူလည်း အသက်ရှင်နိုင်အောင်...
07/02/2022

အိုမီခရွန်က Delta ထက်ပိုပြီးကူးစက်မြန်ပါတယ် ဘာလို့လဲဆို ကိုဗစ်က လူတွေဆေးထိုးထားတာကို လေ့လာပြီး သူလည်း အသက်ရှင်နိုင်အောင်ကြိုးစားတဲ့ အနေနဲ့ သူ့မူကွဲမှာ S gene ကို ဖြုတ်ပြီး ကူးစက်မြန်အောင် ဖန်တီးထားပါတယ်။ လူတွေမှာ ကပ်နေနိုင်ဖို့ကြိုးစားရင် သူ့ရဲ့တိုက်ခိုက်နိုင်တဲ့ အား လျော့နည်းသွားတာတွေ့ရပါတယ်။ အဲ့ဒါကြောင့် အိုမီခရွန်ဟာ Deltaထက် ကူးစက်မြန်ပေမဲ့ Delta လောက် မပြင်းတာတွေ့နိုင်ပါတယ်။

လေ့လာချက်များအရ၊ အိုမီခရွန်ဟာ လေပြွန်နေရာမှာ အဆတိုးပွါးများပီး လေပြွန်မှာရှိတဲ့ တစ်ရှုးဆဲလ်တွေကိုသာ ထိခိုက်စေပါတယ်။ Delta လိုမျိုး အဆုတ်ထဲထိ ဆင်းပြီး တစ်ရှူးတွေကို ထိခိုက်မှုသိပ်မလုပ်နိုင်တာတွေ့ရပါတယ်။ ဆေးထိုးထားတာနဲ့ ဆေးမထိုးထားတာ၊ ရောဂါ အခံရှိမရှိပေါ်မူတည်ပြီး ရောဂါ ပြင်းထန်မှု အနည်းအများ ကွာခြားကြပါတယ်။ ကာကွယ်ဆေး ၂ ကြိမ်ထိုးထားတဲ့ လူရဲ့ ကိုယ်ခံအားထဲကို အိုမီခရွန်က ဝင်ရောက်နိုင်သော်လည်း Booster လို့ခေါ်တဲ့ ကာကွယ်ဆေး အာနိသင်ထပ်မြင့်တဲ့ဆေးထိုးထားသူတွေမှာတော့ ရောဂါလက္ခဏာ အနည်းအကျင်းသာတွေ့ရပြီး သမရိုးကျ တုတ်ကွေးပုံစံအနေနဲ့သာပြီးဆုံးသွားကြပါတယ်။

ရောဂါလက္ခဏာများ

အိုမီခရွန် ကူးစက်ခံရ သူတွေမှာ Delta လို အနံ့ပျောက်၊ အရာသာမရှိတာမျိုး သိပ်မတွေ့ရတော့ပါဘူး။

ကူးစက်ခံရသူတွေရဲ့ ၇၃% မှာ နှာစေးတဲ့လက္ခဏာက စပြီး နှာချေ၊ ခေါင်းကိုက်၊ ပင်ပန်းတာတွေဖြစ်ပါတယ်။

ထူးခြားတဲ့ လက္ခဏာတစ်ခုကတော့ ခါးနာ၊ ခါးကိုက်၊ ပျို့အန်တာတာမျိုးကို အိုမီခရွန်ကူးစက်ခံရသူတွေမှာတွေ့ရပါတယ်။

အိုမီခရွန်ရဲ့ လက္ခဏာဟာ သာမန်တုတ်ကွေးနဲ့တူလွန်းတဲ့ အတွက် သံသယရှိပါက ART နဲ့စစ်ကြည့်တာ အကောင်းဆုံး ကာကွယ်နည်းပါ။

Delta ကူးစက်သူတွေဟာ ၅ ရက်လောက်ထိ ရောဂါ လက္ခဏာ ပြင်းပြင်းခံစားရပြီး ကြာချိန်က ၁၀-၁၄ ရက်ထိ ရှိပါတယ်။

အိုမီခရွန်ကူးစက်ခံရသူတွေကတော့ ပထမ ၃ ရက်သာ လက္ခဏာပြပြီး ပျောက်ကင်းတာတွေ့ရပါတယ်၊၊

ရောဂါလက္ခဏာမပြင်းထန်ပေမဲ့ ကမ္ဘာတစ်ဝှမ်းမှာ အိုမီခရွန်ကြောင့်သေဆုံးသူတွေရှိနေပါသေးတယ်။အများစုကတော့ ရောဂါအခံရှိထားသူတွေဖြစ်တဲ့အတွက် မကူးစက်အောင်ကာကွယ်ခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကာကွယ်ဆေးထိုးဖြစ်အောင်ထိုးပြီး Booster ပါထိုးနိုင်လျင်ထိုးထားကြဖို့ အမေရိကန်နဲ့ ဥရောပမှာ တိုက်တွန်းထားပါတယ်။

မိမိကိုယ်ကို သံသယရှိလျင် ART စစ်၊ မိမိဘာသာ သီးသန့် ၅ ရက်နေထိုင်ပြီး အိုမီခရွန်ကိုကာကွယ်ကြပါ။

Source: Pubmed, WHO,CDC
Photo: BBC
Yee Nwe( 7/2/22)

Antigen Antibody test kit များလိုအပ်ပါက
ph 09777440267 09956999668 များသို့
ဆက်သွယ်မှာယူပီး လက်လီလက်ကားရရှိနိုင်ပါတယ်

19/01/2022

Omicron ကိုဗစ်ပိုး ကူးစက်ခံရပြီးတာနဲ့

၄၈ -နာရီ ၂-ရက်အတွင်း ရောဂါ လက္ခဏာပြပါပြီ။
ဒယ်တာ နဲ့ အခြား မျိုးကွဲတွေ မူရင်းက ရောဂါ လက္ခဏာ ပြဖို့ ၅ -ရက်ကနေ။ ၁၄ -ရက်ထိ ကြာတတ်ပါတယ်။

(၁) sneezing and fatigue နှာချေတာ ၊ ပင်ပန်းနွမ်းနယ်တာ။ အားမရှိသလို ဖြစ်နေတာ

(၂) scratchy throat and runny nose လည်ချောင်း ယား ချောင်းခြောက်ဆိုး တာ၊ နှာစေး မယ်။

(၃) lower back pain (ခါးအောက်ပိုင်းနာ),
headache(ခေါင်းကိုက်), as well as night sweats
(ညအိပ်တဲ့အခါ ချွေး အရမ်းထွက်ပြီး အိပ်ရာခင်း စမ်းကြည့်ရင် စိုနေလိမ့်မယ်)and body aches -ကိုယ်လက် ကိုက်ခဲနေလိမ့်မယ်။

၁ က နေ ၃ အထိ အစောပိုင်းကာလ မှာ အများစု ပြတယ်။

(၃) loss of appetite- မစားချင်မသောက်ချင်ဖြစ်

၂ ရက်အတွင်း သိတော့ မြန်မြန်ဆန်ဆန် သိ။ လူအများနဲ့ ဝေးရာနေပါ။ ထိုအချိန်မှာ ပိုးက airways အသက်ရှူ လမ်းကြောင်းမှာ အဆ ပေါင်း ၇၀ လောက် များနေလို့ပါ။

Crd #

မိမိကစကာကွယ်ပါ။

Maskတပ်ပါ။
လက်ဆေးပါ။
တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ပါ။

neutralizing ab နဲ့ spike protein ab (IgM/IgG) ဘာကွာသလဲအခုဈေးကွက်ထဲမှာရောင်းနေကြတဲ့ Test kit  တွေက လူတွေအလျင်စလိုစစ်ချင...
19/01/2022

neutralizing ab နဲ့ spike protein ab (IgM/IgG)
ဘာကွာသလဲ

အခုဈေးကွက်ထဲမှာရောင်းနေကြတဲ့ Test kit တွေက လူတွေအလျင်စလိုစစ်ချင်နေတဲ့အချိန် တရုတ်နဲ့အိန္ဒိယကနေ အများဆုံးတင်သွင်းလာတဲ့ C/IgM/IgG သုံးလိုင်းပြတဲ့အမျိုးအစားက ကိုဗစ်ပိုးရဲ့အခွံ spike ကိုပဲ detect လုပ်ပေးတာပါ။ အဲ့ဒါကြောင့် ကိုဗစ်ပိုး ရှိ/မရှိ၊ ကိုယ်ခံအား ထွက်/မထွက်ကို သိနိုင်တယ်။ ဒါပေမဲ့ spike က virus ရဲ့ ဘယ်မျိုးကွဲလဲ alpha, beta, gamma, delta, epsilon, lamda, zeta စသည် အဲဒီမျိုးကွဲပေါ်မူတည်ပြီး spike တွေရဲ့ amino acids sequence တွေချိန်းသွားတဲ့အခါ ကိုယ်ခံအားက မမှတ်မိတာ၊ နိုင်အောင်မတိုက်နိုင်တာ၊ virus မပွားခင် သတ်ပစ်နိုင်တာမျိုး မလုပ်နိုင်တော့လို့ ပြန်ဖြစ်တာမျိုးလဲ ဖြစ်နိုင်ပါတယ်။

neutralizing ab ကျတော့ covid ရဲ့ ဘယ်အမျိုးအစားမဆို neutralize antibody ကိုပဲ detect လုပ်ပေးတဲ့ အမျိုးအစားပါ။ ကိုဗစ်ဘယ်အမျိုးအစားပဲဖြစ်ဖြစ် antibody ရှိ၊ မရှိ သိရမယ်။ ဒါ့အပြင် ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသွားသူရဲ့ antibody ကိုပါစစ်လို့ရတယ်။ IgM/IgG မှာတော့ ကာကွယ်ဆေးထိုးပြီးသူရဲ့ antibody ကိုစစ်လို့မပေါ်ဘူး။

အဖြေကို ဘယ်လိုသိရမလဲ
C တစ်ကြောင်းတည်း ထင်းနေအောင်ပေါ်ရင် - antibody positive (antibody ထွက်ပါပြီ)
C မှာထင်းနေတယ်/ T မှာ ရေးရေးလေးပေါ်နေတယ် - antibody weak positive (antibody ထွက်တော့မယ်)
C မှာလည်းထင်းတယ်/ T မှာ တော်တော်ထင်းတယ် - antibody negative (antibody မထွက်ဘူး)
C မှာလည်း ရေးရေးလေး/ T မှာလည်း ရေးရေးလေးထင်တယ် - antibody negative (anti body မထွက်ဘူး)
လုံးဝမပေါ်ရင်/ T တစ်ကြောင်းတည်းပေါ်တယ် - invaild (ပြန်စစ်ရမယ်)

ဘယ်လိုစစ်ရမလဲ
သွေးဖောက်မဲ့လက်ကို အရက်ပြန်နဲ့သုတ်
လက်ကို အပ်နဲ့ဖောက်
သွေးကို test kit အပေါက်ထဲထည့်
(မဟုတ်လည်း ပိုက်နဲ့စုပ်ပြီးထည့်လို့ရ)
ဆေးရည်သုံးစက်ချ
(ဆေးရည်ပိုလည်း ပြသနာမရှိ)
၁၅ မိနစ်ကြာရင် အဖြေသိရပါပြီ

Netralizing antibody လိုအပ်ရင် ဝယ်ယူနိုင်နိုင်ပါတယ်
ph 09777440267 09956999668

အရည်အသွေးစိတ်ချယုံကြည်ရတဲ့ Diagnos brand Neutralizing antibody testkit လက်လီလက်ကားရရှိနိုင်ပါသည် တဖာမှာ အခုရေ ၅၀၀ ပါပါတယ...
19/01/2022

အရည်အသွေးစိတ်ချယုံကြည်ရတဲ့ Diagnos brand Neutralizing antibody testkit လက်လီလက်ကားရရှိနိုင်ပါသည် တဖာမှာ အခုရေ ၅၀၀ ပါပါတယ် တဖာယူမယ် ဆိုင်သမားတေ ပြန်ရောင်းမယ့် သူတေ ဆက်သွယ်ဝယ်ယူနိုင်ပါတယ် ဆက်သွယ်ရန်
ph 09777440267
ph 09956999668

22/08/2021

Antibody Test Kit တွေကို FDA မပေးဘူး??

ယခုအခါ မှာ test kit များကို​ FDA မပေးဘူး ပေးတယ်ဆိုတာတွေ တွေ့ရလို့ ဒါလေးပြောပြချင်ပါတယ်

Antibody Test kit အများစု(အကုန်နီးပါး) တွေကို WHO ,EUL, FDA က approved မပေးကြပါဘူး

ICMR approved တွေ ရှိပါတယ်
(Indian Council of Medical Research) India ကပေးတာပါ

FDA, WHO, EUL ဘာလို့မပေးတာလဲဆိုတော့ IgG, IgM (immunoglobulin G & M) ဆိုတဲ့ ကိုယ်ခံအား ထွက်တယ် မထွက်ဘူးကိုပဲဖော်ပြနိုင်တာပါ
ဘယ်လောက် ပမာဏထွက်တယ် မထွက်ဘူး covid ပိုး တကယ်ကူးနိုင်လား မကူးနိုင်လား အာမခံချက်မပေးနိုင်တဲ့ အတွက်ပါ။ ပိုပြီး တိကျ သေချာတဲ့ အဖြေကို လိုချင်ရင်တော့ ဆေးရုံ ဆေးခန်းက laboratory test မှာ စစ်ဆေးနိုင်ပါတယ်၊

ဒါပေမဲ့ အခုလို မြန်မာနိုင်ငံအခြေအနေမှာ ဆရာဝန်တွေကိုယ်တိုင် လက်ရှိ ရောဂါကူးစက်ခံနေရတဲ့ သူတွေကို Antibody နဲ့ စစ်ပြီး လူနာ သက်သာလား မသက်သာဘူးလားတိုင်းတာကြတာပါ။

ဘာလို့လဲ?
Laboratory မှာတစ်ခါစစ်ရင် ၃သောင်းကနေ ၆ သောင်းအထိ ကုန်ပြီး လူတိုင်း စစ်ဖို့ ဘယ်လိုမှ မလွယ်ပါဘူး
US မှာ FDA ပိတ်တယ် ဆိုတာ သူတို့ နိုင်ငံ သူတို့ အတိုင်းအတာနဲ့ပါ

စစ်တဲ့ အဖြေမှားတယ် မှန်တယ်ဆိုတာ WHO ,EUL, FDA ရခြင်း မရခြင်းနှင့် မဆိုင်ဘဲ Test Kit ရဲ့ Quality နဲ့ပဲ ဆိုင်ပါတယ်. WHO approved ရတဲ့ antibody test kit မရှိပါဘူး။

အထက်ပါ အကြောင်းအရာများက ကျွန်တော်လေ့လာကြည့်ထားသမျှ အကြောင်းအရာတွေဖြစ်ပြီး လိုအပ်ပါက ဆွေးနွေးအကြံပြုပေးလို့ ရပါတယ်ခင်ဗျ

Diagnos Anti body test kit လက်ဟောင်းများ ပြန်လည်ရောက်ပါပီနော် တဘူးမှ စ လက်ကား မှာယူရရှိနိုင်ပါတယ်ဗျာ Ph 09777440267
22/08/2021

Diagnos Anti body test kit လက်ဟောင်းများ ပြန်လည်ရောက်ပါပီနော် တဘူးမှ စ လက်ကား မှာယူရရှိနိုင်ပါတယ်ဗျာ
Ph 09777440267

18/08/2021

Diagnos brand anti body test kit

ဆေးရုံ ဆေးခန်းသုံး
Qualityအကောင်း
Sensitivity မြင့်ပြီး အဖြေတိကျမှန်ကန်ပါသည်

Ygn အိမ်ရောက်ငွေချေ
အိမ်လာယူရ

09777440267

IgG Antibody ထွက်ရင် ကိုယ်ထဲမှာ ကိုဗစ်ပိုးတွေမရှိတော့သလို နောက်သုံးလကနေ ခြောက်လအထိလည်း တော်ရုံနဲ့ ကိုဗစ်မကူးနိုင်တော့ပါဘူး။

Antibody ထွက်မထွက်ကို Rapid Antibody Test Kit လေးနဲ့ စစ်လို့ရပါတယ်။ ကိုဗစ်ဖြစ်ပြီးသူများ Antibody ထွက်မထွက်စစ်သင့်ပါတယ်။ အိမ်မှာတင် အလွယ်တကူစစ်လို့ရပါတယ်။

• Antigen Test Kit နဲ့ မတူတာက Antigen Test က နှာခေါင်းတို့ဖတ်ယူစစ်ရတာဖြစ်ပြီး ကိုဗစ်ပိုးရှိမရှိ စစ်တာပါ။ Test kit မှာ နှစ်ကြောင်းပဲပါပြီး တစ်ကြောင်းပဲပေါ်ရင် -ve (ကိုဗစ်မရှိ)၊ နှစ်ကြောင်းပေါ်ရင် +ve (ကိုဗစ်ရှိ) ပါ။

• Antibody Test Kit ကတော့ သွေးဖောက်စစ်ရတာပါ။ လက်ထိပ်ကို ဆီးချိုစစ်သလို သွေးဖောက်စစ်ပြီး စစ်ရတာပါ။ လိုင်း ၃ လိုင်းပါပြီး ပေါ်တဲ့လိုင်းပေါ်မူတည်ပြီး လက်ရှိ ကိုဗစ်ဖြစ်နေလား။ ပျောက်ပြီးတော့ ကိုဗစ်ကို ကာကွယ်နိုင်တဲ့ Antibody ထွက်နေပြီလားဆိုတာ သိနိုင်ပါတယ်။ အဖြေဘယ်လိုဖတ်ရလဲ ဘယ်လိုသုံးရလဲဆိုတာကိုတော့ အောက်မှာ အသေးစိတ်ရေးပေးထားပါတယ်။

Covid Antibody Test Kit ဆိုတာ ❓
=======================

Covid Antibody Test Kit ဆိုတာ Covid နလံထစ လူနာတွေအနေနဲ့ ကိုဗစ်ဖြစ်ပြီးနောက် ခန္ဓာကိုယ်က ကိုဗစ်ပိုးကို အလိုအလျောက်တုန့်ပြန်တဲ့ ကိုယ်ခံအား Antibody ထွက်မထွက်ကို စစ်ဆေးတာပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို စိတ်ရှင်းချင်လို့ပဲဖြစ်ဖြစ် Covid ဖြစ်သွားပြီးနောက် ကိုယ်ခံအားရမရ သိချင်လို့ပဲ ဖြစ်ဖြစ် စစ်ကြည့်နိုင်ပါတယ်။

ဘယ်အချိန်မှာ စစ်သင့်လဲ❓
================

Antibody Test Kit ကို စစ်သင့်တဲ့အချိန်ကတော့ နှာခေါင်းတို့ဖတ်ယူစစ်ရတဲ့ Antigen Test kit နဲ့ စစ်လို့ Covid (+)ve ဖြစ်ပြီး ၁ ပတ်ကနေ ၃ ပတ်ကြားပါ။ Antibody က အစောဆုံး နှစ်ပတ်အကြာမှာ ထွက်တာမလို့ နှစ်ပတ်ကျော်မှ စစ်ရင်တော့ အကောင်းဆုံးပါ။

ဘယ်လို စစ်မလဲ ❓
========

Antibody Test Kit တစ်ခုဝယ်ရင် တစ်ခါသုံးအပ်၊ အရက်ပြန်သုတ်ထားတဲ့ဂွမ်း (Alcohol Pad) ၊ သွေးယူတဲ့ပြွန်တံ၊ ဆေးရည်ဗူး၊ စစ်တဲ့အပြား (Test Kit) ပါပါတယ်။

1. လက်ချောင်းထိပ်ကို အရက်ပြန်ပါတဲ့ဂွမ်းနဲ့သုတ်ပြီး တစ်ခါသုံးအပ်နဲ့ ဆီးချိုစစ်ရင်ဖောက်သလို တစ်ချက်ဖောက်လိုက်ပါ။
2. ပထမဆုံးထွက်တဲ့သွေးကို မသုံးဘဲ သုတ်ပစ်လိုက်ပါ။
3. ညှစ်လို့ ထပ်ထွက်လာတဲ့သွေးကို သွေးယူတဲ့ပြွန်တံနဲ့ ယူလိုက်ပါ။
4. Rapid Test Kit ထဲကို သွေး ၁ စက်ချ ဆေးရည်ဘူးထဲက ဆေးရည်ကို ၂ စက်ချပါ။ တချို့ Test Kit မှာတော့ သွေး ၂ စက် ဆေးရည် ၁ စက် ထည့်ရပါတယ်။ ကိုယ်ဝယ်တဲ့ Test Kit အညွှန်းကို သေချာဖတ်ပါ။
တချို့ Test Kit မှာလည်း သွေးထည့်ရမယ့်နေရာနဲ့ ဆေးထည့်ရမယ့်နေရာ ၂ နေရာ ပါပါတယ်။ ကိုယ်ဝယ်တဲ့ဆီက အညွှန်းသေချာမေးပေးပါ။
5. အဖြေကို ၁၀ မိနစ်ကနေ ၁၅ မိနစ်အတွင်း ကြည့်လို့ရပါပြီ။
6. စစ်ပြီးသား ပစ္စည်းတွေကို ပါတဲ့ပလတ်စတစ်အိတ်ထဲ သေချာထည့်ပိတ်ပြီးမှ စွန့်ပစ်ပါ။

အဖြေဘယ်လိုဖတ်မလဲ ❓
================

Test Kit မှာ C ရယ် IgG ရယ် IgM ရယ်ဆိုပြီး သုံးနေရာ တွေ့ရပါမယ်။
C က Control ပါ။ စစ်တိုင်း C မှာလိုင်းပေါ်ရပါမယ်။ Covid 19 မှာ Antibody နှစ်မျိုး ရှိပါတယ်။ IgG နဲ့ IgM ပါ။ IgM က ရောဂါပိုးဝင်ပြီးမကြာခင် သွေးထဲမှာပေါ်ပြီး IgG က နောက်ပိုင်းမှပေါ်တာပါ။

🔸C တစ်လိုင်းထဲမှာပဲ ပေါ်နေရင်🔸
C တစ်ခုထဲပေါ်ပြီး IgG ရော IgM ရော မပေါ်ရင် ရောဂါပိုးကူးစက်မခံရသေးတာပါ။ ဒါမှမဟုတ် အရမ်းစောလို့ မပေါ်သေးတာလည်း ဖြစ်နိုင်ပါတယ်။

🔸C ရယ် IgG ရယ် နှစ်လိုင်းပေါ်နေရင်🔸
ကိုဗစ်ဖြစ်ခဲ့ဖူးပြီး ကိုယ်ခံအားထွက်နေတာပါ။ ရောဂါကိုခုခံကာကွယ်နိုင်စွမ်းရှိတဲ့ အဆင့်လို့ ပြောနိုင်ပါပြီ။
ဒီအဖြေဟာ လူတစ်ယောက်အတွက် အကောင်းဆုံးအဖြေလို့တောင် ပြောနိုင်ပါတယ်။ Covid 19 ကို ကိုယ်ခံအားရသွားတဲ့ သူတစ်ယောက်ဖြစ်သွားပြီး အခုလိုပေါ်နေသမျှ ကာလပတ်လုံး Covid 19 ကို ဖြန့်ဝေသူလည်း မဖြစ်နိုင်သလို ကူးစက်သူလည်း မဖြစ်နိုင်တော့ပါဘူး။ IgG က ခြောက်လလောက်အထိ ပေါ်နေနိုင်ပေမဲ့ Antibody ဆိုတာ ကိုယ်မသိလိုက်ဘဲ အချိန်မရွေးပျောက်သွားနိုင်လို့ ဂရုစိုက်တာတော့ အကောင်းဆုံးပါ။

🔸C ရယ် IgM ရယ် နှစ်လိုင်းပေါ်နေရင် 🔸
ကိုဗစ်ရောဂါပိုး ကူးစက်ပြီးခါစဖြစ်လို့ အများကို မကူးစက်အောင် ဘယ်သူနဲ့မှ မတွေ့ဘဲ နှစ်ပတ်ကြာ Isolate လုပ်ရပါမယ်။

🔸 ၃ လိုင်းလုံးပေါ်နေရင် 🔸
Antibody ထွက်နေပေမဲ့ ရောဂါပိုးရှိနေတုန်း ဖြန့်နိုင်တုန်းမလို့ Isolate လုပ်ပေးရပါမယ်

🔸တစ်လိုင်းမှ မပေါ်ရင် 🔸

ဘာမှမပေါ်ရင်တောင် C ကတော့ ပေါ်ကိုပေါ်ရပါတယ်။ C လုံးဝမပေါ်ရင် သွေးထည့်တာနည်းတာ၊ ဆေးထည့်တာနည်းတာ ဖြစ်နိုင်ပါတယ်။ Test kit error တက်တာလည်းဖြစ်နိုင်လို့ နောက်တစ်ခေါက်ပြန်စစ်ရပါမယ်။

Antibody ထွက်ပြီးပြီဆို Mask တပ်စရာမလိုတော့ဘူးလား ❓❓

တခြားရောဂါတွေဆိုရင်တော့ Antibody ထွက်ပြီးရင် တော်ရုံမကူးပါဘူး။ ဒါပေမဲ့ မာယာများတဲ့ ကိုဗစ်ဖြစ်နေတော့ လုံးဝမကူးနိုင်တော့ဘူးလို့ ကြိမ်းသေမပြောရဲပါဘူးတဲ့လေ။ နောက်ဆုံးပေါ် ရောဂါဆိုတော့ စူးစမ်းလေ့လာနေကြတုန်းပါပဲ။

ဒါကြောင့် Antibody ထွက်လည်း သတိလေးနဲ့နေတာ အကောင်းဆုံးပါ။
🔸အပြင်ထွက်ရင် Mask မတပ်ဘဲမနေပါနဲ့ ။ Mask တပ်ပေးပါ။
🔸လူစုလူဝေးရှောင်ပါ။
🔸လက်လည်း မကြာခဏဆေးပေးရပါမယ်။
🔸ပစ္စည်းတွေ ဝယ်လာလည်း ပိုးသတ်ပေးပါနော်။

သတိဆိုတာပိုတယ်လို့ မရှိပါဘူး…

အားလုံးကျန်းမာပြီး ကိုဗစ်ကင်းစင် ပြုံးပျော်ရွှင်နိုင်ကြပါစေ

ချစ်ခင်လျှက်
Dr. Nu Myat Theingi Oo

Diagnosed brand antibody test kit လက်ဟောင်းပြာနု လေးမှ လိုချင်သူတွေ အတွက် ဒီနေ့ ygn Instock ရပါမယ် ဗျ တဘူးချင်းရော လက်ကာ...
17/08/2021

Diagnosed brand antibody test kit
လက်ဟောင်းပြာနု လေးမှ လိုချင်သူတွေ အတွက် ဒီနေ့ ygn Instock ရပါမယ် ဗျ
တဘူးချင်းရော လက်ကားရော ရောင်းပေးပါမယ်
Ph 09777440267

Address

Yangon

Telephone

+959956999668

Website

Alerts

Be the first to know and let us send you an email when Zay yon gyi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zay yon gyi:

Share