Korea Collections by Htet

Korea Collections by Htet Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Korea Collections by Htet, Shopping & retail, Yangon.

01/01/2021
အသားကောင်းလွန်းလို့ ကျေနပ်နေပြီ 😍တစ်မျိုးဝယ်ရုံနဲ့ ၃ မျိုးပါတယ်နော်😱Code - P 669Price -  20000SZ.  S to 2Xl (3 in 1)Preo...
28/12/2020

အသားကောင်းလွန်းလို့ ကျေနပ်နေပြီ 😍
တစ်မျိုးဝယ်ရုံနဲ့ ၃ မျိုးပါတယ်နော်😱
Code - P 669

Price - 20000
SZ. S to 2Xl (3 in 1)

Preorder ဖြစ်လို့ အနည်းဆုံး ၃ပတ်စောင့်ရပါမယ်နော်🍀

ကျေးဇူးပြုပြီး စောင့်နိုင်မှ မှာယူပေးပါရှင်🍀

မှာပြီး cancel မရပါ ❌❌❌

#မြို့ပေါင်း ၄၀ ကျော် ကို အိမ်ရောက်ငွေချေဖြင့် ပို့ဆောင်ပေးတယ်ရှင်

Merry Christmas 2020
25/12/2020

Merry Christmas 2020

" စိတ်ဓာတ်ကျတိုင်း အမြဲဖတ်ဖို့ "♣♣♣♣♣♣♣♣♣◼ လိုချင်တာတွေများနေရင် _ ရင်မောရတတ်တယ် ။◼ ဖြစ်ချင်တာတွေများနေရင် _ စိုးရိမ်နေရ...
23/12/2020

" စိတ်ဓာတ်ကျတိုင်း အမြဲဖတ်ဖို့ "
♣♣♣♣♣♣♣♣♣

◼ လိုချင်တာတွေများနေရင် _ ရင်မောရတတ်တယ် ။
◼ ဖြစ်ချင်တာတွေများနေရင် _ စိုးရိမ်နေရတတ်တယ် ။
◼ မျှော်လင့်တာတွေများနေရင် _ ပူပန်နေရတတ်တယ် ။

◼ မလိုအပ်တဲ့အရာတွေကိုလည်း _ မခင်တွယ်မိစေနဲ့ ။
◼ စိုးရိမ်သောကတွေကိုလည်း _ လိုအပ်တာထက်မပိုနဲ့ ။
◼ မဖြစ်သေးတဲ့ကိစ္စကိုတွေးပြီး _ သောကမရောက်ပါနဲ့ ။

◼ လောကဓံဆိုတာ...
◼ မလိုချင်တာတွေလည်း _ ရလာတတ်တယ်...။
◼ မဖြစ်ချင်တာတွေလည်း _ ဖြစ်လာတတ်တယ်..။
◼ မမျှော်လင့်တာတွေလည်း _ ကြုံလာရတတ်တယ်....။

◼ ကိုယ်လိုချင်တာတွေမရလို့လည်း_ စိတ်ညစ်မနေပါနဲ့”
◼ ကိုယ်မလိုချင်တာတွေရပြီး စိတ်ညစ်နေရတဲ့သူတွေ
◼ လောကြီးမှာ ဒုနဲ့ဒေးရှိနေပါတယ်....။

◼ ”အတိတ်ကရခဲ့တဲ့ နာကျင်စရာတွေကို မေ့လိုက်ပါ”
◼ ဒါပေမဲ့ အဲ့ဒီကရလိုက်တဲ့ သင်ခန်းစာတွေကိုတော့
◼ ဘယ်တော့မှ မေ့မပစ်လိုက်ပါနဲ့....။

◼ ”ရင့်ကျက်မှုတွေရဖို့ မျက်ရည်တွေနဲ့ ရင်းခဲ့ရတယ်”
◼ ”ခွင့်လွှတ်တတ်ဖို့ သည်းခံစိတ်တွေ မွေးခဲ့ရတယ်”
◼ ”နာလည်ပေးဖို့ ဒေါသတွေ လျှော့ခဲ့ရတယ်”
◼ ”အဆင်ပြေသွားဖို့ ဖြစ်ချင်တာတွေ စွန့်လွှတ်ခဲ့ရလို့ပါ”

◼ လူ့ဘဝ လူ့သက်တမ်းဆိုတာက..
◼ ဖိနပ်တစ်ရံလိုပါပဲ ရုပ်ဝတ္တူတွေနောက် လိုက်ရင်း ……
◼ ပျော်ရွှင်မှုတွေဆီလျှောက်ရင်း ……
◼ ပါးလျကုန်ကျရတာလေ....
◼ ဘဝဟာတိုတိုလေးမို့ အမုန်းတရားတွေနဲ့
◼ အချိန်ကုန်မခံပါနဲ့.....။

◼ ပြောချင်တာက...
◼ လောကဓံဆိုတာ လူတိုင်းကြုံနေရတာပါ..။

◼ အောင်မြင်လိုက် ရှုံးနိမ့်လိုက်နဲ့ပေါ့..
◼ ဘယ်သူမှ တသမတ်တည်း မရှိနိုင်ပါဘူး..။

◼ ဒါဟာ သဘာဝပါပဲ...။

◼ သဘာဝရဲ့ တခဏကို ……
◼ ထာဝရလို့ မထင်လိုက်ပါနဲ့လို့ ပြောလိုက်ပါရစေ..။

ကြမ်းတမ်းတဲ့စကားကို ပြောဖို့ကြံရွယ်လိုက်တိုင်း ……
ဆွံ့အပြီးစကားမပြောနိုင်သူများကို သတိရမိပါရစေ။

အစားအသောက်မကောင်းလို့ စိတ်ညစ်မိတဲ့အခါတိုင်း ……
စားစရာမရှိ၍ ငတ်ပြတ်နေသောသူများကို သတိရမိပါရစေ။

ကိုယ့်ဇနီးနဲ့မိသားစုကို စိတ်ကျေနပ်မှု မရှိကာစိတ်တို……
ဒေါသထွက်သည့်အခါတိုင်း တစ်ကိုယ်တည်းအဖော်မဲ့ကာ ……
အထီးကျန်နေသူများကို သတိရမိပါရစေ။

ကိုယ့်ဘဝကိုယ် မကျေမနပ်ဖြစ်မိသည့်အခါတိုင်း ……
ရှင်သန်ခြင်းဘဝအား စောစီးစွာကျောခိုင်းသွားရသူများကို……
သတိရမိပါရစေ။

ကိုယ့်သားသမီးများကို စိတ်ကျေနပ်မှု မရှိသည့်အခါတိုင်း……
သားသမီးမရနိုင်၍ ယူကြုံးမရဖြစ်နေသူများကို သတိရမိပါရစေ။

တစ်ယောက်ယောက်က စည်းကမ်းလိုက်နာမှု အားနည်းလို့……
ကိုယ့်အိမ်နဲ့ ပတ်ဝန်းကျင်အပေါ် မကျေမချမ်း၊
စိတ်တို ဒေါသထွက်နေပါက နေစရာအိမ်မရှိလို့ ……
လမ်းပေါ်အိပ်၊ လမ်းပေါ်စားနေရသူများကို သတိရမိပါရစေ။

ကားမောင်းရတဲ့လမ်းခရီးဟာ ရှည်လျားကြမ်းတမ်းလို့ ……
ငြီးငွေ့၊ စိတ်တို ၊ဒေါသထွက်နေပါက အဲဒီလမ်းခရီးကိုပဲ ……
လမ်းလျှောက်သွားနေရတဲ့ သူများကို သတိရမိပါရစေ။

ကိုယ့်အလုပ်မှာ ပင်ပန်းလွန်းလို့၊ အဆင်မပြေတာတွေကြုံရလို့
မကျေမချမ်းဖြစ်ကာ စိတ်ညစ်နေပါက
အလုပ်လုပ်ချင်သော်လည်း အလုပ်မရရှိကြသူများ၊
အလုပ်ထုတ်ခံရသူများ၊ ကိုယ်အင်္ဂါချို့တဲ့သဖြင့်
အလုပ်မလုပ်နိုင်သူများကို သတိရမိပါရစေ။

တစ်စုံတစ်ယောက်ကို အပြစ်မြင်ကာ စိတ်တို၊ဒေါသထွက်နေပါက
မိမိကိုယ်တိုင် အမှားတစ်ခုမဟုတ်တစ်ခု ပြုမိခဲ့ဖူးတာကို
သတိရမိပါရစေ။

အဆင်မပြေမှုများကြုံတွေ့ကာ စိတ်ဓာတ်ကျနေပါက
အနည်းဆုံးတော့ အသက်ရှင်သန်နေသေးတယ်ဆိုတာကို
သတိရမိပါရစေ။]

Credit
အလွမ်း ရက်တွေ လွန်ပါစေ

" အသည်းနဲ့ကျောက်ကပ် ကြိုက်တာလာ ငယ်နိုင်လို ပျောက်စေတဲ့ ဆေးစွမ်းကောင်း ဆင်နှာမောင်းပင် "" ဆေးပင်ကြို ပုံ "၁။ ဆင်နှာမောင်း...
22/12/2020

" အသည်းနဲ့ကျောက်ကပ် ကြိုက်တာလာ ငယ်နိုင်လို ပျောက်စေတဲ့ ဆေးစွမ်းကောင်း ဆင်နှာမောင်းပင် "

" ဆေးပင်ကြို ပုံ "

၁။ ဆင်နှာမောင်းပင် ၄ / ၅ ပင်ခန့် ကို ( အရွက်၊ အရိုး၊ အမြစ် ပါမကျန် )
ရေ သေချာစွာဆေးပါ။

၂။ ရေဆေးပြီးသား ဆင်နှာမောင်းပင်ကို ဓားဖြင့် နှုတ်နှုတ်စဉ်းပါ။

၃။ ထိုနောက် မြေအိုးထဲတွင် ရေသင့်တင့်ရုံ ထည့်ပြီး ၃ ခွက် ၁ ခွက် တင်အောင်
မီးသွေးမီးဖိုဖြင့် ကျိူပါ။ ( ထန်းလျက် ၃ ခဲ ခန့် ထည့်ကျိူ ပါက ဆေးသောက်ရတာ
ပိုပြီးအဆင်ပြေပါတယ်။ အာနိသင်လည်း ပိုရှိပါတယ်)

၄။ ကျိူ ပြီးသား ဆေးရည်ကို အချိန်အနည်းငယ်မျှကြာအောင် အအေးခံပါ။
၅။ ခပ်နွေးနွေးလေး ဖြစ်သောအခါ မနက် ၁ကြိမ် ည ၁ကြိမ် သောက်ပါ။

"မိတ်ဆွေ၏အသည်းနဲ့ ပတ်သက်သော ရောဂါ၊ ကျောက်ကပ်နှင့် ပတ်သက်သော ရောဂါကို ငွေကုန်ကြေးကျ မရှိပဲ သက်သာပျောက်ကင်းနိုင်ပါပြီ။"

ပုံပါအပင်က အခုမြင်နေရသော ကျနော် သမီးငယ်လေး
ရဲ့ကယ်တင်ရှင်ဆေးပင်လေးပါ။

အပင်နာမည်ကဆင်နှာမောင်းပင် နားကပ်ပင်လို့လည်း
ခေါ်ပါတယ် ။

သမီးလေ ၂၀၁၅ း၂၀၁၆.ခုနှစ် ပညာတက္ကသိုလ်ပညာ
သင်နှစ်နဲ့ ၂၀၁၆ း ၂၀၁၇ ပညာသင်နှစ်တွေမှာကျောက်ကပ်ဖြစ်ပြီး ကျောင်းမတက်နိုင်ဘဲဆေးခန်းဆေးရုံး အထူကုတွေနဲ့အချိန်ကုန်ခဲ့ပါတယ်။

ယခုပုံပါအပင်ဖြစ်တဲ့ ဆင်းနှာမောင်းပင်အား မြန်မာဆေးဆရာက အပင်နုတ်.ရေဟြေင်အောင်ဆေး၍ ပဉ္စ ငါးပါးပြုတ်၍ သောက်ခိုင်းခဲ့ရာ

ရောဂါသည် လုံးဝပေါက်ကင်းသက်သာပြီး ယခုနှစ်တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပါတယ်။

မိဘပြည်သူတွေလည်း ဤဆေးပင်လေးအကြောင်း သိအောင်နှင့်ဆေးစွမ်းလေးအကြောင်း တင်ပြပေးလိုက်ပါတယ်။

ကျောက်ကပ်နဲ့ပတ်သတ်လျှင် အထူးကောင်းကြောင်း
ကိုယ်တွေ့ခံစားရလို့မျှဝေးပေးလိုက်တာပါ။

Aung Zaw Soe

"ပိုက်ဆံရှာပါ ငွေစုပါ"*ပိုက်ဆံရှာမှဖြစ်တော့မယ်လို့တွေးမိတဲ့အချိန်ဟာခရီးတစ်ခုကိုစတင်ဖို့ လက်မှတ်စဝယ်တာနဲ့တူပါတယ်။-လောကမှာ...
22/12/2020

"ပိုက်ဆံရှာပါ ငွေစုပါ"
*ပိုက်ဆံရှာမှဖြစ်တော့မယ်လို့
တွေးမိတဲ့အချိန်ဟာ
ခရီးတစ်ခုကိုစတင်ဖို့ လက်မှတ်
စဝယ်တာနဲ့တူပါတယ်။
-လောကမှာပိုက်ဆံရှိမှ အရာရာကို
ပိုအဆင်ပြေနိူင်ပါတယ်။
*မိသားစုထဲမှာကြည့်ပါ-
ပိုက်ဆံရှာနိူင်သူက
ပိုအရေးပါအရာရောက်ပါတယ်။
*အပေါင်းအသင်းတွေကြားထဲကြည့်ပါ-
ပိုက်ဆံရှိတဲ့သူက ပိုပြီး
လူရာဝင်ပါတယ်။
*လူမှုအဖွဲ့အစည်းတစ်ခုခုကိုကြည့်ပါ-
ပိုက်ဆံရှိတဲ့သူက ပိုပြီးအရာ
ရောက်ပါတယ်။
*ဒါဟာလောကကြီးထဲမှာ
ရာခိုင်နူန်းတော်တော်များများ
ဖြစ်နေတာပါ။
*ဘယ်နည်းနဲ့ကြည့်ကြည့်-
သင်-ပိုက်ဆံရှာပြီးငွေစု ရပါမယ်။
*သင့်မှာပိုက်ဆံရှိမှ-
သင်ချစ်တဲ့သူတွေအတွက်
သင်လုပ်ချင်တဲ့အရာတွေအတွက်
သင်ပြောချင်တဲ့စကားတွေအတွက်
သင်လိုချင်တဲ့အရာတွေအတွက်
အားလုံးမဟုတ်ရင်တောင်
တော်တော်များများလုပ်လို့ရမှာပါ။
#ခင်မင်မှုကအရေးကြီးတယ် #
ဟုတ်ကဲ့-လူတော်တော်များများကတော့
ငွေရှိရင်ပိုခင်ကြပါတယ်။
#ရိုးသားမှုကပိုအရေးကြီးတယ် #
ဟုတ်ကဲ့-လူတော်တော်များများကတော့
မရိုးသားရင်တောင် ငွေရှိတဲ့လူဆိုရင်
သိပ်မပြောရဲကြပါဘူး။
#ပညာကပိုအရေးကြီးတယ် #
ဟုတ်ကဲ့-ငွေရှိမှပညာသင်လို့
ရတဲ့ခေတ်မှာ ပညာရွှေအိုးဆိုတာ
ငွေရှိမှဝယ်လို့ရတာပါ။
#ကိုယ်ကျင့်တရားကအရေးကြီးဆုံး #
ဟုတ်ကဲ့-ကိုယ်ကျင့်တရား မကောင်းတဲ့
သူတွေ ငွေရှိနေရင်အမှန်တရားက
ရောက်လာဖို့ခြေလှမ်းက
သိပ်နှေးလွန်းပါတယ်။
#အချစ်ကအရေးကြီးတယ် #
ဟုတ်ကဲ့-ရယ်စရာအကောင်းဆုံး
ပြက်လုံးပါ
လူအားလုံးလိုလိုကတော့
ငွေမရှိရင်ရုပ်ဆိုးတယ်လို့မြင်တယ်
ငွေမရှိရင်နံတယ်လို့ထင်တယ်
ငွေမရှိရင် ရင်မခုန်ကြတော့ပါဘူး။
ဒါပါပဲ-
ဘယ်နည်းနဲ့ပဲတွေးတွေး
ဘယ်ဘက်ကတွေးတွေး
ငွေရှိမှအရာအားလုံးလိုလို
အဆင်ပြေနိူင်ပါမယ်။
*တစ်သောင်းဆယ်ခါဖြုန်းရင်တစ်သိန်း
တစ်သိန်းဆယ်ခါဆိုဆယ်သိန်းပါ။
ကျွန်တော်တို့အများကြီးဖြုန်းခဲ့ပြီးပါပြီ
မလိုတာတွေလည်းဝယ်ခဲ့ဖူးတယ်
မတန်တာတွေလည်းစားခဲ့ဖူးတယ်
မတန်တာတွေလည်းဝတ်ခဲ့ဖူးတယ်
မရှိရင်လည်းချေးငှားပြီးပျော်ခဲ့ဖူးတယ်
သဒ္ဒါမပါပဲကွားဝါပြီးလှူခဲ့ကြဖူးတယ်
အားနာပြီးကုန်ခဲ့ကြဖူးတယ်။
*အချိန်တန်တော့
ကျွန်တော်တို့ဆီမှာအဖတ်တင်ပြီး
ဘာမှမကျန်ခဲ့ပါဘူး။
အသုံးနိူင်ဆုံးဆုလည်းမရခဲ့ပါဘူး
အစားနိူင်ဆုံးဆုလည်းမရခဲ့ပါဘူး
အဝတ်နိူင်ဆုံးဆိုပြီး ကမ္ဘာမကျော်
နိူင်ငံမကျော်ခဲ့ပါဘူး။
*သူ့နေရာနဲ့သူသုံးသင့်တဲ့နေရာသုံး
မဖြုန်းသင့်တဲ့နေရာမဖြုန်းပဲ
စနစ်တစ်ကျစုဆောင်းတဲ့သူတွေ
အလုပ်လုပ်သွားတဲ့သူတွေကသာ
သူဌေးဖြစ်ပြီးနာမည်ကျော်သွားတာပါ။
*ကျွန်တော်တို့ဖြုန်းခဲ့တဲ့အတွက်
ဘာရလိုက်သလဲ- - -?
ဒါကြောင့်-
ကျွန်တော်တို့သိပ်နောက်မကျခင်မှာ
ငွေကိုစပြီးစုကြရအောင်လား-
*ကဲ-မိတ်ဆွေ
သင်ဖြုန်းမယ်ပြင်ထားတဲ့
ငွေစက္ကူတွေကို
အိတ်ထဲပြန်ထည့်ထားလိုက်ပါ။
Credit
မူရင်းရေးသားသူအားလေးစားစွာဖြင့်

ဖေဖေ့တုန်းက မသိလိုက်ရလို့ ဖေဖေ့အသက်ကို မကယ် နိုင်ခဲ့ဖူးးးး ဖေဖေ့လို ကင်ဆာသမားများ ရှိနေမလားလို့ပါ စေတနာဖြင့်....ကင်ဆာရော...
22/12/2020

ဖေဖေ့တုန်းက မသိလိုက်ရလို့ ဖေဖေ့အသက်ကို မကယ် နိုင်ခဲ့ဖူးးးး ဖေဖေ့လို ကင်ဆာသမားများ ရှိနေမလားလို့ပါ စေတနာဖြင့်....

ကင်ဆာရောဂါ ကြောက်စရာမလို

ယနေ့ဂျပန်နိုင်ငံမှာ ဓါတ်စာဖျော်ရည်တစ်မျိုး ခေတ်စားနေပါသည်။ လူအများ စိတ်၀င်စားလာအောင် စတင်ဖော်ထုတ် ဆော်သြ ခဲ့သူကတော့ ဂျပန်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အရှင် တိုမီဇာ၀ ဖြစ်ပါတယ်။ ထင်ပေါ်ကျော်ကြားလာတဲ့ ဓါတ်စာဖျော်ရည်ကတော့ “အာလူးစိမ်း” ဖျော်ရည်ပဲဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ အာလူးစိမ်း ဖျော်ရည်ကြောင့် ရောဂါ သက်သာ ပျောက်ကင်းသွားရတဲ့ လူနာတွေ ၊ လူနာရှင်တွေ ဆီက ကျေးဇူးတင်ကြောင်း ပလူပျံသလို ရောက်လာတဲ့ စာတွေ အရှင်တိုမီဇာ၀ လက်ခံရရှိခဲ့ပါတယ်။ ဆရာတော်က "ဒီနှစ်ထဲမှာ ကင်ဆာ အများအပြားဟာ အာလူးစိမ်းဓါတ်စာကို မှီဝဲခဲ့ကြပြီး ပမာဏ တော်တော်များများဟာ သိသိသာသာ သက်သာသွားပြီး သေမင်းနှုတ်ခမ်း၀က ပြန်လာနိုင်ခဲ့ကြပါတယ်"။

အသုံးပြုပုံကတော့ အာလူးအစိမ်း လတ်လတ်ဆတ်ဆတ်ကို ရေစင်အောင်ဆေးပြီး ထုထောင်းပါမယ်။ ပြီးမှ ပိတ်စိမ်းပါးနဲ့ထုပ်ပြီး အရည်ရအောင် ညှစ်ယူပါမယ်။ အဲဒီအရည် ဖန်ခွက်တစ်ခွက်မှ နှစ်ခွက် နေ့စဉ် မှီဝဲသွားမယ်ဆိုရင် အသည်းရောဂါ၊ ဆီးချိုရောဂါ၊ အစာအိမ်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ခါးနာ၊ ပုခုံးနာ၊ ကျီးပေါင်းနာ ရောဂါတွေ ပျောက်ကင်း စေတယ်လို့ဆိုပါတယ်။ ပျောက်ကင်းကြောင်း အနယ်နယ် အရပ်ရပ်က ထောက်ခံစာများ ရရှိထား တယ်လို့ဆို ပါတယ်။

သာဓကတစ်ခုအနေနဲ့ကတော့ ......
မစ္စတာတီဆိုသူသည် နားရွက်အောက်နားမှာ အဖုတစ်ဖု ပေါ်လာတာနဲ့ ဆေးရုံကိုသွားပြီး ကင်ဆာကျိတ် ဖြစ်နေပြီး ခွဲစိတ်ကုသပြီး ဓါတ်ကင်ခဲ့ပါတယ်။ သို့သော်လဲ ကင်ဆာကလပ်စည်းတွေက အဆုတ်ထိအောင် ပျံနှံသွားပါတယ်။ သက်ဆိုင်ရာ ဆရာ၀န်ကြီးများက ကင်ဆာကလပ်စည်းတွေ ပျံနှံ့ကုန်လို့ ကုသလို့ မရနိုင်တော့ ဘူးလို့ ဆိုပါတယ်။ အဲဒီနောက် သူဟာ အာလူးစိမ်းဓါတ်စာ အကြောင်းကြားသိရတဲ့အတွက် အရှုံးမရှိဘူးဆိုပြီး သောက်ကြည့်တယ်။ အညွှန်းအတိုင်း နေ့စဉ်ရက်ဆက် ဇွဲကောင်းကောင်းနဲ့ သောက်ခဲ့ပါတယ်။ အခုဆိုရင် ကင်ဆာ ကလပ်စည်းတွေ လျှော့ကျသွားပြီး ထိန်းချုပ်ထားနိုင် တဲ့အတွက် ကျန်းမာရေးနဲ့ ခွန်အား ပြန်ကောင်း လာပါတယ်။ မူလ အလုပ်အကိုင်လည်း ပြန်ပြီးလုပ်ကိုင်နိုင်ပါပြီ ။

သုတေသီ တိုမီဇသက သူ့ရဲ့ “ကင်ဆာရောဂါ ကြောက်စရာမလို၊ ကျန်းမာစေကြောင်း နည်းလမ်းကောင်း” (The way to healthy life; Cancer not to be feared) ဆိုတဲ့ စာအုပ်ထဲမှာ ကင်ဆာ ရောဂါ ခွဲစိတ် ကုသခဲ့သည့် တိုင်အောင် လူနာရဲ့ အကြောက်တရားကြောင့် ကင်ဆာကလပ်စည်းတွေ ပျံနှံ့ ကုန်ရပါတယ်။ သူဟာ ကင်ဆာဆေး အဆက်မပြတ် မှီဝဲရပြီး ဓါတ်ကင် ပြီးသွားပြီဆိုတဲ့ သတင်းမကြား ရသလောက်ပါပဲ ဒါ့အပြင် ပြင်းထန်တဲ့ ကုထုံးတွေရဲ့ ဘေးထွက် ဆိုးကျိူးတွေရဲ့ အကျိုးဆက်ကို လူနာက ခံစားရပါသေးတယ်။ အကျိူးဆက်အနေနဲ့ လူနာဟာ ခံတွင်းပျက်ခြင်း အားအင် ချည့်နဲ့ လာခြင်းတို့ ဖြစ်လာရပါတယ်။ အာလူးစိမ်း ဓါတ်စာကို သောက်ခြင်းအားဖြင့် ဘေးထွက်ဆိုးကျိူးတွေ မခံစားရပဲ လူနာဟာ တစ်နေ့တစ်ခြား အားအင်ပြည့်ဖြိုး လာတာတွေ့ရပါတယ်။ အာလူးပင်ဟာ ပင်ကိုယ်က အာဟာရပြည့်ဝနေတဲ့ အစာတစ်ခု ဖြစ်တဲ့အတွက် အကျိူးမယုတ်ပါဘူး။ သူ့ကို မှန်မှန်မှီဝဲခြင်း အားဖြင့် ကင်ဆာ ကလပ်စည်းတွေကို ဟန့်ထားစေပါတယ်လို့ ဖော်ပြထားပါတယ်။ အာလူးစိမ်း ဓါတ်စာဟာ ကိုယ်တိုင် လွယ်လွယ်ကူကူ ဖော်စပ်နိုင်ပြီး ချက်ချင်းလက်ငင်း သောက်သုံးနိုင်ပါတယ်။ ပြီးတော့ အဲဒီအချိန်တို အတွင်းမှာ သူ့ရဲ့ အာနိသင်ကို တွေ့ထိခံစားနိုင်ပါတယ်။ ဓါတ်စာ တစ်ပါတ် နှစ်ပါတ်လောက် သောက်ပြီးတာနဲ့ နာကျင် ကိုက်ခဲမှု ဝေဒနာတွေ တစ်စတစ်စ လျှော့ပါးသွားပါတယ်။ ခံတွင်းပြန်ပြီး ကောင်းလာမယ်။ အသားအရေ ပြန်ပြီး ကောင်းလာမယ်။

အာလူးစိမ်း ဓါတ်စာကို အထူးသဖြင့် ထောက်ခံတဲ့ နောက်တစ်ဦးကတော့ ဒေါက်တာ ကိုင်နိုရှိတ ဖြစ်ပါတယ်။ သူ့အဆိုတွေက “အာလူးကို ဥရောပတိုက်သားတွေက တစ်ချိန်တုန်းက မဟာပထဝီမြေကြီးရဲ့ ပန်းသီး (Apple of the great earth)” လို့ခေါ်ခဲ့ကြောင်း သိရပါတယ် ။

အာလူးမှာ အဟာရဓါတ်တွေ စုံစုံလင်လင်ပါရှိပြီး အထူးသဖြင့် ဗိုက်တာမင်စီဓါတ်နဲ့ ထုံးဓါတ်တို့ အများဆုံးပါ၀င် ပါတယ်။ ရှေးဟောင်း ဂျာမန်ဆေးကျမ်းတွေမှာ အာလူးစိမ်း ဓါတ်စာရည်ကို .. အစာအိမ် အနာပေါက်ခြင်း၊ ၀မ်းချုပ်ခြင်းတွေ အတွက်ပေးရကြောင်း ဖော်ပြထားပါတယ် ။

ကင်ဆာကလပ်စည်းတွေကို ထိန်းချုပ်ခြင်းနှင့်ပါတ်သက်ပြီး အာကိတ တက္ကသိုလ် ဆေးသုတေသန ဌာနက ပါမောက္ခ ကာဂါမိ ကပြောကြားရာမှာ “ကင်ဆာကလပ်စည်းကို ထိန်းချုပ်စေတဲ့ ဓါတ်ကိုရှာဖွေဖော်ထုတ် နိုင်ခဲ့ပါတယ်။” အဲဒီဆေးနဲ့ ကြွက်ကလေးတွေ အပေါ်မှာ စမ်းသပ်ကြည့်တဲ့အခါ အလားအလာ ကောင်းမွန်ကြောင်း တွေ့ရပါတယ်။ သူဟာ သူ့ရဲ့တွေ့ရှိချက်ကို စာတမ်းပြုစုပြီး မနှစ်က ဂျာမနီနိုင်ငံမှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ကင်ဆာညီလာခံ (International Cancer Society Conference)မှာ ဖတ်ကြား တင်သွင်းခဲ့ပါတယ် ။

နောက်ဆက်တွဲအနေနဲ့ အာလူးစိမ်းဓါတ်စာ ဖျော်ရည်လုပ်နည်းဟာ အလွန်ပဲ လွယ်ကူပါတယ်။ အရွယ်တူ အာလူး (၃)လုံးကိုယူပြီး ရေစင်အောင် ဆေးပါ။ အခွံမနွှာရပါ။ အစို့ပေါက်လေးများ ရှိရင် ဖယ်ရှားပေးပါ။ ပြီးလျှင် အာလူးကို သခွားခြစ်ဖြင့် အစလေးများဖြစ်အောင် ခြစ်ပေးပါ။ ပြီးက အဲဒီ အစလေးများကို သန့်ရှင်းသော ပိတ်စိမ်းပါးစဖြင့် ထုပ်ပြီး (အုန်းနို့ညှစ်သကဲ့သို့) အရည်ညှစ်ယူပါ အဲဒီအရည်ကို ခွက်ထဲမှာ ထည့်ပြီး အရသာ ကောင်းအောင် ပျားရည်နဲနဲ ရောစပ်ပြီး သောက်ပါ။ အဲဒီ အာလူးအရည်ကို နံနက်တိုင်း တစ်ခွက်နှုန်းဖြင့် သောက်ပေးနိုင်ပါတယ်။

ဖြန့်ဝေသူ၏ အမှာစကား
ယနေ့ကာလခေတ်တွင် ကင်ဆာရောဂါသည် အလွန်အဖြစ်များ၍ ငွေကုန်ကြေးကျ များသော ရောဂါ ဖြစ်ပါသည်။ ကင်ဆာရောဂါ ပျောက်ကင်းစေနိုင်သော တိုင်းရင်းဆေး နိုင်ငံခြားဖြစ်ဆေး အမြောက်အများ ပေါ်ထွက် လျှက်ရှိပါသည်။
ဗုဒ္ဓဘာသာအလိုရ ခန္ဓာရှိ၍ ဝေဒနာရှိခြင်း ဖြစ်ပါသည်။ မိမိပြုသော ကုသိုလ် အကုသိုလ် အစုစုတို့သည် သံသရာ ပြန်၍ တစ်ဖန် လည်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် စိတ်ဓါတ်မကျဘဲ၊ အားမငယ်ဘဲ မိမိတို့၏ ရောဂါဝေဒနာများကို စိတ်ဓါတ်ကြံ့ခိုင်စွာ၊ နည်းလမ်းပေါင်းစုံဖြင့် ကုသရမည် ဖြစ်ပါသည်။ မိမိ၏ ကုသိုလ်ကံတရား အကျိုးပေးသော် မိမိနှင့် ကိုက်ညီသော ဆေးဝါးများ၊ ဆရာသမားများ (အနာနှင့် ဆေးတည့်သော်) တွေ့ကာ ရောဂါအမြစ်ပြတ်ကာ (လုံး၀)အရှင်း ပျောက်ကင်းချမ်းသာ နိုင်ပါသည်။
သို့ဖြစ်ရာ အထက်တွင် ဖော်ပြခဲ့သော အာလူးစိမ်းဖျော်ရည်သည် ကုန်ကျစရိတ် နည်းပါးသည့် အပြင် ပြုလုပ်ရန် နည်းလမ်းသည် အလွန်ရိုးရှင်းပါသည်။ လူသားတို့ စားသုံးသော သဘာ၀ ဓါတ်စာဖြစ်သည့် အတွက်ကြောင့် ဘေးထွက်ဆိုးကျိူးမရှိပါ။ ထို့ကြောင့် ရောဂါဝေဒနာရှင်များ လက်တွေ့အသုံးချ နိုင်ရန် အကျိူးငှာ ဤဆေးနည်းအား တဆင့်ပြန်လည် ဝေငှပေးခြင်း ဖြစ်ပါသည်။
မူရင်းရေးသားသူအား Credit ပေးပါတယ် 🙏🙏🙏

အနံပျောက်သူများကြက်သွန်နီဝါး၍ ခဏငုံထားပါမွှန်လာပါလိမ့်မည် အရည်ကိုဖြည်းဖြည်း မျိုချ အနံရပါမည်......အသက်ရူလမ်း ကြောင်းဆိုင...
22/12/2020

အနံပျောက်သူများကြက်သွန်နီဝါး၍ ခဏငုံထားပါ
မွှန်လာပါလိမ့်မည် အရည်ကိုဖြည်းဖြည်း မျိုချ
အနံရပါမည်......

အသက်ရူလမ်း ကြောင်းဆိုင်ရာ ရောဂါပိုးများကို
၁၅မိနစ်နစ်အတွင်း ချက်ချင်းသက်သာပြီး
ပိုးကအဆုတ်ထဲအထိ ရောက်သောအဆင့်
ရင်ဘတ်အောင့်သောအဆင့် ထက်ကျော်ပြီး အသက်ရူလိုက်ရင်
ဆန်ပြုတ်အိုးပွက်သလိုအသံထွက်နေရင်တောင်၃ရက်နှင့်ပျောက်ပါသည်
ဘေးထွက်ဆိုးကျိုးမရှိပါ အရမ်းလွယ်ပြီး ၁၅မီးနစ်အတွင်း
ကိုယ်တိုင်သက်သာသွားသည်ကို လက်တွေ့သိရှိနိုင်ပါသည်။

ဆေးနည်း
--------------
၁။အချင်း၂လက်မခန့်ရှိ ကြက်သွန်နီဥကြီးတလုံးကို
အခွန်ခွာ အလုံးလိုက်ရေဆေးပြီး ခပ်ကြီးကြီးကိုက်ပြီးဝါးလိုက်ပါ
ချက်ခြင်းမျိုမချလိုက်ပါနဲ့ ပါးစပ်ပိတ်ဝါးနေစဉ်
မျက်ရည်ကျလောက်အောင်ထွက်လာသောအခိုးကို
ပါးစပ်မှအဆုတ်ထဲကို အဆုတ်ပြည့်အောင်စုတ်သွင်းလိုက်ပြီး
၂စက္ကန့်၃စက္ကန့်ခန့်အသက်ရူအောင့်ထားပါ။
ပြီးရင်ပါးစပ်ပိတ်လျှက် ဖြေးညှင်းစွာ နှာခေါင်းမှပြန်ထုတ်ပါ။
ပါးစပ်ထဲတွင်ကျန်နေသောကြက်သွန်နီဖတ်များကိုဆက်ဝါးပြီးထွက်လာသော အခိုးများကိုယခင်အတိုင်ဆက်လုပ်ပါ။
အခိုးနည်းသွားရင် အဖတ်ရောအရည်ရောကို လည်ချောင်းအတွင်းဖြေးညှင်းစွာမျိုချလိုက်ပါ။

အထက်ပါနည်းအတိုင်း
တစ်လုံးလုံးကုန်သည်အထိ ဝါးပြီးအခိုးကိုစုတ်သွင်း
နှာခေါင်းကမှုတ်ထုတ်လုပ်ပါ။ ကုန်သွားရင် ၁၅မီးနစ်အတွင်း
ရေသောက်ခြင်း အစာစားခြင်းမလုပ်ပါနဲ့
ပိုးသေချိန်ပေးရပါသည်။ ၁၅မီးနစ်ပြည့်သောအခါ
သင်ခံစားနေရသော ချောင်းဆိုးခြင်း နှာချေခြင်း
နှာခေါင်းရင်း အာခေါင်အောင့်ခြင်း
လည်ချောင်းနာ ရင်ဘတ်အောင့်ခြင်းများ
ယူပစ်လိုက်သလို သက်သာတာကို ချက်ခြင်းတွေ့ရမည်။
မည်သည့်ဆေး မည်သည့်အစာနှင့်မျှ
မတည့်မရှိ၍ ခံစားရတာနဲ့ ချက်ခြင်းလုပ်
ချက်ခြင်းသက်သာပျောက်ကင်းစေသည်
ကဲဘယ်လိုလဲ
မယုံပါနဲ့အုံး အခုထလုပ်ကြည့်လိုက်ပါ။သက်သာရင် ၄နာရီခြားတခါလောက်
ဝါး၍အဆုတ်ထဲရူသွင်းခြင်းကို
မပျောက်မခြင်းလုပ်ပေးပါ
သာမာန်ပိုးဆိုရင်၂ခါ၃ခါဆိုပျောက်ပြီ။
၄နာရီခြားဆိုရာဝယ် ပြင်းထန်သောပိုးများအတွက်သာဖြစ်၍
သာမာန်ပိုးဆိုရင် လည်ချောင်းထဲ နှာခေါင်းထဲ သရိုးသရီဖြစ်လာမှသာ
ဝါး၍အဆုတ်ထဲစုတ်သွင်းပါ
အလွန်မွှန်သောအခိုးဖြစ်
လူတိုင်းမလုပ်ချင်ပါ။
ရောဂါမဖြစ်ဘဲ မလုပ်ပါနဲ့
အခိုးများထွက်သည့် ကြက်သွန်နီ
ဆိုရင်ပိုကောင်း ပါသည်
မိတ်ဆွေ
အခုအခြေအနေမှာ ပထမဆုံးတစ်လုံး
စမ်းသပ်မိသည်နှင့်သင်နဲ့သင့်မိသားစု
မသေနိုင်တော့ပါ
လူအားလုံးအတွက်
အခုဘဲလုပ်ကြည့်လိုက်ပါ။
လွယ်ကူပြီး ဘေးမရှိ မခက်ခဲပါဘူး
လက်တွေ့သိပြီ ဆိုရင်
လူသားအားလုံးကိုမျှဝေလိုက်ပါ။
၂။ကိုယ်ပူရှိရင် ဘိုင်အိုဂျက်စစ်သောက်ပါ။
ရောဂါပြင်းရင် ၄-၅ နာရီသောက်ပါ။
နှာရည်ကျရင်ဘာမီတွန်သောက်ပါ။
မဖြစ်ရင်မသောက်နဲ့
၃။မနက်တစ်ကြိမ်ညတစ်ကြိမ်
အစာစားတိုင်းကြက်သွန်ဖြူ
အစိမ်းကြီးကြီး၃မွှာခန့်စားပေးပါ
ဒါက အသက်ရူလမ်းကြောင်းဆိုင်ရာရောဂါ
ရနေစဉ် တခြားရောဂါသက်ရောက်မှုနဲ့
ပရိယာယ်များစွာဖြစ်လာတဲ့
နောက်ဆက်တွဲသက်ရောက်မှုကို
ကာကွယ်ဘို့ပါ။
၃။သံပရာသီးကြီးကြီး မနက်တစ်လုံး
ညတစ်လုံး ဖျော်ရည်လုပ်၍ သောက်ပေးပါ
မရလျှင် စီဗစ် တထောင်အားသောက်ပါ။အအေးမိနှာစီးချောင်းဆိုး အသက်ရူလမ်းကြောင်းဆိုင်ရာ
ရောဂါများအတွက် ဗီတာမင်စီသည်
များစွာအကျိုးပြုပါသည်
ကျောက်ကပ်သမား သံပရာရည်ဘဲသောက်ပါ။
၄။အလွန်ပြင်းသော အသက်ရူလမ်းကြောင်းဆိုင်ရာပိုးဝင်သွားပြီဆိုရင် ပထမ....နှာခေါင်းဝမှစ၍
နှာခေါင်းရင်းအာခေါင်နာတဲ့အထိနှာချေနှာစီး၂ရက်နီးနီးလောက်မှာစနာတယ်
နောက်ချောင်းစဆိုးခါစ အခြေအနေမှာ
ကြက်သွန်နီဥ ၂ခါ၃ခါ ဝါးရုံနဲ့ပျောက်တယ်
ရောဂါပိုးပြင်းရင် လည်ချောင်းနာလာမယ်
ရင်ဘတ်အောင့်လာမယ်
ဒါပေမဲ့ အဲဒီအဆင့်အထိ
ကြက်သွန်နီပထမတစ်ဥ ဝါးပြီးတာနဲ့
၁၅မီးနစ်အတွင်းချက်ခြင်းသက်သာသွားမယ် ။
၅ရက်မြောက်နေ့အထိ ပိုးဝင်တဲ့အခြေအနေ ဖြစ်ပြီဆိုရင်
အဆုတ်တခုလုံး အချွဲတွေများလာပြီး
တဖြည်းဖြည်းအသက်ရူရခက်လာမယ်
အဲဒီအချိန်မှာ စကားပြောတာနဲ့ကို
အရမ်းမောလာပြီ
နောက်အသက်ရူဘို့ လေရူဘို့နေရာမကျန်လောက်အောင်
ဖြစ်လာပြီဆိုရင် သင့်ခြေလက်ခြေတွေ
မလှုပ်ချင်သလို အားလုံးဝမရှိသလို
ဖြစ်လာပြီဆိုရင် သင်သေသွားနိုင်တဲ့
အခြေအနေကို ရောက်နေပြီ။
စကားပြောရင်မောပြီး အားယူပြောရတဲ့
အခြေအနေနဲ့ ခြေလက်လှုပ်ဘို့အားစိုက်ရတဲ့အသက်ရူဘို့နေရာလပ်မကျန် ဖြစ်နေတဲ့အခြေအနေရောက်ရန်
အချိန်၂နာရီဝန်းကျင်ခန့်သာကြာပါတယ်စိတ်မပူပါနဲ့ မီးဖိုချောင်ထဲကို သင်ရောက်
အောင်သွားနိုင်ရင် သင်မသေတော့ဘူး
အဲဒီ အချိန်မှာ အားတင်းပြီ လေရအောင်ရူဘို့လိုတယ်
မီးဖိုချောင်ထဲရောက်လို့
ကြက်သွန်နီဥတလုံးဝါးပြီး
ထွက်လာတဲ့အခိုးကို အဆုတ်ထဲစုတ်သွင်းပြိးအောင့်ထားပြန်ထုတ် လုပ်ပြီးတာနဲ့ သင်ယခု မသေနိုင်တော့ဘူး
ဒီနေရာမှာ နံပါတ်၁နည်းအတိုင်း
အပြည့်အဝလုပ်ဘို့ ခက်ခဲတယ်
ပြင်ပလေမရရင်အရမ်းမောတဲ့အတွက်
လေကိုကျိုးစားရူရင်းနဲ့ ရတဲ့အချိန်လေးမှာ ဝါးလို့ထွက်လာတဲ့
ကြက်သွန်နီခိုးကို ရှိုက်သွင်းပြီး အောင့်လို့ရသလောက် အောင့်ပြီး
ကြက်သွန်နီခိုးကို အဆုတ်ထဲသွင်းပါ
နောက်ဖြေးဖြေးချင်း ရှိုက်သွင်ဘို့လွယ်လာပါလိမ့်မည်။
ပြီးတာနဲ့ အချွဲတွေကို ရသလောက် ဟတ်ထုတ်ပစ်ပါ။
အချွဲများမှာ သာကူအကြည်ရောင်မဟုတ်ဘဲ
အဖြူရောင်အဝါရောင်များရှိနေတတ်ပါသည်။
ကြက်သွန်နီဝါး ပြီးပြီးချင်း ပိုးသတ်ဆေး
အမောက်ဆယ်ဆလင်း၅၀၀ ဂရမ်တလုံးကို ချက်ခြင်းသောက်ရပါမည်
တနေ့၃ကြိမ်၄ရက်ခန့်သောက်ရမည်
သင်အသက်ရူမရလောက်ဖြစ်နေစဉ်
ကြက်သွန်နီဥ ဝါး၍အခိုးကိုရှိုက်သွင်း
လိုက်သည်နှင့် ချက်ခြင်း အသက်ရူ၍
ရလာမည်။
ထိုအခြေအနေသည် ရောဂါပိုး ပြင်းထန်သွားပြီဖြစ်၍ တခါလျှင်၂လက်မခန့် ကြက်သွန်နီ တလုံးနုန်းနှင့် ဝေဒနာပေါ်တိုင်းဝါးပါ။
တနေ့၃ကြိမ်၄ကြိမ်ထက်ပိုမလိုပါ။
တရက်ဆိုလျှင် ကောင်းကောင်းအသက်ရူနိုင်ပါပြီ။
ဒါပေမဲ့အချွဲကတော့ ကျန်အုံးမည်ဖြစ်သည်
ပိုးသတ်ဆေးသောက်ပြီး၂ရက်မြောက်
မှာ အချွဲအရောင်မှာ အကြည်ရောင်ဘက်သို့စပြောင်းပါမည်
အဆုတ်ထဲတွင်အချွဲတဝက်ရှိနေပါမည်
၃ရက်မြောက်နေ့တွင် အချွဲ၄ပုံ၁ပုံကျန်ပါမည်
၄ရက်နေ့ကုန်ဆုံးလို့ ပိုးသတ်ဆေး တပါတ်လည်သည်နှင့်အားလုံးပျောက်ကင်းသွားပြီဖြစ်သည်။
၃ရက်နှင့်၄ရက်တွင် အချွဲမှလွဲ၍
နှာခေါင်း လည်ချောင်း အဆုတ်တို့တွင်
ဝေဒနာဖြစ်ပေါ်မှုမရှိ တော့၍ ကြက်သွန်ဆက်ဝါးရန်မလိုပါ
အကယ်၍သရိုးသရီဖြစ်နေသေးလျှင်တော့ ဝါးပါ။
မှတ်ချက်
-------------
အမှတ်စဉ်၁မှ၄အထိအကုန်လုံးလိုက်နာလုပ်ဆောင်မှသာ ရောဂါကြီးကို
ပျောက်နိုင်ပါသည်
မိတ်ဆွေတို့
မယုံပါနဲ့အုံး လုပ်ကြည့်လိုက်ပါ
လွယ်လွယ်လေးနဲ့အကျိုးကို
၁၅မီးနစ်အတွင်းသိနိုင်ပါသည်။

ကျေးဇူးပြု၍ နီးစပ်ရာ မိတ်ဆွေများထံ Share ပေးပါ။

: ShweMya Yar Lin
နတ္ခတ္တရောင်ခြည်မဂ္ဂဇင်းထဲ ဖတ်ခဲ့ဖူးတယ်
အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်က အိမ်ခြေ၅၀၀ကျော်ရှိ
ရွာမှာ အိမ်တိုင်းတုတ်ကွေးဖျား ရောဂါဖြစ်ချိန် တစ်အိမ်တည်းသာ
မိသားစုလိုက်မဖျားကြ ထူးဆန်း၍ သုတေသန ပြုလုပ်ရာ
ရှေးက ကျင့်သုံးခဲ့သည့် ကြက်သွန်နီ၅လုံး ဖင်ဖြတ် ခေါင်းဖြတ်ပြု၍
လူအနေများရာ၌ ထားခြင်းကြောင့် တုတ်ကွေးရောဂါလွတ်ခဲ့၏တဲ့
ဖတ်ခဲ့ဖူးပါသည်။
အထက်ကဖေါ်ပြပါ ဆေးနည်းမှာ အိမ်တွင်း၌ ထားယုံတင်မဟုတ်
စားသုံးခြင်းဖြစ်၍ ပို၍ဆေးစွမ်းမည်ဟု ယူဆ၍ ပို့စ်ကို
Copyယူ၍ ပြန်ရှယ်ပါသည် လိုအပ်သူများ စမ်းသပ်ကြည့်ပါ။

#သိသူဖော်စားမသိသူကျော်သွား...

မေတ္တာဖြင့်ပြန်လည်ဝေမျှသည်

Address

Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Website

Alerts

Be the first to know and let us send you an email when Korea Collections by Htet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share