BKT Online Store

BKT Online Store ခေတ်မှီလူသုံးကုန်ပစ္စည်းများတစ်နေရ? Typically reply within hours

မှတ်ပုံတင် နဲ့ ATM card ကောက်ရထားပါတယ်သက်ဆိုင်သူ ကိုယ်တိုင် လာယူပေးပါ #ပစ္စည်းပျောက် #မှတ်ပုံတင်
23/10/2021

မှတ်ပုံတင် နဲ့ ATM card ကောက်ရထားပါတယ်
သက်ဆိုင်သူ ကိုယ်တိုင် လာယူပေးပါ

#ပစ္စည်းပျောက်
#မှတ်ပုံတင်

01/08/2021
01/08/2021

Asprin ကို Enoxaprin အစားသုံးလို့ရလား
~~~~~~~~~~~~~~~~~~~~~~~~~
Enoxaprin ရှာမရတဲ့ ဒုက္ခဟာ ဒီနှစ်ရက်မှာ ကျမတို့ပြည်သူတွေကို အကြီးအကျယ်ရိုက်ခတ်ခဲ့ပါတယ်

တပြိုက်နက် Asprin/Aspilet စျေး ထိုးတက်တာရော Enoxaprin မရတာနဲ့ Aspilet လိုက်ကောက်ပီးအပူစာကိုမှစားချင်သူတွေရဲ့ ဥာဏ်ဆိုးကြောင့်ရော တော်တော်စိတ်မကောင်းဖြစ်ရတယ်

Asprin နဲ့ Enoxasprin တူလားလို့လာမေးကြရင် သွေးကြဲဆေးလို့ အလွယ်ခေါ် တူပေမယ့် မတူပါဘူး

ဒါကိုပြောမယ်ဆိုရင် Thrombus လို့ခေါ်တဲ့ သွေးခဲစေတဲ့ အကြောင်းက စပြောရပါမယ်

**Thrombus ကိုဖြစ်စေတာ Fibrin နဲ့ Platelet ပါ
**Fibrin လို့ခေါ်တဲ့ Protein စုဟာ လူရဲ့ သွေးပြန်ကြော vein မှာ သွေးခဲ ဖြစ်ပြီးပိတ်စေတာပြီး Platelet ကတော့ သွေးခဲ အဖြစ်ပိတ်မယ်ဆိုရင် သွေးလွှတ်ကြော arthery မှာ ပိတ်တာပါ

အလွယ်ပြောရရင် Antithrombus လို့ခေါ်တဲ့ သွေးကြဲစေတဲ့ဆေးအုပ်စု ၂ မျိုးရှိပါတယ်
**Anticoagulant နဲ့ Antiplatelets ပါ
Anticoagulant ဟာ အဓိက Fibrin ကြောင့်ဖြစ်တဲ့ သွေးပြန်ကြောက သွေးခဲကိုပျော်စေတဲ့ ဆေးပါ
(Heprin/Waferrin ဆိုပြီးရှိပါတယ်)
Antiplatelet ကတော့ သွေးလွှတ်ကြောမှာ platelet ကြောင့်ဖြစ်တဲ့ သွေးခဲကိုပျော်စေတဲ့ ဆေးပါ အခု စျေးတက်ပီးလိုက်ကောက်နေတဲ့ Aspilet ပေါ့

တဆက်တည်း COVID နဲ့အတူ D dimer ဟာလည်း အတော်များများစစ်ပြီးသားတောင်ဖြစ်နေပါပြီ
D dimer ဆိုတာ ခုန က Fibrin တွေ မူမမှန် မြင့်တက်နေလားကိုစစ်တဲ့ test ပါ
Fibrin တက်ရင် Anticoagulant ပေးရပါမယ် ...အခု လူတွေရှာဝယ်နေကြတဲ့ Enoxaprin ဆိုတာ Anticoagulant အုပ်စုထဲကပါ

ဘာလို့ပေးတာလဲဆိုရင် သွေးပြန်ကြော သွေးခဲရာမှ သွေးခဲပြုတ်ထွက်ပီး Pulmonary embolism လို့ခေါ်တဲ့ အဆုတ်သွေးကြောပိတ်ဆို့ပြီး အသက်မဆုံးအောင်ပါ

Key point အနေနဲ့ Anticoagulant အစား Antiplatelet သုံးလို့မရပါ
ဒါကြောင့် Aspilet pannic buying မလုပ်ကြဖို့ ကြိုတင်မေတ္တာရပ်ခံပါရစေ သွေးကြဲဆေး လို့အခေါ်တူပေမယ့် အမျိုးအစားနဲ့ လုပ်ဆောင်မှုမတူပါဘူး
***** Dr. Mathew ရဲ့ lesson မှာလည်း COVID virus itself ကိုက platelet count ကိုကျစေပါတယ် ဒါကြောင့် သုံးလို့ မရပါဘူးလို့သူပြောသွားပါတယ်

နောက်တချက် Dexamethsaone ပါ
စဖျားထဲက သောက်ချင်နေကြပါပီ
စဖျားတဲ့ရက်ကနေ ၅ရက်အတွင်း လုံးဝ သောက်လို့မရပါဘူး
ဘာလို့လဲဆိုရင် Dexa ဟာ immune ကို ကျစေတဲ့ဆေးပါ
COVID ပိုးဟာ ၃ရက်မှ ၅ ရက်အတွင်း ပွါးနေချိန်ပါ သူပွါးနေတဲ့ အချိန်မှာ ကျမတို့ခန္ဓာကိုယ်က immune က ပြန်လည်တိုက်ခိုက်နေပါတယ်
အဲလိုအချိန်မှာ ကျမတို့ ရဲ့ immune ကို ချစေတဲ့ Dexa သောက်ချင်းဟာ ကိုယ့်ကိုကိုယ် အသေသတ်ခြင်းပါ
Dexa သောက်ရပါတယ်... ဘယ်တော့မှ သောက်ရမှာလဲဆိုရင် After Day 6 မှာမှ Fever မကျပဲ အသက်ရှူခက် Oxygen ကျလာရင် ပေးပါတယ်

အကောင်းဆုံးကတော့ ဘေးကင်းအောင် ဆရာဝန်ညွှန်ကြားချက်နဲ့အညီသောက်ပါ မလိုအပ်ပဲ ကိုယ့်သဘောနဲ့ကိုယ်မသောက်ပါနဲ့
ဆေးက ဘေးဖြစ်စေတတ်ပါတယ်

Aspilet တွေလည်း ဝယ်မစုပါနဲ့ Aspilet ပုံမှန်သောက်နေရတဲ့ နှလုံးသမားတွေ အတွက် အခက်အခဲဖြစ်မှာစိုးရိမ်လို့ပါ

Credit to original uploader

24/07/2021

အမျိုးများ /medical field ကမဟုတ်သော မိတ်ဆွေများအတွက်

❌ မလုပ်သင့်သောအရာများ
====================

❌Hair dryer ကနေ oxygen ရပြီး ရှူလို့ရတယ်ဆိုတာ မဟုတ်ပါဘူးနော်

❌ရင်ကြပ်ရင် ရှူလို့ရတဲ့စက် (Nebulizer) နဲ့ အရေးပေါ် oxygen ရှူလို့ရတယ်ဆိုတာ မဟုတ်ပါ

❌Covid ကရေနဲ့မတည့်ဘူးဆိုတာ မဟုတ်ပါ (oxygen ကျနေချိန် /ရောဂါပြင်းနေချိန်/နောက်ဆက်တွဲဖြစ်နေချိန်မှာတော့ ထပြီးလှုပ်ရှားရင် ဒုက္ခရောက်နိုင်ပါတယ်)

❌ကိုယ်မသိသော (English version စာမပါသော) တခြားနိုင်ငံမှဆေးများ အလွယ်မသောက်သင့်ပါ

❌ကိုယ်မမြင်ဖူးသော အမြစ်အဖုများ/အပင်များ ကျိုချက်သောက်သုံးရန်မသင့်ပါ

✅ လုပ်သင့်သောအရာများ
===================

✅ ဘာကြောင့်ဖျားဖျား/ ချောင်းဆိုး/မောမော Covid ဟုသာသံသယထားမှတ်ယူပါ

✅ အိမ်သားများနှင့် ဝေးစွာနေပါ mask တပ်ထားပါ

✅ စတင်သောရက်ကို မှတ်ထားပါ နေ့စဉ်ဖြစ်သော လက္ခဏာကို ဆန်းစစ်ပါ

✅ ကိုယ် တိုင်ပင်ဆွေးနွေးနိုင်မည့် ဆရာဝန်ကို ရှာဖွေပါ ဆက်သွယ်ပါ( ရောဂါအခံရှိပါက အကုန်ပြောပြထားပါ)

✅ ဆရာဝန်ညွှန်ကြားချက်အတိုင်း စစ်ဆေးရန်လိုသည်များကို စစ်ဆေးပါ (သွေးဖောက်ခြင်း ဓါတ်မှန်ရိုက်ခြင်း)

✅ oxygen အိမ်တွင်မရှိပါက ရနိုင်မည့်နေရာများကို ဆက်သွယ်ထားပါ

✅ လက္ခဏာစပြသည်မှစပြီး အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ oximeter ဖြင့်တိုင်းပါ မှောက်အိပ်ပါ

✅ အစာများများစားပါ ရေများများသောက်ပါ အနားယူပါ အိပ်ရေးဝဝအိပ်ပါ

✅ လက်ရှိသောက်နေသော အားဆေးများအပြင် ဆရာဝန်ညွှန်ကြားသောဆေးများ သောက်ပါ(မိမိသဘောဖြင့် မသောက်ရပါ)

✅ ရောဂါ အတိုးအလျော့အား ဆရာဝန်ထံလိုအပ်သလို ပြောကြားရန်လိုပါသည်

✅ လိုအပ်ပါက oxygen ရှူခြင်း ထိုးဆေးထိုးရန်လိုအပ်ခြင်း ဆေးရုံတက်ကုသရန်လိုအပ်ခြင်းများကိုဆရာဝန်မှ ညွှန်ကြားပေးပါလိမ့်မည်


21/07/2021

အောက်ဆီဂျင် အိုးတေကို

အရက်ပြန်လုံးဝမဖျန်းရ

Alcohol 70% ပါတဲ့ဆေးတွေမဖျန်းရ

O2 အိုးမို့ပေါက်ကွဲစေနိုင်ပါတယ်

အိုးကို ဆပ်ပြာမှူန့်(သို့)အရည် ဖျော်ပြီး

Dettol ရေရောထားတဲ့ဆေးရည်လည်းရပါတယ်။

သေချာပွတ်ဆေးပြီးအဝတ်ခြောက်နဲ့

သုတ်ပြီးကာမှ အိမ်ထဲသွင်းပါနော်

Credit 🙏

Covid Test kit (India made) instock ရမယ် နော် Price-12500(1 set) Specificity _100%Sensitivity _ 84.38%SD Biosensor Antig...
21/07/2021

Covid Test kit (India made) instock ရမယ် နော်

Price-12500(1 set)

Specificity _100%
Sensitivity _ 84.38%
SD Biosensor Antigen Test Kid
(Standard Q, WHO Recommended)

စစ်ဆေးပြီး ၁၅မိနစ်မှနာရီဝက်အတွင်းအဖြေ
သိပါတယ်နော်

Order မှာ ပြီး ၃/၄ ရက် အတွင်းပို့ပေးပါတယ်

Ygn cash on deli 🚚


17/07/2021

BPI ဓာတ်ဆားထုတ်တွေလည်း အကုန် out of stock ဖြစ်ကုန်ပါပြီ

Google မှာ ရှာဖတ်ကြည့်တော့ WHO Homemade ORS လေး လုပ်ဖြစ်တာ ပြန်မျှဝေချင်ပါတယ်။

လိုအပ်တာကတော့ -

1.Boiled Water (ရေကျက်အေး) 1 Liter
2. Salt (ဆား) Half teaspoons
3. Sugar (သကြား) 6 teaspoons

ရေနွေး 200 ml (ဖန်ခွက်တစ်ခွက်)လောက်ထဲကို ဆားနဲ့ သကြား ထည့်ပြီး အကုန်ပျော်သွားအောင်မွှေပါ။

ရေသန့်ဘူး 1လီတာ ပြည့်အောင် ရော၍ လိုအပ်သလို သောက်သုံးနိုင်ပါသည်။

သတိ။ ။ သကြား နဲ့ ဆားကို ပိုထည့်ခြင်း ၊ လျော့ထည့်ခြင်း မပြုလုပ်ကြပါရန်။ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်နိုင်ပါသည်။

Stay fit and keep hydrated !
crd:::

" အောက်ဆီဂျင်အိုး အသုံးပြုပုံ အဆင့်ဆင့်" အောက်ဆီဂျင်ငှါးရမ်းပါက ....ပုံ ( ၁ ) တွင်ပြထားသည့်အတိုင်း စလင်ဒါအိုးနှင့်အတူ Fl...
13/07/2021

" အောက်ဆီဂျင်အိုး အသုံးပြုပုံ အဆင့်ဆင့်"


အောက်ဆီဂျင်ငှါးရမ်းပါက ....

ပုံ ( ၁ ) တွင်ပြထားသည့်အတိုင်း စလင်ဒါအိုးနှင့်အတူ Flowmeter Set တစ်ဘူး တစ်ခါတည်း ပါရပါမည် ။

ပုံ ( ၂ ) တွင် ပြထားသည့်အတိုင်း Flowmeter setတွင် A,B,C ပစ္စည်း ( ၃ ) မျိုး ပါရပါမည် ။

ပုံ ( ၃ ) တွင်ပြထားသကဲ့သို့ "A" ပစ္စည်းဖြစ်သော ရေဘူးကို အဖုံးလှည့်ဖွင့်ပါ။
ထိုဘူးထဲသို့ ရေဖြည့်ပါ ။( Lower level နှင့် Upper level ကြား)၊
အဖုံးကို လုံအောင်ပြန်လှည့်ပိတ်ပါ ။

ပုံ ( ၄ ) တွင်ပြထားသည့်အတိုင်း ရေထဲ့ထားသည့် ရေဘူး"A" ကို မီတာပါသည့် "B" တွင် မြှားပြထားသည့်နေရာ"AB" မှ လှည့်၍ တပ်ဆင်ပါ ။ ရေဘူး"A"၏ ငုတ်တွင် အောက်ဆီဂျင် ရှူသည့်ပိုက် "C" ကို မြှားပြထားသည့် "AC" နေရာတွင် ထိုးထဲ့ကာ တပ်ဆင်ပါ ။

ပုံ ( ၅ ) တွင်ပြထားသည့်အတိုင်း အောက်ဆီဂျင်အိုး နှင့် Flowmeter ၏ "A" အစိတ်အပိုင်း တို့အား မြှားပြထားသည့် နေရာမှ လက်ဖြင့် လှည့်၍ တပ်ဆင်ပါ ။

ပုံ ( ၆ ) တွင် ပြထားသကဲ့သို့ ဂွရှင်ကိုအသုံးပြုပြီး တင်းကျပ်စွာ တပ်ဆင်ပါ ။ (၁၀လက်မ ဂွရှင်တစ်ချောင်း ဆောင်ထားပါ) အိမ်တွင် ဂွရှင် မရှိလျှင် အောက်ဆီဂျင်အိုး ငှါးသည့်နေရာတွင် အကူအညီတောင်းပါ ။

ရေဘူးမှထွက်သည့် ပိုက်ပျော့၏ အခြားတစ်ဖက်မှ ငုတ်နှစ်ခုကို လူနာ၏ နာခေါင်းပေါက် တစ်ဖက်တစ်ခု တေ့ထည့်ကာ ​အောက်စီဂျင်ပေးပါ ။ (၄င်းပိုက်မပြုတ်စေရန်အတွက် လူနာ၏ ပါးပြင်တွင် ပိုက်ကို ပလာစတာဖြင့် ယာယီတွဲကပ်ထားသင့်သည်)

ပုံ ( ၇ ) တွင် ပြထားသကဲ့သို့ အောက်ဆီဂျင်အိုး၏ မိန်းဘား "D"ကို ၂ ပတ်ခန့် လှည့်ဖွင့်ပါ ။ မီတာ ဒိုင်ခွက်တွင် လက်တံ အပေါ်သို့ တက်လာသည်ကို တွေ့ရမည်။

ပုံ ( ၇ ) တွင်ပြထားသည့်အတိုင်း Flowmeter ၏ ထိန်းညှိဘား "E" ကို ဖြေးညင်းစွာ လှည့်ဖွင့်ပါ ။ ဖန်ပြွန်ချောင်း "F" ထဲတွင် ဘောလုံးအသေးလေး အပေါ်သို့ တက်လာမည် ဖြစ်သည်။

ထိန်းညှိဘား " E " ကို များများဖွင့်လျှင် ဘောလုံး အပေါ်ပိုတက်၍ နဲနဲဖွင့်လျှင် ဘောလုံးသည် အောက်နားတွင်သာ ရှိနေမည်။

ပုံမှန်အားဖြင့် ၄င်းဘောလုံးလေးသည် ဖန်ပြွန်ချောင်းတွင်ပါသော နံပတ် ( ၂ ) တွင် ရှိ​နေရန် ချိန်ထားပြီး အောက်ဆီဂျင်ရှူနိုင်သော်လည်း လိုအပ်ပါက ဆရာဝန်ညွှန်ကြားသည့် နံပတ်တွင် ထား၍ ရှူရမည်ဖြစ်သည် ။


Credit ; ko Aung Zaw
(မူရင်း စုဆောင်းပြင်ဆင်ပေးသူကို ကျေးဇူးပါ )

11/07/2021

Prone position ထားနည်း



#အောက်စီဂျင်

Address

Yangon
12345

Telephone

09792473502

Website

Alerts

Be the first to know and let us send you an email when BKT Online Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share