Agricomic by L&K

Agricomic by L&K Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Agricomic by L&K, Comic Bookstore, Yangon.

ဒီတခေါက်ကတော့ Fall Armyworm ပါခင်ဗျာကျနော့်အတွက်တော့ ဒီကောင်က ကမ္ဘာ့ရန်ပါ  ကမ္ဘာ2ခြမ်းကွဲရင် spodoptera larvaတွေ မရှိတဲ့...
30/03/2022

ဒီတခေါက်ကတော့ Fall Armyworm ပါခင်ဗျာ
ကျနော့်အတွက်တော့ ဒီကောင်က ကမ္ဘာ့ရန်ပါ
ကမ္ဘာ2ခြမ်းကွဲရင် spodoptera larvaတွေ မရှိတဲ့အခြမ်းမှာနေမှာပါ 😐
ကျန်တဲ့ insectတွေpest တွေ အကုန်ချစ်ပါတယ် ❤️

ကဲ ဉမ္မာခင်၂ခါဆင့်ဖြစ်ပြီးတဲ့ Admin L🤒 တစ်ယောက် တစ်လကျော် လောက် နားပြီးတဲ့အချိန်မှာတော့ Pageလေးကို မှန်မှန်လေးပြန် run ပ...
09/03/2022

ကဲ ဉမ္မာခင်၂ခါဆင့်ဖြစ်ပြီးတဲ့ Admin L🤒 တစ်ယောက် တစ်လကျော် လောက် နားပြီးတဲ့အချိန်မှာတော့ Pageလေးကို မှန်မှန်လေးပြန် run ပေးတော့မှာ ဖြစ်ပါတယ်ဗျ။

အပင်ရောဂါတွေကို ဒက်ခနဲသိပြီးကာကွယ်နိုင်ပေမယ့် လူရောဂါမှာတော့ admin L ခံလိုက်ရပါတယ်။😅

ဒီတစ်ခါကတော့ admin K ရဲ့ပိုးကောင်လေးအကြောင်းကို ကျွန်တော်ကပုံဖော်ပြီး comic လေးဆွဲထားပါတယ်။🐛

စပါးမှာကျရောက်တဲ့ Hispa ပိုးကောင်လေးရဲ့ ရင်တွင်းခံစားချက်လေးကို ဖတ်ရှုပေးကြပါအုံးခင်ဗျ။🥰

🚨🚨 ဝီညောင် ဝီညောင် 🚨🚨အက်မင်တွေ ဥမ္မာခင်နဲ့ခဏတွေ့နေလို့ updateလေးတွေ မမှန်နိုင်သေးပါကြောင်း Page ကို ပလစ်နေတာမဟုတ်ပါကြောင...
17/02/2022

🚨🚨 ဝီညောင် ဝီညောင် 🚨🚨
အက်မင်တွေ ဥမ္မာခင်နဲ့ခဏတွေ့နေလို့ updateလေးတွေ မမှန်နိုင်သေးပါကြောင်း
Page ကို ပလစ်နေတာမဟုတ်ပါကြောင်း
အခြေနေအရသာ ကျန့်ကြာနေတာဖြစ်ပါကြောင်း
ခဏကြာရင် ပြန်လာမည်ပါဖြစ်ကြောင်း
အကြောင်းကြားအပ်ပါသည်ရှင်မ် 🙏🙏🙏

Hello everyone😉လွမ်းနေကြပြီလား 😍ကဲကဲ လွမ်းနေရင်လဲ ဖက်စရာရည်းစားမရှိမဲ့တူတူ စာပဲလာဖတ်ကြ🙂ဟောဒီမှာ ဒီတပတ်အတွက် စပါးခင်းထဲက ...
30/01/2022

Hello everyone😉
လွမ်းနေကြပြီလား 😍
ကဲကဲ လွမ်းနေရင်လဲ ဖက်စရာရည်းစားမရှိမဲ့တူတူ စာပဲလာဖတ်ကြ🙂
ဟောဒီမှာ ဒီတပတ်အတွက် စပါးခင်းထဲက conidia လေးတကောင်နဲ့ မိတ်ဆက်ပေးလိုက်ပါမယ်ရှင်မ်😻
မိတ်ပဲဆက်ပေးမှာနော် စာက comicမှာ ကိုယ့်ဘာသာ၀င်ဖတ် 😎
ပုံ/
ရည်းစားရသွား၍ ချေမိုးနေသော Admin😎😎

ဒီညတော့ Marvelကမဟုတ်ပဲ Agricomic by L&K ရဲ့  heroes တွေဖြစ်တဲ့ Spider, Ladybug beetle, နဲ့ Dragon flyတို့ရဲ့  save the p...
16/01/2022

ဒီညတော့ Marvelကမဟုတ်ပဲ Agricomic by L&K ရဲ့ heroes တွေဖြစ်တဲ့ Spider, Ladybug beetle, နဲ့ Dragon flyတို့ရဲ့ save the paddy field from BPH တိုက်ပွဲလေးကြည့်ကြရအောင်ခင်ဗျာ
Ready????...Let's gooooo

#အမှန်တော့ ကျနော်တို့ hero က ၄ကောင်ပါခင်ဗျာ ဒါပေမဲ့ ဒီည predator mirid bugက တခြား mission ရှိနေလို့မပါလာနိုင်တာပါခင်ဗျာ☺️☺️☺️

P. s Natural enemies spelling မှားနေတာလေး ပြင်ဆင်ဖတ်ပေးကြပါအုံးခင်ဗျ။
ဒီနေ့ Admin L ရဲ့ကောင်မလေးမွေးနေ့မို့စိတ်လှုပ်ရှားနေလို့မှားရေးမိတာပါ 😜

Agricomic by L&Kမှ ဒီတပတ်အတွက် BPH comic လေးကို consultant ချောချောလေးက ရှင်းပြထားပါတယ်နော်😍😍😍 ဒါလေးဖတ်ရင်း ဒီတပတ်အတွက် ...
12/01/2022

Agricomic by L&Kမှ ဒီတပတ်အတွက် BPH comic လေးကို consultant ချောချောလေးက ရှင်းပြထားပါတယ်နော်😍😍😍 ဒါလေးဖတ်ရင်း ဒီတပတ်အတွက် Myanmar version လေးကိုစောင့်နေကြပါနော် 🤗🤗

#ဒါနဲ့လေ Scientific Nameလေးကိုတော့ ကိုယ်တိုင်စောင်းပြီး ဖတ်ပေးကြဖို့တောင်းဆိုမိရင် နားလည်ပေးမယ်မလား 😰😥ချစ်တယ်လေနော်😉 ❤️

မင်္ဂလာပါခင်ဗျာဒီတပတ်အတွက် စပါးဂုတ်ကျိုးရောဂါ မြန်မာ  ရုပ်ပြလေး  လာပါပြီခင်ဗျာ 👏👏👏 ဖတ်ရအဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်ခ...
07/01/2022

မင်္ဂလာပါခင်ဗျာ
ဒီတပတ်အတွက် စပါးဂုတ်ကျိုးရောဂါ မြန်မာ ရုပ်ပြလေး လာပါပြီခင်ဗျာ 👏👏👏
ဖတ်ရအဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျ။😍
နောက်တပတ်အတွက် စပါးမှာကျရောက်တဲ့အဓိကဖျက်ပိုးတစ်မျိုးဖြစ်တဲ့ဖြုတ်ပိုးအကြောင်းပြောပြပေးမှာဖြစ်တဲ့အတွက် စောင့်မျှော်ဖတ်ရှုပေးကြပါအုံးခင်ဗျ။🥰

မင်္ဂလာပါခင်ဗျာ 🙏Agricomic by L&K ကနေကြိုဆိုလိုက်ပါတယ်။ 💛ကျွန်တော်တို့ pageကနေ ပထမဆုံးအနေနဲ့ စပါးသီးနှံမှာ ကျရောက်တဲ့ အဓ...
03/01/2022

မင်္ဂလာပါခင်ဗျာ 🙏

Agricomic by L&K ကနေကြိုဆိုလိုက်ပါတယ်။ 💛

ကျွန်တော်တို့ pageကနေ ပထမဆုံးအနေနဲ့ စပါးသီးနှံမှာ ကျရောက်တဲ့ အဓိကရောဂါတခုဖြစ်တဲ့ 'Rice Blast' စပါးဂုတ်ကျိုးရောဂါအကြောင်းကနေ စတင်မိတ်ဆက်သွားပါမယ်ခင်ဗျ။ 🌾

Comic ဖတ်ရင်းပျော်ရွှင်ကြပါစေခင်ဗျာ။ 😍

Ref Link💁
www.agriteach.tnau.ac.in/expert_paddy/cpdisblast.html

မင်္ဂလာပါခင်ဗျာကျွန်တော်တို့ Agri Comic by L&K မှ ကြိုဆိုပါတယ်ခင်ဗျာကျွန်‌တော်တို့ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ ပိုးမွှားရေ...
03/01/2022

မင်္ဂလာပါခင်ဗျာ
ကျွန်တော်တို့ Agri Comic by L&K မှ ကြိုဆိုပါတယ်ခင်ဗျာ
ကျွန်‌တော်တို့ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ ပိုးမွှားရောဂါဆိုင်ရာ အချက်အလက်တွေကိို ရုပ်ပြလေးတွေ ဖန်တီးပြီး ဖတ်ရလွယ်ကူမဲ့ စာတိုလေးတွေနဲ့ ရှင်းလင်းပြောပြ‌ပေးသွားမှာဖြစ်ပါတယ်။ ဒီစိတ်ကူးလေးရှိနေခဲ့တာ လွန်ခဲ့တဲ့တစ်နှစ်လောက်က ဆိုပေမဲ့ အခြေအနေနဲ့ အချိန်အခါအရ ကြန့်ကြာနေတာလေးတွေရှိခဲ့တာကြောင့် January 2022 မှပဲ အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ တစ်ပတ်ကို (၂) ပိုင်းနှုန်းနဲ့ သက်ဆိုင်ရာ ပိုးမွှားနဲ့ရောဂါ အကြောင်းလေးတွေကို တင်ပြပေးသွားဖို့ စီစဉ်ထားပါတယ်ခင်ဗျာ။ သီးနှံဖျက်ပိုးပိုင်းဆိုင်ရာ အချက်အလက်များကို K မှ တင်ပြပေးသွားမည်ဖြစ်ပြီး ရောဂါပိုင်းဆိုင်ရာကိုတော့ L မှ တာ၀န်ယူရှင်းပြမည်ဖြစ်ပါသည်ခင်ဗျာ။
အဓိကရည်ရွယ်တာကတော့ Agri က Junior လေးတွေကို လက်တွဲခေါ်ဖို့နဲ့ စိုက်ပျိုးထုတ်လုပ်သူတွေအတွက် လွယ်ကူရိုးရှင်းစွာ‌လေ့လာနိုင်ဖို့ပဲဖြစ်ပါတယ်။
မြန်မာ-အင်္ဂလိပ် ဗားရှင်းနှစ်မျိုးနဲ့ ရှင်းပြဖို့ စီစဉ်ထားပြီး အခုလောလောဆယ်မှာတော့ အင်္ဂလိပ်ဗားရှင်းလေးနဲ့ပဲအရင် မိတ်ဆက်ထားပါရစေခင်ဗျာ။
စာအရှည်ကြီးဖတ်ပြီး လေ့လာရမှာ အချိန်မလောက်တဲ့ ညီလေး/ညီမလေးတို့ရေ စိုက်ပျိုးရေးဆိုင်ရာ ပိုးမွှားရောဂါအတွက် အမျိုးအစားခွဲခြားဖို့နဲ့ ကာကွယ်နှိမ်နှင်းနည်းတွေကို လွယ်ကူလျှင်မြန်စွာ လေ့လာနိုင်ဖို့ အချိန် ခဏလေးပေးပြီး comic လေး၀င်ဖတ်လိုက်ပါနော်😉။
စီနီယာ အစ်ကို အစ်မတွေကလဲ လိုအပ်နေတဲ့နေရာလေးတွေမှာ အကြံပြုချက်လေးတွေပေးရင်း ကူညီကြပါဦးခင်ဗျာ 😍။

Hello everyone!
Welcome to Agri Comic by L&K 😊

We are here with comic art sms to support your knowledge on agricultural pest & disease control section. It will be uploaded two episodes per week. We have been planning to upload it in two languages, English language first and later with Myanmar version as well.

Come on my dear juniors, it can make you on easy going study in short time and we are aimed to get simply understanding on pest and disease problems for you and crop growers around you😉.

And, we would like to request to our seniors, please leave us your comments and suggestions for our team to create better idea and way of work.

If you have any suggestions regarding to our sharing information, please feel free to contact us 😊

Address

Yangon

Opening Hours

Monday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959771704108

Website

Alerts

Be the first to know and let us send you an email when Agricomic by L&K posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Agricomic by L&K:

Share