24/05/2026
🏃♂️ ပြေးရင်း မကြာမကြာ “ကြွက်တက်” တတ်လို့ စိတ်ညစ်နေပြီလား?
Running လုပ်တဲ့အချိန် ကြွက်တက်တာက
ရေဓာတ်လျော့နည်းခြင်း၊ Warm-up မလုံလောက်ခြင်းနဲ့ Muscle fatigue ကြောင့် အများဆုံးဖြစ်တတ်ပါတယ်။
✅ ကြွက်မတက်အောင် လုပ်သင့်တဲ့အချက်များ
💧 Running မတိုင်ခင် ရေလုံလောက်စွာသောက်ပါ
🤸♂️ Warm-up & Stretching ကို 5–10 mins လုပ်ပါ
🥗 Magnesium / Potassium ပါတဲ့ အစားအစာတွေစားပါ
(ငှက်ပျောသီး၊ အုန်းရည်၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ)
👟 ကိုယ့်ခြေထောက်နဲ့ ကိုက်ညီတဲ့ Running shoes ဝတ်ပါ
🏃 Pace ကို တဖြည်းဖြည်းတိုးပါ
😴 အနားယူချိန်လည်း လုံလောက်ဖို့လိုပါတယ်
❗ ကြွက်တက်လာရင်
* ခဏရပ်ပြီး ဖြည်းဖြည်းချင်း Stretch လုပ်ပါ
* Deep breath ယူပါ
* ရေသောက်ပြီး muscle ကို relax လုပ်ပေးပါ
Healthy running = Better performance 💪
ကိုယ်ဂရုစိုက်တတ်ရင် Running က ပိုပျော်ဖို့ကောင်းပါတယ် ✨