06/07/2020
....
(မနက်ပိုင်းအတွက်)
_________
(၁) Cleanser
(၂) Toner/Mist
(၃) Serum
(၄) moisturizer (Lotion or emulsion )
(၅) Cream (နွေရာသီမှာရှောင်ပါ)
(၆) Skincare finisher
(၇) Sunblock
(၈) Makeup
(ညပိုင်း အတွက်)
_______
(၁) Makeup remover (oil, water base or gel)
(၂) Cleanser
(၃) Booster (ပုံမှန်အားဖြင့် toner သုံးပြီးမှသာ လိမ်းရတယ်)
(၄) Toner/Mist
(၅) Ampoule
(၆) Serum (essence ထက်ပိုပျစ်ရင်နောက်မှသုံးပါ)
(၇) Essence
(၈) Sheet mask or gel mask (အေးတဲ့ရာသီမှာနေ့စဉ်သုံးပါ)
(၉) moisturizer(Lotion or Emulsion)
(၁၀) Night pack or sleeping mask
မှတ်ချက် - (Skin Careမ်ားကို အသက်(၁၆)နှစ်ကျော်မှသာ စတင်သုံးစွဲသင့်သည်...။)
skin care ဥပဒေသအရ
မနက်ပိုင်းကို
prevention stage လို့ ခေါ်တယ်။
နေလောင်တာ၊ အသားအရေပျက်ဆီးတာကာကွယ်ဖို့ဖြစ်တယ်။
ညပိုင်းကို
repairing stage ခေါ်ပါမယ်။
အေရျပားကို ပြန်လည်ပြုပြင်ဖို့ဖြစ်တယ်။
ဒါ့ကြောင့် ညပိုင်းက step ပိုမ်ားသြားတာပါ..
တကြိမ်မှာskin careအဆင့်၂လိမ်းပြီး သုံးရတဲ့ brandတွေ စုံသွားတော့ skin careတမျိုးနဲတမျိုး ပေါင်းသွားပြီး မတည့်တာမျိုးတွေမဖြစ်နိုင်ဘူးလားလို့မေးတတ်သူတွေအတွက်တော့
Skin care တခုနဲ့တခုကြား ၅ မိနစ်ခြားဆိုတဲ့ ဥပေဒသ အမှန်ရှိတယ်။ တချို့က မသိကြတာ။ တချို့က မလိုက်နာနိုင်တာ။ တကယ်တော့ ရောစရာအကြောင်း မရွိဘူး။ အာနိသင်ချင်းမှ မတူတာမို့ပါ လို့ ပြောရပါမယ်။
hydrator = moisturizer (sensitive )မွာ hydrator ကို သုံးတယ်။
finisher ဆိုတာ ရှေ့က သုံးထားတဲ့ skin care နဲ့ နောက်မှာဆက်သုံးမယ့် cosmetic ကြားမှာ အလွှာပါးတခု အနေနဲ့ ခြားပေးတဲ့ ပစ္စည်းပါ။
sunblock ပြီးမှ primer >foundation> concealer အဆင့်ဆင့်သုံးလို့ ရပါတယ်။
(1) Makeup remover
Facial foam တစ်ခုတည်းနဲ့ ချွေးပေါက်ထဲက မိတ်ကပ်အကြွင်းအကျန်တွေကို သန့်စင်ပေးဖို့မလုံလောက်ပါဘူး။ makeup remover (Double cleansing )နဲ့ သေချာဖျက်ပေးဖို့ လိုအပ်ပါတယ်။
(2) Facial foam
သုံးနေကျ မိမိအသားအရေနဲ့လိုက်ဖက်တဲ့ facial foam ကို သုံးစွဲပါ။
(3) Exfoliation
(တစ်ပတ် ၂ ကြိမ် လောက်သာ)
Scrub လုပ်ခြင်းကြောင့် မျက်နှာပေါ်မှာရှိတဲ့ ဆဲလ်သေတွေ အညစ်အကြေးတွေ သန့်စင်သွားတာကြောင့် နောက်လုပ်မယ့် skincare treatment တွေကိုလည်း ပိုထိရောက်စေပါတယ်။ ဆားဝက်ခြံနဲ့ အဆီဖုများကိုလည်း သက်သာစေပါတယ်။
(4) Mask
အကြမ်းဖျဉ်းနှစ်မျိုးရှိပါတယ်။
- မျက်နှာကိုသန့်သွားအောင် ပေါင်းတင်တဲ့ cleansing mask (Clay, Charcoal, Peeling mask ,etc...)
- moisturizer များများပါတဲ့ treatment mask (Sheet mask, Sleeping Mask,etc...) အကုန်အကျသက်သာအောင် ပျားရည် , ပဲနို့ ,သခွားသီး၊ ရေခဲ , လျှာစောင်း အစရှိတာတွေနဲ့ ပေါင်းတင်လို့လည်းရပါတယ်။( အောက်မှာ ဘယ်လိုလုပ်ရမလဲ ရေးပေးထားတယ်နော) ကိုယ်နဲ့အဆင်ပြေတဲ့ mask နဲ့ တစ်ပတ်မှာ ၂ခါလောက် ပေါင်းတင်ပေးရင် လုံလောက်ပါတယ်။
(5) Toner
မျက်နှာပေါ်က ဆဲလ်သေတွေကိုဖယ်ရှားပေးဖို့ ချွေးပေါက်တွေကို ထိန်းညှိပေးဖို့ toner သုံးပေးရပါမယ်။ Toner သုံးခြင်းဖြင့် နောက်ထပ်လိမ်းမယ့် skincare တွေကိုလည်း အာနိသင်ပိုထိရောက်စေပါတယ်။ Alcohol free (အရက်ပြန်မပါတဲ့) Toner ကိုရွေးချယ်အသုံးပြုသင့်ပါတယ်။
(6) Moisturizer
moisturizer က အသားအရေ စိုပြေဝင်းပနုပျိုဖို့အတွက် အရမ်းအရေးကြီးပါတယ်။ Moisturizer မှာ အမျိုးအစားအများကြီးရှိပါတယ်။ ( Cream, lotion, emulsion, gel, serum, essence, ampoule ) မိမိအသားအရည်နဲ့သင့်တော်တဲ့ moisturizer တစ်မျိုးကိုတော့ မဖြစ်မနေသုံးပေးရပါမယ်။
(7) Sunscreen
Sunscreen ကို လူတိုင်းမဖြစ်မနေသုံးသင့်ပါတယ်။ SPF 30 နဲ့အထက် PA++ နဲ့အထက်ပါတဲ့ sunscreen များကိုသုံးပေးရပါမယ်
(8) Eye cream
Eye cream ကို ညဘက်မှာ သုံးပေးခြင်းဖြင့် မျက်လုံးတစ်ဝိုက်က အရေးအကြောင်းများနှင့် မျက်ကွင်းညိုခြင်း၊ မျက်အိတ်ဖောင်းခြင်းတို့ကို သက်သာစေပါတယ်။