PBS Shopping

PBS Shopping Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PBS Shopping, Shopping Service, Yangon.

Toilet Bowl Cleaner - ဘိုထိုင်ရေပြာရုပ်🐻‍❄️🐻‍❄️Price - 3000 ksနေ့စဉ် အသုံးပြုနေရတဲ့ ဘိုထိုင် အိမ်သာတွေအနံ့သက်ဆ်ိုးလို့ စ...
27/05/2022

Toilet Bowl Cleaner - ဘိုထိုင်ရေပြာရုပ်🐻‍❄️🐻‍❄️
Price - 3000 ks

နေ့စဉ် အသုံးပြုနေရတဲ့ ဘိုထိုင် အိမ်သာတွေအနံ့သက်ဆ်ိုးလို့ စိတ်ညစ်‌နေပြီလား?
ပိုးမွှားတွေကပ်နေမှာရော စိတ်ပူနေလား?
ဘိုထိုင်ခဲလေးတွေ ခဏခဏထည့်ရလွန်းလို့လည်း အလုပ်ရှုပ်နေပြီ...ဟုတ် ?

ဒီလိုပြဿနာတွေရှိတယ်ဆိုရင်တော့ ဒီမှာ ချစ်စရာ အရုပ်ရေပြာခဲလေး ရှိတယ်နော်...🐻‍❄️

🌸အနံ့ဆိုးတွေ ထိန်းပေးတယ်~
🦠ပိုးမွှားတွေလည်း သေစေတယ်~
⏰အကြာကြီးလည်း အသုံးခံတယ်~
🔥ဘိုထိုင်ခွက်ထဲမှာ အချိန်ကြာရင် စွန်းထင်းတတ်တဲ့ အဝါရောင် Stain တွေဖြစ်ခြင်းကိုလည်း ကာကွယ်ပေးတာမို့ လက်ပြုတ်အောင် ဆေးဖို့လည်း မလိုတော့ဘူးပေါ့~

ဒီအရုပ်ရေပြာခဲလေး တစ်ဘူးက ရေပြာခဲ ၄၀ စာနဲ့ ညီမျှတယ်ဆိုတော့ ခဏခဏထည့်စရာလည်းမလိုတော့ဘူး... စိတ်ရှုပ်စရာလည်း မလိုတော့ဘူးပေါ့...🐻‍❄️

အဖုံးလေးဖွင့် အပေါက်လေးဖောက်ပြီး ဘိုထိုင်နောက်ဖက်က ရေကန်ထဲ ထောင်ပြီးထည့်ထားလိုက်ရုံပါပဲ ...🤩🐻‍❄️
ရေထွက်ပေါက်လေးနဲ့ ဝေးဝေးထားပေးဖို့တော့ လိုမယ်နော်…😉

သုံးကြည့်နော်...ရေပြာပြာကြည်ကြည်လေးမို့ မိုက်…😉🐻‍❄️

🔊 ၅ ဘူးနှင့်အထက်ဆို Delivery free ပို့ပေးမယ်နော်…🚗🚗

☎️ 09777218530



🍀🙏ကဆုန်လပြည့်နေ့ ဆုတောင်း 🙏🍀ယနေ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ကဆုန်လပြည့် (ဗုဒ္ဓနေ့) မှာ မိဘပြည်သူများ စိတ်ချမ်းသာ ကိုယ်ကျန်းမာပ...
14/05/2022

🍀🙏ကဆုန်လပြည့်နေ့ ဆုတောင်း 🙏🍀

ယနေ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ကဆုန်လပြည့် (ဗုဒ္ဓနေ့) မှာ မိဘပြည်သူများ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ရောဂါဘယကင်းဝေးကာ ကောင်းကျိုးချမ်းသာဟူသမျှ ရရှိပိုင်ဆိုင်နိုင်ကြပါစေကြောင်း Team PBS မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်... 🙏 🙏🙏🍀🍀



အေပရွန် - Apron (Water/Oil proof)🍀အိမ်ရှင်မလေးတွေအကြိုက် ရောင်းမလောက်တဲ့ အေပရွန်လေးတွေ ထပ်ရောက်လာပါပြီ…🍀🌸မီးဖိုချောင်ဝင်...
03/05/2022

အေပရွန် - Apron (Water/Oil proof)🍀

အိမ်ရှင်မလေးတွေအကြိုက် ရောင်းမလောက်တဲ့ အေပရွန်လေးတွေ ထပ်ရောက်လာပါပြီ…🍀

🌸မီးဖိုချောင်ဝင်ရင်ပဲ ဖြစ်ဖြစ်
🌸အိမ်သန့်ရှင်းရေး လုပ်ရင်ပဲ သုံးသုံး
🌸ပျော်ပွဲစားထွက်လို့ BBQ တွေပဲကင်ကင် လိုတဲ့နေရာတွေမှာ သုံးလို့ရတယ်နော်~

🔹Premium Quality လေးမို့ အသားလေးလည်း ကောင်းတယ် ~
🔹ဒီဇိုင်းလေးလည်း ချစ်စရာကောင်းပြီး လှနေရောပဲ ~
​🔹Waterproof မို့ ရေစိုလည်းခံတယ် ~
🔹ဆီစွန်း ဆီပေမှာလည်း မစိုးရိမ်ရတော့ဘူး ~
🔹ဘေးနှစ်ဖက်မှာလည်း လက်သုပ်လေးပါတာမို့ အလွယ်တကူ လက်သုပ်လို့ရတယ် ~
🔹အိတ်ကပ်လေးလည်းပါတော့ ဖုန်းလေးထည့်ထားပြီး အလုပ်လုပ်ရင်း သီချင်းနားထောင်လို့လည်း ရတယ်နော် ~
🔹အသုံးပြုပြီး အလွယ်တကူလျှော်လို့လည်းလွယ်တယ် ~
🔹ဆိုဒ်ကလည်း မော်ဒယ်လေးကနေ ဝကစ်လေးတွေထိ အဆင်ပြေတယ် ~

ကဲ....ဘာလိုသေးလဲ 🥰😘

စျေးနှုံးလေးကတော့~

(Quality ကောင်းတာလေး ပြောင်းမှာထားပေးလို့ အရင်ထက် စျေးလေး ပိစိလေးတော့ ပြောင်းပါရစေနော်..😘)

Buy (1) - 7500 ks
Buy (2) - 12500 ks

Instock မို့ စောင့်စရာ မလိုဘူး ~
Colour, Design ကြိုက်တာလေးရွေး…အပြင်ပုံလေးတွေလည်း ပြပေးထားလို့ အိုကေတယ်နော်…👌💚💛

☎️09777218530




#အေပရွန်

💦နှစ်သစ်ဆုတောင်း 💦💦​မြန်မာနှစ်သစ်ကူး အခါသမယတွင် စိတ်​၏ ချမ်းသာခြင်း၊ ကိုယ်​၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်...
12/04/2022

💦နှစ်သစ်ဆုတောင်း 💦💦

မြန်မာနှစ်သစ်ကူး အခါသမယတွင် စိတ်​၏ ချမ်းသာခြင်း၊ ကိုယ်​၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်ရှင်....💦🍀🙏

💛💙


ရွှေမန္တလေး…သွားချင်လိုက်တာ 💛Credit 💛
18/03/2022

ရွှေမန္တလေး…သွားချင်လိုက်တာ 💛

Credit 💛

တပေါင်းလပြည့် ပြည်တော်ဝင် အခါတော်နေ့******************************************              🙏🙏🙏🙏🙏🙏 တပေါင်းလသည် မြန်မာလမျ...
16/03/2022

တပေါင်းလပြည့် ပြည်တော်ဝင် အခါတော်နေ့
******************************************
🙏🙏🙏🙏🙏🙏

တပေါင်းလသည် မြန်မာလများတွင် ၁၂-လမြောက်ဖြစ် သည်။ တစ်နှစ်တာ၏ နောက်ဆုံးလဖြစ်သည်။
တပေါင်းလ၏ ပထမလ၀က်သည်ဆောင်းရာသီတွင် ကျရောက်သည်။ ဒုတိယလ၀က်ကား နွေရာသီတွင် ကျရောက်သည်။ ဆောင်းကူးနွေစ သာယာလှသော လရာသီဖြစ်သည်။

တပေါင်းလပြည့်နေ့ တွင်ကာဠုဒါယီ မထေရ် က ကပိလဝတ် နေပြည်တော်သို့ ကြွရောက်တော်မူပါရန် ဘုရားရှင်အားလျှောက်ထားသည်ကို အကြောင်းပြုပြီး ကျင်းပရခြင်းဖြစ်ပါသည်။ ၎င်းလျှောက်ထားချက်အရ မြတ်စွာဘုရားက ရဟန္တာပေါင်းနှစ်သောင်း ခြံရံပြီး မဟာသက္ကရာဇ်(၁ဝ၃)ခုနှစ် တပေါင်းလပြည့်ကျော် တစ်ရက်နေ့မှာ ရာဇဂြိုဟ်မှ ယူဇနာခြောက်ဆယ် ဝေးကွာသော ကပိလဝတ်ပြည်သို့ တစ်နေ့လျှင် တစ်ယူဇနာ ခရီးဖြင့်ရက်ပေါင်းခြောက်ဆယ် ဒေသစာရီကြွချီတော်မူခြင်း ကို အကြောင်းပြု၍ မြတ်ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့ စတင်ပေါ်ပေါက်လာရခြင်း ဖြစ်ပါသည်။
ရှေးယခင်က တပါင်းလပွဲတော်သည် သဲပုံစေတီပွဲတော် ဖြစ်သည်။ သဲပုံစေတီပွဲတော်သည် ပုဂံခေတ်(သို့မဟုတ်) ပုဂံခေတ်မတိုင်မီကပင် ပေါ်ပေါက်ခဲ့သည်ဟု အချို့က ဆိုကြသည်။

နောက်ပိုင်းတွင် သဲပုံစေတီပွဲတော် ကျင်းပသည့်ဓလေ့ တဖြည်းဖြည်းမှေးမှိန်သွားသည်။ တပေါင်းလပြည့်နေ့တွင် ဘုရားပွဲတော်များကျင်းပသည့် ဓလေ့ ခေတ်စားလာခဲ့သည်။ ထိုသို့ ဘုရားပွဲတော် ကျင်းပခြင်းကိုပင် “တပေါင်းလပွဲတော်”ဟု ခေါ်ကြသည်။
တပေါင်းလသည် ရာသီဥတု သာယာသည်နှင့်အမျှ သာသနာရေးတွင်လည်း မှတ်တမ်းတင်သင့်သော ဖြစ်ရပ်ကြီးများ ပေါ်ထွန်းခဲ့သည်။
ဗုဒ္ဓဘုရားရှင်လက်ထက်တော်က ဘုရားရှင်သည် ရာဇဂြိုဟ်ပြည် ဝေဠုန်၀န်ကျောင်းတော်၌ သီတင်းသုံးကာ အင်္ဂတိုင်းနှင့် မဂဓတိုင်းမှ ဒကာ ဒကာမများအား တရားရေအေးတိုက်ကျွေးလျက်ရှိသည်။
ထိုသတင်းကို ခမည်းတော် သုဒ္ဓေါဒနမင်းကြီးကြားသိ သောအခါ သားတော်ဘုရားကို ဖူးတွေ့ချင်နေသည်။ ထို့ကြောင့် အမတ်တယောက်အား အခြွေအရံ တထောင်နှင့်အတူ စေလွှတ်၍ ပင့်ခိုင်း၏။

ထိုအမတ်သည် ဗုဒ္ဓထံ ရောက်လာရာမှ တရားတော်ကိုနာရ၍ အခြွေအရံတို့နှင့်အတူ ရဟန်းပြုသွားသည်။ သုဒ္ဓေါဒနမင်းကြီးထံ ဘုရားရှင်ကြွရောက်တော်မူရန် မပင့်ဖြစ်ချေ။ မင်းကြီးလည်း နောက်ထပ်၍ အမတ်တို့ကို အခြွေအရံ တထောင်စီဖြင့်ကိုးကြိမ်တိုင်အောင်စေလွှတ် ခဲ့သည်။ သို့သော် အားလုံးရဟန်းပြု၍ နေကြပြန်သည်။
ဆယ်ကြိမ်မြောက်တွင်မူ ဗုဒ္ဓဘုရားရှင်နှင့် ဖွားဖက်တော်ဖြစ်သော ကာဠုဒါယီအမတ်ကို စေလွှတ် သည်။ ကာဠုဒါယီအမတ်သည်လည်း ရှေးကအမတ်များ နှင့်နည်းတူပင် နောက်ပါများနှင့်တကွ ရဟန်းပြုပြန် သည်။ သို့ရာတွင် ခရီးလမ်းပန်းသာယာသော တပေါင်းလအချိန်သို့ ရောက်သောအခါတွင်ကား လမ်းခရီးသာယာပုံ တပေါင်းအလှကို ဂါထာပေါင်း
၆၀-ဖြင့် ဖွဲ့နွဲ့ကာ ကပိလ၀တ်ပြည်သို့ ကြွပါမည့် အကြောင်း ဘုရားရှင်အား လျှောက်ထားတောင်းပန် သည်။ ဗုဒ္ဓဘုရားရှင်လည်း လက်ခံကာ တပေါင်းလပြည့် နေ့၌ ကပိလ၀တ်ပြည်သို့ ကြွတော်မူခဲ့သည်။

တပေါင်းလပြည့်နေ့သည် ဘုရားရှင် ပြည်တော်၀င်ရန် စတင်ကြွလှမ်းသောနေ့ဖြစ်သဖြင့်လည်း ထိုနေ့ကို အကြောင်းပြု၍ သာသနာတော်၌ထူးခြားသော ဖြစ်ရပ်ကြီးများ ပေါ်ထွန်းခဲ့သည်။ ထို့ပြင် မဟာသက္ကရာဇ် ၁၀၃-ခု တပေါင်းလပြည့်ဗုဒ္ဓဟူးနေ့တွင် သိကြားမင်း၊ ဥက္ကလာပမင်းကြီးတပုဿနှင့်ဘလ္လိက ကုန်သည််ညီနောင်တို့ကြီးမှူး၍ရွှေတိဂုံစေတီတော်ကြီး တည်ထား ခဲ့သည်ဟု သမိုင်းကဆိုသည်။
ဤကား တပေါင်းလကို အကြောင်းပြု၍သာသနာတော်၌ ထူးခြားသော မှတ်တိုင်ကြီးများ ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်ပေသည်။

ဗုဒ္ဓမြတ်စွာဘုရားရှင်က ဖခမည်းတော်{ဖခင်}ကို ကျေးဇူးဆပ်ခဲ့သောနေ့ ။မြတ်စွာဘရားရှင် ပြည်တော် ဝင်ရန် စတင်ကြွလှမ်းသောနေ့ #တပေါင်းလပြည့်နေ့
မြတ်ဗုဒ္ဓ ပြည်တော်ဝင်ဥပုသ်နေ့ အခါတော်နေ့တွင် ဗုဒ္ဓဘာသာဝင်အားလုံး ဘုရားရှင်၏ တရားဓမ္မတို့နှင့် မွေ့ပျော်ပြီး ဒါန သီလ ဘာဝနာ ဥပုသ်သီလဆောက််တည်ခြင်း ကုသိုလ်ကောင်းမှုများ အထူးပြုလုပ်နိုင်ကြ ပါစေရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ် ။
🙏🙏🙏မတ်လ ၁၆ရက်နေ့ ကျရောက်သည့် တပေါင်းလ ပြည့်နေ့တွင် မိဘပြည်သူအပေါင်း ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းဖြင့် ပြည့်စုံကြပါစေလို့ ဆုတောင်းလိုက်ပါတယ်🙏🙏🙏

ကျမ်းကိုးကား။ ။အရှင်ဇဝန(ပဲခူး)၏ အခါတော်နေ့ဆိုင်ရာ တရားတော်များစာအုပ်)
- Original Uploader
Photo crd

🧿💭🌊 မနက်ဖြန်အတွက် ငွေကံ​ဘယ်လောက်ကောင်းမလဲအပျော်ပေါ့…🧿💭 ပုံတစ်ပုံသာရွေးရန်နော်.....Credit - Luna🌙💛
10/03/2022

🧿💭🌊 မနက်ဖြန်အတွက် ငွေကံ​ဘယ်လောက်ကောင်းမလဲ

အပျော်ပေါ့…

🧿💭 ပုံတစ်ပုံသာရွေးရန်နော်.....

Credit - Luna🌙💛

အသက်ရလာလို့လား မသိဘူး...ကိုယ့်ကို.. ပြဿနာရှာပြီဆိုတာ သိတာနဲ့🙄ချက်ချင်း ခေါင်းလေးငုံ့ပြီး😞---------------------------အုတ်...
20/01/2022

အသက်ရလာလို့လား မသိဘူး...
ကိုယ့်ကို.. ပြဿနာရှာပြီဆိုတာ သိတာနဲ့🙄

ချက်ချင်း ခေါင်းလေးငုံ့ပြီး😞
---

---
---

---

---
---

---
---
---
အုတ်ခဲကျိုး ရှာတော့တာဘဲ
😕

Crd

😂😂😂

တရုတ်နှစ်ကူးအတွက် ထိုင်ဝမ်မှာ ပြင်ထားတာတဲ့...💛ချစ်လို့...🐯🐯မူရင်းဓါတ်ပုံရှင်အား လေးစားစွာ Credit ပေးပါတယ်~
18/01/2022

တရုတ်နှစ်ကူးအတွက် ထိုင်ဝမ်မှာ ပြင်ထားတာတဲ့...💛

ချစ်လို့...🐯🐯

မူရင်းဓါတ်ပုံရှင်အား လေးစားစွာ Credit ပေးပါတယ်~

☘️ ဗီဇ ☘️ ☘️  ထိရှလွယ်လွန်းတဲ့ကိုယ့် စိတ်ကိုလည်း ပြင်ရဦးမယ် ☘️  စိတ်ဆတ်လွန်းတဲ့ကိုယ့် အကျင့်ကိုလည်း ပြင်ရဦးမယ် ☘️  ထစ်ကန...
07/01/2022

☘️ ဗီဇ ☘️

☘️ ထိရှလွယ်လွန်းတဲ့
ကိုယ့် စိတ်ကိုလည်း ပြင်ရဦးမယ်

☘️ စိတ်ဆတ်လွန်းတဲ့
ကိုယ့် အကျင့်ကိုလည်း ပြင်ရဦးမယ်

☘️ ထစ်ကနဲဆို
ဒေါသဖြစ်တတ်တဲ့ ကိုယ့်စိတ်ကိုလည်းပြင်ရဦးမယ်

☘️ ပက်ခနဲ ပြန်ပြောတတ်တဲ့
ကိုယ့် ဗီဇကိုလည်း ပြင်ရဦးမယ်

☘️ မာချင်ယောင်ဆောင်နေပေမယ့်
တခုခုဆို ဝမ်းနည်းတတ်တဲ့အကျင့်ကိုလည်းပြင်ရဦးမယ်

☘️ ပြတ်ပြတ်ပြောတတ်ပေမယ့်
တနုံ့နုံ့တွေးပြီး အားနာနေတတ်တဲ့စိတ်ကိုပြင်ရဦးမယ်

☘️ ခင်မင်တတ်ပေမယ့်
တရင်းတနှီးမနေတတ်သည့် ကိုယ့်အကျင့်ကပြင်မရဘူးကွယ်

☘️ အပြောကြမ်းတာကြောင့်
သဘောမကောင်းသူရယ်လို့ စွပ်စွဲတာလည်းခံရဘူးတယ်

☘️ ပျော်ပျော်နေတတ်သော်လည်း
ကိုယ့်ကို အပြောင်အပျက်ပြောရင်
သည်းမခံတတ်တဲ့ ကိုယ့်ဗီဇကိုလည်း ပြင်ရဦးမယ်

☘️စိတ်ဆိုးလွယ်ပေမယ့်
ဒေါသပြေလွယ်တဲ့ ကိုယ့်အကျင့်ကိုတော့ သဘောကျမိတယ်

☘️ အပေါ်ယံမှန်းသိပေမယ့်
ရေလိုက်ငါးလိုက် မဆက်ဆံတတ်ပြန်တော့
ကိုယ့်ကိုယ်ကို အပူကင်းအောင်နေတတ်ဖို့ကြိုးစားရဦးမယ်

☘️ ဟိုးတုန်းကဆို
လူတစ်ယောက်ကို နှလုံးသားနဲ့ရင်းပြီး
ခင်တွယ်မိလို့ နက်နက်နဲနဲ ခံစားခဲ့ရဘူးတယ်

☘️ ခုတော့
ပေါ့ပေါ့ပါးပါးနေပြီး
အရာအားလုံးကို ခံစားသက်ဝင်အောင် မလုပ်တော့ဘူးလေ

မူရင်ရေးသား သူအား လေးစားစွာဖြင့် ကူးယူဖော်ပြပါသည်~

🌸🌸🌸🌸🌸

လာ…အတူတူငတ်ကြရအောင် ~ 🤩😍
03/01/2022

လာ…အတူတူငတ်ကြရအောင် ~ 🤩😍

ဆုတောင်းကြမ်းချက်…😁😁
31/12/2021

ဆုတောင်းကြမ်းချက်…😁😁

Address

Yangon
11091

Telephone

+959777218530

Website

Alerts

Be the first to know and let us send you an email when PBS Shopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to PBS Shopping:

Share