Shwe Online Store

Shwe Online Store Shwe online store is for selling clothes and other products essential for everyday needs.

12/09/2025

တိမ်တွေလို လွင့်သွားလို့ရရင် ကောင်းမှာပဲ 🍀

Send a message to learn more

10/03/2024

Beautiful 🩷

10/03/2024

လူတွေရဲ့စိတ်အတွင်းလွှာနေရာတစ်ခုဟာ ကိုယ်လုံးဝမကြိုက်တဲ့ခံစားချက်တွေကို သီးသန့်သိမ်းဆည်းထားတာမျိုးရှိတတ်ပါတယ်။

Past Traumas လို့ခေါ်တဲ့ စိတ်ဒဏ်ရာတွေ၊ Unresolved Issues မရှင်းလင်းမပြီးပြတ်သေးတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ဝမ်းနည်းမှု၊ စိုးရိမ်မှု၊ အားငယ်မှုကြောက်ရွံ့မှု၊ မုန်းတီးမှုနာကြည်းမှု စတဲ့စိတ်ခံစားချက်တွေအကုန်လုံးကို ပြီးသွားပြီဆိုတဲ့အထင်နဲ့ သေတ္တာလေးတစ်ခုထဲကိုထည့်တယ်။ သော့ခတ်ပြီး ပိတ်သိမ်းလိုက်တယ်။ ချောင်ထိုးထားလိုက်တယ်။

အဲဒီသေတ္တာက ချောင်တစ်ချောင်မှာ ဖုန်တက်သွားသလို သိမ်းထားတဲ့သော့ကလည်း ပျောက်သွားတယ်။ အဲဒီသေတ္တာထဲမှာ ဘာတွေရှိလဲ။ ဘယ်သူမှ မသိတော့ဘူး။ ကိုယ်လည်းမသိတော့ဘူး။

ဒါပေမဲ့ တစ်ခါတလေကျတော့ ကိုယ်ပိတ်သိမ်းထားခဲ့တဲ့သေတ္တာကို အဖုံးလာခေါက်တဲ့သူ၊ အထဲမှာဘာတွေရှိနေပါလိမ့်လို့ လှုပ်ကြည့်တဲ့သူ၊ အပြင်ကနေ
အသံနားထောင်ကြည့်တဲ့သူတွေ ပေါ်ပေါက်လာတတ်ပါတယ်။ ဒါတွေက လူပုဂ္ဂိုလ်မဟုတ်ဘဲ အဖြစ်အပျက်တွေ၊ အခြေအနေတွေ၊ ခံစားချက်တွေလည်း ဖြစ်နေတတ်ပါတယ်။

အခုဖြစ်ပေါ်လာတဲ့ခံစားချက်တစ်ခုဟာ ကိုယ်ပိတ်သိမ်းထားတဲ့ခံစားချက်တွေနဲ့ ဆက်စပ်နေတဲ့အခါ ပြီးခဲ့တာတွေကိုဆွဲထုတ်ဖို့ အစလေးတွေပေါ်လာသလိုပါပဲ အရာရာဟာ တစ်ဖန်ပြန်ပြီး အသစ်ဖြစ်လာတယ်။ ခေါင်းထောင်လာကြတယ်။ ခေါင်းပြူကြည့်လာကြတယ်။

လူတိုင်းဟာ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ရင် ၁၀၀ ရာခိုင်နှုန်း ကျန်းမာပျော်ရွှင်ကြည်လင်နေတာမဟုတ်ဘူး။ Mental Issue လေးတွေဟာ အနည်းအများဆိုသလို ရှိတတ်ပါတယ်။ ဒီလိုအခြေအနေလေးတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး ခံစားရတဲ့အတိမ်အနက်တွေလည်း ကွဲပြားခြားနားသွားကြတာ၊ လျော့ပါးသက်သာသွားတာမျိုးပဲဖြစ်ပါတယ်။

စိတ်ခံစားချက်တစ်ခုဖြစ်ပေါ်လာပြီဆိုရင် အဲဒီအရာကို အရင်ဆုံး သိနေဖို့လိုပါတယ်။ Self Awareness က အရေးကြီးပါတယ်။ အခုလိုမျိုး ရာသီဥတုကလည်းပူပြင်းတယ်၊ အလုပ်တွေလည်း လုပ်နေရတယ်၊ စိတ်ရှုပ်စရာတွေလည်း ရှိနေတယ်ဆိုတဲ့နေ့တိုင်းမှာကိုယ်ဘယ်လိုခံစားနေရသလဲဆိုတာကို သတိပြုပေးပါ။ မေးကြည့်ပေးပါ။

ငါဟာ အခုပျော်နေလား။ ဝမ်းနည်းနေလား။ ပျော်တယ်လည်းမဟုတ်၊ ဝမ်းနည်းတယ်လည်းမဟုတ် ရင်ထဲမှာဘာမှမရှိ အချည်းနှီးဖြစ်နေသလား။ ဗလာဟင်းလင်းဖြစ်နေသလား။ ကြောက်ရွံ့နေတာလား။ အရာရာကို လွှတ်ချချင်တာလား။ ကိုယ့်ရဲ့စိတ်ခံစားမှုကို သိသွားပြီဆိုတဲ့အခါ အဲဒီခံစားချက်ကို ဆွဲတင်လာပါ။ လက်ခံပေးပါ။ အသိအမှတ်ပြုပေးပါ။

အသက်ကို ရှုသွင်းရှုထုတ်လုပ်ရင်း Release လုပ်ပေးပါ။ အဓိကအချက်က ကိုယ်ဘယ်လိုခံစားနေရသလဲဆိုတာကိုသိတော့မှ ဘယ်လိုဖြေရှင်းရမလဲဆိုတာကို သိမှာဖြစ်ပါတယ်။

ဒီခံစားချက်ကို ဘယ်လိုလျော့ပါးသက်သာအောင်လုပ်ရမလဲဆိုတာကို လုပ်နိုင်မှာပဲဖြစ်ပါတယ်။ စိတ်ခံစားမှုလေးတွေကို ကျေနပ်သွားအောင် ကျေလည်သွားအောင် Digest ဖြစ်သွားအောင် Process လုပ်ပေးဖို့ လိုအပ်ပါတယ်။ ကိုယ်မကြိုက်တဲ့ ကိုယ့်ကိုနာကျင်စေတဲ့ စိတ်ခံစားမှုတစ်ခုခုဖြစ်လာတိုင်း ဖြေရှင်းဖို့မကြိုးစားဘဲ ရှောင်တိမ်းလိုက်တာဟာ အဖြေမဟုတ်ဘူး။ တကယ်မပြီးသေးဘဲ ပြီးသွားပြီဆိုပြီး မျက်နှာလွှဲလိုက်တာဟာ အိမ်သာကိုရေမဆွဲချဘဲ အဖုံး ဖုံးလိုက်မိသလိုပါပဲ။ အချိန်တန်တော့လည်း အနံ့ကထွက်လာမှာပဲဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ စိတ်ခံစားမှုတွေကိုသိပေးပါ။ How are you feeling now? ငါအခုဘယ်လိုခံစားနေရသလဲ။ တစ်နေ့ကို အခွင့်အရေးရရင်ရသလို မေးပေးပါ။ အထူးသဖြင့် စိတ်ထဲမှာနေလို့မကောင်းတော့ဘူး။ ပင်ပန်းလာတယ်။ စိတ်တိုလာတယ်။ အရာရာကို လွတ်ချချင်လာတယ်။ စိတ်မရှည်တော့ဘူး။ ဝမ်းနည်းလာတယ်။ အထီးကျန်ဆန်လာတယ်။ ရှေ့ဆက်မသွားချင်တော့ဘူး စတဲ့ခံစားချက်တွေ ပေါ်လာတဲ့အခါမှာ ကိုယ်ဘာဖြစ်နေသလဲ ကိုယ့်ကိုယ်ကိုယ် သေချာမေးကြည့်ပေးပါ။

မိမိကိုယ်တိုင် ဖြေရှင်းလို့ရတာတွေကို ဖြေရှင်းပါ။ နေ့စဉ် စိတ်ကိုအမှိုက်လှဲပေးပါ။ သန့်ရှင်းရေးလုပ်ပေးပါ။ စိတ်ထဲကအရှုပ်တွေ မရှင်းသေးဘဲ အသစ်တွေထပ်ထည့်ဖို့ တာဝန်ယူဖို့ Commitment လုပ်ဖို့ကို သတိထားပေးပါ။

စိတ်တွေရှုပ်ထွေးပြီး အိပ်ပျော်သွားတာမျိုး ဘယ်တော့မှမဖြစ်ပါစေနဲ့။ မအိပ်ခင်မှာ တစ်နေ့တာ ရဲ့စိတ်အခြေအနေလေးကို ပြန်ကြည့်ပေးပါ။ ကိုယ့်ကိုယ်ကိုယ်ပြန်မေးပါ။ အသက်ရှူသွင်းရူထုတ်လုပ်ရင်း သို့မဟုတ် ဂီတသံလေးတစ်ခုနားထောင်ရင်း ဖြေလျှော့ပေးပါ။ စိတ်အမှိုက်တွေကို ရှင်းထုတ်ပေးပါ။

ကိုယ်ကိုယ်တိုင် ဒီခံစားချက်တွေကို မဖြေရှင်းနိုင်ဘူးဆိုရင် ဖြေရှင်းနိုင်တဲ့သူတွေဆီကို သွားရမှာဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာလေးတွေနဲ့ပတ်သက်ပြီး အကူအညီယူဖို့ ဘယ်သောအခါမှ ရှက်ရွံ့ခြင်းမရှိပါနဲ့။ မိမိဟာ ဘဝကို စိတ်ပျော်ရွှင်စွာ စိတ် ကြည်လင်စွာ နေထိုင်နိုင်ဖို့ ရှေ့ဆက်သွားနိုင်ဖို့ ထိုက်တန်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

မွန်ဟော်စီ
March 2024




09/01/2024

ကိုယ့်ဘဝထဲမှာ
ကောင်းတဲ့အရာတွေဟာ
တစ်ခုတည်း..တစ်ကြိမ်တည်းမဟုတ်ဘဲ
အများကြီးရှိခဲ့တယ်။
အကြိမ်ကြိမ်အခါခါရှိခဲ့တယ်။
နောက်လည်းထပ်ပြီးရှိနေလိမ့်ဦးမယ်။




#မနက်စာအာဟာရ

Photo
FreeStock

16/12/2023

ရန်ဖြစ်တတ်အောင် သင်ပေးလိုက်ဖို့ က မိဘတာဝန်လား
——————————————-

မခံလာနဲ့ ပြန် ချ
ကိုယ်ကဦးအောင် ပြောပစ်ခဲ့ ၊အနိုင်နဲ့ ပိုင်းခဲ့ ၊ နင့်ကို အနိုင်ကျင့်တာခံလားရအောင် ငကြောက်လား ဒီလိုပြောဆိုဆုံးမတာတွေခံခဲ့ ဖူးကြလား

ဒါမျိုး အတွေးတွေ နဲ့ အသိုင်းအဝိုင်းကြားမှာ ကျွန်မတို့ အနာဂတ်မျိုးဆက်သစ်တွေကို မကျင်လည်စေချင်တော့ဘူး။ တိုင်းပြည်မကောင်းလို့ လုယူ ခိုးဝှက် ၊သူများအတင်းအဖျင်းပြော ၊အပုတ်ချတတ်မှ ကိုယ့်ရဲ့ တန်ဖိုး နဲ့ ပိုင်ဆိုင်မှုလေး နည်းနည်း ပိုတက်မယ်ထင်ရတာ ဆင်းရဲတဲ့တိုင်းပြည်မှာ ကြီးလာတဲ့ ကျွန်မတို့ရဲ့ scarcity mindset ကြောင့်ပါ။
လူယဉ်ကျေး society ကိုတည်ဆောက်ချင်ရင် ကိုယ့်အိမ်က စပါ။ လူ့ဘဝက ကြမ်းတမ်းတယ်ဆိုပြီး ကလေးတွေကို မာကျောခတ်ထန် ရန်ဖြစ်တတ် defensive ဖြစ်တတ်အောင် သင်ပေးလိုက်သင့်တယ်လို့တော့ ကျွန်မ မမြင်ဘူး။ ကျွန်မ parenting philosophy ကတော့ ကြင်နာမှု မေတ္တာကို အခြေခံတဲ့ ဆက်ဆံမှုကို promote လုပ်ရင်း ၊ လူသားခြင်းစာနာတတ်တဲ့ စိတ်နဲ့အပြုအမူကိုပျိုးထောင်ပေးဖို့ ၊
ခက်ခဲတဲ့ လောကဓံ challenge တွေကြုံလာတဲ့ အခါ သူများကို တိုက်ခိုက်ဖို့ထက် ကိုယ့်ကိုယ်ကိုယ် နားလည်ဖို့ coping tools တွေသင်ပေးဖို့နဲ့ self concept ကောင်းဖို့ စိတ်ထားနည်းတွေပြောပြလိုက်ဖို့၊
ဘယ်လိုလူတွေကိုတော့ ဝေးဝေးရှောင် boundary ထားဖို့၊ အကြွင်းမဲ့ မေတ္တာပေးပြီး resilience and adaptability ခံန်ိုင်ရည်ရှိမှုနဲ့ လိုက်လျောညီထွေရှိမှုကို ပျိုးထောင်ပေးလိုက်ဖို့ပါ။ ကျွန်မတို့ သွားမယ့်လမ်းက မလွယ်ကူပါဘူး ဒါပေမယ့် ထိုက်တန်ပါတယ်။
“It is not our job to toughen our children up to face a cruel and heartless world. It is our job to raise children who will make the world a little, less cruel and heartless.” - L.R. Knost

Burmese American Home

Address

Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Website

Alerts

Be the first to know and let us send you an email when Shwe Online Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share