Dolly Myanmar - Online Variety Store

Dolly Myanmar - Online Variety Store We will try our best to give the best service

14/03/2021

လူတိုင်း အချိန်မရွေး ကိုယ်တိုင် First Aid လုပ်ပေးနိုင်အောင်ပါ။

အိမ်တိုင်းဒီအချိန်မှာ ဝယ်ထားကြပါ။

ခုချိန် ရပ်ကွက်အလိုက် လမ်းအလိုက် အိမ်အလိုက်
အရေးပေါ်ဆေးပစ္စည်းတွေ ဆောင်ထားသင့်ပါပြီ...
ဒဏ်ရာရလူနာ ကိုယ့်အနီးအနားရှိခဲ့ရင် ကူညီပေးလို့ရအောင်ပါ...
တချို့လူနာတွေ အပြင်မထွက်ရဲတော့လို့ အိမ်ထဲပဲ ပုန်းနေရသေးရင်လဲ အသုံးဝင်ပါတယ်...

ကျည်ဒဏ်ရာကို ဘယ်လို အရေးပေါ်ပြုစုလို့ ရတာကိုလည်း အကြမ်းဖျဉ်း ရေးထားပါတယ်... လိုတာရှိ ထပ်ဖြည့်ပေးကြပါ..

ဝယ်ထား/ဆောင်ထားသင့်တာတွေက

Sterile Gauze (ပိုးသန့်ပတ်တီးစအဖတ်)
(အခု၁၀၀/၅၀၀ပါတာတွေ လာတယ်) ၂ထုပ်
4” bandage (ပတ်တီး) ၂ထုပ်
2” bandage ၂ထုပ်
1” Paper tape ၁ဗူး
Septidine 1 box
Hansaplast ၁ထုပ်
E-glove (လက်အိတ်)medium size ၁ဗူး
Permanent pen 1ချောင်း
(ဒဏ်ရာ/tourniquet time မှတ်ဖို့)
ကတ်ကြေး (အဝတ်အစား ညှပ်ထုတ်ပစ်ရန်)
ဓာတ်မီး
ရေခဲသေတ္တာတွေမှာ ရေခဲ လုပ်ထားသင့်
ရေသန့်ဗူးတွေ (အနာဆေးရန်)

သောက်ဆေးတွေက
Ampiclox (ပိုးသတ်ဆေး) ၁ဗူး
Aciclofenac/Ibuprofen (အကိုက်အခဲပျောက်ဆေး) ၁ဗူး
Omeprazole ၁ဗူး
ဓာတ်ဆားထုပ်

ဆေးထိုးတတ်တဲ့သူ ဖြစ်ရင်/ရှိရင်တော့
ATT မေးခိုင်ကာကွယ် ဆေး ထိုးဆေး
N/S 10လုံး +Drip set 10ခု
Cannula size စုံ လေးခုစီ

ဒဏ်ရာရတဲ့သူ တွေ့ရင်

(၁) သွေးတိတ်အောင် လုပ်ပါ..

အနာပေါ်ကနေ အဝတ်သန့်/sterile gauge နဲ့ အုပ်ပြီး
အပေါ်ကနေ လက်ဖနောင့်အားနဲ့ ဖိပါ..
ဖိတာကို မညှာပါနဲ့..
လိုအပ်ရင် ကျတော်တို့ဆို ဒူးနဲ့ပါ တက်ခွဖိ ပါတယ်.. သွေးတိတ်ရပ်ဖို့ အရေးကြီးပါတယ်...
၁၅မိနစ်ဆက်တိုက်လောက်ထိ နာနာဖိထားဖို့ လိုပါတယ်..

သွေးမထိန်းနိုင်သေးရင် tourniquet စည်းလို့ ရပါသေးတယ်..
အနာအထက် ၂လက်မ အကွာကနေ တင်းတင်းစည်းပေးရတာပါ..
စည်းမယ့် tourniquetက ၃လက်မလောက် အကျယ်ရှိမယ့် အဝတ်ဖြစ်ဖို့ လိုပါတယ်..
အရေးပေါ်ဆို အင်္ကျီနဲ့ စည်းတာ အကောင်းဆုံးပါ..

အဲဒါကိုမှ သွေးထပ်ထွက်နေသေးရင် ပထမစည်းထားတာရဲ့ အပေါ်ကနေမှ နောက်တစ်ခု ထပ်စည်းပါ..

Tourniquet စည်းရင် သတိထားဖို့က
-အရေပြားပေါ် တိုက်ရိုက်စည်းပါ.. (နာရီပေါ် ပစ္စည်းတခုခုပေါ်ကနေ ခံစည်းလို့ မရပါ)
-Joint အဆစ်ပေါ် စည်းလို့မရပါ..
-စစည်းတဲ့ အချိန်ကို လူနာအသားပေါ် ရေးမှတ်ထားပါ..
-ဆေးရုံမသွားနိုင်သေးရင် ၂နာရီ တစ်ခါ စစ်ပေးပါ..
ယောင်ကိုင်းလာတယ် ကြွက်သားတွေ နာပြီးတင်းလာရင် နည်းနည်းပြန်လျှော့ပေးပါ...
သွေးထပ်ထွက်လာရင် တင်းတင်းပြန်စည်းပါ

သွေးထွက်နည်းသွား/တိတ်သွားရင်
ရေနဲ့ အနာကို လောင်းချ ဆေးပြီး
sterile gauge ခံပြီး ပတ်တီးတင်းတင်းစည်းထားပေးပါ..

ခြေထောက် နဲ့ လက်ကို ထိရင်တော့ ခြေ/လက်ကို မြှောက်ပေးထားပါ..
ရင်ဘတ်နဲ့ ဝမ်းဗိုက်ထိရင်တော့ ခြေရင်းကို မြှောက်မပေးရပါ.. ***ပက်လက်အနေအထားပဲ လူနာကို ထားပါ

(၂) အသက်မရှူ/အသက်ရှူနှုန်းတအားနည်းရင် CPR ထုပါ...
လူနာကို ပက်လက်အနေအထား မေးမော့ထားပြီး
နို့သီးခေါင်းနှစ်ခု ဖြတ်မျဉ်းပေါ် ရင်ဘတ်အလယ်မှာ
လက်ဖနောင့်ထားပြီး ဖိရတာပါ..
လက်ကို မကွေးရ တံတောင်ဆစ် တဖြောင့်ထဲ ထားပြီး ဖိရတာပါ..
လူနာပါးစပ်ထဲ လေမှုတ်သွင်းပေးတာ (mouth-to-mouth)ကတော့ လုပ်မနေပါနဲ့တော့..
တယောက်တလှည့်စီသာ ထုနေပေးပါ..

ဒီလောက်ကိုပဲ အရေးပေါ် ကုပေးထားရင် ရပါပြီ..

နောက်ပိုင်း တွေ့လာရတာက လူနာတွေက
အပြင်ထွက် မပြရဲဘဲ တညလုံး ပုန်းနေတာမျိုးတွေပါ ရှိလာတတ်လို့ပါ..

လူနာအခြေအနေကောင်းတယ် shockမရ သတိကောင်းတယ်ဆိုရင်တော့ အနာကို first aid လုပ်ထားပေးတာမျိုးလောက် လုပ်ပေးထားပြီး
ပိုးသတ်ဆေး+အကိုက်အခဲပျောက်ဆေး+အစာအိမ်ဆေး တွဲတိုက်ထားပေးပါ..

ဓာတ်ဆားရည် တိုက်ထားပေးပါ..

ရေခဲဝတ် အုပ်ပေးထားပေးပါ..
အနာကိုတော့ မစိုစေပါနဲ့....

နောက်ရက် ထွက်လို့ရတာနဲ့ နီးရာ ဆေးခန်းတခုခုမှာ ပြပေးပါ..

07/03/2021

MPT သုံးတဲ့သူများ
*2006 # ကိုခေါ်နှိပ်ပြီး 300point ယူလို့ရ
အရင်ယူပါ
ပြီးရင်👇

*345*5*1*104 # ကို နှိပ်ပြီး
မိနစ် 100 free ရယူပါ
တကယ် ရတာပါနော်

06/03/2021
Crd Dr Nutritionဆေးရုံတွေအကုန်စုထားပေးပါတယ်ထိခိုက်ဒဏ်ရာနှင့်ရောဂါဝေဒနာများအတွက် စမ်းသပ်ခ (အခမဲ့)  ခွဲစိတ်ခ (အခမဲ့) ဖြင့်...
05/03/2021

Crd Dr Nutrition

ဆေးရုံတွေအကုန်စုထားပေးပါတယ်

ထိခိုက်ဒဏ်ရာနှင့်ရောဂါဝေဒနာများအတွက် စမ်းသပ်ခ (အခမဲ့)
ခွဲစိတ်ခ (အခမဲ့) ဖြင့်
အောက်ပါဆေးရုံများတွင်
ကုသပေးနေပါပြီ

အာရှတော်ဝင်ဆေးရုံ
( 7am -9am ,,4:pm-6pm, Monday, Wednesday;Friday)

နှင်းဆီကုန်းဆေးရုံ (နေ့စဉ် ညနေ 5:30)

OSC ဆေးရုံ
(3pm ,Saturday , Sunday )

ပင်လုံဆေးရုံ
(4 pm Tuesday, Saturday,Sunday)

Sakura Hospital - Prof ခင်မောင်မြင့်
Insein Fever Clinic - Dr Saw Phone Ni
(Tuesday , Friday 9:00 AM)

လူနာများမတတ်နိုင်ပါက implant ဖိုး အခမဲ့
( k wire , plate , interlocking nail,DHS )

Crd:KWYT, Prof Mar Mar Kyi

For Free Ride - Sanchaung
09773734645

For medical cover - Sanchaung
095085729

Source- Yangon Protest Updates

မြေနီကုန်းထိခိုက်ဒဏ်ရာရပါကဆရာဝန်များရှိပါတယ် ဆက်သွယ်ရန်....

095085729

လှိုင် Emergency Medical Center
09963636625
Myanmar centre of churches
မာလာကားမှတ်တိုင်၊ KBZ ဘဏ်​​ဘေး ပြည်လမ်း

အလုံ Emergency Medical Center
09965988393
သာဓု ကျောင်းဝင်း
ကြည့်မြင်တိုင်
နတ်စင်လမ်း နဲ့ သာဓု လမ်းထိပ်
ကမ်းနားလမ်းမှ ဝင်ရန်

တာမွေ Emergency Medical Center
09950412663
အမှတ် ၃၇၊ ဦးထွန်မြတ်လမ်းနှင့် ဗညားဒလ လမ်းထောင့်၊ ရတနာမြိုင် ကွန်ဒို

လှည်းတန်း 📞09963636625

ForeverVolunteerGroup 📞09421111019,09254541474

မတော်လို့ ပစ်ခတ်ခံရလျှင် ဆေးကုသ နိုင်မဲ့ နေရာ ပါ
အမှတ်-500 ခါတော်မှီ 1 လမ်း , 6 ရပ်ကွက်
အရှေ့ ဒဂုံ , HCCP ဗိုလ်ဗထူး လမ်း နဲ့ ကျန်စစ်သား လမ်းထောင့်နား 📞09792827355
ဆရာဝန် 100 လောက်ရှိတဲ့အဖွဲ့

*YGH ( ရန်ကုန်ပြည်သူ့ဆေးရုံကြီး) မှာ Emergency နဲ့
Operation Theaters
အဆင်သင့်လုပ်ထားပါတယ်။ 09787846952

* သာကေတ ဝန်းကျင်
Medical Cover လိုရင် ဖုန်းဆက်ပေးပါ
095086538

* သင်္ဃန်းကျွန်းဆေးရုံမှာလည်း
အရေးပေါ်၊ မေ့ဆေး၊ အရိုး၊
ခွဲစိတ်ဆရာဝန် အသင့်ပါတဲ့… လူနာ ပို့ ပေးလို့ ရပါ တယ်။

* သုခကမ္ဘာဆေးရုံ က အခမဲ့ဆေးကုသပေးပါတယ်။
လိပ်စာ-အမှတ်(၆၁၅ - E )၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

မတော်တဆအရေးတကြီးသွေးလိုအပ်လာလျှင်ဆက်သွယ်ပေးပါ
📞 09254211677
📞 09977124348
ကိုဆက်သွယ်ပါ

ဒါလေးကို တချက် save ထားကြပါ။

28/02/2021

ထိခိုက်အနာတရဖြစ်ရင် ဒီ 3 နေရာပြေးကြပါ!

(1) ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနဖွင့်ထားပေးပြီး အင်အားအပြည့်ရှိပါတယ်!
Pls contact 09787846952 ။

(2) Grand Hantha ဆေးရုံ
အမှတ် (၃) နာနတ်တောလမ်းနဲ့ ကြည့်မြင်တိုင်ကမ်းနားလမ်း ကမာရွတ်မြို့နယ်။
ဖုန်း- 01523000, 01523111, 01523222

(3) မည်သူကိုမဆို သုခကမ္ဘာဆေးရုံ က အခမဲ့ဆေးကုသပေးပါတယ်။
လိပ်စာ-အမှတ်(၆၁၅ - E )၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်းဆက်မရလည်း အဲ့နေရာတွေသွားပါ။
အခမဲ့ ကုသပေးပါတယ်။

26/02/2021

ဒါလေးတော့အားလုံးသိဖို့လိုပါတယ်

ထိခိုက်ဒဏ်ရာ နှင့် အရိုးအကြော အဆစ် ရောဂါဝေဒနာများအတွက် စမ်းသပ်ခ (အခမဲ့) ခွဲစိတ်ခ (အခမဲ့) ဖြင့် အောက်ပါဆေးရုံများတွင်ကုသပေးနေပါပြီ

အာရှတော်ဝင်ဆေးရုံ ( 7am -9am ,,4:pm-6pm, Monday, Wednesday;Friday)

နှင်းဆီကုန်းဆေးရုံ (နေ့စဉ် ညနေ 5:30)

OSC ဆေးရုံ (3pm ,Saturday , Sunday )

ပင်လုံဆေးရုံ (4 pm Tuesday, Saturday,Sunday)

Sakura Hospital - Prof ခင်မောင်မြင့်
Insein Fever Clinic - Dr Saw Phone Ni- Tuesday , Friday 9:00 AM

လူနာများမတတ်နိုင်ပါက implant ဖိုး အခမဲ့ ( k wire , plate , interlocking nail,DHS )

Crd:KWYT, Prof Mar Mar Kyi

26/02/2021

ကျေးဇူးပြုပြီး

🙏အစိုးရဆေးရုံများမှာ ပြသနေကြသော ဆီးနှင့်ကျောက်ကပ်ဝေဒနာရှင်များအားအခု CDM အခြေအနေ အရ အဆင်မပြေသူများအတွက် လိုအပ်ပါက
အာရှတော်ဝင် နှင့် ဆာကူရာ ဆေးရုံများတွင် ပါမောက္ခ ဦးသန်းအေး က
စမ်းသပ်ခအခမဲ့ ခွဲစိတ်ရာတွင်လိုအပ်သော ဆေးကိရိယာများ အခမဲ့ဖြင့် ကြည့်ရူကုသပေးနေပါမယ်....

အာရှတော်ဝင် အဂ်ါ, ကြာသာပတေး ၁-၃နာရီ
ဆာကူရာ တနလာ်, ဗုဒ္ဓဟူး, သောကြာ ၁-၃နာရီ

ကြိုတင် ဘွတ်ကင်ယူရပါတယ်-
အစိုးရဆေးရုံမှာပြသနေတဲ့စာအုပ် ယူလာပြရပါတယ်
Crd

11/02/2021

ညမထွက်ရ လုပ်ထားပြီး ညဘက် လူနေတိတ်ချိန် လူထုအိပ် မော ကျေနရင် ဖြစ်စေ တစ်စုံ တစ်ဖွဲ့က လာဖမ်းရင် ဆက်သွယ်လို့ရ အောင်ပါ။ မိမိအိမ်ရဲ့ ပြက္ခဒိန် သို့ အလွယ်မြင်သာတဲ့ နေရာမှာရေးမှတ်ထားပါ။
ကိုယ့်မိသားစုဝင်တွေ ဖမ်းခံရ၊ ခြိမ်းခြောက်ခံရတာရှိရင် ဒီသတင်းဌာနကို ပြောလို့ရပါတယ်။

VOA သတင်းထောက်
မဇာဏီထွဏ်း
09971714701

RFA သတင်းထောက်
မဝေယံမိုးမြင့်
09420115654

BBC သတင်းထောက်
မအိမ့်ခိုင်ဦး
09774400991
09975727849

မတရား အဖမ်းခံရလျှင် - ဆက်သွယ်ရန်

၁။ညွန့်အုန်းICRC
၀၉၅၀၆၅၁၉၅
(သို့မဟုတ်)

၂။စိုင်းကွန်ခမ်းICRC
၀၉၂၅၄၁၇၉၆၂၃

၃။ UN Special Envoy ရုံးမှ
ဆရာမမီချီကို(မြန်မာလိုကောင်းစွာပြောနိုင်)သူ
၀၉၇၈၆၄၆၅၄၀၅

တစုံတဦးအဖမ်းခံရလျှင် - ပထမအပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့(ICRC)ကိုမိသားစုဝင်တဦးမှဦးစွာ hotline 09891754512 ကို ဆက်နိုင်ပါသည်။
သူတို့ဖိုင်တွဲပြီးသည်နှင်စစ်တပ်ကိုတိုက်ရိုက်ဖမ်းခံရသူကိုပြန်ထုတ်ပေးရန် ကုလသမဂ်ဂအထူးကိုယ်စားလှယ် UN Special Envoy ရုံးမှ ဆရာမမီချီကို(မြန်မာလိုကောင်းစွာပြောနိုင်)သူ ၀၉၇၈၆၄၆၅၄၀၅ထံဆက်ပါသူတို့ဆက်လုပ်သွားပါလိမ့်မည်။

Crd ကော်ပီကူး ဖြန့်ဝေပါ

06/10/2020
Do's & Don'ts
05/10/2020

Do's & Don'ts

Address

Yangon

Telephone

+959767016364

Website

Alerts

Be the first to know and let us send you an email when Dolly Myanmar - Online Variety Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dolly Myanmar - Online Variety Store:

Share