Thitsar - Digital Weighing Scale

Thitsar - Digital Weighing Scale Customer Satisfaction is always first.
ဝယ်ယူသူစိတ်ကျေနပ်မှုရစေခြင်းကသာအမြဲပထမ High precision and accuracy
2. Low price (cheaper than others)
3.

ရွှေချိန်စက်၊
ကျောက်မျက်ရတနာချိန်စက်၊
ဂရမ်ချိန်စက်၊
စတိုးဆိုင်သုံး တွက်စက်ပါ နှစ်ဘက်မြင်ချိန်စက်၊
အိမ်သုံး၊ မီးဖိုချောင်သုံး၊
မုန့်ဖုတ်ရာသုံး၊
စားသောက်ဆိုင်သုံး၊
ပွဲရုံ၊ အလုပ်ရုံသုံးကတ္တားများ၊
စက်ရုံသုံးကတ္တားများ
ရေထွက်ကုန်ချိန် (ရေစိုခံ) ကတ္တားများ
အကြမ်းခံကတ္တားများ
စပါးဒိုင်၊ ကုန်စည်ဒိုင်၊ ငါးဒိုင်သုံး
သံကတ္တား၊ စတီးကတ္တား၊ ရေစိုခံကတ္တား မျိုးစုံ စိတ်ကြိုက်ဝယ်ယူနိုင်ပါတယ်။

အိမ်အရောက်ပစ

္စည်းရငွေချေ ပို့ဆောင်ပေးပါတယ်

Dear Valuable Customers, we guarantee that our scales have
1. Turbo Fast Delivery
4. Reliable Services

You can get several types of Weighing Scales on this stores. Gold & Jewelry Scales
Gram Weighing Scales
Kitchen Scales
Portable Home Use Scales
Table Scales
Business Scales
Factory Scales
Etc.,.....

Contact
095194931
www.thissar.com

မြန်မာ့မီးရထားသမိုင်းအစ ရန်ကုန်ဘူတာကြီးရန်ကုန်မြို့လယ်၊ မင်္ဂလာတောင်ညွန်းမြို့နယ်တွင်တည်ရှိသည့် ရန်ကုန်ဘူတာကြီးသည် မြန်မ...
14/03/2024

မြန်မာ့မီးရထားသမိုင်းအစ ရန်ကုန်ဘူတာကြီး

ရန်ကုန်မြို့လယ်၊ မင်္ဂလာတောင်ညွန်းမြို့နယ်တွင်တည်ရှိသည့် ရန်ကုန်ဘူတာကြီးသည် မြန်မာနိုင်ငံတစ်ဝန်း ၃၁၂၆ မိုင် ဖြန့်ကြက်ထားသည့် မီးရထားကွန်ရက်၏ ဗဟိုမဏ္ဍိုင်နေရာဖြစ်သည်။

မြန်မာနိုင်ငံ၏အဓိကအဝေးပြေးရထားလမ်းမကြီးသုံးခုဖြစ်သည့် ရန်ကုန်- မန္တလေး၊ရန်ကုန်-ပြည်နှင့်ရန်ကုန်-မော်လမြိုင်မီးရထားလမ်းတို့သည် ရန်ကုန်ဘူတာကြီးမှ စတင်ကာမြန်မာနိုင်ငံ အထက်နှင့် အောက်သို့ ဖြာထွက်သွားသည်။

ရန်ကုန် မန္တလေးလမ်းမှ မြစ်ကြီးနားနှင့်လားရှိုးအထိ၊ ရန်ကုန် မော်လမြိုင်လမ်းမှ ထားဝယ်အထိနှင့်ရန်ကုန် ပြည်လမ်းမှ ပုဂံ အထိ မီးရထားဖြင့် တစ်ဆက်တည်းသွားရောက်နိုင်သည်။

မီးရထားအစ
သံလမ်းပေါ်တွင်မောင်းနှင်သော စက်ခေါင်းတစ်ခုက တွဲများကိုဆွဲယူကာ လူနှင့်ပစ္စည်းများကိုသယ်ယူပို့ဆောင် သည့် မီးရထားပို့ဆောင်ရေး စနစ်သည် အင်္ဂလန်နိုင်ငံရှိ ကျောက်မီးသွေးတွင်းများမှ အစပြုခဲ့သည်။

မီးရထားစက်ခေါင်းကို မတီထွင်မီက ကျောက်မီးသွေးတွင်းမှ ကျောက်မီးသွေးများကို လှည်းများဖြင့် တင်ဆောင် ကာ ပျဉ်ပြားအထူများခင်းထားသည့်လမ်းများအတိုင်း မြင်း များဖြင့် ဆွဲယူခဲ့ကြရသည်။

သစ်သားပြားများကို ရွံ့ဗွက်များ အပေါ်သို့မြှင့်ထားပြီး မြင်းရထားဘီးများချော်မသွားစေရန် ပျဉ်ပြားများ ၏ အပြင် နှုတ်ခမ်းတွင် အနားများတပ်ဆင်ထားသည်။

ယင်းတို့သည် မီးရထားလမ်းများ၏ ရှေ့ပြေးဖြစ်ပြီး ၁၈၀၄ ခုနှစ်တွင် ရစ်ချတ်ထရီ ဗီသစ်က ပထမဆုံး ရထား စက်ခေါင်းကိုတီထွင်ခဲ့သော်လည်း လက်တွေ့တွင်အသုံးမပြုနိုင်ခဲ့သဖြင့် ဆက်လက် တီထွင်သူများက မီးရထား စက်ခေါင်းကို ကောင်းသည် ထက်ကောင်းရန် ကြိုးပမ်းခဲ့ကြသည်။

၁၈၂၅ ခုနှစ်တွင် ဂျော့စတီဖင်ဆန် (၁၇၈၁-၁၈၄၈) တီထွင်သည့် ရေနွေးငွေ့သုံးစက်ခေါင်းသည် ရထားလမ်းပေါ် တွင် ကောင်းစွာမောင်းနှင်နိုင်ခဲ့သည်။

စတော့တန်နှင့်ဒါလင်တန်သွားသည့် ရထားလမ်းဖွင့်ပွဲတွင် ကမ္ဘာပေါ်တွင်ပထမဆုံးသော လူစီးနှင့်ကုန်တင် မီးရထားကို ဂျော့စတီဖင်ဆန် တီထွင်ထားသည့် ရေနွေးငွေ့ စွမ်းအင်သုံး စက်ခေါင်းဖြင့်မောင်းနှင်ခဲ့သည်။

ယင်း စက်ခေါင်း ကို စက်ခေါင်း အမှတ်(၁) ဟု အမည်ပေးခဲ့ရာ အလွန်ကောင်းမွန်ပြီး အဓိပ္ပယ်ရှိသော အမည် ဖြစ်ခဲ့သည်။

မီးရထားပေါ်ပေါက်လာသည်နှင့် မီးရထားသယ်ယူပို့ဆောင်ရေးနှင့်ဆက်စပ်နေသည့် ဘူတာရုံများသည် မီးရထားလမ်း တစ်လျောက်၌ပေါ်ထွန်းလာခဲ့သည်။

ပထမဆုံး မြန်မာ့ မီးရထားလမ်း
ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲအပြီး ၁၈၅၂ ခုနှစ်တွင် အင်္ဂလိပ်တို့သည် အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့သည်။

ဗြိတိသျှ တို့ သည် ကုန်သွယ်မှုဖွံ့ဖြိုးလာသည့် အောက်မြန်မာပြည်တွင် မီးရထားလမ်းတစ်ခုဖောက်လုပ်ရန် စီစဉ်ခဲ့ပြီး ထိုအချိန်က အောက်မြန်မာ နိုင်ငံ၏ ဝန်ရှင်မင်းကြီး ဆာအက်ရှလီအီဒင်သည် မီးရထားလမ်းဖောက် လုပ်နိုင်ရေးကို အထူးကြိုးပမ်းခဲ့သည်။

ရန်ကုန်မြို့မှ အနောက် မြောက်ယွန်းယွန်း ၁၇၄ မိုင်ကွာဝေးသည့် ပြည်မြို့သို့ ၁၆၁ မိုင်ရှည်လျားသည့် မီးရထား လမ်းဖောက်လုပ်ရန် ၁၈၆၉ ခုနှစ်တွင်ခွင့်ပြု ချက်ရရှိခဲ့သည်။

မီးရထားလမ်းဖောက်လုပ်ရန် တိုင်းထွာ တွက်ချက်မှုများပြုခဲ့ပြီးသံလမ်းအကျယ် ၃၉ ဒသမ ၃၇ လက်မ၊သံလမ်း နှစ်ခုအကြား အကွာအဝေး ၃ ပေ၊ ၃ ဒသမ ၃၇၅ လက်မ ထားရှိရန် ဆုံးဖြတ်ခဲ့ပြီး သံလမ်းများကို ကရာချိမှ မြန်မာနိုင်ငံသို့သယ်ယူခဲ့သည်။

မြန်မာ နိုင်ငံ၏ ပထမဆုံးမီးရထားလမ်းဖြစ်သည့် ရန်ကုန် ပြည်ရထားလမ်းကို ၁၈၇၆ ခုနှစ်တွင် ဖောက်လုပ်ခဲ့ပြီး ရထားလမ်း တစ်မိုင် အတွက် ငွေကျပ် ၇၃၀၀၀ ကုန်ကျခဲ့သည်။

ယင်းရထားလမ်းအား ရန်ကုန် ဧရာဝတီ မြစ်ဝှမ်းမီးရထားလမ်း (Rangoon Irrawaddy Valley State Railway) ဟု ခေါ်ဆိုခဲ့သည်။

၁၈၇၇ ခုနှစ်၊ မေလ ၁ ရက်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး မီးရထားသည် ရန်ကုန်ဘူတာမှ ပြည်မြို့သို့ထွက်ခွာခဲ့ သည်။

သို့သော်ထို မီးရထားသည် ပြည်မြို့အထိ မသွားဘဲ ရန်ကုန်ဘူတာမှ ကိုးမိုင်ကွာဝေးသည့် အင်းစိန်ဘူတာအထိ သာ ခုတ်မောင်းခဲ့သည်။

လမ်းတွင်ကြည့်မြင်တိုင်ဘူတာနှင့်သမိုင်းဘူတာများတွင်ရပ်နားပြီး အင်းစိန်ဘူတာမှ ရန်ကုန်သို့ ပြန်လည်မောင်း နှင်ခဲ့သည်။

မြန်မာနိုင်ငံတွင် ပထမဆုံး ပြေးဆွဲခဲ့သည့် ရထားစက်ခေါင်းသည် ပေါင်ချိန် ၃၈၅၇ ဆွဲအားရှိသည့် ၁၈ တန် အင်ဂျင် ဖြစ်ပြီး ရိုးရိုးတွဲ ၁၂ တွဲ နှင့် သီးသန့်တွဲ တစ်တွဲ ပါရှိခဲ့သည်။

ရန်ကုန်ဘူတာမှ နံနက်ခြောက်နာရီ ရထားစတင်ထွက်ခွာခဲ့ရာ ပေထုပ်များ ပစ်ဖောက်၍ ဂုဏ်ပြုခဲ့ကြသည်။

ထိုစဉ်က ရန်ကုန်နှင့်ပြည် အကြားတွင် ဘူတာရုံ ၁၈ ခု ဆောက်လုပ်ခဲ့ရာ ရန်ကုန်နှင့် ပြည်ဘူတာသည် အဓိက ဘူတာ များဖြစ်ခဲ့သည်။

အင်္ဂလန်နိုင်ငံရှိ မီးရထားဘူတာများပုံစံကိုယူ၍ တည်ဆောက်ထားသည့် ကြည့်မြင်တိုင်ဘူတာနှင့် အင်းစိန်ဘူတာ သည် ယနေ့တိုင် မူလလက်ရာအတိုင်းရှိနေသဖြင့် ရန်ကုန်မြို့ပတ်ရထားများတွင်လိုက်ပါစီးနင်းကြသည့် ပြည်ပ ခရီးသွားအချို့သည် ကြည့်မြင်တိုင်ဘူတာနှင့် အင်းစိန်ဘူတာသို့ ရောက်ရှိလျှင်ဓာတ်ပုံများရိုက်ကူး လေ့ရှိကြ သည်။

ရန်ကုန်ပြည် မီးရထားလမ်းဖွင့်ပွဲ အခမ်းအနားသို့ အောက်မြန်မာပြည် ဝန်ရှင်တော်မင်းကြီး ဆာအေရေဗားသွန် မဆင်တက် ရောက်ခဲ့ပြီး ရထားပေါ်တွင်လိုက်ပါစီးနင်းခဲ့သည်။

ဧည့်သည်တော်များနှင့် အရာရှိ ၊အရာခံ လူကြီးလူကောင်းများလည်း လိုက်ပါ ခဲ့ကြ ပြီး ရန်ကုန်မြို့သူ မြို့သားများ သည် မီးရထားကို ပထမဆုံးအကြိမ်မြင်တွေ့ကြရသဖြင့် အံ့သြခဲ့ကြရသည်ဟု ဆိုသည်။

မြန်မာ့မီးရထား၏ အစောပိုင်းကာလများတွင် တစ်လမ်းသွားရထားလမ်း ၈၈၆ မိုင်နှင့် နှစ်လမ်းသွား၁၃၉ မိုင် ဖောက်လုပ် ခဲသည်။

နှစ်လမ်းသွားရထားလမ်းဖောက်လုပ်ထားသည့် နေရာများတွင် ရထားများသည် တစ်ချိန်တည်း အစုန်အဆန် မောင်းနှင် နိုင် သဖြင့် ပိုမို ခရီးတွင်ခဲ့သည်။

ဆယ်စုနှစ် တစ်ခုအတွင်းရထားလမ်းကွန်ရက်ကို နှစ်ဆ တိုးခဲ့ခဲ့ကာ တစ်လမ်းသွား ရထားလမ်း ၁၅၂၉ မိုင်နှင့် အစုန် အဆန် ဒွေးလမ်း၃၂၉ မိုင်အထိ ဖောက်လုပ်ခဲ့သည်။

ရန်ကုန်ဘူတာကြီး
၁၈၇၆ ခုနှစ်တွင် တည်ဆောက်ခဲ့သော ရန်ကုန်ဘူတာကြီးကို ဖျက်သိမ်းပြီး အသစ် ပြန်လည် တည်ဆောက်ရန် ၁၈၁၀ ပြည့်နှစ်တွင် စီစဉ်ခဲ့ကာ အိန္ဒိယနိုင်ငံ၊ဘုံဘေမြို့ရှိ အစိုးရ ဗိသုကာ အကြံပေးဟောင်း မစ္စတာဝီလ်ကော့ အား တည်ဆောက်မည့် ပုံစံ ရေးဆွဲရန် တာဝန်ပေးခဲ့သည်။

မစ္စတာဝီလ်ကော့က ရန်ကုန်ဘူတာကြီး စီမံကိန်းဧရိယာစတုရန်းပေ ၁၀၀၀၀၀ အနက် ဘူတာကြီး ပင်မ အဆောက်အအုံအတွက် စတုရန်းပေ ၆၀၄၀၀ နှင့်ကျန်အဆောက်အဦများနှင့်ရထားလမ်းများအတွက် ၅၈၄၀၀ စတုရန်းပေ ကျယ်ဝန်းသည့် ပုံစံကိုရေးဆွဲ ပေးခဲ့သည်။

ရန်ကုန်ဘူတာကြီးဆောက်လုပ်ရာတွင် ပေ ၁၀၀၀ ရှည်၍ ငါးပေကျယ်သည့် စင်္ကြ ံများနှင့် ပေ ၂၅၀စီ ရှည် သောကုန်လှောင်ရုံများကိုထည့်သွင်းထားပြီးထိုခေတ် ရန်ကုန်ဘူတာကြီး၏ပုံစံသည် ကိုလိုနီ ခေတ်လက်ရာ ဝိတိုရိယ အဆောက်အအုံဒီဇိုင်းဖြစ်ခဲ့သည်။

ဘူတာကြီး၏ မျက်နှာစာတွင် မော်တော်ကား၊မြင်းလှည်း၊လံချားနှင့်လက်တွန်းလှည်းများရပ်နားရန်နေရာနှင့် ကုန်ပစ္စည်းများ သယ်ယူရန်နေရာများပြုလုပ်ခဲ့သည်။ထိုစဉ်က မီးရထားများသည် ပထမတန်း၊ဒုတိယတန်း နှင့်တတိယတန်းဟု သတ်မှတ်ထားရာ အတန်း လိုက်စီးနင်းလိုက်ပါကြမည့် ခရီးသည်များအတွက် နေရာများ ပြုလုပ်ပေးထားသည်။

တတိယတန်းတွင်စီးနင်းမည့် ခရီးသည်များစောင့်ဆိုင်းသည့်နေရာသည် အရှည် ပေ ၇၀၀ ၊အကျယ် ပေ ၄၀ ရှိသည်။

ပထမတန်းနှင့်ဒုတိယတန်းတွင်စီးနင်းမည့် ခရီးသွားများစောင့်ဆိုင်းရမည့်နေရာသည် အရှည် ပေ ၁၅၀ ၊အကျယ် ပေ ၄၀ ကျယ်ဝန်းပြီး ပထမတန်း နှင့်ဒုတိယတန်း ကြိုတင် လက်မှတ် အရောင်းဌာနကိုပါ ပူးတွဲဖွင့်လှစ်ခဲ့သည်။

တတိယတန်းကြိုတင်လက်မှတ်ရုံကို ဘူတာကြီး ပင်မအဆောက်အအုံတွင် ထားရှိပြီး အတန်းစုံ လက်မှတ် အရောင်းဌာနသည် မောင်ဂိုမာရီလမ်း(ဗိုလ်ချုပ်အောင်ဆန်းလမ်း) ခုံးတံတား အဝင်အဝတွင်ရှိခဲ့ သည်။

ဘူတာကြီး ခုံးကျော်တံတားတွင် လမ်းသုံးလမ်း ပါဝင်ခဲ့ကာ ၁၁ ပေကျယ်ဝန်းသည့် အလယ်လမ်းသည် ဘူတာရုံ မှ ထွက်ရန် ဖြစ်ပြီး ခုနစ်ပေ ကျယ်သော ဘေးဝဲယာ လမ်းနှစ်ခုသည် ဘူတာ စင်္ကြံအသီးသီးသို့သွားရန်ဖြစ်သည်။

ထိုစဉ်က မီးရထားဘူတာရုံများကို အေ၊ဘီ၊စီ အဆင့်များခွဲထားရာ မြို့ကြီးများနှင့် လမ်းဆုံ လမ်းခွဲရှိ ဘူတာများ ကို အေ အဆင့် သတ်မှတ်သည်။

မြို့ငယ်များရှိ ဘူတာများကိုမူ ဘီ အဆင့် သတ်မှတ်၍ မြို့ကြီးများအကြား ရထားလမ်းတစ်လျောက်ရှိ ကျေး ရွာ များရှိ ဘူတာများကို စီ အဆင့်သတ်မှတ်သည်။

အေ အဆင့် မီးရထားဘူတာများတွင် အင်္ဂလိပ်နှင့် အင်္ဂလိပ်ကပြားများကို ရုံပိုင်များ အဖြစ်ခန့်ထားပြီး အိန္ဒိယ လူမျိုးများကို ဘီအဆင့် ရုံပိုင်နေရာများ၊ မြန်မာလူမျိုးများကို စီ အဆင့် ဘူတာများတွင် ရုံပိုင်များ အဖြစ် ခန့်ထားခဲ့သည်။

တိုင်းတစ်ပါး၏ အုပ်ချုပ်မှုအောက်တွင်နေခဲ့ရချိန်ဝယ် တိုင်းရင်းသားမြန်မာတို့ အနှိမ်ခံရခြင်း၏ သရုပ်တစ်ခုဟု ဆိုနိုင်ပေသည်။

ရန်ကုန်ဘူတာရုံကြီးကို ၁၉၁၁ ခုနှစ် ဧပြီလ ၄ ရက်တွင် အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့ရာ လူ၁၀၀၀ ကျော်တက် ရောက်ခဲ့ ပြီး ဒုတိယဘုရင်ခံချုပ် ဆာဟင်နရီအဒမ်ဆင်က ဖွင့်လှစ်ပေးခဲ့သည်။

ဘူတာရုံတည်ဆောက်စရိတ်သည် ၃၂၄၂၀၀၀ ကျပ် ဖြစ်ပြီး တတိယတန်းခရီးသည်များ စောင့်ဆိုင်းရသည့် အဆောက်အအုံကို ကျပ် ငါးသိန်း အကုန်အကျခံ၍ ဆောက် လုပ်ခဲ့ကြောင်း မီးရထားကုမ္ပဏီ၏ ခေတ္တ ကိုယ်စားလှယ် မစ္စတာကို့ချမင်းက တင်ပြခဲ့သည်။
ဘူ
တာကြီး၏ တောင်ဘက်တွင် ဘူတာကြီးကို ပုံစံရေးဆွဲခဲ့သူ ဗိသုကာ ပညာရှင် မစ္စတာဝီကော့ကို ဂုဏ်ပြုသော အားဖြင့် နာရီစင်တစ်ခုတည်ဆောက်ခဲ့ပြီးဘူတာကြီးဝင်း၏ အနောက်ဘက်တွင် မီးရထားဟိုတယ်တစ်ခုကို ဖွင့်လှစ်ခဲ့သည်။

မီးရထား ဟိုတယ်ကို ရထားစီးခရီးသည်များနားခိုနိုင်ရန် တစ်ယောက်ခန်း ၁၀ ခန်းနှင့်နှစ်ယောက်ခန်း ငါးခန်း ဖွဲ့စည်းထားသည်။

တစ်ဆက်တည်းမှာပင် မီးရထားလုပ်ငန်းများစီမံခန့်ခွဲနိုင်ရန် မီးရထားရုံးချုပ် အဆောက်အဦကို ယခု ဗိုလ်ချုပ် အောင်ဆန်းလမ်းနှင့်ဆူးလေဘုရားလမ်းထောင့်တွင် ၁၈၇၇ ခုနှစ်တွင် တည်ဆောက်ခဲ့ကြောင်း ရန်ကုန်မြို့ရှိ ရှေးဟောင်းအဆောက်အအုံ ၃၀ စာအုပ်တွင်ဖော်ပြထားသည်။

မီးရထားရုံးချုပ် အဆောက်အအုံ ဒီဇိုင်းဆွဲခဲ့သူ ဗိသုကာ အမည်ကိုကား မှတ်တမ်းမတွေ့ရှိသေးချေ။

ရန်ကုန်ဘူတာကြီးသည် ဒုတိယ ကမ္ဘာစစ်အတွင်း ဗုံးဒဏ်များကြောင့် များစွာပျက်စီးခဲ့သည်။
ရန်ကုန်ဘူတာကြီးအပြင် တစ် ပြည်လုံးအတိုင်းအတာအရ စက်ခေါင်း ၃၂၀ မှ ၃၅၄ ခေါင်း၊ရထားတွဲပေါင်း ၇၀၀၀ ကျော်သည် စစ်ဘေးစစ်ဒဏ်ကြောင့် ပျက်စီးခဲ့၍ မီးရထားသံလမ်းတံတား ၅၀၀ ကျော်နှင့် မီးရထားရုံး ချုပ်ကြီးသည်လည်း ဗုံးဒဏ်သင့်ခဲ့သည်။

၁၉၄၃ ခုနှစ်တွင် အင်္ဂလိပ်များမြန်မာနိုင်ငံသို့ပြန်လည်ဝင်ရောက်လာခဲ့ချိန်တွင် ရန်ကုန်ဘူတာကြီးကို အသစ်ပြန် လည်တည် ဆောက်ခဲ့သည်။

ယင်းအဆောက်အဦသည် ယနေ့မြင်တွေ့နေရသည့် ရန်ကုန်ဘူတာကြီးဖြစ်ပြီး မြန်မာအင်ဂျင်နီယာ ဦးလှသွင် က ဒီဇိုင်းဆွဲ ပုံစံထုတ်ခဲ့သည်။

ဦးလှသွင်၏ ဒီဇိုင်းကို မီးရထား အုပ်ချုပ်ရေးအဖွဲ့က ၁၉၄၆ ခုနှစ် အတည်ပြုခဲ့ပြီး မေလ ၂ ရက်တွင် ပန္နက် တင် ခဲ့သည်။
ရန်ကုန်ဘူတာကြီး တည်ဆောက်ရေးလုပ်ငန်းကို ၁၉၄၇ ခုနှစ် ဇန်နဝါရီလတွင်စတင်ခဲ့ပြီး ထုထည်ကြီးမား၍ စုလစ်မွန်းချွန် တို့ဖြင့် လှပတင့်တယ်သည့် ရန်ကုန်ဘူတာကြီးကို မြန်မာအင်ဂျင်နီယာ ဦးတင်က တာဝန်ယူ ဆောက်လုပ်ခဲ့သည်။

ရန်ကုန်ဘူတာ ကြီး ဆောက်လုပ်ရေးလုပ်ငန်းတွင် အေစီမာတင် ကုမ္ပဏီ၊ကလပ်အင်ဂရိတ်ကုမ္ပဏီ၊ ဦးလင်း ကုမ္ပဏီ၊ဦးမြသန်းနှင့် မစ္စတာချောင်ဒရီ တို့အား လုပ်ငန်းကန်ထရိုက်များ ခွဲဝေပေးခဲ့သည်။

ရန်ကုန်ဘူတာကြီး၏ ဒီဇိုင်းပုံစံသည်မြန်မာမှု ဗိသုကာ လက်ရာများဖြင့် ခံ့ညားထယ်ဝါကာ အကျယ်အဝန်း စတုရန်း ၅၀၀၀ မီတာရှိသည်။

ရန်ကုန်ဘူတာကြီး တည်ဆောက်စရိတ် ၄၇၄၆၁၈၇ ကျပ် ကုန်ကျခဲ့ပြီး ၁၉၅၄ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ထိုစဉ်က နိုင်ငံတော် ဝန်ကြီးချုပ် ဦးနုက ဖွင့်လှစ်ပေးခဲ့ပြီး သင်္ကန်းကျွန်းဘူတာအထိ အထူးရထား မောင်းနှင်ခဲ့ သည်။

ထိုစဉ်က ရန်ကုန်ဘူတာကြီးအပါအဝင် မီးရထားဘူတာရုံများ၏သန့်ရှင်းသပ်ရပ်မှု၊ရထားဝင်ချိန် ထွက်ချိန် တိကျမှု၊ ရထား စောင့်ပြည်သူများအတွက် တန်းလျားများအပါအဝင် နေရာထိုင်ခင်းစီစဉ်ပေးမှု၊ ရထားများ စီးရာတွင်သက်တောင့်သက်သာရှိမှုများ ကြောင့် မြန်မာနိုင်ငံ၏ မီးရထားလုပ်ငန်းသည် များစွာအောင်မြင်ခဲ့ပြီး ပြည်သူများ အားထားကြသည့် ပို့ဆောင်ရေး လုပ်ငန်းအဖြစ် ထင်ရှားခဲ့သည်။

ရန်ကုန်မြို့ပတ်မီးရထား
ရန်ကုန်မြို့နှင့် ဆင်ခြေဖုံးဒေသများရှိ ပြည်သူများသွားလာရာတွင် လွယ်ကူစေရန်ရန်ကုန်မြို့ပတ်ရထားလမ်းအား အိမ် စောင့် အစိုးရလက်ထက် ၁၉၅၉ ခုနှစ်တွင် ဖောက်လုပ်ခဲ့သည်။

ယခုအခါတွင် မြို့ပတ်ရထားများသည် ရန်ကုန်ဘူတာကြီးကို အခြေပြု လျက် ရထားအစင်းရေ ၂၀၀ ၊ အဆိုင်း ၃၀ ဖြင့်လက်ဝဲရစ်၊လက်ယာရစ် အသွားအပြန်နေ့စဉ်ပြေးဆွဲလျက်ရှိရာ မြို့ပတ်ရထားလမ်း တစ်လျောက် ဘူတာ ၃၈ ဘူတာရှိသည်။ မြို့ပတ်ရထားလမ်းပေါ်တွင် မရှိသည့် လှော်ကား၊သန်လျင်နှင့် ရွာသာကြီး တို့သို့လည်း ရန်ကုန်ဘူတာကြီးမှ ရထားများပြေးဆွဲပေးလျက်ရှိသည်။

လွန်ခဲ့သောနှစ် ၁၄၀ ကျော်မှ စတင်၍ မီးရထားများပြေးဆွဲခဲ့သည့် ရန်ကုန်ဘူတာကြီးကို ယခင်က မီးရထားရုံ တော်ဟု လည်းကောင်း ဖယ်ရာလမ်း(ယခုပန်းဆိုးလမ်း)ထိပ်တွင်ရှိသဖြင့် ဖယ်ရာစခန်းဟုလည်းကောင်း ခေါ်ဆိုခဲ့သည်။

ဘူတာအနီး တွင်ကွမ်းခြံများရှိခဲ့သဖြင့် ကွမ်းခြံဘူတာဟုလည်း ခေါ်ဝေါ်သည်။

မူလက ရန်ကုန်ဘူတာကြီးအဆောက်အအုံသည် မီးရထား သံလမ်းများ၏ မြောက်ဘက်ခြမ်း၊ (ယခုရှိနေသည့် နေရာ)တွင် မတည်ရှိခဲ့ဘဲ သံလမ်းများ၏တောင်ဘက်ခြမ်း (ယခု ဗိုလ်ချုပ် အောင်ဆန်လမ်းဘက်) တွင်သွပ်မိုး သစ်သား အဆောက်အဦ တစ်ခုအဖြစ် တည်ရှိခဲ့သည်။

ရန်ကုန်ဘူတာကြီးသည် မြန်မာနိုင်ငံရှိ မီးရထားဘူတာရုံများအနက် အကြီးဆုံးဖြစ်ပြီး မြန်မာနိုင်ငံတစ်လွှား ပို့ဆောင်ရေး လုပ်ငန်းများဆောင်ရွက်နေသည့် မီးရထားကွန်ရက် အခြေတည်သည့်နေရာဖြစ်သည်။

မြန်မာနိုင်ငံ ဒေသ အသီးသီးသို့ မီးရထားဖြင့် သွားရောက်နိုင်သည့် ပင်မဘူတာရုံကြီးလည်းဖြစ်ပေသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ရန်ကုန်ဘူတာကြီးအား ရှေးဟောင်းအမွေအနှစ် အဆောက် အအုံတစ်ခု အဖြစ် ၂၀၀၁ ခုနှစ်တွင် သတ်မှတ်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှစ၍ ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးတိုး တက်ရေးစီမံကိန်းများကို ဆောင်ရွက်ခဲ့သည်။

ရန်ကုန်မြို့သမိုင်းနှင့် ဆက်စပ်လျက် လွန်ခဲ့သော နှစ် ၁၀၀ ကျော်က တည်ဆောက်ခဲ့သည့် ဘူတာရုံကြီးနှင့် လွန်ခဲ့သည့် ၁၄၆ နှစ်က ဖောက်လုပ်ခဲ့သည့် မီးရထားလမ်းများသည် ရန်ကုန်မြို့၏ မြို့ပြအမွေအနှစ်များအဖြစ် ယနေ့တိုင် ကျန်ရှိ အသုံးပြုလျက်ရှိနေပေသည်။

ကိုးကား
မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)(၅)(၉)
မြန်မာ့မီးရထား နှစ် ၁၀၀ ပြည့်စာစောင်
မြန်မာ့မီးရထားနှစ်တစ်ရာသမိုင်း(မြင့်ဆွေ)

✍️𝕮𝖗𝖉_𝕿𝖔_𝕺𝖜𝖓𝖊𝖗_
✍️ မောင်သာ(ရှေးဟောင်းသုတေသန)
(ရတနာပုံသတင်းစာ(၁၁ ၊ ၁ ၊ ၂၀၂၃)

✨လေ့လာသူ မမြင်ဖူးသူတို့ သိမ်းထားနိုင်ရန်၊
မူရင်းရေးသူကိုခရက်ဒစ်ပေးပြီး၊ မေတ္တာဖြင့် တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်...😇
All rights and credits go to rightful owner.

🚢 သင်္ဘောသားများ⚓️ပင်လယ်ပြင်ရေကြောင်းခရီးမှာ အလုပ်လုပ်ကိုင်နေသူများ 🛳️Oversea အလုပ်လုပ်ကိုင်နေသူများ အားလုံးအတွက် Satell...
13/03/2024

🚢 သင်္ဘောသားများ
⚓️ပင်လယ်ပြင်ရေကြောင်းခရီးမှာ အလုပ်လုပ်ကိုင်နေသူများ
🛳️Oversea အလုပ်လုပ်ကိုင်နေသူများ အားလုံးအတွက် Satellite Phone Billing 🛰️ 📲 ဝန်ဆောင်မှုကိုလည်း သစ္စာကတ္တားဆိုင်မှ တာဝန်ယူ ဆောင်ရွက်ပေးလျှက်ရှိပါတယ်ခင်ဗျ

🏷️ 1 Unit = 4500 kyats

🔴ငွေကြိုချေရပါတယ်ခင်ဗျာ‼️

Phone, Viber, WhatsApp, Telegram, Email ကြိုက်ရာကနေ ဆက်သွယ်နိုင်ပါတယ်ခင်ဗျ 🙏🙏🙏

📞095194931
[email protected]

🔺ကားဈေး သိန်း-400နဲ့ဝယ်ထားသူက သိန်း 1200 ဖြစ်နေတဲ့အချိန်မှာ အရင်ဝယ်ခဲ့တဲ့ သိန်း 400-နဲ့ပြန်ရောင်းမလား🔺ရွှေ-25သိန်းဈေးနဲ ...
13/03/2024

🔺ကားဈေး သိန်း-400နဲ့ဝယ်ထားသူက သိန်း 1200 ဖြစ်နေတဲ့အချိန်မှာ အရင်ဝယ်ခဲ့တဲ့ သိန်း 400-နဲ့ပြန်ရောင်းမလား

🔺ရွှေ-25သိန်းဈေးနဲ ဝယ်ထားသူက ရွှေဈေး သိန်း-35 ဖြစ်ချိန်မှာ 25-သိန်းဈေးနဲ့ပြန်ရောင်းမလား

🔺ရွှေဈေးတက်လို့ဆိုပြီးပျော်မနေနဲ့ အရင်က ရွှေတစ်ကျပ်သား ဆိုင်ကယ်တစ်စီးဆို အခုလည်း ရွှေတစ်ကျပ်သား ဆိုင်ကယ် တစ်စီးပဲ

🔺ဒီခေတ်ဒီခါထဲမှာ ကုန်စျေးနှုန်းသည် အဖက်ဖက်က တက်ပါတယ်

🔺အဓိကဆိုလိုချင်ဝာာကဈေးတက်တာမဟုတ်ပါဘူး

🔺ငွေကြေးတန်ဖိုးကျတာပါ
🔺ငွေကြေးတန်ဖိုးကကျပြီး ပစ္စည်းတန်ဖိုးတွေက တက်တာပါ၊

🔺အချိုရည်တစ်ဗူး-၇၀၀ နဲ့ ဗူး-၁၀၀ ဝယ်ထားတယ်စုစုပေါင်းငွေ ရင်းငွေ ၇သောင်း
၈၀၀-ရောင်းတယ်၊ ပြန်ရငွေ ၈သောင်း ၊ တစ်သောင်းမြတ်တယ်မလား၊

ဟုတ်ပါတယ် ...

🔺ပစ္စည်းတန်ဖိုး မတက်မချင်း မြတ်ပါတယ်၊

🔺အဲ့အချိုရည်ပဲ ကိုယ်ပြန်ဝယ်တော့ တစ်ဗူး ၉၀၀ ၊ ကိုယ်ရင်းထားတဲ့ ငွေ ၇-သောင်း နဲ့ မြတ်ငွေ ၁-သောင်း ပေါင်း ငွေ ၈သောင်း နဲ့ ဗူး -၁၀၀ မရတော့ပါဘူး

🔺ဒါတောင်သယ်ယူစရိတ် ရေခဲသေတ္တာမောင်းတဲ့ မီတာခပါ ရှုံးပါတယ်။

🔺အဲ့ဒီအတိုင်းဆက်လည်ပတ်နေရင် ပြန်မရင်းနိုင်တော့ပဲ ဆိုင်ပြုတ်သွားပါလိမ့်မယ်။

🔺လူအများနားလည်သင့်တာက အရောင်းအဝယ်သမားတစ်ယောက်မှာ ဈေးတက်တယ်ဆိုတာ ပစ္စည်းတန်ဖိုးက တက်တာပါ။

🔺အမြတ်ငွေတက်တာမဟုတ်ပါ

🔺တကယ်ကဈေးကျလို့
လူအများသုံးနိုင်လေ အမြတ်များလေပါ

🔺ကုန်ဈေးနှုန်းတက်တဲ့အခါ အရောင်းအဝယ်မှာ အရင်းများလာပြီး အမြတ်နည်းလာပါတယ်

🔺ဈေးတက်လို့ပျော်တဲ့ အထဲမှာဈေးရောင်းသူတွေလည်း မပါပါဘူး

🔺တက်သမျှကုန်စည်တွေ ဒိုင်ခံမဖြစ်မနေဝယ်နေရသူတွေဆို ဒီကရှေ ပိုဆိုးပါတော့မယ်

12/03/2024

၂၅ သိန်းဖိုး ရွှေချိန်ဘယ်လောက်ရမလဲ

#ကိုအောင်ကိုကို ရဲ့ Cover သီချင်းလေး နားထောင်ရင်း တွက်ကြည့်ရအောင်နော်

Excel file ကို Website မှာ တင်ပေးထားပါတယ်ခင်ဗျ

www.thissar.com

ရွှေချိန်စက်နဲ့ကတ္တားမှာယူလိုပါက
☎️095194931

ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ၊ အရောင်းအဝယ်လုပ်ကိုင်နေသူများ နှင့် အရောင်းအဝယ် ဝန်ထမ်းများခင်ဗျာ...ကတ္တားများနဲ့ပက်သက်လို...
11/03/2024

ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ၊ အရောင်းအဝယ်လုပ်ကိုင်နေသူများ နှင့် အရောင်းအဝယ် ဝန်ထမ်းများခင်ဗျာ...

ကတ္တားများနဲ့ပက်သက်လို့ Quotation တောင်းခံနိုင်ပါတယ်

🛑095194931
(phone/Viber/WhatsApp/Telegram)
www.thissar.com
[email protected]

09/03/2024

သစ္စာ

သစ္စာဆိုတာ ကတ္တားဆိုင်ပါနော် 🤩🤩🤩

ဆန် ၁ တင်း  မှာ ၁၆ ပြည် ရှိသလိုရွှေ ၁ ကျပ်သားမှာ ၁၆ ပဲ ရှိတယ် ၊ဆန် ၈ ပြည် ကို  တခွဲ လို့ ခေါ်သလိုရွှေ ၈ ပဲ ကို  ငါးမူး လ...
20/02/2024

ဆန် ၁ တင်း မှာ ၁၆ ပြည် ရှိသလို
ရွှေ ၁ ကျပ်သားမှာ ၁၆ ပဲ ရှိတယ် ၊

ဆန် ၈ ပြည် ကို တခွဲ လို့ ခေါ်သလို
ရွှေ ၈ ပဲ ကို ငါးမူး လို့ ခေါ်တယ် ၊

ဆန် ၄ ပြည် ကို တစိပ် လို့ ခေါ်ကြသလို
ရွှေ ၄ ပဲ ကို တမတ်သား လို့ ခေါ်ကြတယ် ၊

ဆန် ၁ ပြည်မှာနို့ဆီဗူး ရှစ်လုံး ရှိသလို
ရွှေ ၁ ပဲ မှာလည်း ရွေးလေး ရှစ်ရွေး ရှိတယ် ၊

ဆန် ၁ တင်းမှာ နို့ဆီဗူး ၁၂၈ လုံး ရှိသလို
ရွှေ ၁ ကျပ် သား မှာလည်း ၁၂၈ ရွေး ရှိတယ် ။

ဒီဆက်နွယ်မှုဟာ နိုင်ငံအတွင်း‌နေထိုင်ကြသူတွေအဖို့
ဆန် နဲ့ ရွှေ နှစ်မျိုးလုံး အရေးကြီးတာချည်းပဲဆိုတာသိထားဖို့ပါ ။



ဆန်ချိန်ဖို့နဲ့ ရွှေချိန်ဖို့ ကတ္တားမျိုးစုံ #သစ္စာကတ္တားမှာ ရနိုင်ပါတယ်ခင်ဗျာ

www.thissar.com
☎️095194931

ဟျောင့် မင်းနာမည်ကို အုပ်ကြီးက စာရင်းထဲထည့်လိုက်ပြီတဲ့ 😏
13/02/2024

ဟျောင့် မင်းနာမည်ကို အုပ်ကြီးက စာရင်းထဲထည့်လိုက်ပြီတဲ့ 😏

Address

Near Mingalardon Market, Sanpya District
Yangon
11021

Telephone

+9595194931

Alerts

Be the first to know and let us send you an email when Thitsar - Digital Weighing Scale posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thitsar - Digital Weighing Scale:

Share