Pwan Sein

Pwan Sein Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pwan Sein, Shopping & retail, Yangon.

 #အပူချိန်အရမ်းမြင့်တက်နေပါတယ်။ဒီနေ့ အပူချိန်ဟာ ၄၃ ´C အထိ တက်လာပါပြီ။ဒီအတိုင်း ဆက်တက်နေရင် ၄၅-၄၇´C အထိ ရောက်နိုင်ပါတယ်။အ...
26/04/2022

#အပူချိန်အရမ်းမြင့်တက်နေပါတယ်။

ဒီနေ့ အပူချိန်ဟာ ၄၃ ´C အထိ တက်လာပါပြီ။
ဒီအတိုင်း ဆက်တက်နေရင် ၄၅-၄၇´C အထိ
ရောက်နိုင်ပါတယ်။

အပူချိန် တက်နှုန်းတွေကိုလေ့လာကြည့်ရင်
ယခက်က ၁´C တက်ဖို့ ၁၀ နှစ် ကြာပါတယ်။

အခု ၃ နှစ် အတွင်း ၂`C တက်လာပါတယ်။

အပူချိန် ၁´C တက်လာတိုင်း
ပျမ်းမျှအသက် ၂ နှစ် လျော့စေပါတယ်။

အထူးသတိထားကြပါ။ မြန်မာတွေရဲ့ပျမ်းမျှအသက်ဟာ
ကျား ၅၃၊ မ ၅၇ ဖြစ်ပါတယ်။

အခု အပူချိန် ၂´C တက်လာမှုကြောင့်
၄ နှစ် ထပ်လျော့သွားနိုင်ပါတယ်။

စိုထိုင်းဆလည်း အရမ်းလျော့နည်းနေပါတယ်။
ဒီအခြေအနေဟာ တော်သေးတယ်လို့
ပြောလို့ ရပေမယ့်အပူဒဏ်ပို ခံစားရနိုင်ပါတယ်။

ဒီအချိန်မှာ အစားအစာ၊ အနေအထိုင်သတိပြုကြပါ။
အအေးစာတွေက အပူစုပ်နိုင်ပေမယ့်
အပူရှပ်ခြင်းကိုအဓိက ဖြစ်စေပါတယ်။

အရေးကြီးတာကနေပူထဲမှာ
နံက် ၁၁ နာရီမှ ညနေ ၃ နာရီအတွင်း
သွားလာ လှုပ်ရှားအလုပ်လုပ်ကိုင်ခြင်း ရှောင်ကြဉ်ကြပါ။

ဗမာချည်သား အဝတ်ထူထူတွေက
အပူဒဏ်ကို ကာကွယ်ပေးနိုင်ပါတယ်။

အပူက ပြန်ရောက်လာစဉ်
အဝတ်များ ချွတ်ခြင်း၊ ရေခဲရေသောက်ခြင်း၊
ရေချိုးခြင်းတို့ ရှောင်ပါ။

ဆားနှင့် ရေသောက်ခြင်းကိုလည်း
မပြုလုပ်ကြပါနဲ့။

အပူက ပြန်ရောက်စဉ် ၅ မိနစ်ခန့်
ပြန်လာစဉ်ကအတိုင်း နေပေးကြပါ။
အဲယားကွန်းခန်းအတွင်း အဝင်အထွက် လုပ်ကိုင်သွားလာနေရသူများသတိပြုကြပါ။

အပူမှ ပြန်ရောက်ချိန်
အဲကွန်းခန်းအတွင်းရုတ်တရက် ဝင်ရောက်ပါက
ခန္ဒာကိုယ်အရေပြားမှ သွေးများ ဗဟို သွေးလှည့်အဖွဲ့ထဲ
ရောက်ရှိပြီးရုတ်တရက် သွေးပေါင်တက်ကာ
လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်းတို့
ဖြစ်တတ်ပါတယ်။

အဲကွန်းခန်းထဲ ကြာရှည်နေရသူများ
အပူထဲသို ထွက်ချိန်မှာသွေးပေါင်ထိုးကျပြီး
မူးဝေတတ်ပါတယ်။

ရေများများ သောက်ပါ။
အငန်/အချိုလျော့စားကြပါ။

ချွေးထွက်လွန်သူမှ လွဲ၍
ဓာတ်ဆားရေ သောက်ခြင်း လျော့ပါ။
ဟင်းကျန်ထမင်းကျန်များ စားခြင်း ရှောင်ပါ။

ဟင်းကျန်များ နွေးရာတွင်
ရေဖြည့်ထည့်၍ နွေးပါ။
လက်သုပ်များ လျော့စားပါ။
မိဘပြည်သူအများ ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ။

လေးစားစွာဖြင့်ပေးပါသည်။

ဘေးကင်းပါစေ ဧရာဝတီဒေသခံများ 🙏🙏🙏မူလလမ်းကြောင်းအတိုင်းဆိုပါက မော်တင်စွန်းကနေ ဖြတ်သန်းနိုင်ပြီး လမ်းကြောင်းသွေဖယ်မည်ဆိုပါက ...
21/03/2022

ဘေးကင်းပါစေ ဧရာဝတီဒေသခံများ 🙏🙏🙏

မူလလမ်းကြောင်းအတိုင်းဆိုပါက မော်တင်စွန်းကနေ ဖြတ်သန်းနိုင်ပြီး လမ်းကြောင်းသွေဖယ်မည်ဆိုပါက
လပွတ္တာ ပြင်စလူဘက်ကနေ ရွေ့လျားနိုင်ပါတယ်

ဘယ်လိုဘဲဖြစ်ဖြစ် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဟာ မုန်တိုင်းဖြတ်သန်းမယ့် လမ်းကြောင်းပေါ်မှာ ရောက်နေခဲ့ပါပြီ။

မုန်တိုင်းအခြေအနေကို တိုက်ရိုက်ကြည့်ရှုလို့ရနိုင်မယ့် Link ဖြစ်ပါတယ်

https://earth.nullschool.net/ /wind/surface/level/orthographic=-263.69,12.06,911

မုန်တိုင်း Windy လမ်းကြောင်းကို အဆက်မပြတ် ကြည့်ရှုနေပါ ဒီကနေ့ည (ဦးပိုင်း) အထိပြင်ဆင်ချိန်တွေ ရွှေ့ပြောင်းချိန်တွေအများကြီးကျန်ပါသေးတယ်။

https://www.windy.com/?12.125,94.867,6,m:d5GaiNk

စိတ်အေးအေးထားပြီး ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ပါ ပြန်လည်ထူထောင်ရေးအတွက် အားလုံးကရှိနေမှာပါ

Cyclone ကိုဘေးကင်းစွာ ကျော်ဖြတ်နိုင်ဖို့

🆘မိမိတို့ ခတ္တခိုလှုံရာ နေရာနှင့် အနီးဆုံးရှိမည့် ပေ၂၀ အထက် ကုန်းမြင့်တစ်ခုအား ရှာဖွေထားပါ
🆘အဆိုပါကုန်းသို့ သွားရန် အတိုဆုံးလမ်းကြောင်းအားရှာဖွေထားပါ
🆘ဘေးအန္တရာယ်ဖြစ်ပွါးပါက အဆိုပါကုန်းမြေသို့သာပြေးပါ၊ (အများပြေးသော နေရာအနိမ့်များအား လိုက်ပါမပြေးရ)
🆘မိသားစုများ ကွဲပြားခဲ့ပါက ပြန်ဆုံရန် ဆုံမှတ်တစ်ခု ကြိုတင်သတ်မှတ်ပါ
🆘ရေပေါ်တွင် ပေါလာပေါနိုင်မည့် ကော်ပုံးကဲ့သို့ ပစ္စည်းများအားရှာဖွေပါ
🆘ဖုန်းနဲ့အရေးကြီးစာရွက်များအား ရေလုံအိတ်ထဲသို့ ထည့်ကာ လည်ပင်း၌ဆွဲထားပါ

ကိုယ်ချစ်ရတဲ့သူငယ်ချင်းမိတ်ဆွေများကိုဆက်ဝေမျှပေးပါဗျ ။

အားလုံးပို့သတဲ့မေတ္တာများနဲ့ ဧရာဝတီမြေ
ဘေးကင်းပါစေ🙏

We all with you, Ayeyarwady




Crd: Wai Yan Moe

ငယ်ငယ် ကတည်းက သိချင်ခဲ့တဲ့ မိသားစုမုန့်ပုံးရဲ့ နောက်ကြောင်းရာဇဝင်                 စိတ်ဝင်စားဖို့ကောင်းတဲ့သမိုင်းတွေရှိပါ...
07/03/2022

ငယ်ငယ် ကတည်းက သိချင်ခဲ့တဲ့ မိသားစုမုန့်ပုံးရဲ့
နောက်ကြောင်းရာဇဝင်

စိတ်ဝင်စားဖို့ကောင်းတဲ့သမိုင်းတွေရှိပါတယ်။ ဒုတိယ ကမ္ဘာစစ်ဖြစ်ကြီးဖြစ်ပြီး ၂နှစ်အကြာ နာဇီတွေကဂျူးလူမျိုးတွေကို Genocide (လူမျိုးတုန်းသတ်ဖြတ်) လုပ်တော့ ဂျာမနီ Cottbus ဆိုတဲ့ မြို့လေးတစ်မြို့က တူရကီနွယ်ဖွားမိသားစုတစ်စုဟာ အိမ်တစ်အိမ်ထဲမှာ တစ်ယောက်ထဲငိုနေတဲ့ ဂျူး ကလေးလေးကို တွေ့ရှိခဲ့ပါတယ်။ ဒါနဲ့ပဲ အဖြစ်မှန်သိသွားပြီးတော့ ကလေးလေးကို သူတို့ သား လိုပဲ အသိပေးပြီးမွေးစားခဲ့ပါတယ်။ နောက် ၄ နှစ်အကြာ ဆိုဗီယက်တွေ ဘာလင်ကို သိမ်းပြီး စစ်ပြီးတဲ့အချိန် အရှေ့ဂျာမနီမှာ ရှိနေတဲ့ အဲ့ဒီ့မိသားစုကို အမေရိကန် သတင်းထောက်တစ်ဦးက ၁၉၅၀ ပြည့်နှစ်လောက်မှာ တွေ့တော့ ဓာတ်ပုံရိုက်ပြီး သတင်းမှာဖော်ပြခဲ့ပါတယ်။

ဒီလိုနဲ့ပဲ လူမျိုးဘာသာမခွဲခြားဘဲ အသက်အန္တရာယ်ကို မငဲ့ဘဲ ကယ်တင်မှုနဲ့ မိသားစုဆန်မှုကို လေးစားတဲ့အနေနဲ့ သူတို့ပုံရိပ်နဲ့ Family ဆိုတဲ့ Food Product တစ်မျိုးကို စတင်ထုတ်လုပ်ပါတော့တယ်။

Crd ပေးပါတယ် 🙂

ဆံပင်အရှည်မြန်ချင်တဲ့မိန်းခလေးများအတွက်ဆံပင်တွေဟာ ပုံမှန်အားဖြင့် တလကို ½ လက်မ နဲ့ တနှစ်ကို 6 လက်မခန့် ပျမ်းမျှရှည်လေ့ရှ...
27/08/2021

ဆံပင်အရှည်မြန်ချင်တဲ့မိန်းခလေးများအတွက်

ဆံပင်တွေဟာ ပုံမှန်အားဖြင့် တလကို ½ လက်မ နဲ့
တနှစ်ကို 6 လက်မခန့် ပျမ်းမျှရှည်လေ့ရှိပါတယ်။
ဒါပေမယ့် Jar ကတော့ တလကျော်နဲ့ကို
ဆံပင် 1 လက်မလောက်ရှည်လာပါတယ်။ ဒါဘာကြောင့်လဲ?
ဆံပင်အရှည်မြန်ချင်ရင် ဘယ်လို tips တွေကို လိုက်နာရမလဲ?
ဆိုတာလေး ဒီနေ့ မျှဝေပေးချင်ပါတယ်။

(၁) ဦးရေပြားအားကောင်းအောင်၊ ကျန်းမာအောင်လုပ်ပါ။

မြေဆီလွှာကောင်းမှ အပင်ထွားနိုင်တာဖြစ်သလို ဦးရေပြားကျန်းမာမှ ဆံသားအရှည်မြန်လာနိုင်မှာပါလို့ပြောရင်မမှားပါဘူးမွေးညင်းပေါက်ပိတ်ဆို့တာမျိုးမရှိရဘူး၊အညစ်အကြေးအထပ်ထပ်မဖြစ်ရဘူး၊ လိုအပ်တဲ့ nutrients တွေရနေနိုင်ရမယ်။ အဲ့အတွက် ဦးရေပြားနဲ့ကိုက်ညီတဲ့ Shampoo ကောင်းကောင်းတခုအပြင် Scalp Tonic တခုခုပါသုံးပေးဖို့အကြံပေးချင်ပါတယ်။

(၂) အစာအာဟာရ

Vitamin D, Zinc, Iron, Omega 3 and 6 ဓါတ်‌ချို့နည်းရင် ဆံပင်ပိုကျွတ်တတ်ပါတယ်။ Supplement တွေ တခုချင်းစီလိုက်သောက်တာထက် အစာအာဟာရကိုပဲ ပြည့်ပြည့်ဝဝစားသုံးပေးပါ၊ ပရိုတင်းစားပါ။ အရမ်းပြင်းထန်တဲ့ အစားအသောက် Diet ပုံစံတွေကိုရှောင်ပေးပါ။

(၃) ဆံပင်အဖျားတွေကိုဂရုစိုက်ပါ။

တနည်းပြောရရင် hair mask အမြဲသုံးပါ။ shampoo ကြောင့် အားနည်းသွားတဲ့ဆံသားတွေကို ချက်ချင်းပြန်ဂရုစိုက်ပြီး အာဟာရဓါတ်ဖြည့်ရင်း အကာအကွယ်ပေးလိုက်ဖို့က hair mask/ treatment တွေရဲ့တာဝန်မလို့ပါပဲ။

(၄) အပူဒဏ်‌ကိုဂရုပြုပါ။

Styling tools တွေ၊ hair dryer တွေသုံးတဲ့အခါ ဆံသားပျက်စီးမှုအနည်းဆုံးဖြစ်စေဖို့ဂရုစိုက်ပေးရပါမယ်။ အပူခံ spray ဒါမှမဟုတ် lotion တခုခုလိမ်းပြီးမှ ဖြောင့်၊ ကောက်၊ ပုံသွင်းပေးပါရန်။

(၅) Scalp Massage လုပ်ပါ။

နှိပ်နယ်ပေးခြင်းက သွေးလည်ပတ်မှုကောင်းစေလို့ ဆံသားတွေဆီကို Oxygen နဲ့ Nutrients ပိုရောက်အောင် ပို့ဆောင်ပေးနိုင်ပါတယ်။ ဦးရေပြားနာကျင်မှုကိုမဖြစ်စေတဲ့ ဘီးမျိုးနဲ့ တနေ့ ၂ မိနစ်ခန့် ဘီးဖြီးရင်း နှိပ်နှယ်ပေးလို့ရပါတယ်။

မျိုးရိုးဗီဇကလည်း ဆံပင်အရှည်မြန်နှုန်းနဲ့ အလွန်သက်ဆိုင်နေတာမို့ အရှည်မမြန်ရင်တောင်ဒီ tips လေးတွေကိုလိုက်နာရင်း ကျန်းမာတဲ့ဆံသားတွေကို ပိုင်ဆိုင်ရရှိစေနိုင်မယ်လို့ယုံကြည်ပါတယ် 🥰


✅Best way လေထိုးမွေ့ယာ တယောက်အိပ် ✅Price - 14000 ks✅အဆောင်နေသူများ၊ ခရီးဝေးသွားသူများ သယ်ရ သိမ်းရလွယ်ကူတဲ့ လေထိုးမွေ့ယာလ...
24/08/2021

✅Best way လေထိုးမွေ့ယာ တယောက်အိပ်

✅Price - 14000 ks

✅အဆောင်နေသူများ၊ ခရီးဝေးသွားသူများ သယ်ရ သိမ်းရလွယ်ကူတဲ့ လေထိုးမွေ့ယာလေးတွေပါ ။

✅-ဒီ air bed လေးကို လိုအပ်တဲ့ချိန် မှ လေထိုးပီး သိမ်းတော့မယ်ဆိုရင်လည်း အလွယ်တကူ လေလျော့ပီး သိမ်းထားရတဲ့အတွက် နေရာမစားပါဘူး

✅ခရီးသွားမယ့်သူတွေအတွက်လည်း အရမ်းအဆင်ပြေပါတယ်နော် 😊

"ကျွန်တော်/ကျွန်မ အနံ့ပျောက်နေလို့ ဘာလုပ်ရမလဲ" ဆိုတာ အမေးအများဆုံးမို့ အနံ့ပျောက်နေရင် ဒါလေးဖတ်ပေးပါ။အခုကာလမှာ အနံ့ပျောက...
15/07/2021

"ကျွန်တော်/ကျွန်မ အနံ့ပျောက်နေလို့ ဘာလုပ်ရမလဲ"
ဆိုတာ အမေးအများဆုံးမို့ အနံ့ပျောက်နေရင် ဒါလေးဖတ်ပေးပါ။

အခုကာလမှာ အနံ့ပျောက်ရင် COVID ဖြစ်ဖို့ chance အများဆုံး ဖြစ်ပါတယ်။
ပုံမှန်ထက် အနံ့လျော့ရတာ ဖြစ်နိုင်သလို လုံးဝပျောက်တာလည်း ဖြစ်နိုင်ပါတယ်။

🚨အနံ့ပျောက်ရင် အရမ်းစိုးရိမ်ဖို့ မလိုပါ။🚨

ရောဂါသဘာဝအရ နှာခေါင်းအတွင်းပိုင်းက အနံ့ခံ အာရုံ​ကြောလေးတွေ ယောင်လို့ အနံ့ပျောက်တာပါ။
ရက်ပိုင်းအတွင်း မှာ သူ့အလိုလို ပြန်ရပါတယ်
တစ်ဦးနဲ့ တစ်ဦး ကြာချိန် ကွာနိုင်ပါတယ်။

🚨အနံ့ပျောက်ပြီဆိုရင် အိမ်မှာပဲ ၂ ပတ် နေပေးပါ။ 🚨

အနံ့ပျောက်လို့ အစာစားရတာစားမကောင်းဖြစ်စေတာက လွဲလို့ အရမ်းစိတ်ပူစရာ မလ်ိုပါ။ ကိုယ်ခံအားကောင်းအောင် အစာ ပုံမှန်ဝင်အောင် စားပေးပါ။

အနံ့ခံအာရုံကြောတွေကို လေ့ကျင့်ခန်း လုပ်လိုရင်တော့
နှင်းဆီပန်း/သံပုရာသီး/လေးညှင်းနံ့ စသည်တို့ကို
တစ်နေ့ ၂ ကြိမ် စက္ကန့် ၂၀ ကြာအောင် ရှုပေးခြင်းနဲ့
smell exercise လုပ်ပေးလို့ ရပါတယ်။
အနံ့ပြင်းပြင်းများကို အတင်းကြီး ရှုရန် မလိုအပ်ပါ။

Omega 3 ငါးကြီးဆီ သောက်ပေးရင်လည်း အထောက်အကူ ဖြစ်စေပါတယ်။

လူတော်တော်များများက အနံ့မရတာခံစားရပြီး ကျန်တာဘာမှမဖြစ်တာတွေပြောနေကြပါတယ် ဒါကိုလေ့လာကြည့်တော့ဖြစ်စဉ်အတိအကျကိုဘယ်သူမှမသိသေးပါဘူး
ယူဆတာကတော့=> အနံခံအာရုံကြောမကြီး(olfactory nerve ) မှာချို့ယွင်းလို့ဖြစ်တာလို့ယူဆကြပါတယ် ဒါကိုဆေးပညာအခေါ်အဝေါ်အရ post infection olfactory dysfunction (PIOD) လို့ခေါ်ပါတယ်။

ဒီလိုဖြစ်ရင်ရုတ်တရက်ဖြစ်လာပြီးအခြားနှာစေးနှာယိုတွေမရှိတတ်ဘဲ လူငယ်တွေ အမျိုးသမီးတွေမှာပိုဖြစ်တတ်ပါတယ်။

ဒီလိုအနံ့မရရင် ကိုဗစ်ဖြစ်နေတာပျမ်းမျှ ၄ရက်လို့ပြောပါတယ် ဒီတော့ ကိုဗစ်ဟာလက္ခဏာမပြခင်ထဲက သူတပါးကိုကူးစက်နေပါပြီ ပြီးတော့ဒီလိုလက္ခဏာရှိသူတွေရဲ့ ၉၈% ဟာသူ့အလိုလိုပြန်ကောင်းသွားကြတယ်လို့ဆိုပါတယ် ပျမ်းမျှ ၄- ၉ ရက်လောက်မှာပြန်ကောင်းသွားတယ်လို့ဆိုပါတယ်။
ဒီလိုလက္ခဏာဟာကောင်းတဲ့လက္ခဏာဖြစ်ပြီး ပြင်းထန်ပုံစံမဖြစ်ဘူးလို့ဆိုပါတယ်။

ကုသမှု => အထောက်အထားခိုင်လုံတဲ့ကုသမှုမျိုးမရှိသေးပါဘူး ဒီရောဂါဖြစ်ရင်အလိုလိုပြန်ကောင်းသွားမယ်ဆိုတာအသိပေးပါတယ်။
ဒီလိုခံစားရရင် မိမိအနေနဲ့ တခြားအိမ်သားတွေနဲ့ ၁၀ရက်လောက်သီးခြားခွဲပြီးနေသင့်တယ်

ဒါကတော့ အနံ့ပျောက်တာနဲ့ ပတ်သက်ပြီး သိကောင်းစရာလေးတွေပါ။
_______________________________________

ကျန်းမာရေးနဲ့ ပတ်သက်ပြီး အခြားသိလိုရာများကို messenger မှ အခမဲ့ ဆွေးနွေး တိုင်ပင်နိုင်ပါတယ်။
ကိုယ်စိတ်ကျန်းမာမှ ဆရာဝန်များ အလှည့်ကျ ဖြေဆိုပေးနေပါတယ်။
အားလုံး မိမိနဲ့ မိမိ မိသားစုကို စောင့်ရှောက်ပြီး ဒီကပ်ကြီးကို ကျော်ဖြတ်နိင်ကြပါစေ။
crd
Dr. Nway
original link 👇🏻👇🏻

https://www.facebook.com/354766471877471/posts/785203955500385/

ညဘက်မှာ အောက်ဆီဂျင်ထုတ်ပေးတဲ့ အပင်တွေ ......အများအားဖြင့် အပင်တွေက နေ့ဘက်မှာအလင်းဖြင့် အစာချက်လုပ်ပြီး ထုတ်ကုန်တစ်ခုအနေန...
14/07/2021

ညဘက်မှာ အောက်ဆီဂျင်ထုတ်ပေးတဲ့ အပင်တွေ ......

အများအားဖြင့် အပင်တွေက နေ့ဘက်မှာအလင်းဖြင့် အစာချက်လုပ်ပြီး ထုတ်ကုန်တစ်ခုအနေနဲ့ အောက်ဆီဂျင်ကို ထုတ်ပေးကြတယ်ဆိုတာကို လူတိုင်းသိပြီးသားဖြစ်ကြမှာပါ။ ညမှာတော့ အောက်ဆီဂျင်ကို ယူ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်ကြပါတယ်။ ဒါကြောင့် ညဘက်မှာ သစ်ပင်အောက်မှာမအိပ်ကြဖို့လူကြီးတွေက ပြောခဲ့ကြတာပါ။ ဒါပေမယ့် ညဘက်မှာပါ အောက်ဆီဂျင်ထုတ်ပေးနိုင်တဲ့ အပင်အချို့လည်း ရှိနေပါသေးတယ်။

✅ အစိမ်းရောင်လမ်း App ကို ဘယ်ဖုန်းမှာမဆို ထည့်ထားလို့ရပါတယ်။ ရယူရန် - http://onelink.to/greenway

သူတို့ရဲ့ အစာချက်လုပ်မှုဖြစ်စဉ်က Crassulacean Acid Metabolism(CAM) လို့ခေါ်တဲ့ဖြစ်စဉ်မို့ပါ။(အသေးစိတ်ကို ဆောင်းပါးအနေနဲ့ ထပ်မံဖော်ပြပေးပါမယ်)ဒါကြောင့် ဒီလိုအပင်တွေကိုသိထားပြီး အိမ်တွင်းမှာထားပေးမယ်ဆိုရင် အိမ်အတွင်းလေထုရဲ့သန့်စင်မှုကို ပိုကောင်းစေသလို ညဘက်အိပ်စက်ခြင်းကိုလည်း အကူအညီပေးနိုင်ပါတယ်။ ယခုလိုအချိန်မှာ အနည်းနဲ့အများ အကူအညီရစေဖို့ ရေးသားဖော်ပြလိုက်ရပါတယ်။

၁။အလှစိုက်အုန်း(Areca Palm)
အိမ်တွင်းမှာစိုက်ဖို့ အကောင်းဆုံးအပင်တစ်ပင်ပါ။အပူပိုင်းဒေသတောတွေမှာ တွေ့ရတတ်တဲ့မျိုးရင်းတစ်ခုဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ ပေါက်ရောက်ရှင်သန်နိုင်ပါတယ်။ နေရောင်နဲနဲလေးရတဲ့နေရာမှာတောင် ကောင်းကောင်းရှင်သန်နိုင်တဲ့ အပင်တွေဖြစ်ကြပါတယ်။ ဒီအပင်တွေက လူကိုထိခိုက်စေနိုင်တဲ့ ဓာတ်ငွေ့အတော်များများ(formaldehyde ,benzene)ကို စုပ်ယူပြီး အနီးအနားကလေထုရဲ့ အစိုဓာတ်ကိုထိန်းပေးပါတယ်။နှာစီး၊နှာခေါင်းပိတ်နေတဲ့ ဝေဒနာ ခံစားနေရတဲ့ လူတွေအတွက် အထူးသင့်တော်တဲ့အပင်ဖြစ်ပါတယ်။

၂။နဂါးစက်ပင်(snake plant)
ကျေးလက်ဒေသတော်တော်များများမှာတွေ့ရပြီး သူလည်း နာမည်ကြီးတဲ့ အိမ်တွင်းအလှစိုက်ပင်ပါ။ တိုက်ခန်းတွေနဲ့နေတဲ့သူတွေ၊ ရုံးခန်း ၊အိပ်ခန်းတွေမှာ ထားသင့်တဲ့ အပင်တစ်မျိုးလည်းဖြစ်ပါတယ်။အရွက်ပိုင်းလေးကနေပဲ အလွယ်တကူမျိုးပွားလို့လည်းရပါတယ်။ ဂရုစိုက်မှုသိပ်မလိုတဲ့ အပင်ဖြစ်ပြီး နေရောင်တိုက်ရိုက်မရတဲ့နေရာမှာတောင် ရှင်သန်နိုင်ပါတယ်။ရေပုံမှန်လောင်းပေးစရာလည်းမလိုသလို ခြောက်သွေ့နေတဲ့ မြေမှာတောင် ဒီအပင်က ရှင်သန်ပါတယ်။ ညဘက်မှာ အောက်ဆီဂျင်တွေထုတ်ပေးမယ့် အပင်တစ်ပင်ပါ။

၃။ပင်စိမ်း (Tulsi)
ဟင်းခတ်အမွေးအကြိုင်တစ်မျိုးလည်းဖြစ်တဲ့ ပင်စိမ်းက ညဘက်မှာ အောက်ဆီဂျင်တွေထုတ်ပေးတဲ့အပင်လည်းဖြစ်နေပြန်ပါတယ်။ပင်စိမ်းရွက်ကနေထုတ်လွှတ်တဲ့ အနံတစ်မျိုးက စိုးရိမ်ကြောင့်ကြမှုတွေကို ပြေလျော့စေပါတယ်။ လေလာရာပြတင်းပေါက်အနီးမှာ ပင်စိမ်းပင်တွေစိုက်ထားတာက ခုလိုအချိန်ကာလအတွက် ကောင်းမွန်စေမှာ အမှန်ပါပဲ။ မြေကျယ်ကျယ်မရှိသူတွေကလည်း ပင်စိမ်းပင်ကို အိုးလေးနဲ့စိုက်ပြီး အိပ်ရာနားမှာထားနိုင်ပါတယ်။

၄။ရှားစောင်း(Aloe Vera)
ရှားစောင်းကတော့ အသားအရေထိန်းသိမ်းမှုတွေအတွက် နာမည်ကြီးတဲ့အပင်ပါ။ဒီအပင်ကလည်း ညဘက်မှာ အောက်စီဂျင်တွေထုတ်ပေးနိုင်ပါတယ်တဲ့ အမျိုးတို့ရေ။ညဘက်တွေကောင်းကောင်းအိပ်မပျော်ရင် ရှားစောင်ပင်ကို အိပ်ခန်းထဲထည့်စိုက်ထားသင့်ပါတယ်နော်။ရေအမြဲလောင်းပေးနေစရာလည်း မလိုသလို၊ခြောက်ခြောက်သွေ့သွေ့အခြေအနေက ရှားစောင်းပင်ကြီးထွားဖို့ အကောင်းဆုံးပါ။မြေလုံးဝခြောက်နေပြီဆိုမှသာ ရေလောင်းပေးရပါတယ်။

၅။ရှင်သီဝလိဂမုန်း (Peace Lily)

ဒေသအခေါ်အဝေါ်တွေကွဲပြားကြပေမယ့် အတော်များများမြင်ဖူးမယ့် ပန်းပင်လေးပါ။ ညဘက်မှာအောက်ဆီဂျင်ထုတ်ပေးတယ်ဆိုတဲ့ လေ့လာတွေ့ရှိချက်တွေနဲ့ အိမ်တွင်းအလှစိုက်ပင်တွေထဲ နာမည်ကြီးပါတယ်။ benzene,formaldehyde,toluene,carbon monoxide,နဲ့ xylene လို ဓာတ်ငွေ့တွေကို သန့်စင်ပေးပါတယ်။ ဒီပိန်းပန်းပင်လေးက အခန်းတွင်းရဲ့ စိုထိုင်းစကို ၅ ရာခိုင်နှုန်းတိုးစေပါတယ်။ ဒါက အိပ်ပျော်နေတဲ့အချိန် ကောင်းမွန်တဲ့ အသက်ရှုနှုန်းကို ရဖို့အတွက် အများကြီးအထောက်အကူပြုစေပါတယ်။ စိုက်ပျိုးပြုစုမှုကလည်း တိုက်ရိုက်နေရောင်မဟုတ်ရင်တောင် အဆင်ပြေပါတယ်၊ အမြဲရေလောင်းပေးစရာမလိုသလို အိုးထဲကမြေခြောက်မှသာ ရေလောင်းပေးရုံပါပဲ။

၆။ ပင့်ကူဂမုန်း(spider plant)
နာမည်အတိုင်း အရွက်တွေက ပင့်ကူလက်တံတွေလို သွယ်သွယ်မျှင်မျှင်လေးတွေနဲ့ အတော်လေး လှတဲ့ အိမ်တွင်းအလှစိုက်ပင်ပါ။ အစိမ်းနဲ့အဖြူကြားလေးက ကြည့်လို့လည်းလှသလို ညဘက်အောက်ဆီဂျင်ထုတ်ပေးတဲ့ အပင်မို့ အိပ်ခန်းထဲထားဖို့ သင့်တော်တဲ့အပင်လေးပါ။ညနေခင်းအချိန်တွေဟာ မြို့ပြမှာဆို လေထုအညစ်ညမ်းဆုံးအချိန်တွေပါ။ ပင့်ကူဂမုန်းတွေ အခန်းထဲ၊ အိမ်ထဲမှာရှိမယ်ဆို လေထုညစ်ညမ်းလို့ အသက်ရှုရခက်တဲ့ ဒါဏ်တွေကို သက်သာစေမှာပါ။ ပင့်ကူဂမုန်းတွေက ရေဆင်းကောင်းတဲ့ မြေတွေမှာဆို ကောင်းကောင်းရှင်သန်ပါတယ်။ရေအများကြီးမလောင်းမိဖို့ ၊အမြစ်တွေမပုတ်ဖို့တော့ ဂရုစိုက်ပေးပါနော်။

🌟စိုက်/မွေး နည်းပညာအချက်အလက်များ အသေးစိတ်လေ့လာရန်အတွက် အစိမ်းရောင်လမ်းဆော့ဝဲ ရယူထားပေးပါရန်လည်း မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်ခင်ဗျာ
ဆော့ဝဲရယူရန်
Crd.Greenway
Play Store - bit.ly/greenwaymyanmar
iOS - https://apps.apple.com/mm/app/green-way-myanmar/id1493381374
Direct - dl.greenwaymyanmar.com

ထီးအကြည်လေးပါနော််🌂🌂🌂Price 2800
17/06/2021

ထီးအကြည်လေးပါနော််🌂🌂🌂

Price 2800

ကဲကဲ ထီးလေးဆောင်းပီး ဂေါ်မယ့်သူတွေလာနော်😁Price 5800ks
13/06/2021

ကဲကဲ ထီးလေးဆောင်းပီး ဂေါ်မယ့်သူတွေလာနော်😁
Price 5800ks

Price 4000
13/06/2021

Price 4000

Lb 120 125 တော်ပါတယ်ရှင့်Price. 7000
12/06/2021

Lb 120 125 တော်ပါတယ်ရှင့်
Price. 7000

Address

Yangon
11072

Opening Hours

Monday 06:30 - 10:00
Tuesday 06:30 - 22:00
Wednesday 06:30 - 22:00
Thursday 06:30 - 10:00
Friday 06:30 - 10:00
Saturday 06:30 - 22:00
Sunday 06:30 - 22:00

Website

Alerts

Be the first to know and let us send you an email when Pwan Sein posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share