Rose Love

Rose Love Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Rose Love, Shopping & retail, Yangon.

11/06/2025

“အိမ်ထောင်ပြုဖြစ်ခဲ့ရင်လေ အလုပ်မထွက်ပါနဲ့“ တဲ့

အလုပ်စ’လုပ်ခါစက အန်တီ၁ယောက်ပြောဖူးတဲ့
စကားလေးပါ။ အခုချိန်ထိ မှတ်မိနေတယ်။

အဲ့ဒီတုန်းက အန်တီအသက်က ၄၆နှစ်ရှိပြီ ဝန်ထမ်းလုပ်နေတုန်းပဲ။ ကလေး၃ယောက် ရှိတယ်။

ယောင်္ကျားက သင်္ဘောအရာရှိ ဝင်ငွေတအားကောင်းပါတယ်။ အမျိုးသားက ၁လကို သိန်းရာကျော်ရနေတဲ့အချိန် ၊ အန်တီက ကုမ္ပဏီဝန်ထမ်း ၁လကို ၅သိန်းပဲရပါတယ်။
ကလေး၂ယောက်ရလာတော့ အမျိုးသားက အန်တီ့ကို အလုပ်ထွက်ခိုင်းခဲ့ပါတယ်တဲ့ ။

မင်းလစာလေးနဲ့ အလုပ်ဆက်လုပ်မနေပါနဲ့ ၊ ကိုယ့်ရသမျှငွေတွေ မင်းကိုအပ်နေတာပဲ။ ကလေးတွေကို အချိန်ပိုပေးလိုက်ပါကွာ။ အိမ်အလုပ်တွေသာလုပ်ပီး အေးအေးဆေးဆေးနေစမ်းပါကွာ။ လို့ပြောပေမယ့်
အန်တီက အလုပ်မထွက်ခဲ့ပါဘူး။

ဘာလို့လဲဆို အန်တီကပြောပြတယ်။

“ဘယ်လောက်ပဲ ချစ်ကြိုက်လို့ ယူကြတယ်ပြောပြော
ရန်မဖြစ်ကြတဲ့ အိမ်ထောင်ရေးဆိုတာ ရှိကိုမရှိဘူး သမီး။ တဲ့

ရန်ဖြစ်ကြတဲ့အခါ သူ့အတ္တ၊ ကိုယ့်အတ္တတွေနဲ့ စကားနာတွေ ထိုးတတ်ကြစမြဲပါပဲ။
အဲ့ဒီအခါကျ ဝင်ငွေမရှိတဲ့သူက မျက်နှာအငယ်ရဆုံး၊ အားအငယ်ရဆုံးပဲတဲ့။

အန်တီပိုင်တဲ့ ပိုက်ဆံလေး ပိုက်ဆံအိတ်ထဲထည့် ၊ ဂျိုင်းကြားလေးညှပ်ပြီး လေသံ ခက်မာမာနဲ့ ခေါင်းမော့ပီး၊ ရင်ကော့နေရတဲ့ အချိန်က အန်တီ့အတွက်တော့ ဘဝရဲ့အဓိပ္ပာယ်ပါပဲတဲ့။ 💛💛

အန်တီက ကိုယ့်ဝင်ငွေ ဘယ်လောက်ရရ တန်ဖိုးထားတယ်။ အန်တီ သုံးစရာရှိရင်၊ လှူချင်ရင် ၊ မိဘကိုပေးချင်ရင်ဖြစ်ဖြစ် ပေးပစ်လိုက်လို့ရတယ်။
ယောင်္ကျားမျက်နှာကိုကြည့်နေစရာမလိုပါဘူးတဲ့။
💖💖

သိပ်ကောင်းတဲ့အတွေးအခေါ်လေးပါ။

အမျိုးသမီးလေးတွေ လူပိုမရှိလို့၊ အချိန်မပေးနိုင်တော့လို့ အလုပ်ထွက်ကြရင်တောင်
အိမ်မှာနေပီး ဝင်ငွေရတဲ့ အလုပ်တခုခုတော့ လုပ်ကြည့်ပါရှင်။

ဥပမာ - အိမ်စျေးဆိုင်လေး ၊ online စျေးရောင်းတာ၊စက်ချုပ်၊ ပန်းထိုးတာဖြစ်ဖြစ်ပေါ့။

ဒီခေတ်ထဲမှာ အနည်းဆုံး ၃၊၄သိန်းတော့ ရကိုရပါတယ်ရှင်။🌸🌸

၁) ကျမယောင်္ကျားက ဘယ်လောက်ရတာ။ ကျမနဲ့ကလေးတွေ ဘာမှပူစရာမလိုဘူး အေးအေးဆေးဆေးနေရုံပါပဲ။

၂) ကျမယောင်္ကျားက ဘယ်လောက်ရတာ။ ကျမကလဲ ၁လ ဒီလောက်ရတာလေ။ ကျမတို့မိသားစုလေး အေးအေးဆေးဆေး၊ တည်တည်ငြိမ်ငြိမ်ပဲ ဖြတ်သန်းနေပါတယ်။

၁) က ခဏတာပျော်ရွှင်မှုကို ရပါမယ်ရှင်။

၂) ကတော့ တသက်တာ တည်ငြိမ်မှု၊ အေးချမ်းမှုကို ရပါလိမ့်မယ်ရှင့်။

အပေါ်မှာ အန်တီပြောခဲ့သလိုမျိုး “ ဘဝရဲ့ အဓိပ္ပါယ်” ဆိုတာကို အမျိုးသမီးတိုင်းရသင့်ပါတယ်။ ရဖို့လဲထိုက်တန်ပါတယ်ရှင်။💚💚

🍀🍀
အေးမြစေ

04/02/2025
07/01/2025
07/01/2025

ကျွန်တော်သူကို သတ်ိရတယ်ဗျာ သိပ်ကိူ အစွဲလမ်းကြီးတာလား

03/01/2025

ဆရာမဂျူး ပြောခဲ့တာလေး သဘောကျမိတယ်။
" နှလုံးသားက လက်ခံနိုင်ရင် မပိုင်ဆိုင်ရလည်း
ချစ်တယ်တဲ့ "

လက်ခံနိုင်တာပေါ့။
ထိုလူသားရဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေ အားလုံး
လက်ခံနိုင်တာပေါ့။

စချစ်ကတည်းက ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ လက်ခံပြီး တွဲခဲ့ကြတယ်။
ဖြစ်တည်မှုလေး အတိုင်းပဲ ချစ်ခဲ့ကြတယ်။

ထားခဲ့ရင်လည်း အပြစ်မြင်မှာ မဟုတ်ဘူး။
ထိုလူသားရဲ့ လုပ်ရက်တွေကို ကျွန်တော်တို့ တဖြည်းဖြည်း လက်ခံနိုင်သွားတာပဲ။

ကျွန်တော်တို့ နှလုံးသားက အဲ့ဒီလူကို လက်ခံနိုင်တာမို့ ဘယ်လောက်ပဲ နှစ်‌တွေ ကြာပါစေ မုန်းနိုင်မှာ မဟုတ်ဘူး။

တချို့တွေ ပြောကြသလိုပဲ စိတ်ထဲ ရောက်ပြီးသား
လူတစ်ယောက်ကို ထုတ်ပစ်ဖို့ သိပ်ခက်တယ် ဆိုတာမျိုးပေါ့။

03/01/2025

စာရေးဆရာမ ဂျူးပြောသလိုဘဲ နှလုံးသားကလက်ခံနိုင်ရင်ရပြီတဲ့ မပိုင်ဆိုင်ရလဲချစ်တာဘဲတဲ့ အဲ့ဒါကြောင့် သူပျော်ဖို့အတွက် ပြုံးပြုံးလေးဘဲ ကြည့်ပြီးနောက်ဆုတ်ပေးလိုက်တာပါ အဲ့ ဒါကျွန်တော် တကယ်ချစ်လို☺☺ # #@

03/01/2025

တကယ် ချစ်တယ်ဆို မဖောက်ပြန်ဘူးနော် ဖြစ်တည်မှုတိုင်းကို လက်ခံနိုင်တဲ့သူဆို တာရှားပါတယ် # # #

Address

Yangon

Telephone

+959681241915

Website

Alerts

Be the first to know and let us send you an email when Rose Love posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share