Shwe Ta Soke Online Store

Shwe Ta Soke Online Store Beauty is so smart for lady 's
09977418363

07/11/2023

ဒါဖတ်ပြီးမှ skin care ဝယ်ပါ💗
---------------------------

ဒေါက်တာအေးမင်းထူး

(၁) Toner
Tonerဆိုတာ မျက်နှာသန့်စင်တဲ့ အရည်ကြည်တမျိုးဖြစ်ပါတယ်။ တိုနာအာနိသင်က အညစ်အကြေးကို အဓိကဖယ်ရှားသန့်စင်ပေးတာ ဖြစ်တယ်။ မျက်နှာသစ်တွေသုံးပြီး ကျန်နေနိုင်တဲ့ အညစ်အကြေးကို ဗာတိုနာက ကောင်းကောင်းဖယ်ရှားပေးနိုင်တယ်။ နောက်ပြီး မျက်နှာအဆီပေါက်တွေကို ကျဉ်းစေတာမို့ အဆီပြန်ခြင်း ကင်းစင်စေတယ်။ အထူးသဖြင့် မိတ်ကပ်သုံးသူအများစုဟာ တိုနာသုံးသင့်တယ်။

(၂) Mist
Mist ဆိုတာ အရည်တမျိုးပဲ။ toner နဲ့နည်းနည်းဆင်တယ်။ ဒါပေမယ့် အာနိသင်မတူညီပါဘူး။ mist ထဲမှာ သဘာဝဆီ၊ ပန်းဆီ၊ အလှဆီနဲ့ ရေဓာတ် တို့ပါလေ့ရှိတယ်။ အာနိသင်က အရေပြား pH ကို မှန်စေတယ်။ အစိုဓာတ်ကို ထိန်းပေးပြီး မျက်နှာပြင်ကို အေးမြစေတယ်။ ပုလင်းနဲ့လာပြီး အရှေ့တိုင်းသားတွေကို မျက်နှာခြောက်သွေ့တဲ့အခါ ဖြန်းလေ့ရှိတယ်။ နွေရာသီမှာ အဓိက အသုံးဝင်တယ်။ တချို့က မိက်ကပ်မလိမ်းခင် ကြိုလိမ်းတတ်ကြတယ်။

(၃) Essence
essence က အားလုံးထဲမှာ ပြင်းအားအနည်းဆုံးပဲ။ ပုံမှန်အားဖြင့် ရေသာသာ အရည်ကြည်တမျိုးပဲ။ တချို့က treatment water လို့ခေါ်တယ်။ အရေပြားကို အဓိကပြုပြင်ပေးတယ်။ အမျိုးအစား သုံးမျိုးလာတယ်။
• whitening essence ဆိုတာ မျက်နှာ ဝင်းမွတ်တောက်ပတဲ့ နေရာမှာ သုံးတယ်။ Melvita Brightening essence ဆိုတဲ့ နာမည်နဲ့လာတယ်။
• pore control essence ကတော့ အဆီပြန်ခြင်းကို ထိန်းချုပ်တဲ့ နေရာမှာ အသုံးဝင်တယ်။ Loreal treatment essence ဆိုတာ အဆီထိနိးတဲ့နေရာမှာ ကောင်းတယ်။
• skin repairing essence က အရေပြားကို ပြုပြင်ပေးတာဖြစ်တယ်။Cremorlab Mineral Treatment essence နာမည်နဲ့လာတယ်။အားလုံးထဲမှာ နာမည်အကြီးဆုံးက အများသိတဲ့ SKII facial treatment essence ဖြစ်ပါတယ်။ ကျွန်တော်လည်း သုံးဖူးပါတယ်။ အခုလည်း သုံးတယ်။ အဆီဓာတ်အခြေခံတဲ့ Essence လိုမျိုးလည်း ရှိပါသေးတယ်။ အများစုက Mandelic acid ပါတယ်။

ကိူရီးယားမှာ Esteen Lauder advanced night repair serum ကို essenceခေါ်

(၄) Serum
Serum က essenceထက် ဓာတုပါဝင်မှုပိုများတယ်။ နည်းနည်းပိုပြစ်တယ်။ ဒါ့ကြောင့် essenceထက် စျေးအနည်းငယ်ပိုတယ်။ serumက အရေပြားအတွင်းပိုင်းထိ စိမ့်ဝင်စေပြီး အသားရောင်ကို ကြည်လင်ဝင်းပစေတယ်။ လေထုညစ်ညမ်းမှုကြောင့် အရေပြားပျက်ဆီးတာကို ကာကွယ်နိုင်တယ်။ အစိုဓာတ်ထိန်းပေးနိုင်ပေမယ့် moisturizer နဲ့ သဘာဝချင်း လုံးဝမတူပါ။ moisturizerက အရေပြားအပေါ်ယံကို ပြင်ပလေထု၊ ရာသီဥတုနဲ့တိုကိရိုက်မထိအောင် အလွှာပါးတခုနဲ့ ကာကွယ်ပေးတဲ့ သဘောသာဖြစ်တယ်။ Serum ကတော့ အရေပြားအတွင်းပိုငိးထိ နက်ရှိုင်းစွာ ဝင်ရောက်ပြီး အသားအရေနူညံ့စေတာဖြစ်တယ်။ serum က အရေပြားတွန့်တာကို ကာကွယ်ပေးနိုင်ပေမယ့် လူတိုင်း serum သုံးလို့ရပါတယ်။
serum ထဲမှာ ရေဓာတ်အခြေခံ(water based serum) နဲ့ အဆီအခြေခံ (Oil based serum)ဆိုပြီး နှစိမျိုးရှိတယ်။ Oil based serumတွေထဲမှာ Vitamin C (သို့) retinol လိုမျိုးပါလေ့ရှိတယ်။ အာနိသင်ပေါ်မူတည်ပြီး ထုတ်ထားတဲ့ Serum သုံးမျိုးရှိတယ်။
• anti-aging serumဆိုတာ အရေပြားတွန့်သူ တွေမှာအဓိကသုံးတယ်။
• pore tightening serum ကတော့ ဝက်ခြံထွက်သူ၊ အဆီပြန်သူ၊ အဆီဂလင်းများသူတွေမှာ သုံးတယ်
• brightening serum ကတော့ အရေပြားကို ဝင်းမွတ်စေတဲ့ အမျိုးအစားဖြစိတယ်။
hyaluronic acid, ceramides(အစိုဓာတ်ထိန်းပေး)
water based - မော်လီကျူးသေး၊ moisturizer မလိမ်းမှီ
oil based - မော်လီကျူးကြီး၊ moisturizer လိမ်းပြီး

(၅) Ampoule
Ampoule က ဒီသုံးမျိုးထဲမှာ သူကအရည်အပျစ်ဆုံးနဲ့ ပါဝင်မှုအများဆုံးပဲ။ serum ထက် စျေးနည်းနည်းပိုကြီးတယ်။ ဗီတာမင်နဲ့ အပင်အင်ဇိုင်းတွေ ပါလေ့ရှိတယ်။ အသားအရောင်ကို ညီညာ ချောမွတ်စေပြီး အရေပြားထဲ ပိုမိုစိမ့်ဝင်နိုင်တယ်။ အချိန်တိုအတွင်း အာနိသင်အထိရောက်ဆုံးပဲ။ brightening ampoule က အရေပြားတောက်ပစေဖို့ သုံးတယ်။လိမ်းထားရင် အသားရောင် ကြည်လင်နေတယ်။ collagen ampoule (သို့) wrinkle reducer ampouleက အရေပြားတင်းရင်းစေဖို့ သုံးတယ်။ အထူးသဖြင့် အသက်ကြီးရင့်သူတွေ သုံးနိုင်တယ်။
ပုံမှန်အားဖြင့် မိပ်ကပ်တွေ ကြာရှည်ခံအောင် hydrating (သို့) makeup ampoules တွေကို သုံးတယ်။ အထူးသဖြင့် မင်္ဂလာဆောင်တွေမှာ သုံးကြတယ်။ လေနဲ့ထိရင် ဓာတ်ပြုလွယ်လို့ vial လေလုံတဲ့ပုလင်းထဲ ထားရတယ်။

ပါဝင်တဲ့ပြင်းအား - ampoule > serum> essence .
အပျစ်၊အကျဲ - essence > ampoule > serum

(၆) Booster
booster ဆိုတာ serum/essence မလိမ်းခင်သုံးရတဲ့ပစ္စည်းတမျိုးဖြစ်ပါတယ်။ ဒါပေမယ့် တိုနာသုံးပြီးမှ လိမ်းရတယ်။ booster သုံးခြင်းအားဖြင့် essence/serum ရဲ့အာနိသင်ကို ပိုကောင်းစေတယ်။ အရေပြားအရောင်က ပုံမှန် ကြည်လင်တောက်ပလာတယ်။ မျက်နှာအသေားရောင်ပိုလင်းလာတယ်။

(၇) Floral water
သိပ်ထူးထူးဆန်းဆန်းမဟုတ်ပါဘူး။ ပန်းကို ရေနဲ့ စိမ်ပြီး ပေါငိးစပ်ထားတဲ့ အရညိတမျိုးဖြစ်ပါတယ်။ ဒီအရည်ကို toner, mist (သို့) moisturiser အနေနဲ့လညိး သုံးလို့်ရတယ်။ အရေပြားကို အေးမြစိုစွတိစေတယိ။ ရေဓာတ်ကို နညိးနည်းထိန်းပေးတယ်။ ဒါပေမယ့် moisturiser စစ်စစ်လို အာနိသင်မကောင်းပါ။ ဆောင်းရာသီမျိုးမှာ သိပ်အသုံးမဝင်ပါ။ Melvita Extraordinary water ဆိုတာ Floral water ပန်းအရည်တမျိုးဖြစိပါတယ်။

(၈) Finisher
နောက်ဆုံးမှသုံးလို့ skin finisher လို့လည်း ခေါ်တယ်။ မျက်နှာအရေပြား တောက်ပနေအောင်ပြုလုပ်ပေးတဲ့ ပစ္စည်းဖြစ်ပါတယ်။ တကယ်က အရောင်တင်တဲ့သဘောပါပဲ။ toner, serums/essence/ နဲ့ moisturisers အားလုံးသုံးပြီးနောက်မှ အပေါ်က ထပ်သုံးရတယ်။ အောက်မှာ ခံလိမ်းထားတဲ့ အရေပြားထိန်းပစ္စည်းတွေကို ကြာရှည်ခံအောင် ဖုံးပေးတဲ့သဘောပါပဲ။ အဲဒီရဲ့အပေါ်ကမှာ နေလောင်ကာလိမ်းဆေး၊ foundation၊ မိပ်ကပ်စတာတွေ ဆက်သုံးနိုင်တယ်။ ပုံမှန်အားဖြင့် နေ့ပိုင်းမှာသာ သုံးတယ်။ Sulwhasoo Luminate Essential Finisher ဆိုတဲ့နာမည်နဲ့လာတယ်။

(၉) Peeling Gel
အရေပြားအပေါ်ယံဆဲလ်ကို ခွာပေးတဲ့ ဂျယ်တမျိုးဖြစ်ပါတယ်။ scrubs လောက် မပြင်းဘူး၊ အပေါ်ယံ epothelium မှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးတယ်။ ပုံမှန်အားဖြင့် အာနိသင်ကောင်းအောင် ညဖက်မှာ သုံးပြီး sheet mask မသုံးခင်သုံးကြတယ်။ ကိုရီးယားမှာ UGB Peeling Gel အနေနဲ့ လာပါတယ်။

#ဒေါက်တာအေးမင်းထူး

26/05/2022

💓ချစ်တို့ရေ💓
မင်မင်တို့မတွေ့
💓ရတာကြာပြိ💓
ပျိုမေ တို့အတွက်အလိုအပ်ဆုံးနဲ့
မြင်သူတိုင်း‌အားကျ‌ တစ်သက်တာလုံးလှပ‌ဖို့အတွက်
အလိုအပ်ဆုံး
ပေးရတဲ့ဈေးထက်အတန်ဆုံးအရာ
တစ်ခု ရောင်းပေးမယ်နော် 💕

ချစ်သော ကာကာများ 💞🥰
19/10/2021

ချစ်သော ကာကာများ 💞🥰

ခုချိန် ဖြစ်နေသမျှအားလုံး မရောင်းလို့လည်း မရမ၀ယ်လို့လည်းမရရောင်းသူ၀ယ်သူပါ တတ်တတ်မြည်အောင် ရင်ခုန်ရချိန်🪂🪂🪂
28/09/2021

ခုချိန် ဖြစ်နေသမျှအားလုံး
မရောင်းလို့လည်း မရ
မ၀ယ်လို့လည်းမရ
ရောင်းသူ၀ယ်သူပါ တတ်တတ်မြည်အောင် ရင်ခုန်ရချိန်🪂🪂🪂

အချင်းချင်းဖေးမ  ကူညီကာကွယ်ပါအားလုံးမြန်မာပြည်သားမိသားစုတွေပါ
07/09/2021

အချင်းချင်းဖေးမ ကူညီကာကွယ်ပါ
အားလုံးမြန်မာပြည်သားမိသားစုတွေပါ

💓 အသားရည်ကောင်းအောင်💓💕 Skincare 💞များများသုံးပါတဲ့ည(10)နာရီ ကျရင်တဲ့🥰
06/09/2021

💓 အသားရည်ကောင်းအောင်💓
💕 Skincare 💞များများသုံးပါတဲ့
ည(10)နာရီ ကျရင်တဲ့🥰

အသစ်လေးတွေ လဲပေးနော်ချစ်တို့
31/08/2021

အသစ်လေးတွေ လဲပေးနော်ချစ်တို့

✅ အခုကာလနေမကောင်းဖြစ်ပြီးတဲ့သူတိုင်း သက်သာသွားတဲ့အချိန်မှာ သွားတိုက်တံလဲဖို့ မမေ့ပါနဲ့ခင်ဗျာ ။

Credit to Dr. Myoe Myint Aung Your MYOE - Your Dentist

နေမကောင်းတယ်လို့ဆိုရာမှာ အခုကမ္ဘာကျော်ဒုက္ခအိုးကြီး ကိုဗစ် ၁၉ အပါအဝင် တုတ်ကွေးဖြစ်ခြင်း ၊ အအေးမိ၍ဖျားခြင်း၊ လည်ချောင်းနာခြင်း ၊ ပါးစပ်ထဲတွင်ပိုးဝင်၍အနာများဖြစ်ခြင်း စသဖြင့် အကုန်အကြုံးဝင်ပါတယ် ။
ကျွန်တော်တို့ကို နေမကောင်းဖြစ်စေတဲ့ ဘက်တီးရီးယားတွေ ဥပမာ-လည်ချောင်းနာစေတတ်တဲ့ ဘက်တီးရီးယားတွေက သွားတိုက်တံကနေတဆင့် ပြန်လည်ကူးစက်နိုင်ပါတယ် ။ ကျွန်တော်တို့က ပိုးသတ်ဆေးတွေသောက်တဲ့အခါ အဲ့ဒီဘက်တီးရီးယားတွေဟာ ပိုးသတ်ဆေးတွေကြောင့် သေကုန်ပြီး ကျွန်တော်တို့ ပြန်နေကောင်းလာပါတယ် ။ ဒါပေမယ့် နေမကောင်းဖြစ်တုန်းက သွားတိုက်တံကို ပြန်သုံးရင် အဲ့ဒီကတဆင့် ပြန်ပိုးဝင်ပြီး နေမကောင်းပြန်ဖြစ်နိုင်လို့ပါ ။

ဒါဆို ဗိုင်းရပ်တွေကြောင့်ဖြစ်လေ့ရှိတဲ့ တုတ်ကွေးတို့ အအေးမိတာတို့ကျတော့ရော...။
ဒီလိုအခြေအနေကြောင့်ဖျားပြီးတော့ သက်သာသွားတဲ့အခါ သွားတိုက်တံတွေကနေပြန်ဖြစ်ဖို့ အခွင့်အလမ်းနည်းပါးပေမယ့် ကျွန်တော်ကတော့ ဖျားလို့ ပြန်သက်သာလာတဲ့အခါ သွားတိုက်တံကို အသစ်လဲဖို့ အကြံပြုချင်ပါတယ် ။
ကျွန်တော်တို့နေမကောင်းတာက ဘက်တီးရီးယားတွေကြောင့်ရော ဗိုင်းရပ်စ်တွေကြောင့်ရော ဖြစ်နိုင်တာပဲ ဟုတ်တယ် ဟုတ် ။

☘ မိမိမှာ သွားဖုံးရောဂါတွေရှိတယ် သွားဖုံးတွေမကောင်းဘူး ကိုယ်ခံအားကျဆင်းနေတဲ့အခြေအနေများ /ရောဂါများလည်း ရှိတယ်ဆိုရင် သွားတိုက်တံကို "၁ လခွဲ" တစ်ခါ အသစ်လဲပေးပါ ။
☘ ခွဲစိတ်မှုကြီးကြီးမားမားလုပ်ထားတဲ့သူတွေ ၊ ပိုးဝင်ဖို့ အခွင့်အလမ်းများသူတွေကတော့ ရက်အနည်းငယ်အတွင်း သွားတိုက်တံအသစ် ခဏခဏလဲပေးသင့်ပါတယ် ။
☘ ပုံမှန်လူတွေကတော့ သွားတိုက်တံကို (၃) လ တစ်ကြိမ် လဲပေးရင် လုံလောက်ပါတယ်ခင်ဗျာ ။
သုံးတာ မကြာသေးပေမယ့် သွားတိုက်တံ Quality မကောင်းလို့ဖွာသွားရင် အသစ်လဲပေးပါ ။

ဒီကာလအတွင်းဖျားပြီး ပြန်သက်သာလာသူတွေကတော့ သွားတိုက်တံအသစ် ဒီနေ့ စလဲကြရအောင်ခင်ဗျာ ။
ကျွန်တော်လည်း နေမကောင်းတာသက်သာလို့ သွားတိုက်တံအသစ်လဲရင်း အားလုံးကိုလည်း သတိတရမျှဝေလိုက်ရပါတယ် ။

"သွားတိုက်တံလေးတွေကို ဂရုတစိုက်ထိန်းသိမ်းနည်းများ"ကိုတော့ အရင်ကဖော်ပြခဲ့ပြီးဖြစ်လို့ ဒီ link ကနေ ဖတ်နိုင်ပါတယ်ခင်ဗျာ ။
https://www.facebook.com/116778065697333/posts/544504189591383/

ချစ်ခြင်းဖြင့်သာမျှဝေပါသည် ။

ဝေမျှခွင့်ပေးသော ဒေါက်တာမျိုးမြင့်အောင် ကိုကျေးဇူးအထူးတင်ပါတယ် ဗျ ။ 🙏🙏🙏





Photo Credit to Your Myoe, Your Dentist

Mask လေး တွေ ကိုလေ့လာပါ KF94 (Korea) တစ်ခု ပါ ပါကင်(2,500)ပါ10 ခုပါ ပါကင်တစ်ထုတ်(23,000)BKK မရောင်းပါ‌Credit Photos :Her...
10/07/2021

Mask လေး တွေ ကိုလေ့လာပါ

KF94 (Korea) တစ်ခု ပါ ပါကင်(2,500)ပါ
10 ခုပါ ပါကင်တစ်ထုတ်(23,000)
BKK မရောင်းပါ‌

Credit Photos :Heroes for Myanmar

ကူးစက်လွယ်တဲ့ ရောဂါပိုးဟာ အခုဆိုရင် အတော်လေး ပျံ့နှံ့နေပြီလို့ ထင်ပါတယ်။ရောဂါလက္ခဏာတွေထဲမှာ ချောင်းဆိုး/ အသက်ရှူကြပ်ရုံမ...
10/07/2021

ကူးစက်လွယ်တဲ့ ရောဂါပိုးဟာ အခုဆိုရင် အတော်လေး ပျံ့နှံ့နေပြီလို့ ထင်ပါတယ်။
ရောဂါလက္ခဏာတွေထဲမှာ ချောင်းဆိုး/ အသက်ရှူကြပ်ရုံမက အန်/ ဝမ်းလျှော/ အစားအသောက်ပျက်တာတွေပါ ပါနေတယ်ဆိုတာကို သတိပြုစေချင်ပါတယ်။

သူက အသက်ရှူလမ်းကြောင်းရဲ့အစ နှာခေါင်းကသာမက ၊ အစာစားတဲ့ ခံတွင်းကပါ ဝင်နေတယ်ဆိုတာ နားလည်ဖို့လိုပါတယ်။

ပိုးရလာရင် ရောဂါပြင်းထန်တာ/ သေဆုံးရတာတွေဟာ ကိုယ်ခံအားတစ်မျိုးတည်းသာမက ဝင်လာတဲ့ ပိုးကောင်ရေ ပမာဏပေါ်မှာလဲ မူတည်နေတယ်ဆိုတာကိုပါ နားလည်ဖို့ လိုပါတယ်။
ဝင်လာပြီးရင်လဲ သူက ၄ ရက်လောက်မျိုးပွါးပြီးမှ အတွင်းထဲကို ဝင်တာ ဖြစ်ပါတယ်။
၄ ရက်လောက် အချိန်ရတုန်းမှာ ပိုးကောင်ရေ မလျှော့ချပေးချင်ဘူးလားဆိုတာ သတိရှိကြပါစေ။
သူမျိုးပွါးနေတဲ့နေရာကိုလဲ သိရက်သားနဲ့ ဆင်ခြေတွေပေးပြီး ဘာမှ မလုပ်ဘူးဆိုရင်လဲ ကိုယ့်သဘောတော်အတိုင်းပါပဲ။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ပါ။

နှာခေါင်းအတွက်က ပိုးကောင်ရေလျှော့နည်းဟာ မြန်မာပြည်အတွက် သိပ်မဖြစ်နိုင်တာကြောင့် မပြောပြတာဖြစ်ပါတယ်။
ခံတွင်း ပိုးကောင်ရေ လျှော့နည်းကိုတော့ ပြောပြပြီးပါပြီ။

အခုအချိန်ဟာ ဈေးစစ်ရမဲ့အချိန် မဟုတ်တော့ပါ။
ဆင်ခြေတွေ တက်နေရတော့မဲ့အချိန်လဲ မဟုတ်တော့ပါ။

ရောဂါကပ်ကာလမှာ ကံ ဉာဏ် ဝီရိယ သုံးရတော့မဲ့အချိန် ဖြစ်ပါတယ်။

အသက်ကို ဉာဏ်စောင့်တယ်နော်။

သုတမျိုးစုံလဲဲ ပေးပြီးနေပါပြီ။

ကိုယ့်ကိုယ်ကို စောင့်ရှောက်တတ်သူများ ဖြစ်ကြပါစေ။
ကိုယ့်အားကိုယ်ကိုးရမဲ့အချိန်ကာလ ဖြစ်နေပါတယ်။
ကိုယ်လုပ်စရာရှိတာ လုပ်ရတော့မယ်အချိန်ပါ။

“ဘယ်သူမပြု မိမိမှု”
Card.

💞Cherry group လာထားနော်ကြိုက်ရာယူပါ All Items👉🌸🌺🌺🌺🌺🌺🌺🌺🌸Jelly CreamTone up CreamLotionSkinFoam
07/07/2021

💞Cherry group လာထားနော်ကြိုက်ရာယူပါ All Items👉
🌸🌺🌺🌺🌺🌺🌺🌺🌸
Jelly Cream
Tone up Cream
Lotion
Skin
Foam

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Shwe Ta Soke Online Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share