October Born

October Born onlineshop

06/10/2025

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာအသုံးပြုမယ့် Trionda လို့ အမည်ရတဲ့ ဘောလုံးကို တနေ့ကစတင်မိတ်ဆက်ပြသခဲ့ပါတယ် ။ အဆိုပါမိတ်ဆက်ပွဲမှာ ၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲကစပြီး ချန်ပီယံအဖြစ် ဗိုလ်စွဲခဲ့တဲ့ အသင်းတွေက ကစားသမားတွေကို သူတို့ဗိုလ်စွဲခဲ့တဲ့နှစ်တွေက ဘောလုံးတွေနဲ့အတူ ပါဝင်စေခဲ့ပါတယ် ။

ဘရာဇီးအသင်းခေါင်းဆောင်ဟောင်း ကာဖူး ၊ ပြင်သစ်က ဇီဒန်း ၊ ၂၀၀၂ ချန်ပီယံ ကာကာ ၊ ၂၀၀၆ အီတလီအသင်းက ဒယ်ပီယာရို ၊ ၂၀၁၀ ကမ္ဘာ့ဖလားမှာ စပိန်အသင်းနဲ့ ချန်ပီယံဖြစ်ခဲ့တဲ့ ဇာဗီ ၊ ၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီအသင်းက တိုနီကရူးစ် ၊ ၂၀၁၈ ရဲ့ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်ကွင်းလယ်လူ ပေါလ်ပေါ့ဘာနဲ့ လက်ရှိချန်ပီယံ အာဂျင်တီးနား ( ၂၀၂၂ ) ရဲ့ အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီ တို့ ပါဝင်ခဲ့ကြပါတယ် ။

Helllo everyone
06/10/2025

Helllo everyone

 #အနီဖုလေးတွေထွက်တယ်_တချို့အဖုလေးတွေရဲ့ထိပ်မှာ_အရည်ကြည်ဖုလေးပါတယ် #ဖျားတယ်_ကိုယ်လက်မလှုပ်ချင်ဘူး_အစားအသောက်ပျက်တယ်      ...
06/03/2025

#အနီဖုလေးတွေထွက်တယ်_တချို့အဖုလေးတွေရဲ့ထိပ်မှာ_အရည်ကြည်ဖုလေးပါတယ်
#ဖျားတယ်_ကိုယ်လက်မလှုပ်ချင်ဘူး_အစားအသောက်ပျက်တယ်



ရောဂန္တရကပ် ရောဂါကပ်ဆိုက် နေသလိုပါပဲဗျာ

- ဝမ်းပျက်ဝမ်းလျှော
- အသည်းရောင်အသားဝါ
- တုပ်ကွေးကလည်း ခြိမ်းခြောက် နေဆဲမှာ

နောက်ထပ် အတွေ့များလာတာက #ရေကျောက်ရောဂါ (Chicken pox) ဖြစ်ပါတယ်

- မအီမသာ နဲ့ နေလို့ မကောင်းဘူး
- အစားအသောက် ပျက်တယ်
- ပင်ပန်းနွမ်းနယ် နေရာကနေ

- ကိုယ်ပူလာတယ်
- ကိုယ်လက် ကိုက်လာတယ်
- ခေါင်းတွေ ကိုက်လာတယ်

ဒီအထိက တော့ ရာသီဖျားလား ၊ တုပ်ကွေးလား ၊ သွေးလွန်တုပ်ကွေးလား ၊ ကိုဗစ်လား မကွဲသေးပါဘူး အကုန်တူတူပါပဲ ။

အဲ့ကနေ ကိုယ်လုံးမှာ ဝက်ခြံဖုလေးတွေလို နီနီအဖုလေးတွေ စထွက်လာပါတယ် (ဝက်ခြံလိုလို မိတ်ဖုလေးတွေ လိုလိုပေါ့)

အနီဖုလေးတွေကနေ နည်းနည်းကြီးလာပြီး ထိပ်နားမှာ အရည်ကြည်အိတ်လေးဖြစ်လာပါတယ်၊ တချို့မှာ အရည်ကြည်အိတ်လေးက ဖြူဖြူလေးဖြစ်နေတော့ (နီနီအဖုထိပ်မှာအဖြူစက် နဲ့က ဝက်ခြံလိုဖြစ်နေတာပေါ့)

ထိပ်က အရည်အိတ်လေး ပေါက်သွားပြီး အနာလေးဖြစ်ကျန်ခဲ့ပါတယ် နီနီအဖုလေးထိပ်မှာအနာစက်လေး နဲ့ပေါ့

နောက်တော့ အဲ့ဒီအနာလေးက ခြောက်ပြီး အနာကျက်ကာ အညိုကွက်လေးကျန်ရာကနေ ပျောက်သွားပါလိမ့်မယ်။

အနီဖု အသစ်လေးတွေလည်း ထပ်ထပ်ထွက်လာတော့ ခန္ဓာကိုယ်ပေါ်မှာ

- အနီဖုလေးတွေရော
- အရည်ကြည်ဖုလေးတွေရော
- အနာစက်လေးတွေရော
- အညိုကွက်လေးတွေရော

အစုံစုပြီး ရှိနေရင် #ရေကျောက်ရောဂါဖြစ်ပါတယ်။

💪 ကိုယ်ခံအား 🦠 ရောဂါအပြင်း/အပျော့ ပေါ်မူတည်ပြီး

👉 ကိုယ်အပူချိန်
👉 ခံစားရတဲ့ လက္ခဏာ
👉 အဖု အနည်းအများ ကွာခြားတတ်ပါတယ်။

-----------
ဖြစ်စေတဲ့ ပိုး ကတော့ Virus ဖြစ်ပြီး
သူ့နာမည်က " varicella-zoster virus " ဖြစ်လို့ ခါးပတ်ရေယုန်ဖြစ်စေတဲ့ Virus အမျိုးအစားပါပဲ။

ရေကျောက်ရောဂါ ဖြစ်ပြီး " varicella-zoster virus " ဟာ အာရုံကြောတွေထဲ ပုန်းကျန်နေခဲ့တတ်ပြီး ကိုယ်ခံအားကျတဲ့ အချိန်မှာ ခါးပတ်ရေယုန် အနေနဲ့ လူကိုပြန်ပြီး ဒုက္ခပေးတတ်ပါတယ်။

----------
ကူးစက်မှုကတော့

- ရောဂါပိုးရှိသူနဲ့ ထိတွေ့မှုကနေ ကူးစက်နိုင်သလို
- အသက်ရှူလမ်းကြောင်းကနေလည်း ကူးစက်တတ်ပါတယ်။

အရမ်း အရမ်းကို ***ကူးစက်လွယ်တဲ့ ရောဂါဖြစ်ပါတယ်။

တော်သေးတာက

- *ရောဂါတစ်ခါဖြစ်ပြီးသူမှာဖြစ်စေ
- *ကာကွယ်ဆေး ထိုးထားတဲ့ သူမှာဖြစ်စေ

ပြန်မဖြစ်တတ်ပါဘူး။

- လူနာ အများစုမှာ

အထက်ကပြောခဲ့တဲ့ ဖျားတယ် အနီဖု ပုံစံမျိုးစုံ ထွက်တယ် စတဲ့ လက္ခဏာတွေလောက်ပဲ ဖြစ်ပြီး ရက်ပိုင်းအတွင်း သက်သာသွားကြပါတယ်။

__________
ဒါပေမယ့် 🚨🚨🚨

- မွေးကင်းစ ကလေးလေးတွေ
- တစ်နှစ်အောက် ကလေးလေးတွေ
- မြီးကောင်ပေါက်တွေ
- သက်ကြီးရွယ်အိုတွေ
- ကိုယ်ဝန်ဆောင်မိခင်တွေ
- နာတာရှည်ရောဂါသည်များ
- ကိုယ်ခံအားကျဆင်းနေတဲ့ (HIV/AIDS ရောဂါရှင်တွေ)
- ကိုယ်ခံအားထိန်းညှိဆေးသောက်ထားရတဲ့ (လေးဖက်နာဝေဒနာရှင်တွေ၊ ကိုယ်အင်္ဂါအစိတ်အပိုင်းအစားထိုးထားသူတွေ)
- အရောင်ကျဆေး (Steroid) ရေရှည်သောက်သုံးနေရသူတွေ မှာတော့

***ကာကွယ်ဆေး ထိုးမထားရသေးရင်
***ရောဂါတစ်ခါမှ မဖြစ်ဖူးသေးရင်

" #အထူးဂရုစိုက်ကြဖို့_လိုအပ်ပါတယ် "

__________
ရေကျောက်ရောဂါ က အများစုမှာ သာမန် ဖျားနာ ရုံနဲ့ကောင်းသွားတတ်ပေမယ့်

တချို့အနည်းစုမှာ

- Secondary Bacteria Infection (Bacteria ပိုးဝင်ရောက်ခြင်း)
- Pneumonia (အဆုတ်ရောင်ခြင်း)
- Encephalitis (ဦးနှောက်ရောင်ခြင်း)
- အဖျားကြီးလွန်းရာက ရေဓာတ်ခမ်းခြောက်ခြင်း (Dehydration)
အစရှိသည်တို့ကနေ သေသေချာချာကုသမှု မခံယူရင်
- အသက်သေဆုံးသည်အထိဖြစ်တတ်ပါတယ်
___________
ကုသမှုကတော့

Virus တွေရဲ့ ထုံးစံအတိုင်း ကိုယ်ခံအားက တိုက်ထုတ်တာမို့ #ကိုယ်ခံအားကောင်းရလေအောင်

👉 အစားပုံမှန်လေးစားပါ (အာဟာရပြည့်ဝအောင်စားပါ)
👉 ကောင်းကောင်းအနားယူပါ (ပင်ပင်ပန်းပန်း အလုပ်တွေမလုပ်ပါနဲ့)
👉 အချိန်မှန်မှန် နဲ့ အိပ်ရေးဝ ဝ အိပ်စက်အနားယူပါ
👉 ရေအများကြီးသောက်ပါ (ကိုယ်အပူချိန် / ချွေးထွက်နှုန်းပေါ်မူတည်ပြီး ရေအများကြီး အများကြီး သောက်ပါ)

💊 ကိုယ်ပူ/ကိုယ်လက်ကိုက်/ခေါင်းကိုက်တာ အတွက် Paracetamol 500mg ၆ နာရီခြား လေးကြိမ်အထိသောက်လို့ရပါတယ်
(ကလေးတွေကတော့ အသက်အရွယ်/ကိုယ်အလေးချိန်ပေါ်မူတည်ပြီး ဆေးညွှန်းအတိုင်းတိုက်လို့ရပါတယ်)
🥗 🍎 အသီးအနှံ ဟင်းသီးဟင်းရွက်တွေ အများကြီး မစားနိုင်တဲ့အတွက် Multivitamins နဲ့ minerals တွေပါတဲ့ အားဆေးတစ်မျိုးမျိုး သောက်ပါ
အဖုလေးတွေက ယားပါတယ် မကုတ်ဖဲ့ဖို့ သတိထားပါ ပိုး (Bacteria) ဝင်သွားနိုင်သလို အမာရွတ်ကျန်ခဲ့တတ်ပါတယ်။ ယားတာ မခံနိုင်ရင် (Anti-histamine) Burmeton / Loratidine / Cetrizine ဆေးညွှန်းအတိုင်းသောက်ပါ
__________
အများစုကတော့ အချိန်တို ရက်ပိုင်းအတွင်း ပျောက်သွားတတ်ကြပေမယ့်

🚨 မျက်လုံးတွေပါ နီရဲရောင်ကိုင်းလာလျှင်
🚨 ခန္ဓာကိုယ်က အဖုတွေ နီရဲရောင်ကိုင်းပြီး နာကျင်လာလျှင်
🚨 ကယောင်ကတမ်းဖြစ်လာခြင်း ၊ ခြေလက်မသယ်နိုင် လှုပ်ရှားရတာ ထိန်ချုပ်ရတာ ခက်လာခြင်း ၊ ဇက်ကြီးခိုင်လာခြင်း ၊ မခံမရက်နိုင်အောင် ခေါင်းကိုက်ခြင်း
🚨 ချောင်းအရမ်းဆိုးလာခြင်း ၊ အသက်ရှူကြပ်လာခြင်း (SpO2 ကျခြင်း)
🚨 အဖျားအရမ်းကြီးခြင်း (၁၀၂ အထက်)
🚨 အထက်ကပြောထားတဲ့ ရောဂါအခံများရှိခြင်း

စသည်တို့တွင် #ဆရာဝန်အမြန်ပြ၍ အမြန်ဆုံးကုသမှုခံယူကြပါ။

#ရေကျောက်ရောဂါ ဖြစ်ပါတယ်
#ရေကြောက်ရောဂါ မဟုတ်လို့ ရေနဲ့မထိရဘူးဆိုတာ (လုံးဝ) မဟုတ်ပါဘူးဗျာ
👉 ရေမချိုးပဲ မနေကြပါနဲ့
အဖျားကြီးနေတာကို ရေမချိုးကြဘူး ဆိုရင်တောင် ရေပတ်တော့ နိုင်နိုင်တိုက်ပေးကြပါ။
___________
ဒီလောက်ဆိုရင် ရေကျောက်ရောဂါ

- လက္ခဏာတွေက ဘာတွေလဲ
- အများစုမှာ မပြင်းထန်ပဲ
- ဘယ်သူတွေမှာ ပြင်းထန်တတ်လဲ
- ဘာတွေဖြစ်ရင် ဆရာဝန်ပြဖို့လိုလဲ
- အိမ်မှာ ဘာတွေ လုပ်ကြမလဲ ဆိုတာတွေ သိကြပြီထင်ပါတယ်

(Photo credit; Mayo Clinic)

ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Credit. ,: Dr. ဘုန်းစည်သူလွင်

 #ဆီးအရောင်ရင့်ပြီး_မျက်လုံးလေးဝါကျင်ကျင်ဖြစ်လာတယ် #အစားအသောက်ပျက်ပြီး_ဗိုက်ညာဘက်ကအောင့်အောင့်နေတယ်          #အသည်းရောင်...
24/02/2025

#ဆီးအရောင်ရင့်ပြီး_မျက်လုံးလေးဝါကျင်ကျင်ဖြစ်လာတယ်
#အစားအသောက်ပျက်ပြီး_ဗိုက်ညာဘက်ကအောင့်အောင့်နေတယ်
#အသည်းရောင်အသားဝါအေ (Hepatitis A)
အသည်းရောင်အသားဝါရောဂါ ဆို B ပိုး C ပိုးပဲ အသိများကြသလိုပါပဲ
ကျွန်တော်တို့ငယ်ငယ်က တော့ အသည်းရောင်အသားဝါ A က အဖြစ်များပါတယ် - ရေသန့်တွေသောက်ကြတယ်၊ အစားအသောက်ကို သေချာချက်ပြုတ်စားသောက်နေကြတော့ မဖြစ်တာတော်တော်ကြာခဲ့ပါပြီ
ဒါပေမယ့် ဒီရက်ပိုင်း အသည်းရောင်အသားဝါ A ပိုး ပြန်ဖြစ်တာ တွေ့လာရပါတယ်
🤒 အဖျားလေးတက်ပြီး တုပ်ကွေးလိုကိုယ်လက်ကိုက်ပါတယ်
(နှာစေး ချောင်းဆိုး လည်ချောင်းနာတာတော့ မရှိပါဘူး)
🤢 အစားအသောက်ပျက်ပြီး ပျို့နေပါတယ်
😓 ဆီးအရောင်ရင့်တယ် မျက်လုံးလေးဝါရာကနေ အသားပါဝါလာတတ်ပါတယ်
🤢 ဗိုက်နာပါတယ် အထူးသဖြင့် ဗိုက်ညာဘက်နံရိုးအောက်ပေါ့
* သတိမထားမိရက် တုပ်ကွေးနဲ့ အစာအိမ်ရောင်တာလို့ လျှော့တွက်မိတတ်ပါတယ်

အကိုက်ခဲပျောက်ဆေး အဖျားကျဆေးတွေ ထပ်သောက်ရာကနေ အသည်းရောင်တာ ဆိုးသွားတတ်ပါတယ်
ကျွန်တော်တို့လည်း ဗိုက်အောင့်လူနာလာရင် သတိထားပြီး #မျက်လုံးဖြဲကြည့်နေရပါတယ် ဝါနေသလားပေါ့

B ပိုး C ပိုး နဲ့ မတူတာက
👉 နာတာရှည်အသည်းရောဂါ မဖြစ်သွားတတ်ပါဘူး
👉 မသန့်ရှင်းတဲ့ ပိုးရှိနေတဲ့ အစားအသောက် ၊ ရေ ကနေကူးစက်ပါတယ်
👉 ရောဂါရှိနေတဲ့သူနဲ့ ထိတွေ့ကိုင်တွယ်မိပြီး အစားအသောက်ကို လက်သေချာမဆေးပဲစားရင် ကူးတတ်ပါတယ်
* ကူးစက်လွယ်ပါတယ်
ရောဂါဖြစ်နေတဲ့သူက သူတပါးကိုမကူးစက်ရအောင်အထူးသတိထားဖို့လိုသလို အတူနေမိသားစုကလည်း အထူးဂရုစိုက်ရပါမယ် (လက်သေသေချာချာ ဆေးကြပါ)

Virus ဖြစ်တဲ့အတွက်ကြောင့်တော့ ကုသတဲ့ဆေး တိတိကျကျမရှိပါဘူး (အများစုမှာ သူ့ဟာသူပျောက်ပါတယ်)
Supportive Care အနေနှင့်
- အစာကောင်းကောင်းဝင်အောင်စားရပါမယ်
- ရေများများသောက်ရပါမယ်
- ပျို့နေအန်နေတာ အတွက်တော့ ဆေးကုသဖို့လိုအပ်ပါတယ်
- အစာမဝင်ရင်တော့ Drip ချိတ်ဖို့လိုအပ်ပါတယ်
- အသည်းရောင်နေတာမို့ အသည်းရောင်တာပိုဆိုးစေတဲ့ အရက် ၊ အကိုက်ခဲပျောက်ဆေးတွေ ရှောင်ဖို့လိုအပ်သလို Herbal medicine တိုင်းရင်းဆေးတွေ ရှောင်ဖို့လိုအပ်ပါတယ် (အစာမကြေဘူး လျက်ဆားလေးလျက်လိုက်ဦးမယ် မလုပ်ပါနဲ့)
Self limiting- အများစုမှာ သူ့ဟာသူပျောက်သွားတတ်ပေမယ့်
အသည်းရောင်တာအရမ်းဆိုးတဲ့အခါ (အစာမဝင် ပျို့အန် ဗိုက်အောင့် နုံးချိနေရင်တော့ ဆေးရုံတက်ရောက်ဖို့လိုအပ်ပါတယ်)
သတိထားဖို့ကတော့ *အသားဝါပြီးနေမကောင်းတာဖြစ်တဲ့အခါ အသည်းရောင်အသားဝါ A ဟုတ်မဟုတ်က သွေးစစ်ဆေးမှ သိနိုင်တာမို့ တခြားကြောက်စရာ အသည်းရောင်အသားဝါရောဂါတွေကို အရင်ဆုံး Exclude လုပ်ဖို့လိုအပ်ပါသေးတယ်

ထုံးစံအတိုင်း မဖြစ်ခင်က ကာကွယ်တာအကောင်းဆုံးမို့
- အစားကိုသေချာစွာချက်ပြုတ်စားသောက်ပါ
- ရေသန့်သောက်ပါ (ရိုးရိုးရေသောက်ပါက ကျိုချက်၍သောက်ပါ)
- လက်သေသေချာချာဆေးပါ (ခဏခဏဆေးပါ)
အသည်းရောင်အသားဝါ A ကာကွယ်ဆေး တော့ရှိပါတယ် (အနောက်နိုင်ငံက လူတွေ ကျွန်တော်တို့ဆီလာရင် ထိုးလာတတ်ကြပါတယ်)
Single Dose တစ်ကြိမ်ပဲထိုးရပါတယ် - ဆေးထိုးပြီး ၂ ပတ်ကြာလျှင် ဆေးအစွမ်းစရှိပါပြီ တစ်နှစ်ကြာလျှင် Booster တစ်ကြိမ်ထိုးပါက ၂၅ နှစ်အထိ ကာကွယ်နိုင်ပါတယ်
(Photo credit- ClevelandClinic)
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Credit : Dr. ဘုန်းစည်သူလွင်

 #ရေချိုးနေတုန်း_ရှူရှူးပေါက်ရင်_ကျောက်ကပ်ပျက်တတ်တာ_ဟုတ်လား #မတ်တပ်ရပ်ပြီး_သွားတဲ့အတွက်_ဆီးက_အရှိန်နဲ့သွားရလို့ပါတဲ့😅😅😅 ...
20/02/2025

#ရေချိုးနေတုန်း_ရှူရှူးပေါက်ရင်_ကျောက်ကပ်ပျက်တတ်တာ_ဟုတ်လား
#မတ်တပ်ရပ်ပြီး_သွားတဲ့အတွက်_ဆီးက_အရှိန်နဲ့သွားရလို့ပါတဲ့

😅😅😅

#ဆီးသွားခြင်း (Peeing/Urination)

ဆီးသွားတယ် ဆိုတာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲက ပိုလျှံနေတဲ့ရေတွေ၊ ဓာတ်ဆားတွေ၊ Protein (အသားဓာတ်)တွေကို သုံးစွဲဖျက်ဆီးပြီးရလာတဲ့ Urea၊ သောက်လိုက်တဲ့ ဆေးတွေ၊ အဆိပ်အတောက်အချို့ နဲ့ Bacteria ပိုး အနည်းငယ် ပါဝင်ပါတယ်။

👉 ဆီး သွားရင် ဘာဖြစ်လဲ ဆိုတော့ ကောင်းပါတယ်။ ကျောက်ကပ် လုံးဝ လုံးဝ မပျက်ပါဘူး
👉 ဆီး မသွားပဲ ခဏ ခဏ အောင့်ထားတတ်ရင်သာ ဆီးပိုးဝင်ခြင်း အပါအဝင်၊ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ထိခိုက်တတ်တာပါ။
___________
အဲ့တော့ #ရေချိုးနေတုန်း_ဆီးသွားသင့်လား ⁉️

တချို့ပတ်ဝန်းကျင် ထိန်းသိမ်းရေး တွေကတော့ သွားသင့်တယ် လို့တောင် နှိုးဆော်ကြပါတယ်၊ Campaign တွေတောင်ရှိပါတယ်။
လူတစ်ယောက်က တစ်နေ့ တစ်ခါ ဆီးသွားဖို့ရေသုံးတာ တစ်နှစ်ဆိုရင် Gallon 1,100 ရှိပါတယ်တဲ့။ (အနောက်နိုင်ငံတွေက သုတေသနပါ)
👉 ရေချိုးတုန်း ဆီးသွားလိုက်ရင် အဲ့လောက်ရေ ပမာဏ မပြုန်းတီးတော့ဘူးပေါ့။

ကျန်းမာရေးရှူထောင့်ကနေ ဆိုရင်

ကျန်းမာနေတဲ့ လူတစ်ယောက်ဟာ ဆီးထဲမှာ Bacteria ပိုး အနည်းငယ်သာ ပါဝင်တတ်ပေမယ့်။

ဆီးလမ်းကြောင်းပိုးဝင်နေတဲ့ (Urinary Tract Infection) လူတစ်ယောက်ရဲ့ ဆီးထဲမှာပေါ့ Bacteria တွေ အများကြီး ပါဝင်ပါတယ်။
👉 မိမိ အတွက်ဆိုရင် ပေါင်/ခြေထောက်တွေမှာ အနာရှိခဲ့ရင် ဆီးထဲက Bacteria တွေဝင်သွားနိုင်တဲ့ အတွက် ဆီးလမ်းကြောင်း ပိုးဝင်နေတဲ့သူက ရေချိုးနေတုန်းဆီး မသွားသင့်ပါဘူး။
👉 အဲ့လိုပဲ ထပ်တူစဉ်းစားလိုက်ရင် ခြေထောက်မှာ အနာရှိတဲ့သူတွေက အများသုံးရေချိုးခန်းတွေမှာ ရေမချိုးသင့်ပါဘူး

ရေချိုးခန်းထဲမှာက ရေချိုးရင် အညစ်အကြေးက #ဆီး တစ်မျိုးထဲ မဟုတ်ပါဘူး
- ဆံပင်တွေ
- အရေပြားတွေ
- ခန္ဓာကိုယ်မှ ထွက်တဲ့ တခြားအရည်တွေ( ချွေး)
- တချို့ဆို ရေချိုးတုန်း တံထွေးထွေးကြသလို၊ နှပ်ညှစ်တတ်ကြပါတယ်။
အဲ့ဒါကြောင့် လူအသုံးများရင် ရေချိုးခန်းကို တစ်ပတ်-နှစ်ပတ်လျှင် တစ်ကြိမ်လောက် သေသေချာချာ ဆေးသင့်ပါတယ်။
___________
ရေချိုးနေတုန်းဆီးသွားရင် ဘာဖြစ်လဲဆိုတော့

- ဘာမှမဖြစ်ပါဘူး (ဘာကျောက်ကပ်မှ မပျက်ပါဘူး)
- ရေချွေတာရာရောက်ပါတယ်
ဒါပေမယ့်
- ဆီးပိုးဝင်နေတဲ့ လူကတော့ ရေချိုးနေတုန်း ဆီးမသွားသင့်ပါဘူး
ကိုယ့်ခြေထောက်မှာအနာရှိရင် ပိုးဝင်နိုင်သလို၊ အများသုံးရေချိုးခန်းမှာဆို ပိုပြီးမလုပ်သင့်ပါဘူး
- ခြေထောက်မှာ အရေပြားလန်နေတဲ့အနာရှိနေရင် အများသုံးရေချိုးခန်းမှာ မချိုးပါနဲ့ (လူတော်တော်များများက ရေချိုးရင်း ရှူးပေါက်တတ်ပါတယ်)

တချို့ လူယုတ်မာတွေ ဆိုရင် ရေကူးကန်ထဲမှာပါ ဆီးသွားတတ်ပါတယ်။ (ရေကူးကန်ထဲမှာတော့ ပိုးသတ်ဆေးခပ်ထားတဲ့အတွက် ပိုးကူးဖို့အခွင့်အရေးနည်းတယ် ဆိုပေမယ့် ခန္ဓာကိုယ်မှာ အရေပြားလန်နေတဲ့အနာရှိရင် အများသုံးရေကူးကန်မှာ ရေမကူးသင့်ပါဘူး)

"ရေချိုးတုန်း ဆီးသွားရင် ကျောက်ကပ်ပျက်တတ်တယ်" လို့ပြောတာ အိမ်က လူကြီးတွေဖြစ်နေရင် ဒီစာပြပြီး သွားငြင်းမနေပါနဲ့ 😀 ရေချိုးခန်းကူဆေး ပေးလိုက်ကြပါ။

Car : Dr. ဘုန်းစည်သူလွင်

27/09/2024

မင်္ဂလာပါ အမျိုးတို့ရေ
မေ့မသွားကြပါနဲ့အုံး

ကျန်းမာချမ်းသာကြပါစေ
18/07/2024

ကျန်းမာချမ်းသာကြပါစေ

22/05/2024

အာလုံး မင်္ဂလာပါ

 #ခြေမကြီးရောင်ကိုင်းနေတာပဲ #လမ်းလျှောက်ဖို့မပြောနဲ့_အထိတောင်_မခံနိုင်ဘူး #ထိမိခိုက်မိလည်း_မရှိပါဘူး😰😰😰Gout (ဂေါက်ရောဂါ)...
22/05/2023

#ခြေမကြီးရောင်ကိုင်းနေတာပဲ
#လမ်းလျှောက်ဖို့မပြောနဲ့_အထိတောင်_မခံနိုင်ဘူး
#ထိမိခိုက်မိလည်း_မရှိပါဘူး

😰😰😰

Gout (ဂေါက်ရောဂါ) #ဒူလာရောဂါ လို့ခေါ်ကြတယ်

ဖြစ်ရတဲ့ အကြောင်းရင်း က Uric acid ဆိုတဲ့ ဓာတ်များလို့ဖြစ်ရတာ။

သူရဲ့ အဆစ်ရောင်တာက တခြားအဆစ်ရောင်ရောဂါတွေ နဲ့မတူပဲ အဆစ် တစ်ခု၊ ဒါမှာမဟုတ် (၂) ခု အဲ့လို အဆစ်နည်းနည်းပဲ ဖြစ်ပါတယ်။

အဖြစ်အများဆုံးက 🦶 ခြေမအရင်းနား နဲ့ ဒူးခေါင်း 🦵ပါ

👉👉👉

ဘာလို့အဲ့လို နာရတာလဲ !!!

👉 Uric acid က #အပ်သေးသေးလေးနဲ့ တူပါတယ်

👉 ကျွန်တော် တို့ရဲ့ အဆစ်ဆိုတာ အရိုးနှစ်ခုရဲ့ အဆုံးတွေကို အရွတ်တွေ ကြွက်သားတွေနဲ့ တွဲဆက်ထားပါတယ်။

Uric acid ဆိုတာက အဆစ်တွေမှာစုရတာကိုကြိုက်ပါတယ်။

ခန္ဓာကိုယ်ထဲမှာ Uric acid များလာတော့ အဆစ်တွေမှာ သွားစုပါတယ်။

#တပင်ရွှေထီး သူရဲကောင်းရွေးတုန်းက အပ်စိုက်ပြီး တူနဲ့ရိုက်ပြီး စမ်းသပ်ခဲ့တာ မှတ်မိကြမှာပေါ့ အပ်တစ်ချောင်းစိုက်ခံရရင် ဘယ်လောက်နာလဲဆိုတာ

အပ်သေးသေးလေးတွေ အများကြီးက အဆစ်မှာ လာစိုက်နေကြတာ ဆိုတော့ ဘယ်လောက် နာမလဲ စဉ်းစားကြည့်ကြပါ။
အပ်သေးသေးတွေလာစိုက်နေလို မခံရပ်နိုင်အောင်နာတဲ့ အပြင် အဲ့ဒီနားက ရောင်နေတော့ သွေးဖြူဥ (White Blood Cells) တွေကပါ ရန်သူလာတယ် ဆိုပြီး အဲ့ဒီအဆစ်ကို ဝိုင်းပြီးတိုက်ခိုက်ကြပါတယ်။

အဲ့တော့ အဆစ်က ရောင်သထက်ရောင် နာသထက်နာ နေပါတော့တယ်။

(လေတိုးရင်တောင် နာတယ် ပြောပါတယ် => ခံစားဖူးတဲ့သူတွေ သိကြပါလိမ့်မယ်)

- အဆစ်ကြီးက ရောင်ကိုင်း မခံရပ်နိုင်အောင်နာ
- လမ်းလျှောက်ဖို့မပြောနဲ့ လှုပ်တောင်မလှုပ်နိုင်
- ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုဖြစ်တော့ အဖျားနည်းနည်းရှိတတ်ပါတယ်

👉👉👉

🤔 ဘာလို့ Uric acid က များရတာလဲ !!!

၁။ စားတာများရင်
၂။ စွန့်ထုတ်တာ နည်းရင်

👉👉👉

၁။ Uric acid အနေနဲ့ တော့ ဘယ်သူမှ မစားပါဘူး (Nucleic acid) ဆိုတဲ့ Cells (အသားတွေပေါ့) တွေကိုတော့ စားကြပါတယ်

ငယ်ငယ်က သင်ဖူးတာ မှတ်မိကြမယ်ထင်ပါတယ်၊ Cells တွေမှာ Nucleus ရှိတယ်လေ ။ အဲ့ဒီ Nucleus ထဲမှာ Nucleic acid ရှိတယ် အဲ့ဒီဟာတွေစားရင် ခန္ဓာကိုယ်က Uric acid အဖြစ်ပြောင်းပေးလိုက်ပါတယ်။

Cells များရင် Nucleus များမှာပေါ့

Cells များတဲ့ အစာတွေက
- Red meat (အမဲသား၊ ဝက်သား၊ဆိတ်သား)
- ဝမ်းတွင်းသား ကလီဆာတွေ
- အစေ့အဆံတွေ ၊ အညွန့်အငြှောင့်တွေ (ပဲပင်ပေါက်၊ပဲအမျိုးမျိုး)
- အရက်၊ Beer
- ငါးဥ
(ဘော်ဒါတွေနဲ့ ဆိုင်ထိုင်ရင် Beer လေးကစ်ရင်း မြည်းလို့ကောင်းတာ မှန်သမျှ Beer အပါအဝင် Uric acid တက်စေပါတယ်)
၂။ Uric acid စွန့်ထုတ်တာနည်းရင်

ဥပမာ - ဆီးဆေးသောက်နေရတဲ့သူတွေပေါ့

အဲ့ဒီလူတွေမှာ Uric acid များပါတယ်။

အဲ့တော့ အပေါ်က လက္ခဏာတွေပေါ်ပါတယ်။

💉 ဆေးထိုး၊ 💊 ဆေးစားလိုက်ရင် သက်သာသွားပါတယ်။

အဲ့တော့ ပြန်စား ပြန်သောက်ကြပါတယ်
👉 ပြန်ဖြစ်ကြပါမယ်

ခဏ ခဏ ဖြစ်ရင် အဆစ်တွေပျက်စီးပါမယ်
ကျောက်ကပ်မှာကျောက်တည်ပါမယ် (ကျောက်ကပ်ပျက်ပါတယ်)

👉👉👉

Gout က ဖြစ်ဖူးထားရင် ကိုယ့် Life style ကို မပြင်ရင် ပြန်ဖြစ်တတ်ပါတယ်။

အကောင်းဆုံးက အစားအသောက် ဆင်ခြင်ကြဖို့ပါ

- Red meat (အမဲသား၊ ဝက်သား၊ဆိတ်သား)
- ဝမ်းတွင်းသား ကလီဆာတွေ
- အစေ့အဆံတွေ ၊ အညွန့်အငြှောင့်တွေ (ပဲပင်ပေါက်၊ပဲအမျိုးမျိုး)
- အရက်၊ Beer
- ငါးဥ ရှောင်ရပါမယ်။
- အညွန့်အငြှောင့်တွေ ရှောင်ရပါမယ်

***ဒီရောဂါကတော့ ဆိုင်ထိုင်တတ်တဲ့ ယောက်ျားသားများမှာ ပိုဖြစ်တတ်ပါတယ်

😀 ဒူလာဘေး ကင်းဝေးကြပါစေ 😀

ဒူးခေါင်း စတဲ့ အဆစ်တစ်ခုပဲ ရောင်ရင် တခြားဖြစ်တတ်တာ (၂) ခုရှိပါသေးတယ်
- Septic arthritis (အဆစ်ထဲပိုးဝင်တဲ့ရောဂါ)
- Hemarthrosis ( သွေးရောဂါတစ်မျိုး)

ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်

လူတယောက် နေစရာမရှိတုန်းက သူနဲ့သိပ်ရင်းနှီးတဲ့သူငယ်ချင်းက သူ့အိမ်မှာပေးနေလိုက်တယ်။စစချင်း နေခွင့်ရတုန်းကတော့ အရမ်းကျေးဇူး...
17/02/2023

လူတယောက် နေစရာမရှိတုန်းက သူနဲ့သိပ်ရင်းနှီးတဲ့သူငယ်ချင်းက သူ့အိမ်မှာပေးနေလိုက်တယ်။

စစချင်း နေခွင့်ရတုန်းကတော့ အရမ်းကျေးဇူးတင်သွားတာ။

ပြောင်းစေချင်တဲ့အခါ အချိန်မရွေးပြောပါ ပြောင်းပေးပါ့မယ်ဆိုပြီး
အာမတောင်ခံလိုက်သေး။

အနေလည်း ကြာလာတော့ သူများအိမ်ကို သူ့အိမ်လို စိတ်ထဲမှာ မှတ်ယူလာတော့တယ်။

အချိန်တန်လို့ ပြောင်းပေးဖို့ပြောတော့ မကျေမနပ်တွေဖြစ်လာတယ်။

တချိန်က နေခွင့်ပေးခဲ့တဲ့ ကျေးဇူးဆိုတာကို သတိရဖို့မပြောနဲ့
ကျေးဇူးရှင်ကိုတောင် ရန်သူတယောက်လိုမြင်သွားတယ်။

သူငယ်ချင်းတစု အတူတူပေါင်းပြီး
အဆောင်ငှါးနေကြတယ်။

စေတနာကောင်းတဲ့သူငယ်ချင်းက ချက်ပြုတ်ကျွေးတယ်။
အစတုန်းကတော့ ချက်ကျွေးတာကို ကျေးဇူးတွေတင်နေကြတယ်။

ကြာလာတော့ ချက်ပြုတ်ကျွေးတာကို သူကပဲ မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ခုလိုမြင်လာကြတယ်။

အကြောင်းကြောင်းကြောင့် ချက်မကျွေးဖြစ်တဲ့အခါ ချက်ကျွေးခဲ့တာတွေ ကျေးဇူးတင်ဖို့နေနေသာသာ ချက်မကျွေးရကောင်းလားဆိုပြီး ငြိုငြင်လာကြတယ်။

လူတယောက် အပြင်သွားတဲ့အခါတိုင်း သစ်ပင်တပင်အောက်က ဖြတ်သွားနေကျ။

နောက်တော့ လမ်းဘေးက တွေ့နေကျ ခွေးတကောင်ကို သနားလို့ အနီးနားက အပင်တပင်အောက်မှာ အမြဲတမ်း အစာခေါ်ခေါ်ကျွေးလိုက်တာ။

အရင်က အဲ့ဒီသစ်ပင်နား တခါတလေတွေ့ရတုန်းက လူမြင်တိုင်း အမြဲတမ်း ကြောက်ပြီးရှောင်ပြေးတတ်တဲ့ခွေးဟာ
အပင်အောက်မှာ အစာလာစားတာကြာလာတော့ အဲ့ဒီသစ်ပင်ကို သူပိုင်တယ်လို့ထင်သွားပုံရတယ်။

နောက်ပိုင်းကျတော့
အပင်နားရောက်လာတဲ့ တွေ့တဲ့သူတိုင်းကို ဟောင်တော့တာပဲ။

ကုမ္ပဏီတခုမှာ အလုပ်သမားတွေ အလုပ်နောက်ကျလို့မရဘူးဆိုတဲ့ စည်းကမ်းရှိတယ်။

တခါတလေနောက်ကျတာကို သနားသဖြင့် ခွင့်လွှတ်ပေးထားတယ်။
အစတုန်းကတော့ ကုမ္ပဏီကို နားလည်မှုရှိတယ်ဆိုပြီး ကျေးဇူးတင်ကြတာ။

ကြာလာတော့ သူတို့ဟာ နောက်ကျခွင့်ရှိတယ်လို့မြင်လာပြီး အမြဲလိုလိုနောက်ကျမှအလုပ်တက်ကြတော့တယ်။

နောက်ကျဖန်များလာလို့ နောက်မကျဖို့ပြောတဲ့အခါကျတော့ အရင်ကပေးခဲ့တဲ့ အခွင့်အရေးတွေကို ကျေးဇူးတင်ရကောင်းမှန်းမသိတော့ပဲ သူတို့ရဲ့ရပိုင်ခွင့်ကိုတောင် ချိုးဖောက်တယ်လို့မြင်လာကြတယ်။

လူတွေရဲ့အကျင့်က အမြဲတမ်း
ပေါပေါများများရနေပြီဆိုရင် အဲ့ဒါကို ကျေးဇူးတင်စရာလို့မထင်တော့ဘူး။

တခါတလေ ရခဲတဲ့အရာမျိုးလောက်ပဲ ကျေးဇူးတင်တတ်ကြတာမျိုး။

မိဘနဲ့သားသမီး
ဆရာနဲ့တပည့်
အလုပ်ရှင်အလုပ်သမား
သူငယ်ချင်းကြား
ချစ်သူကြား
မိတ်ဆွေကြား
အသင်းအဖွဲ့တွေကြား စသည့်ဘယ်ဆက်ဆံရေးမှာမဆိုအခွင့်အရေးဆိုတာ
ပေးသင့်သလောက်ပဲပေးရတယ်။

အမြဲတမ်းပေးတော့မယ်ဆိုလည်း
ကိုယ်ပေးနိုင်တဲ့ပမာဏလောက်ပဲ
ပေးသင့်တယ်။

လိုတာထက်ပိုတဲ့ အခွင့်အရေးမျိုးပေးမိလျှင် ကြာလာတဲ့အခါ ရပိုင်ခွင့်လို့ထင်သွားကြတယ်။

တချိန်ချိန်မှာ ကိုယ်က အခွင့်အရေးတွေဆက်မပေးနိုင်တော့တဲ့အခါ
ကိုယ့်လုပ်ပိုင်ခွင့်နဲ့ကိုယ်လုပ်တာတောင် သူတို့ရဲ့ရပိုင်ခွင့်ကို ချိုးဖောက်တယ်လို့ ထင်လာတတ်ကြတယ်၊ ကိုယ်ကပဲမှားနေတယ်လို့လည်း သူတို့က မြင်လာကြတယ်။

အချို့သောသူတွေရဲ့စရိုက်ကများပြားလွန်းတဲ့ ကျေးဇူးတင်စရာတွေထက်
အနည်းငယ်သော အလိုမကျမှုလေးတွေကိုသာစိတ်ထဲမှာ အမြဲတမ်းမြင်နေတတ်တဲ့သဘောရှိတယ်။

ဒါကြောင့် ပေးဆပ်ဖို့စဉ်းစားတိုင်းမှာ
တချိန်ချိန်မှာဖြစ်လာနိုင်တဲ့ရလဒ်ကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုသေးတယ်။

မဟုတ်ရင်အဲ့ဒီစေတနာတွေဟာ
အဆုံးမှာစော်ကားစရာအဖြစ်သာ
ကျန်နေလိမ့်မယ်။

စကားတစ်ခုရှိတယ်
"လူသားတွေ ကျေးဇူးကန်းတဲ့အခါ
နတ်ဘုရားတွေတောင် ဘုရားပြန်တနေရတာမျိုး"

crd.org

 #ဆရာရေ_သွေးတိုးအတွက်  #သွေးကျဆေးမသောက်ပဲ_သက်သာစေမယ့်နည်းလမ်းလေးညွှန်ပြပေးစေချင်ပါတယ်ရှင့်            သွေးတိုးဆိုတာက ရောဂ...
12/02/2023

#ဆရာရေ_သွေးတိုးအတွက်
#သွေးကျဆေးမသောက်ပဲ_သက်သာစေမယ့်နည်းလမ်းလေးညွှန်ပြပေးစေချင်ပါတယ်ရှင့်



သွေးတိုးဆိုတာက ရောဂါအခံ ကြောင့်ဖြစ်တာ အနည်းငယ်ပဲရှိပြီး အများစုက Unhealthy Lifestyle ကြောင့်ဖြစ်ရတာများပါတယ်
- အဆီအငန် အစားများတယ်
- လှုပ်ရှားမှုမရှိဘူး
- စိတ်ဖိစီးမှုများတယ်
- ဆေးလိပ် အရက်သောက်တယ် အစရှိသည်တို့ကို မဍနှစ်ရှည်လများ ကျင့်သုံးလာခဲ့တဲ့အတွက် ခန္ဓာကိုယ်က လိုက်ညှိရင်း ညှိရင်း နဲ့ မညှိနိုင်တဲ့အဆုံး ဖြစ်ပေါ်လာရတဲ့ရောဂါဖြစ်တာမို့

Healthy Lifestyle ကိုသာ အစကတည်းက ကျင့်သုံးခဲ့ရင် ဖြစ်လာစရာကို မရှိတာပါ
အဲ့ဒါကြောင့် သွေးပေါင်တက်တက်နေတတ်တယ် ဆိုတာနဲ့ Lifestyle ပြောင်းရပါမယ်။

1. အဆီ၊ အငန်(ဆား၊အချိုမှုန့်၊အသားမှုန့်) လျှော့စားပါ
အိမ်မှာဘယ်လိုပဲ အချိုမှုန့်မသုံးပါဘူးပြောပြော အပြင်စာစားနေသမျှတော့ ဆား/အချိုမှုန့်မလွတ်ပါဘူး (စားလို့ကောင်းလား/အရသာရှိလား - ဆား/အချိုမှုန့် ပါပါတယ်)
2. အဝလွန်က ကိုယ်အလေးချိန်လျှော့ပါ
ကျန်းမာသော ကိုယ်အလေးချိန်လျှော့နည်းက တစ်ပတ်ကို ကိုယ့်ရဲ့ကိုယ်အလေးချိန်ရဲ့ တစ်ရာခိုင်နှုန်းပဲ ချရပါမယ်
(အစာလုံးဝအငတ်ခံတာ လေ့ကျင့်ခန်းတရားလွန်လုပ်တာတွေဟာ ရေရှည်လုပ်နိုင်တာတွေမဟုတ်လို့ မလုပ်သင့်ပါဘူး)
3. ဆေးလိပ်ဖြတ်ပါ ( စိတ်ကြွဆေးမသုံးပါနဲ့)
4. အရက်အလွန်အကျွံမသောက်ပါနဲ့
5. ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပါ
ဘာမှမလုပ်တတ်ပါဘူး 👉 လမ်းလျှောက်ပါ
ဒူးနာတယ် 👉 လက်နဲ့လုပ်လို့ရတဲ့အလုပ်လုပ်ပေါ့
ဒူးနာပေမယ့် လေ့ကျင့်ခန်းလုပ်ချင်တယ် ရေစိမ်ပြီး လှုပ်ရှားမှုလုပ်ပေါ့
အရေးကြီးဆုံးက မှန်မှန်လုပ်ရပါမယ်
6. စိတ်ဖိစီးမှု လျှော့ချပါ
စိတ်ဖိစီးမှုများရင် ရင်တုန်တာ နှလုံးကိုဖိအားများတွေ ရှိလို သွေးပေါင်တက်ပါတယ်
7. စားချိန် သောက်ချိန်၊ အိပ်ချိန် မှန်ပါစေ
8. အသီိးအရွက်များများစားပါ
9. ရောဂါအခံများကို သေသေချာချာကုပါ
ဘာရောဂါ ရှိရှိ သေသေချာချာကုပါ
(ရောဂါတစ်ခုခုခံစားနေရတယ်ထင်ပြီး ဘာမှမလုပ်ပဲ ထိုင်စိတ်ပူနေတာဟာ လုံးဝကို အကျိုးမရှိတဲ့ လုပ်ရပ်ပါ)
10. ဆေးမီးတိုများ ၊ စပ်ဆေးများ လုံးဝ (လုံးဝ) မသောက်ပါနှင့်

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ သွေးပေါင်တက်သူများအနေဖြင့် Lifestyle ပြောင်းရုံဖြင့်သွေးပေါင်ထိန်းလာနိုင်သော်လည်း
Unhealthy Lifestyle နဲ့ #အနှစ်လေးဆယ်လောက်နေပြီးသူများကတော့ Lifestyle ပြောင်းရုံနဲ့မလုံလောက်ပဲ
ဆရာဝန်ပြသပြီး ကုသမှုခံယူရပါမယ်
ညွှန်ကြားချက်လိုက်နာပြီး ဆေးမှန်မှန်သောက်ရပါမယ်။
ငါကသွေးပေါင် ၁၅၀ လောက်မှနေလို့ကောင်းတာ အဲ့ထက်ကျရင် မူးတတ်တယ်လို့ပြောပြီး ဆေးသေချာမသောက်ရင် သိပ်မကြာပါဘူး လေဖြတ်ပါလိမ့်မယ်
သွေးပေါင်ဟာ ၁၃၀/၉၀ အောက်မှာ အချိန်တိုင်းရှိနေရပါမယ်
(photo credit; Clevelandclinic)

Dr. ဘုန်းစည်သူလွင်
06:00 pm/12.02.2023
(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )

Address

Yangon

Website

Alerts

Be the first to know and let us send you an email when October Born posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share