12/08/2026
2019 ကတည်းက Tampon သီးသန့်ကိုပဲ in stock ထားပြီးရောင်းလာတဲ့ Shop at Gracie ကို အမြဲအားပေးပေးခဲ့တဲ့ Customer လေးတွေကြောင့် အခုထိ ဒီလိုလေး ဆက်ရပ်တည်နေနိုင်တာကို တကယ်ကျေးဇူးတင်ပါတယ်ရှင် 🧡
ဒီတစ်ခေါက်တော့ စျေးနှုန်းလေး နည်းနည်းတက်သွားရတာနဲ့ အရင်လို ဘူးဝက်ခွဲပြီး မရောင်းပေးနိုင်တော့တာကိုလည်း အများကြီးအားနာပါတယ်ရှင့်။ တတ်နိုင်သလောက် စျေးနှုန်းကို မတက်အောင် ထိန်းထားချင်ပေမယ့် အခြေအနေအရ ပြောင်းလဲရတာလေးကို နားလည်ပေးကြမယ်လို့ မျှော်လင့်ပါတယ်ရှင် 😔
ဒါပေမယ့် ဒီတစ်ခါ သတင်းကောင်းလေးလည်း ရှိပါတယ် 👀✨
Tampon Product အသစ်အဆန်းလေးတွေ အများကြီး ထပ်ရောက်လာပါပြီ 🇬🇧💗 အရင်က သုံးနေကျ Product တွေအပြင် မတွေ့ဖူးသေးတဲ့ အမျိုးအစားအသစ်လေးတွေလည်း ရွေးချယ်လို့ရတော့မှာပါ။ အခုပြထားတဲ့ Tampon အားလုံး in stock ပါရှင့်။ 🫶🏻
Tampon နဲ့ပြန်လဲလို့ရတဲ့ points တွေကိုလည်း အရင်အတိုင်းဘဲ Piti Application ကနေ ဆက်စုလို့ရသလို၊ ၇၀၀၀၀ ကျပ်နဲ့ အထက် order များကိုလည်း delivery ခထဲကနေ ၂၀၀၀ ကျပ်နုတ်ပေးနေတုန်းပါနော်။😍
Tampon ကို ပထမဆုံးအသုံးပြုမယ့်သူဖြစ်စေ၊ အသုံးပြုနေကျသူဖြစ်စေ ကိုယ်သိချင်တဲ့ Product အကြောင်းကို Page Messenger မှာ လွတ်လပ်စွာ မေးမြန်းနိုင်ပါတယ်ရှင်။ 💌