Golf Accessories Yangon

Golf Accessories Yangon Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Golf Accessories Yangon, Shopping & retail, Yangon.

Golf ဒုတ်တွေ ရဲ့ Lie angle အရေးကြီးပုံ၁။ Lie angle ဆိုတာဘာလဲ ???Lie angle ဆိုတာ Shaft နဲ့ Club head ဆုံရာ မှ ဖြစ်ပေါ်လာတ...
17/09/2023

Golf ဒုတ်တွေ ရဲ့ Lie angle အရေးကြီးပုံ

၁။ Lie angle ဆိုတာဘာလဲ ???
Lie angle ဆိုတာ Shaft နဲ့ Club head ဆုံရာ မှ ဖြစ်ပေါ်လာတဲ့ ထောင့်ညွှန်း (Angle) ကို ခေါ်တာပါခင်ဗျာ။

၂။ Lie angle က ဘာအရေးကြီးလို့လဲ ဗျ 😀😀😀 ???
တိကျသောရိုက်ချက် (Only for Golf ball direction) ၁ ခုရရှိဖို့ အရေးကြီးတဲ့ အကြောင်းအရာပါ ခင်ဗျာ။

ပုံ လေးကိုကြည့်လိုက်ပါ… ရှင်းသွားပါလိမ့်မယ်
(က) အလယ်ပုံ (ပုံ -၂) မှာဆိုရင် Club head က ဘောလုံးထိချိန်မှာ မျက်နှာပြင် ၁ ခုလုံးနဲ့ ထိသွားပါတယ် —> ချိန်ရွယ်ရာကို တည့်တည့် သွားပါတယ်။

(ခ) ပုံ ၁ မှာဆို Club head က အနှောင့်ဖက် ပိုရောက် (ဒုတ်ခေါင်းထောင်/ Club head heel) ပြီး ဘောလုံးနဲ့ ထိပါတယ် —> ချိန်ရွယ်ရာရဲ့ ဘယ်ကို ဘောလုံးသွားပါတယ်။
တောင်စောင်း (ဘောလုံး အမြင့်၊ လူ အနိမ့်) ရိုက်ချက်နဲ့ သဘောတရား အတူတူပါ ခင်ဗျာ

(ဂ) ပုံ ၃ Club head ဖင်ထောင် ( Club head toe) ပြီး ဘောလုံးနဲ့ ထိပါတယ် —> အကျိုးဆက်ကတော့ ချိန်ရွယ်ရာရဲ့ ညာ ဖက်ကို ဘောလုံး သွားပါတယ်။
(ဘောလုံး အနိမ့်၊ လူ အမြင့် ရိုက်ချက်နဲ့ သွားတူပါတယ် ခင်ဗျာ)

ဒီလောက်ဆိုရင် Lie angle ဟာ Direction ထိန်းရာမှာ အရေးပါ/ အရေးကြီးကြောင်း ရှင်းလင်းသွားမှာပါ ခင်ဗျာ။

မှားတာရှိလည်း ထောက်ပြလို့ရပါတယ်
ကျွန်တော်လေ့လာထားတာလေးတွေ ကို Knowledge Sharing လုပ်ပေးထားတာပါ 😀

ရှည်သွားမှာ စိုးလို့ အပိုင်း (၂) Lie angle ကိုနောက်မှ ဆက်ရေးပါမယ်

Ko Lin ...(Credit)

အနီးရိုက်ချက်မှာ ကိုယ်အား မသုံးရ အပြည့်ရိုက်ချက်တွေမှာသာ အလေးချိန်ပြောင်းရတာဖြစ်တယ်၊အနီးမှာ မလိုဘူး အလေးချိန်ပြောင်းလိုက...
11/09/2023

အနီးရိုက်ချက်မှာ ကိုယ်အား မသုံးရ

အပြည့်ရိုက်ချက်တွေမှာသာ အလေးချိန်ပြောင်းရတာဖြစ်တယ်၊အနီးမှာ မလိုဘူး

အလေးချိန်ပြောင်းလိုက်ရင် တုတ်ရှိန်မြင့်ပြီး၊ ရိုက်ချက် ပျက် သွားမယ်

ဒါကြောင့် အလေးချိန်အများစုကို ဘယ်ခြေမှာ တလျှောက်လုံးထားရင် ရိုက်ချက်ငြိမ်ပြီး အရှိန်ကောင်းနိုင်တယ်

အဓိက က အနီးရိုက်မှာ ကိုယ်မပါ ၊ လက်ကောက်၀တ်နဲ့ပဲ ရိုက်ရမယ်

Crd - JACK NICKLAUS သင့်ဂေါက်သီးအဆင့်မြင့်မားရေးအတွက် အကောင်းဆုံးနည်းစနစ်များ တက္ကသိုလ်မင်းသူ စာအုပ် မှ ကူးယူ‌ဖော်ပြထားခြင်းဖြစ်ပါတယ်ရှင့်။

Wedge တုတ် တစ်ဝက်ရိုက်ခြင်း။       ကိုက်(၅၀) လောက်ကို ဝက်ချ်တစ်ဝက်ဆွဲရိုက်တာ ဟာခက်တယ် ၊ အလေ့အကျင့်နဲ့တုတ်ဆွဲ တသမတ်တည်း ဖ...
11/09/2023

Wedge တုတ် တစ်ဝက်ရိုက်ခြင်း။

ကိုက်(၅၀) လောက်ကို ဝက်ချ်တစ်ဝက်ဆွဲရိုက်တာ ဟာခက်တယ် ၊ အလေ့အကျင့်နဲ့တုတ်ဆွဲ တသမတ်တည်း ဖြစ်ဖို့ လိုတယ်။

နာနာ(သို့မသုတ်) သာသာ ရိုက်နိုင်တယ်၊ ဒါပေမယ့် တစ်ပုံစံထဲ ရှိရမယ် ၊ ပြောင်းလဲရိုက်ရင် မှန်ကန်တဲ့ ထိတွေ့မှုမရနိုင်ဘူး။

အများစုက နာနာရိုက်လေ့ရှိကြတယ် ၊ ဒါဆို သာသာရိုက်တဲ့ ထိတွေ့မှုကို မရနိုင်ဘူး

တုတ်ကို တကယ် အပြည့်ဆွဲ ၊ မလျော့စေနဲ့ မတိုစေနဲ့ ဒါမှလိုရာရောက်မယ်။

တက္ကသိုလ်မင်းသူ

ကိုက် ၃၀ အတွင်း ရိုက် နည်းလေး ပါဒီရိုက် နည်း ဟာ ခါးလည့် အား လုံးဝ မသုံး ပါ ဘူးနီးနီးလေး power မလို လို့ ပါပခုံး လည့် ပေး...
11/09/2023

ကိုက် ၃၀ အတွင်း ရိုက် နည်းလေး ပါ
ဒီရိုက် နည်း ဟာ ခါးလည့် အား လုံးဝ မသုံး ပါ ဘူး
နီးနီးလေး power မလို လို့ ပါ

ပခုံး လည့် ပေး ရုံ ပါပဲ. Putter ရိုက် တာ နဲ့ တူတယ်
Back swing ၃ မျိုး ထား ပါတယ်

ကျွန်တော် 60 နဲ့ 56 နှစ် ချောင်း သုံး ပါ တယ်
60တုတ် ကို 5ကိုက် 10ကိုက် 20ကိုက် (အထောက်)
56တုတ် ကို 8ကိုက် 15ကိုက် 30ကိုက် ထောက် ပါတယ်

ကျွန်တော် ရိုက် နည်း က
10ကိုက် ခန့်မှန်းခြေ ပုံမှန် ခြေလှမ်း 13လှမ်း
ဥပမာ ကျင်း ထိ 10ကိုက် (13လှမ်း)
Green ကို ကြည့် လိုက်တယ် ဂေါက်သီး မရပ် လောက် ဘူးထင် ရင် 60တုတ် နဲ့ 5ကိုက် (8လှမ်း) လောက် ထောက် လိုက် တယ် ဂေါက် သီး ဟာ 4.5.6လှမ်း ဆက် လိမ့် သွား လိမ့် မယ်

Green က ကောင်း တယ်.or မိုး ရွာ ထား လို့ or ​မြက် က ရှည် နေ တယ် ဂေါက်သီး ရပ် လောက် တယ် လို့ ထင် ရင် 56တုတ် နဲ့ 8ကိုက် (10လှမ်း 11လှမ်း) လောက် ထောက် လိုက်တယ်
ရပ် တယ် ဆို ရင် လည်း 1လှမ်း2လှမ်း သွား အုံး မှာ ပဲ
(60နဲ့ ထောက် ရင် လည်း ရပါတယ်)

ဘယ် တော့ မှ ကျင်း နား သွား မ ထောက် ပါ နဲ့ ထောက် ကွက် မရှိ တဲ့ အချိန် က လွဲလို့
သေချာ လေ့ကျင့် ပါ. လ ချီ လေ့ ကျင့် ပါ

ကျွန်တော် လက်ရည် အကောင်း ကြီး မဟုတ် ဘူး
ဒါပေမယ့် ဒီ စာ အုပ် ဖတ် ပြီး လေ့ ကျင့် ပြီး
Chiping ကောင်း လို့ ဂေါက် ရိုက် သက်တမ်း တလျောက် par 9လုံး နှစ် ခါ ရဖူးတယ်
ကြက်shot လည်း ပါ တာ ပေါ့ 😃😃

Credit

BEGINNER SERIES 001: SET UP ဂေါက်သီးရိုက် စသင်မည့် ဝါသနာရှင်များအတွက် ခန္ဓာကိုယ် ထားရှိရမည့် အခြေခံ ဂေါက် Stand အနေအထား ...
11/09/2023

BEGINNER SERIES 001: SET UP

ဂေါက်သီးရိုက် စသင်မည့် ဝါသနာရှင်များအတွက်
ခန္ဓာကိုယ် ထားရှိရမည့် အခြေခံ ဂေါက် Stand အနေအထား များကို ပုံဖြင့် အသေးစိတ် ပြသထားပါတယ်။
ဗဟုသုတ ဖြစ်ပါစေ။

Golf with Aimee
Credit - Golf Methods Album

အသေအချာစိစစ်ပြီးမှ ပြင်ပါ       အများစုဟာ ရိုက်ချက်မကောင်းတာနဲ့ အမှားကိုမသိပဲ လက်ကိုင်အနေအထားစ,တာတွေကို လိုက်ပြင်လေ့ရှိတ...
07/09/2023

အသေအချာစိစစ်ပြီးမှ ပြင်ပါ

အများစုဟာ ရိုက်ချက်မကောင်းတာနဲ့ အမှားကိုမသိပဲ လက်ကိုင်အနေအထားစ,တာတွေကို လိုက်ပြင်လေ့ရှိတယ်

မှန်ကန်တဲ့လက်ကိုင်ကို ပြင်တော့အမှားကိုအမှားနဲ့ ပြင်သလိုဖြစ်ပြီး ပိုဆိုးတတ်တယ်

ဒါကြောင့်အခြေခံကို စစ်ဘို့လိုတယ်၊ လက်ကိုင်တာ၊ လူရပ်တာ၊ တုတ်ဆွဲတာ၊ ခေါင်းထားတာ၊ ခြေလှုပ်ရှားတာနဲ့အလေးချိန်ပြောင်းတာ စ,တာတွေကို စစ်ပါ

အထူးသတိပြုဖို့က စမ်းသပ်ပြောင်းလဲမှုများခြင်းဟာ ဂေါက်အားကစားမှာ အကျိုးထက် ဆုတ်ယုတ်မှု ကိုဖြစ်စေတယ်ဆိုတဲ့ အချက်ပဲဖြစ်တယ်

Crd - တက္ကသိုလ်မင်းသူ ( သင့်ဂေါက်သီးအဆင့်မြင့်မားရေးအကောင်းဆုံးနည်းစနစ်များ ) စာအုပ်မှကူးယူဖော်ပြထားခြင်းဖြစ်ပါသည် ။

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959981117353

Website

Alerts

Be the first to know and let us send you an email when Golf Accessories Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share