Sister's Online Shope

Sister's Online Shope Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sister's Online Shope, Shopping & retail, Yangon.

30/09/2025

Celebrating my 4th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

30/09/2025

Good Night ပါ ... ကလေးရေ ...

အများကြီး ပင်ပန်းစေခဲ့ပြီထင်ပါတယ်
အများကြီး နာကျင်ခဲ့ပြီထင်ပါတယ်
ညတွေ မအိပ်ဖြစ်တာလဲ ကြာပြီထင်ပါတယ်

ကြည့်...
မျက်နှာ ပြည့်ပြည့်ဖောင်းဖောင်းလေးကနေ
နည်းနည်းလေး ပိန်ကျသွားခဲ့ပြီ

ကြည်ကြည်လင်လင်မျက်လုံးလေးက
တဖြေးဖြေး မျက်ရည်တွေနဲ့
ပြည့်နှက်လာတယ်ဆိုပါတော့

မျက်တွင်းလေးလဲ မဲလို့
ညတွေ မအိပ်ပဲ ဘာလို့နေလဲဆိုတဲ့
မေးခွန်းတွေတော့ မေးမနေတော့ပါဘူး

ပျော်ရမယ်ထင်ပြီး
ဟာသတွေ ကြည့်နေမယ်ဆိုလဲသိတယ်
စိတ်ပြေလက်​ပျောက်ဆိုပြီး
ဇာတ်ကားတွေ ကြည့်နေမှာလဲသိတယ်

ဒါပေမယ့်
အိပ်ချိန် ကျော်တဲ့ထိတော့
ကိုယ့်ကိုယ်ကိုယ် မနာကျင်စေနဲ့ပေါ့

မပျော်ရတဲ့ ဟာသတွေကြည့်ပြီး
ငိုမနေနဲ့ပေါ့ ...

ဒီတစ်ည ...
အများကြီး ငိုခဲ့ပြီးသွားပြီမလား

ခေါင်းလေးချ
မျက်လုံးလေး မှိတ်

အိပ်မက်လှလှမက်ပါစေဆိုတဲ့ ဆု မပေးတော့ပါဘူး
ခေါင်းချလိုက်တာနဲ့ အိပ်ပျော်သွားစေမယ့်
ညလေးပဲ ဖြစ်စေချင်တော့တယ်

Good Night ပါ ကလေးရေ ...🤍🤍🤍

#ကျေးကို

30/09/2025

ပစ်ထားပါများရင် ... နေတတ်သွားတာပဲ မဟုတ်လား ...

အခု မင်းတွေးနေသလိုပဲ ... သူနဲ့ ဝေးပြီး မနေနိုင်ဘူးဆိုတဲ့အတွေးတွေဟာ အမြဲတမ်းစွဲကပ်နေတဲ့ ရောဂါတစ်ခုလိုပဲ ဖြစ်ခဲ့ဖူးတယ် ။ သူနဲ့စကားများမပြောရရင် ကိုယ့်မှာ ပျာပျာသလဲကို ခပ်လို့ ... သူ့မျက်နှာလေးမှ မမြင်ရရင် ကိုယ့်မှာ မျက်ရည်တွေပါ ဝဲလို့ ။ မချစ်တော့တာလားလို့တွေးမိရင် ကိုယ့်မှာ အိပ်ရေးတွေလဲ ပျက်လို့ပေါ့ ။ သူ မရှိပဲ မနေနိုင်ပါဘူးဆိုတဲ့ အတွေးတွေရယ် သူမရှိပဲ မနေချင်ပါဘူးဆိုတဲ့ အတွေးတွေနဲ့ အမြဲတမ်း ကိုယ့်မှာ ရှင်သန်နေခဲ့မိတာ ။

ဒါပေမယ့် ... ခံစားချက်တွေရှိတဲ့ လူတစ်ယောက်အနေနဲ့ အရာရာကို တသတ်မတ်တည်းတော့ထည့်တွက်လို့မရဘူးမဟုတ်လား ။ မခေါ်ချင်ပါဘူးဆိုတဲ့ အရပ်ကို ဘယ်နှကြိမ်များ မျက်နှာပြောင်တိုက်ပြီး သွားနေနိုင်မှာလဲ ... မကိုင်ချင်ပါဘူးဆိုတဲ့ဖုန်းကို လွမ်းလို့ဆိုပြီး ငိုမဲ့မဲ့နဲ့ ဘယ်နှကြိမ်များ ဆက်နေနိုင်မှာလဲ ... မနီးချင်လို့ပါဆိုပြီး ပြောနေတဲ့စကားတွေကို ဘယ်နှကြိမ်လောက် အံတုခံပြီး နီးဖို့ကြိုးစားနေမှာလဲ ... တစ်ခါတစ်လေကျတော့ ကိုယ်ကိုယ်တိုင် ပြောင်းလဲယူခဲ့တာမဟုတ်ပဲ ကိုယ်မသိလိုက်ခင်မှာ ကိုယ်မလိုချင်ပါပဲနဲ့လဲ ပြောင်းလဲသွားတတ်တာပဲလေ ။

ပစ်ထားပါများရင် ... နေတတ်သွားရတာပဲ မဟုတ်လား ။ မနေနိုင်ချင်ပါဘူးဆိုပြီး အတင်းကြီး တွယ်ကပ်ခဲ့ပြီးသွားပြီလေ ...ဒါပေမယ့် ကိုယ်ရှိနေလို့ပဲ မပျော်တဲ့ သူ့မျက်နှာလေးကို ဘယ်လို သတ္တိမျိုးနဲ့ ငေးကြည့်နေရတော့မှာလဲ လွမ်းလို့ဆိုပြီး မျက်ရည်တွေနဲ့ ဖုန်းတွေလဲ ဆက်ကြည့်ပြီးသွားပြီ ။ မကိုင်ဘူးဗျ ကိုယ်က မနေတတ်သလောက် သူက သိပ်နေနိုင်တာ ပျော်နေတဲ့ အရိပ်အယောင်လေးတွေတောင် ကိုယ့်ဖုန်းကောကြောင့် ပျောက်ရှသွားမှာ စိုးမိနေတဲ့ စိုးရိမ်စိတ်တွေက တကယ်ပဲ ဖြစ်လာခဲ့ပြီပေါ့ ။

စာတွေ အများကြီး ပို့ကြည့်ပြီးသွားပြီ ... တချို့စာလေးတွေတော့ သူဖတ်တယ် စာပြန်မလာတော့ဘူး တချို့စာတွေကိုဆို ဖတ်တောင် မဖတ်တော့ဘူး ။ ဘာလို့လဲဆိုတဲ့ အဖြေတွေရှာရင်း တစ်ယောက်တည်း ကမ္ဘာတွေ ပျက်ခဲ့ရတဲ့ညတွေမှ အများကြီးပေါ့ ။ ကိုယ် မင်းအနားနေချင်တယ်ဆိုတဲ့ စကားတွေဟာ တစ်ဖက်မှာ လှောင်ရယ်ချင်စရာတွေ ဖြစ်မှန်းမသိ ဖြစ်နေခဲ့တာလေ ပြီးတော့ ကိုယ်လွမ်းလို့ပါဆိုတဲ့စကားဟာ ဟားတိုက်စရာသက်သက်ပေါ့ .. ဟုတ်လားဆိုတဲ့ မေးခွန်းတွေ ပြန်မေးခံရတိုင်းမှာ တကယ်ပဲ စကားလုံးတွေက စွံ့အသွားရတတ်ပါတယ် ။

ရှိပါစေတော့ ... ငါ ခေါ်ရင် အနှောင့်အယှက်ဖြစ်မှာပါလေဆိုပြီး ခေါ်ချင်နေတဲ့ ဖုန်းတွေကို မခေါ်ဖြစ်အောင်ပဲနေလိုက်တယ် ပို့ချင်နေတဲ့စာတွေကို အစအဆုံးရိုက်ပြီးမှ ပြန်ဖျက်ပစ်လိုက်တယ် ။ နေနိုင်သွားတာလားတဲ့ ... မဟုတ်ဘူးလေ ... ပစ်ထားပါများရင် မနေနိုင်လဲ နေတတ်သွားရတာပဲ မဟုတ်လား ။ မနေနိုင်လို့လဲ မရတော့ဘူး ပြီးတော့ သူ့အနားမှာ နေချင်နေလို့လဲ မရတော့ဘူး ။ ဒီလိုပဲ နေတတ်သွားရတာပေါ့ ။

#ကျေးကို
(ရင်နှင့်ရင်း၍ရေးသည်)

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Sister's Online Shope posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share