Cosme up cosmetics

Cosme up cosmetics Welcome to my small world�

  Skin 1004 centella series ထဲက Hyalu Cica Water - Fit Sun Serum (50ml) ဒီsuncreen ကို မသုံးဖူးတဲ့သူ မရှိသလောက်ကို ရှားန...
22/03/2025



Skin 1004 centella series ထဲက Hyalu Cica Water - Fit Sun Serum (50ml)

ဒီsuncreen ကို မသုံးဖူးတဲ့သူ
မရှိသလောက်ကို ရှားနေပြီထင်တယ်
Girl အတွက်တင်မကဖူး boy အတွက်ပါ
သူက အရမ်းအဆင်ပြေတယ်ရှင်
မင်ဆို mini တွေ ဝယ်ပြီး အကြိုက်ဆုံးလေး
ဖြစ်နေတာ water fit ဖြစ်ဆိုတဲ့ အတိုင်း
လိမ်းလိုက်တာနဲ့ အသားနဲ့ တထပ်တည်း
White cast လုံးဝ မကျန်ဖူး
ဒီလို နွေနဲ့ဆို တကယ် အကိုက်ဆုံးပဲ

Spf ပါဝင်မှု 50 + အပြင် PA ++++ ပါဝင်တဲ့
အတွက်ကြောင့် UV rays တွေပါ ကာကွယ်
ပေးနိုင်တယ် cica ပါဝင်မှုကြောင့်
ဝက်ခြံသမားတွေက အစ အသုံးပြုနိုင်တယ်
Serum type texture လေးမို့ လိမ်းလိုက်တာနဲ့
တကယ် နေလို့ကောင်းတယ် သူက

Skin type တော်တော်များများနဲ့ အဆင်ပြေလို့
လူတိုင်းရဲ့ အသဲလှော်ပဲကြော်လေး သူက


🛒1 pc - 37500mmk (50ml)
%


- 1month

Full size ကို အတန်ဆုံးစျေးနဲ့ရောင်းပေးမယ်ရှင်🥳
22/03/2025

Full size ကို အတန်ဆုံးစျေးနဲ့ရောင်းပေးမယ်ရှင်🥳

Oily, combination skin တွေကို ဒီဆောင်းရာသီမှာ
အသုံးစေချင်ဆုံး Sunscreen💯

~ကိုယ်တိုင်လဲသုံး သူများလဲညွှန်ပေါ့~

Today's featuring,🌊
Skin1004 Hyalu-Cica Water-Fit Sun Serum
Spf 50+ PA++++ [Review]

Innisfree sunscreen တခုတောင် 3သောင်းကျော်နေတဲ့အချိန်မျိုးမှာ ဒါလေးက 2သောင်းကျော်ပဲမလို့ တော်တော်လေးကိုတန်တယ် ပြောရမယ်။ Global မှာ အပေါက်ဆုံး Korean sunscreens တွေထဲမှာ newest member လေး။ Nyi ဒါကိုသုံးချင်လွန်းလို့ လွန်ခဲ့တဲ့ 2လလောက်ထဲက preorder တင်ထားတာပေါ့, ငွေဈေးအတက်အကျနဲ့မလို့ လက်ထဲရောက်တာ နဲနဲကြာသွားတယ်။ ဒီနှစ်ဆောင်းရာသီအတွက်❄️ oily, combination skin တွေကို Cb မှာ ဒိုင်ခံညွှန်ဖြစ်မယ့် sunscreen ဖြစ်မှာမလို့ detail review လေးကြည့်လိုက်ဦးနော်။

☘️Ingredients

Full ingredients list👇
https://incidecoder.com/products/skin1004-madagascar-centella-hyalu-cica-water-fit-sun-serum-spf50-pa

❌Alcohol free
✅Fragrance free
✅Essential oil free
❌Fungal acne safe

သူ့မှာ alcohol တော့နဲနဲပါတယ်။ T butyl alcohol တဲ့, denature alcohol တော့မဟုတ်ပေမဲ့ ပြောရရင် အနံ့ဆိုးတာတွေဖျောက်ပေးတဲ့ masking လုပ်ပေးမယ့် ingredient လိုမျိုးပေါ့။

Hyaluronic acid နဲ့ cica ကို အချိုးကျကျပေါင်းစပ်ပြီး သုံးထားတယ်။ UV filters🌞 တွေအနေနဲ့တော့ next generation chemical UV filters တွေချည်းပဲ 4မျိုးပါတယ်, ပိုပြီး advanced ဖြစ်တယ်, photo stable ဖြစ်တယ်, sensitive skin friendly ဖြစ်တယ်ပေါ့။

တခြားတော့ sunscreen တိုင်းလိုလိုမှာ တွေ့ရတဲ့ niacinamide adenosine တို့ရယ်, hydrating ingredients တွေရယ်, plant extracts တပုံတပင်ကြီးရယ်ပါတယ်။ ဒီလောက်ပဲ, နောက်အပိုင်းကိုဆက်မယ်။

☘️My Experience

Nyi ဒါကိုမသုံးခင်က အရမ်းမျှော်လင့်ထားလို့ ဖြစ်မယ်, မှန်းထားသလောက် မကြိုက်မိတာတော့ အမှန်ပဲ။ ဒါပေမဲ့ သူ့ဈေးလေးရယ် သုံးလို့ကောင်းတာရယ် overall ခြုံငုံကြည့်ရင် အရမ်းကိုသုံးပျော်တယ် ခံစားမိတယ်။ အထူးသဖြင့် ဆောင်းရာသီနဲ့ အရမ်းအဆင်ပြေလိမ့်မယ်ပေါ့။ Cb မှာ sunscreen လာမေးတဲ့သူတွေဆို Nyi Innisfree hyaluron moist sunscreen ပဲအမြဲညွှန်ပေးနေကျ, အဓိကဈေးသင့်ပြီး ကိုယ်ညွှန်လိုက်တာကြီးကြောင့် ဝန်မပိစေချင်လို့လေ။ ဒါပေမဲ့ တချို့ဆိုင်တွေမှာ Innisfree က 50ml ကို 3သောင်းစွန်းစွန်းဖြစ်နေတော့ နောက်တော့ ဒါလေးပဲညွှန်တော့မယ် စိတ်ကူးထားတယ်။ အထူးသဖြင့် winter season☃️ အတွက်ပေါ့နော်, သူက moisturizing sunscreen ဖြစ်တာကြောင့်။

တခြားသုံးလို့ကောင်းတဲ့ Korean sunscreens တွေလိုပဲ သူကလဲ white cast လုံးဝမကျန်ဘူး, လိမ်းလို့ကောင်းတယ်, eye sting မဖြစ်ဘူး, product pilling ဖြစ်တာမျိုး မတွေ့ရဘူး။ သူက water resistant တော့မဟုတ်ဘူးနော်။ Texture နဲ့ finish ပိုင်းလေး နဲနဲပြောချင်တယ်။ သူ့ရဲ့ texture က gel serum လိုမျိုးလေး, ဘာအနံ့မှမပါဘူး။ Skin ပေါ်မှာ blend လုပ်ရတာ effortlessly ပဲ, အချိန်သိပ်မလိုဘူး, ပေါ့ပေါ့ပါးပါးရှိတယ်။ ဒီအထိက Nyi မျှော်လင့်ထားတဲ့အတိုင်းပဲ။ နဲနဲ surprise ဖြစ်မိတာက သူက hydrating ထက် moisturizing အသားပေး type မျိုးဖြစ်နေတာပဲ။ မသိဘူးလေ, အစကတော့ Hyalu-Cica Water-Fit ဆိုတော့ ရှေ့က isntree လိုများ hydrating💦 အဓိကဖြစ်မလားပေါ့။

Hydration 40%, moisture 60% လောက်လို့ ခံစားမိတယ်, Nyi တော့။ Lightweight ဖြစ်တဲ့ သူ့ရဲ့ texture လေးထဲမှာမှ moisture ကအတော်လေးကိုပါနေတာ, over-moisture ဖြစ်ပြီး heavy ဖြစ်လောက်အောင်တော့ မဟုတ်ဘူး။ ဆောင်းရာသီမှာ oily, combination skin ကို comfort ဖြစ်သွားစေမယ့် moisture ပမာဏပေါ့။ Moisture ကောင်းလို့ Nyi သူ့ကိုတခါတလေ moisturizer ကျော်ပြီးတောင် တန်းလိမ်းဖြစ်တယ်။ နောက်တခု highlight လုပ်ချင်တာက သူ့ရဲ့ finish! Global မှာအပေါက်ဆုံး Korean sunscreens တွေ✅ Isntree, Round Lab, BOJ, Purito အကုန်လုံးထဲမှာ သူ့ရဲ့ finish က natural အဆန်ဆုံးပဲ။ စစသုံးချင်းတော့ 'ဟင်... ဟုတ်လဲဟုတ်ဘဲနဲ့' လို့ ထင်ကောင်းထင်မိလိမ့်မယ်။

Blend ပြီးပြီးချင်းတော့ သူက အနည်းငယ် dewy ဖြစ်ပြီးကျန်လို့။ ဒါပေမဲ့ 2-3min အတွင်းကို အသားပေါ် settle ဖြစ်ပြီး semi-matte/natural finish ပြောင်းသွားတာ အရမ်းလှတာပဲ💘 Moisturizing sunscreen ဆိုပေမဲ့ အဆီတွေပြန်လာတာ, မျက်နှာကြီးမဲသွားတာမျိုး မကြုံရဘူး။ မျက်နှာက အချိန်အတော်ကြာတဲ့ထိ ဝင်းဝင်းလေးနဲ့ ကြည့်ကောင်းနေရော။ နောက်ပြီး သူ့ရဲ့ pump design! ကိုယ့်အကြိုက်တော့မဟုတ်ပေမဲ့ သုံးရအဆင်ပြေတာတော့ တကယ်ငြင်းမရဘူး။ ကိုယ်လိုတဲ့ပမာဏ ထိန်းညှစ်လို့ရတယ်, အဖုံးကြီး လှည့်ဖွင့်နေစရာ မလိုတော့ဘူး။ ဒီလောက်ပါပဲ, ပြောချင်တာကတော့။ အဓိက သူ့ရဲ့ natural finish, right amount of moisture နဲ့ price ကြောင့် ကိုယ်တိုင်လဲသုံး, သူများလဲညွှန်ဖြစ်ပါမယ်လို့။

☘️Who I recommend

All skin types သုံးလို့ရမယ့် sunscreen မျိုးပါပဲ။ ဒါပေမဲ့ ဆောင်းရာသီအတွက်ဆိုရင်တော့ oily, combination နဲ့ normal skin တွေကို အဓိကရွေးစေချင်တယ်🎯 Acne prone & sensitive skin တွေလဲ စိတ်ချလက်ချ သုံးနိုင်ပါတယ်။

ပေးရတဲ့ဈေးနဲ့ အရမ်းတန်တဲ့ price to performance sunscreen မျိုးရှာနေရင် ဒါလေးသုံးကြည့်ပါ။ 2သောင်းကျော်ဆိုပေမဲ့ 3သောင်းကျော်တန် sunscreen တွေနဲ့ ရင်ဘောင်တန်းနိုင်ပါတယ်လို့။ Highly recommend လုပ်လိုက်ရပါတယ်။

☘️Price & Where to buy

Nyi ကတော့ လွန်ခဲ့တဲ့ 2လလောက်ထဲက 🛒 Ritzy-Z Authentic Shop ကနေ preorder တင်ထားတာပါ။ ခုအဲ့မှာ instock လဲ ထားထားတယ်ပြောတယ်။ Skin1004 Myanmar by BforG ကနေလဲ ဖြန့်နေတာ မြင်မိတယ်။ ကိုယ်အဆင်ပြေတဲ့ဆီက ဝယ်နော်, ဘာမှမပြောလိုဘူး။ ဈေးနှုန်းကတော့ 28000ks ဝန်းကျင်လောက် ရှိပါတယ်။

Disclaimer : ကိုယ်တိုင်ဝယ်သုံးပြီး သဘောကျလို့ ဝေမျှတဲ့ review ပါ။ Not sponsored or gifted.


 အသားရေကြည်ပြီး glass skin ရချင်ရင်Double cleansing ကတော့ မဖြစ်မနေကို လုပ်ပေးရပါတယ်ရှင်Makeup ပဲ လိမ်းလိမ်းSkincare လောက...
20/03/2025



အသားရေကြည်ပြီး glass skin ရချင်ရင်
Double cleansing ကတော့
မဖြစ်မနေကို လုပ်ပေးရပါတယ်ရှင်

Makeup ပဲ လိမ်းလိမ်း
Skincare လောက်ပဲ သုံးသုံး
နောက်ဆုံးကိုယ်က သနပ်ခါးပဲ လိမ်းလို့
Double cleansing မလိုဖူးလားလို့ မေးရင်
Lo ကို လိုအပ်ပါတယ်ရှင် !

နေ့စဉ်ဖုန်မှုန့်တွေ ဒီ သနပ်ခါးလိမ်းထားတာ
လေးတွေကအစ ချွေးပေါက်ထဲမှာ
အညစ်အကြေးကျန်ရှိတတ်တာမို့
မျက်နှာသစ်ရုံနဲ့တင် မရပါဖူးရှင်!

Double cleansing က်ို အခုမှ စမ်း
ကြည့်ချင်တဲ့ သူတွေအတွက် ဒီJM solution
လေးကို တကယ် မင်recommend လုပ်ချင်ပါတယ်ရှင် ! သုံးရတာလဲ budget friendly
ဖြစ်ပြီးတော့ တကယ် အသားရေ တော်တော်
များများနဲ့ အဆင်ပြေတာမို့ အခုပဲ
ဖြစ်ချင်ရင် double cleansing လုပ်ပေးနော်

1pcs 🛒 19000mmk (500ml)



𝗠𝗮𝘆𝗯𝗲𝗹𝗹𝗶𝗻𝗲 𝗙𝗶𝘁𝗠𝗲 𝗠𝗮𝘁𝘁𝗲+ 𝗣𝗼𝗿𝗲𝗹𝗲𝘀𝘀 𝗣𝗼𝘄𝗱𝗲𝗿 𝐒𝐚𝐥𝐞 ❗ #ဒီစျေးနဲ့မရတာက3နှစ်လောက်ရှိပြီမို့မြင်တာနဲ့တန်းသာယူပါ✨Counter စျေး 30000...
20/03/2025

𝗠𝗮𝘆𝗯𝗲𝗹𝗹𝗶𝗻𝗲 𝗙𝗶𝘁𝗠𝗲 𝗠𝗮𝘁𝘁𝗲+ 𝗣𝗼𝗿𝗲𝗹𝗲𝘀𝘀 𝗣𝗼𝘄𝗱𝗲𝗿 𝐒𝐚𝐥𝐞 ❗

#ဒီစျေးနဲ့မရတာက3နှစ်လောက်ရှိပြီမို့မြင်တာနဲ့တန်းသာယူပါ✨

Counter စျေး 30000 ဝန်းကျင်ရှိပါတယ်
💥Now 65% off Sale Price- 13500mmk နဲ့ရပါမယ်

Foundation အထူကြီးတွေမလိမ်းချင်ဘူး၊
မိတ်ကပ်ပေါင်ဒါခပ်ပါးပါးလိမ်းထားပြီး
တစ်နေကုန်မိတ်ကပ်မကွက်၊
အဆီမပြန်ပဲ
မျက်နှာလေးဝင်းနေချင်ရင်
ဒါလေး တစ်ဘူးလောက်တော့
စမ်းဝယ်သုံးကြည့်သင့်တယ်နော်

Matte+ Poreless Powder ဖြစ်တာကြောင့်
လိမ်းထားရင် အခြားမိတ်ကပ်ပေါင်ဒါတွေလို
ဖွာဖွာကြီးဖြစ်မနေပဲ မိတ်ကပ်အသားသိပ်သိပ်လေးနဲ့
မျက်နှာအပြစ်အနာအဆာခပ်ပါးပါးနဲ့ ချွေးပေါက်တွေကိုကောင်းကောင်းဖုံးအုပ်ပေးနိုင်ပါတယ်။

16hrs oil control formula ကြောင့်
အဆီပြန်တဲ့combo-oily skinသမားတွေအတွက်
မျက်နှာအဆီပြန်တာကိုလည်းကောင်းကောင်းထိန်းပေးနိုင်တယ်။

Asian ဘက်အသားရေနဲ့ လိုက်မယ့် အရောင်တွေချည်း ထုတ်ပေးထားတာမို့ ကိုယ့် skin နဲ့ လိုက်ဖက်တဲ့ shade အရောင်ကို ရွေးချယ်သုံးလို့ရပါတယ်ရှင်

109 - အသားဖြူ
118 - အသားလတ်
120 - အသားလတ် (Natural skin tone)
126 - အသားလတ် (Skin အဝါဖောက်သမား)
128 - အသားညို

Watsons Official store ကနေ ကိုယ်တိုင်ဝယ်ပေးတာမို့ 100% authentic ဖြစ်ကြောင်း အာမခံပါတယ်ရှင်






Fav cleansing water လေးတွေပါရှင်🤩
19/03/2025

Fav cleansing water လေးတွေပါရှင်🤩

jm solution လို့ပြောလိုက်တာနဲ့ဘာတစ်ခုမှမကောင်းပေမယ့်ဒီ cleansing water လေးတွေကတော့ခြွင်းချက်အနေနဲ့ပေးရတဲ့ဈေးနဲ့သုံးပျော်ပါတယ်။

အရင်က 12000 လောက်ကနေအခုဈေးတတ်ချိန်မှာလည်း 20000 စွန်းစွန်းလေးအထိသူ့ quality, ပမာဏနဲ့ဈေးကလက်ခံလို့ရပါသေးတယ်။ဒီထက်ဈေးများသွားရင်တော့မသုံးသင့်တော့ဘူးပေါ့လေ။နည်းနည်း budget ပိုသုံးပြီးကောင်းတာပဲရွေးသင့်တယ်။

dan" သုံးမျိုးသုံးဖူးတဲ့အထဲသုံးမျိုးစလုံးကအများကြီးသိပ်မကွာကြပေမယ့်အခု 1,2,3 စီထားတဲ့အတိုင်းပဲ dan" က derma care ကိုပိုကြိုက်ပါတယ်။တစ်ခုပဲရွေးဖို့ recommend ဆိုလည်း derma care ကိုပဲပို recommend လုပ်ချင်ပါတယ်။

product detailed လေးလည်းသိရအောင် dan" product summary လေးတွေပါထည့်ထားပေးပါတယ်။



1• jm solution : derma care centella cleansing water clear

သုံးမျိုးထဲမှာသူကအနံ့မပါသလောက်နဲ့သုံးရတာ gentle ဖြစ်တယ်လို့ခံစားမှုအရဆုံးပါ။ဒါကြောင့်သူကသုံးမျိုးထဲ dan" အတွက်တော့ no.1 ပါ။

{𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐬𝐮𝐦𝐦𝐚𝐫𝐲}
--------------------
•𝐩𝐞𝐫𝐢𝐨𝐝 𝐚𝐟𝐭𝐞𝐫 𝐨𝐩𝐞𝐧𝐢𝐧𝐠 : 12M
•𝐧𝐞𝐭 𝐜𝐨𝐧𝐭𝐞𝐧𝐭 | 𝐩𝐫𝐢𝐜𝐞 : 500ml | 20k
•𝐟𝐮𝐧𝐠𝐚𝐥 𝐚𝐜𝐧𝐞 𝐬𝐚𝐟𝐞 | 𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐬𝐚𝐟𝐞 : no | no
•𝐬𝐜𝐞𝐧𝐭 | 𝐭𝐞𝐱𝐭𝐮𝐫𝐞 | 𝐟𝐢𝐧𝐢𝐬𝐡 : mild soapy | water | fresh & clean
•𝐚𝐩𝐩𝐫𝐨𝐱𝐢𝐦𝐢𝐚𝐭𝐞 𝐭𝐢𝐦𝐞 𝐟𝐨𝐫 𝐯𝐢𝐬𝐢𝐛𝐥𝐞 𝐫𝐞𝐬𝐮𝐥𝐭𝐬 : instant
•𝐟𝐫𝐞𝐞 𝐟𝐫𝐨𝐦 𝐚𝐥𝐜𝐨𝐡𝐨𝐥, 𝐞𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐨𝐢𝐥, 𝐬𝐢𝐥𝐢𝐜𝐨𝐧𝐞𝐬, 𝐚𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥 𝐟𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞𝐬 & 𝐜𝐨𝐥𝐮𝐫𝐚𝐧𝐭𝐬 ? : yes, yes, yes, no, yes
•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐤𝐢𝐧 𝐭𝐲𝐩𝐞𝐬 & 𝐬𝐤𝐢𝐧 𝐜𝐨𝐧𝐜𝐞𝐫𝐧𝐬 : normal > combination > oily + cleansing

🚨𝐢𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭 𝐚𝐥𝐞𝐫𝐭𝐬🚨 : centella complex, panthenol, ceramide, chamomile, cypress, birch sap, licorice, aloe, fragrance

-------------------------------------------------

2• jm solution : h9 hyaluronic acid ampoule cleansing water aqua

သုံးပြီးနည်းနည်းစိုစိုလေးကျန်တဲ့အထဲအတော်အဆင်ပြေပါတယ်။အနံ့ကတော့ powder အနံ့လေးပါတယ်။ယှဉ်လိုက်ရင် no.2 အနေနဲ့သူက rank ဝင်ပါတယ်။ ​

{𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐬𝐮𝐦𝐦𝐚𝐫𝐲}
--------------------
•𝐩𝐞𝐫𝐢𝐨𝐝 𝐚𝐟𝐭𝐞𝐫 𝐨𝐩𝐞𝐧𝐢𝐧𝐠 : 12M
•𝐧𝐞𝐭 𝐜𝐨𝐧𝐭𝐞𝐧𝐭 | 𝐩𝐫𝐢𝐜𝐞 : 500ml | 20k
•𝐟𝐮𝐧𝐠𝐚𝐥 𝐚𝐜𝐧𝐞 𝐬𝐚𝐟𝐞 | 𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐬𝐚𝐟𝐞 : no | no
•𝐬𝐜𝐞𝐧𝐭 | 𝐭𝐞𝐱𝐭𝐮𝐫𝐞 | 𝐟𝐢𝐧𝐢𝐬𝐡 : mild powdery | water | fresh & clean
•𝐚𝐩𝐩𝐫𝐨𝐱𝐢𝐦𝐢𝐚𝐭𝐞 𝐭𝐢𝐦𝐞 𝐟𝐨𝐫 𝐯𝐢𝐬𝐢𝐛𝐥𝐞 𝐫𝐞𝐬𝐮𝐥𝐭𝐬 : instant
•𝐟𝐫𝐞𝐞 𝐟𝐫𝐨𝐦 𝐚𝐥𝐜𝐨𝐡𝐨𝐥, 𝐞𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐨𝐢𝐥, 𝐬𝐢𝐥𝐢𝐜𝐨𝐧𝐞𝐬, 𝐚𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥 𝐟𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞𝐬 & 𝐜𝐨𝐥𝐮𝐫𝐚𝐧𝐭𝐬 ? : yes, yes, yes, no, yes
•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐤𝐢𝐧 𝐭𝐲𝐩𝐞𝐬 & 𝐬𝐤𝐢𝐧 𝐜𝐨𝐧𝐜𝐞𝐫𝐧𝐬 : normal > combination > oily > slightly dry + cleansing

🚨𝐢𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭 𝐚𝐥𝐞𝐫𝐭𝐬🚨 : fragrance, hyaluronic acid

-------------------------------------------------

3• jm solution : centella care cleansing water

သူ့တစ်မျိုးထဲပဲဆိုအဆင်ပြေပေမယ့်ကျန်တာတွေနဲ့ယှဉ်လိုက်တဲ့အခါ essential oil တွေပါလို့အနံ့ပြင်းတာကတစ်ချက်, တစ်ချက်တစ်ချက်မျက်နှာလည်းနည်းနည်းစပ်ချင်လို့သူ့ကိုတော့ရွေးချယ်စရာလုံးဝကိုမရှိတော့မှပဲ dan" ပြန်ရွေးဖြစ်မှာပါ။

{𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐬𝐮𝐦𝐦𝐚𝐫𝐲}
--------------------
•𝐩𝐞𝐫𝐢𝐨𝐝 𝐚𝐟𝐭𝐞𝐫 𝐨𝐩𝐞𝐧𝐢𝐧𝐠 : 12M
•𝐧𝐞𝐭 𝐜𝐨𝐧𝐭𝐞𝐧𝐭 | 𝐩𝐫𝐢𝐜𝐞 : 500ml | 20k
•𝐟𝐮𝐧𝐠𝐚𝐥 𝐚𝐜𝐧𝐞 𝐬𝐚𝐟𝐞 | 𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐬𝐚𝐟𝐞 : no | no
•𝐬𝐜𝐞𝐧𝐭 | 𝐭𝐞𝐱𝐭𝐮𝐫𝐞 | 𝐟𝐢𝐧𝐢𝐬𝐡 : strong herbal | water | fresh & clean
•𝐚𝐩𝐩𝐫𝐨𝐱𝐢𝐦𝐢𝐚𝐭𝐞 𝐭𝐢𝐦𝐞 𝐟𝐨𝐫 𝐯𝐢𝐬𝐢𝐛𝐥𝐞 𝐫𝐞𝐬𝐮𝐥𝐭𝐬 :
•𝐟𝐫𝐞𝐞 𝐟𝐫𝐨𝐦 𝐚𝐥𝐜𝐨𝐡𝐨𝐥, 𝐞𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐨𝐢𝐥, 𝐬𝐢𝐥𝐢𝐜𝐨𝐧𝐞𝐬, 𝐚𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥 𝐟𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞𝐬 & 𝐜𝐨𝐥𝐮𝐫𝐚𝐧𝐭𝐬 ? : yes, no, yes, no, yes
•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐤𝐢𝐧 𝐭𝐲𝐩𝐞𝐬 & 𝐬𝐤𝐢𝐧 𝐜𝐨𝐧𝐜𝐞𝐫𝐧𝐬 : normal > combination > oily + cleansing

🚨𝐢𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭 𝐚𝐥𝐞𝐫𝐭𝐬🚨 : lavender oil, rosemary oil, chamomile oil, sunflower oil, grape fruit, centella complex, heartleaf, tea tree, hyaluronic acid

2မျိုးရှိတာနော် သူလေးက🤩
19/03/2025

2မျိုးရှိတာနော် သူလေးက🤩

 Black rouge Double Layer Over Velvet Packing နဲ့တင် ချစ်စရာကောင်းတဲ့ BR ရဲ့Velvet series ထဲက အလှဆုံးသောအရောင်လေး ၂ခု Ve...
19/03/2025


Black rouge Double Layer Over Velvet

Packing နဲ့တင် ချစ်စရာကောင်းတဲ့ BR ရဲ့
Velvet series ထဲက အလှဆုံးသော
အရောင်လေး ၂ခု

Velvet type တွေထဲက long lasting
ဖြစ်တာလေးကို ကြိုက်ကျတဲ့ သူလေးတွေဆိုရင်
ဒါလေး ယူပါရှင် 😍

No.19 လေးက n**e color ဘက်ကြိုက်ကျတဲ့သူလေးတွေအတွက်
No.20 လေးက red color tone ဘက်ကြိုက်ကျတဲ့သူလေးတွေအတွက်

1 pcs 🛒 35500mmk




  unisex timeless watch လေး Sale ချနေလို့ပုံမှန် ဘတ် 1100 ကျော်မို့ ၁ သိနးခွဲအထက်ပါနော်အခု 128000mmk အတိနဲ့ရပါမယ်ရှင်😍လု...
19/03/2025

unisex timeless watch လေး Sale ချနေလို့

ပုံမှန် ဘတ် 1100 ကျော်မို့ ၁ သိနးခွဲအထက်ပါနော်

အခု 128000mmk အတိနဲ့ရပါမယ်ရှင်😍

လုံးဝ Elegant ဆန်ဆန်လေးနဲ့ Retro vibe/
Old money vibe အပြည့်ရစေတဲ့
Timeless fashion watch လေးမို့
တလုံးလောက်တော့ရှိသင့်တယ်ရှင့် 😗

မင်လ်ို old money vibe ကြိုက်တဲ့
သူလေးတွေ အတွက် ဒါလေးက
လုံးဝ ရိုးရိုးရှင်းရှင်းလေးနဲ့
ဘယ်ပွဲ တတ်တတ်တဲ့ အဆင်ပြေတဲ့
Watch လေးရှင်




💯

 ဒီနွေအတွက် calming gel တွေထဲက Best seller အဖြစ်ဆုံး Graymelin ရဲ့ mugwort calming gelလေး instock ရောက်ထားပါပြီရှင် မင်လ...
19/03/2025



ဒီနွေအတွက် calming gel တွေထဲက
Best seller အဖြစ်ဆုံး
Graymelin ရဲ့ mugwort calming gel
လေး instock ရောက်ထားပါပြီရှင်

မင်လိုမျိုး တအားပူလို့ step တွေအများကြီး
မလိမ်းချင်ဖူး Toner / Moisturizer/ Sunscreen
လောက်ပဲ လိမ်းချင်တဲ့ သူလေးတွေအတွက်
ဒီ mugwort gel လေးကို သုံးကြည့်စေချင်တယ်

Gel type ဆိုတဲ့အတွက် calming ဖြစ်ချက်က
လုံးဝ sticky မဖြစ်ပဲ အသားနဲ့
တထပ်ထဲ ကျနေရောပဲ

ကိုယ်က အဆီပြန်ပြီး ဝက်ခြံထွက်လွယ်တယ်
အဆီဖုလေးတွေလဲ ရှိနေတဲ့ သူလေးတွေအတွက်
ဒီ mugwort gel လေးကို တကယ် recommend လုပ်ပါတယ်ရှင်

🛒Price - 28000mmk (100ml)



💯

တကယ် highly recommend နော် အသားကြည်ပြီး တကယ် နေလို့ကောင်းတဲ့ gel လေး သူက
19/03/2025

တကယ် highly recommend နော် အသားကြည်ပြီး တကယ် နေလို့ကောင်းတဲ့ gel လေး သူက

Address

Yangon

Telephone

+959977072304

Website

Alerts

Be the first to know and let us send you an email when Cosme up cosmetics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share