27/07/2023
မိန်းကလေးရော ယောကျ်ားလေးရော
အချစ်ရေးမှာ တစ်ဖက်လူက ကိုယ့်ကို
ပိုကြွေ ပိုသဘောကျဖို့ဆို
ယောကျ်ားလေးဆိုရင်
-ဂီတာ တီးတတ်ရင် ပိုကောင်းတယ်။
သင်ဟာ ဂီတာတီးတတ်ပြီဆိုတာနဲ့ တစ်ဖက်
မိန်းကလေးအမြင်မှာ သင့်ကို ကြွေသွားဖို့
ပထမခြေလှမ်း သေချာသွားပြီ။လိုက်နေချိန်
ဂီတာလေးတီး သူတို့ ကြိုက်တဲ့သီချင်းလေး
ဆိုပြပါ။ဒါဆိုရင် အချစ်စာမေးပွဲအောင်ဖို့
ပိုလွယ်တယ်။
-ထမင်းဟင်း ချက်တတ်ရမယ်။
မိန်းကလေးတွေက သူတို့သဘောကျတဲ့လူတွေ
ချက်ကျွေးတဲ့ထမင်းဟင်း စားဖူးချင်ကြတယ်။
ယုတ်စွ ခေါက်ဆွဲလေးပြုတ်ပေး လက်ဖက်
ထမင်းလေးသုပ်ပေးတတ်ရင်ကို သင့်ကို
ချစ်သူတော်ဖို့ တွေဝေနေမှာ မဟုတ်တော့ဘူး။
-အားကစားတစ်ခုခု လုပ်ပါ။
ဘောလုံးကန်တာ၊ခြင်းခတ်တာ၊gym ဆော့တာ
စသဖြင့်ပေါ့။အားကစားလိုက်စားတဲ့
အမျိုးသားတွေက တစ်မူထူးပြီး ကြည့်လို့
ကောင်းတယ်။ခန့်တယ်ပေါ့လေ။
- အလုပ်လုပ် လုပ်ပါ။
ကိုယ်ပိုင်အလုပ်မလုပ်နိုင်သေးရင်တောင်
အဆင်ပြေတဲ့အလုပ်တစ်ခုခုတော့ လုပ်နေပါ။
ဒါဟာ တစ်ဖက်က ကိုယ့်အပေါ် ထားတဲ့
first impression ပါပဲ။အမျိုးသားတွေ အလုပ်လုပ်နေချိန် တကယ့်ကို
စမတ်ကျပြီး ဆွဲဆောင်မှု အရှိဆုံးပါပဲ။
ကိုယ်တော့ သိပ်သဘောကျတယ်။
မိန်းကလေးတွေဆိုရင်
- စိတ်ထားကောင်းရမယ်။
စိတ်ထားကောင်းရင် အချစ်ရေးလည်း
ကံကောင်းဖို့ မခက်ပါဘူး။ပေါ့ပျက်ပျက် မနေရဘူး။ဣန္ဒြေရှိရှိ သိက္ခာရှိရှိနေတတ်ရမယ်။
- အိမ်ထောင်မှုနိုင်နင်းရမယ်။
အနည်းဆုံးတော့ ထမင်းဟင်းလောက်တော့
ချက်တတ်ပြုတ်တတ်ရမယ်။မပျင်းရဘူး။
- စာဖတ်ပါ။
စာဖတ်တဲ့မိန်းကလေးတွေက တစ်မူထူးပြီး
ပန်းလိုပဲ မွှေးပျံ့ကြိုင်လွန်းတယ်။
- ချွဲတတ်ပါစေ။
မငိုတဲ့ကလေးက သကြားလုံး မစားရဘူး
ဆိုသလို။သိပ်ပြီး ရင့်ကျက်သန်မာတဲ့ပုံ
မပြရဘူး။စကားကို လေသံနွဲ့နွဲ့လေး
ပြောတတ်ရမယ်။အမြဲတမ်းမဟုတ်ရင်တောင်
ချွဲကို ချွဲရမယ်။ချွဲတတ်တဲ့မိန်းကလေးအများစု
အချစ်ခံရတာ များတယ်။(ကိုယ်တွေ့နော်။)
Date တဲ့အခါ ရေဗူးလေးဖွင့်ခိုင်း၊
ပုံရိုက်ခိုင်း၊စားချင်တာ ဝယ်ကျွေးခိုင်းပေါ့။
အရေးကြီးတာ ချွဲပြီး သူတို့ကို အားကိုးတယ်
ဆိုတာ ပြပေးဖို့ပဲ။မောင်ရေ...ကိုကိုရေ ဆိုပြီး
ချွဲကြည့်ပါ။
- အလုပ်လုပ်ပါ။
အလုပ်ကြိုးစားနေတဲ့အမျိုးသမီးတွေက
elegant ဖြစ်ပြီး အလိုလိုနေရင်း
ဆွဲဆောင်မှုရှိနေတယ်။
- ရှိသင့်ရှိထိုက်တဲ့ မာနရှိရမယ်။
အလွယ်သိပ်မလိုက်ရဘူး။မိမိကိုယ်ကို တန်ဖိုးထား
တတ်ရမယ်။ဒါမှ တစ်ဖက်က ကိုယ့်အပေါ်
ပိုတန်ဖိုး ထားပေးတတ်လာမယ်။
(ခုကိုယ် ရေးထားတဲ့ tips တွေ အကုန်လုံးနဲ့ အဆင်ပြေချင်မှ ပြေလိမ့်မယ်။သိပ်