Thet’s Pre-Loved Book Store

Thet’s Pre-Loved Book Store Book Review in brief & Pre-Loved Book Store with affordable price ♥️

Techie မဟုတ်တဲ့ Admin ကြိုးစားရှာဖွေပြီး ရလာတဲ့ comment picker လေးနဲ့ စာအုပ်လက်ဆောင်ကံထူးသူလေးတွေ ထွက်လာပါပြီရှင့် 😍။ နေ...
19/07/2023

Techie မဟုတ်တဲ့ Admin ကြိုးစားရှာဖွေပြီး ရလာတဲ့ comment picker လေးနဲ့ စာအုပ်လက်ဆောင်ကံထူးသူလေးတွေ ထွက်လာပါပြီရှင့် 😍။ နောက်ကျသွားတဲ့အတွက် Sorry ပါလို့။

CB မှာ လိပ်စာလေးနဲ့ ဖုန်းလေးတွေ လာပေးကြပါလို့။ စာအုပ်လေးတွေ ပို့ပေးမယ်နော် ♥️♥️

09/07/2023

FB Comment Picker ထဲက သုံးလို့ကောင်းတဲ့ App လေးရှိရင် ပြောခဲ့ကြပါဦး။ Admin App Store ထဲမှာ ရှာနေတာလေ IG Comment Picker တွေပဲ တွေ့ရများနေလို့။

စာအုပ် မဲဖောက်ဖို့ နောက်ကျနေတာ Sorry ပါ 🥹🥹။

မိုးတွေရွာလာရင် Admin က သီချင်ဟောင်းလေးတွေဖွင့် …. ကော်ဖီလေး တစ်ခွက်နဲ့ စာထိုင်ဖတ်ရတာ ကြိုက်တယ်။ တစ်ခါတစ်လေ ဖွင့်ထားတဲ့ ...
29/06/2023

မိုးတွေရွာလာရင် Admin က သီချင်ဟောင်းလေးတွေဖွင့် …. ကော်ဖီလေး တစ်ခွက်နဲ့ စာထိုင်ဖတ်ရတာ ကြိုက်တယ်။ တစ်ခါတစ်လေ ဖွင့်ထားတဲ့ ပြတင်းပေါက်နားမှာ စာထိုင်ဖတ်ရင်း လေအလွင့်နဲ့ မိုးစက်ကလေးတွေ ကိုယ့်ကိုလာစင်ရင် သိပ်သဘောကျတယ်။

ကိုယ်အိမ်မှာနေတဲ့အချိန် မိုးတွေ ရွာရင် သဘောကျတယ်။ မိုးရေထဲတော့ အပြင်ထွက်ရတာ မကြိုက်ဘူး။ ဒီညနေတော့ ဗဒင်ရဲ့ Album အဟောင်းကလေးဖွင့်ပြီး နားထောင်နေတယ်။ စာအုပ်တော့ မဖတ်ရဘူး။ တခြား ကျောင်းစာလုပ်နေရလို့။

စာအုပ်ချစ်သူတွေရော ဘာလုပ်နေကြလဲ။ မိုးအေးအေးနဲ့ အိပ်ယာထဲ စာအုပ်ဖတ်ရင်း ကွေးကြပြီလား။ ဖတ်နေတဲ့ သိပ်ကောင်းတဲ့ စာအုပ်တွေရှိရင် ညွှန်းပေးခဲ့ကြဦးနော်…. 😇။

🌸🍃

Julyလ ပထမပတ်ထဲမှာ လက်ဆောင်ပေးမယ့် စာအုပ်လေးတွေပါ 😍။Admin ရဲ့ account လေး restricted 10 days ဖြစ်သွားခဲ့လို့ ခုမှ စာအုပ်လ...
28/06/2023

Julyလ ပထမပတ်ထဲမှာ လက်ဆောင်ပေးမယ့် စာအုပ်လေးတွေပါ 😍။

Admin ရဲ့ account လေး restricted 10 days ဖြစ်သွားခဲ့လို့ ခုမှ စာအုပ်လေးတွေ တင်ပေးရတာပါ။

Comment မရေးရသေးတဲ့ သူလေးတွေ အောက်က linked ချပေးထားတဲ့ မူရင်း post မှာ comment ဝင်ရေးလို့ မှီသေးတယ်နော် 😍။

🌸♥️🍃

https://www.facebook.com/100093695676541/posts/103695332763656/?mibextid=cr9u03

Admin နေမကောင်းဖြစ်နေတုန်းကာလက စာမဖတ်နိုင် … ဖုန်းမကြည့်နိုင် … ပက်လက်ကုလားထိုင်ကလေးမှာပဲ နေ့နေ့ညညနေခဲ့ရတုန်းက YouTube က...
14/06/2023

Admin နေမကောင်းဖြစ်နေတုန်းကာလက စာမဖတ်နိုင် … ဖုန်းမကြည့်နိုင် … ပက်လက်ကုလားထိုင်ကလေးမှာပဲ နေ့နေ့ညညနေခဲ့ရတုန်းက YouTube ကနေ နားထောင်ခဲ့တဲ့ audio book တွေထဲက အရမ်းကြိုက်ခဲ့တဲ့ တစ်ပုဒ်ပါ။

အခုညက မိုးကလေးလည်း တဖွဲဖွဲနဲ့ဆိုတော့ကာ ဇာတ်လမ်းလေးနားထောင်ရင်း ခံစားရင်း အိပ်ပျော်ကြပါစေ။
Good Night 🦋🌸🌿

#ဆရာမဂျူး #ချစ်ခြင်း၏အနုပညာ

ဒါကတော့ ရောင်းဖို့ မဟုတ်ဘူး။ Admin လာကြွားတာ😁။Admin က ပန်းချီလည်း မတောက်တစ်ခေါက် ဝါသနာပါလို့ ဝယ်စုထားတာလေးတွေ။  ဒုတိယပုံ...
14/06/2023

ဒါကတော့ ရောင်းဖို့ မဟုတ်ဘူး။ Admin လာကြွားတာ😁။
Admin က ပန်းချီလည်း မတောက်တစ်ခေါက် ဝါသနာပါလို့ ဝယ်စုထားတာလေးတွေ။

ဒုတိယပုံထဲမှာ ပန်းချီစာအုပ်မဟုတ်တာ ၄ အုပ်ပါတယ်။ အဲ့ဒါလေးတွေကိုတော့ July ကျရင် အရောင်း post တင်ပေးမယ်နော်။

အခုက original books တွေမှာရင် ဒေါ်လာစျေးနဲ့ခေါင်ခိုက်နေတာ။ အခုလို တစ်လက်ကိုင် သန့်သန့်လေးကို စျေးသက်သက်သာသာနဲ့ ပြန်ရောင်းပေးပါ့မယ်ရှင့်။ ♥️

ကဲ .. ဒါ့ကြောင့်မို့ Pre-Loved Books လေးတွေကို အားပေးကြပါ 😁
14/06/2023

ကဲ .. ဒါ့ကြောင့်မို့ Pre-Loved Books လေးတွေကို အားပေးကြပါ 😁

ယခင် ၈၀၀၀ တန် စာအုပ် Vs ယခု ၈၀၀၀ တန်စာအုပ်

#စာအုပ်လောက #စာအုပ်စျေးကွက်
#စာအုပ်စုမယ် #စာသမားများ

#စာပေလောက

14/06/2023

TikTok နဲ့ စာအုပ်စျေးကွက်

TikTok ဆိုတာ
ကလေးတွေ ကလိုက်ခုန်လိုက် ဆော့တဲ့အရာ။
ကလေးကြီးတွေ
အမူအရာအမျိုးမျိုးလုပ်ပြီး
ဗီဒီယိုတွေတင်တဲ့နေရာလို့
တချို့ ထင်ကောင်းထင်လိမ့်မယ်။

ဒါပေမယ့် အခုဆိုရင်တော့
TikTok ဟာ ကမ္ဘာ့စာအုပ်စျေးကွက်ကိုပါ
ကိုင်လှုပ်လာနိုင်တာကို
ထူးဆန်းစွာ တွေ့မြင်နေရပါတယ်။

စျေးကွက်သုတေသနများအရ
၂၀၂၁ ခုနှစ်မှာ စာအုပ်ပေါင်း
၈၂၅ သန်းဝန်းကျင်ရောင်းခဲ့ရပြီး
၂၀၂၀ မှာ ၇၅၈ ဝန်းကျင်ရောင်းချခဲ့ရပါတယ်။
ဆိုလိုတာက တစ်နှစ်အတွင်း
စာအုပ်ရောင်းအားဟာ
အုပ်ရေ သန်း ၇၀ နီးပါး တိုးတက်လာပါတယ်။
အဲ့ဒီလို တိုးတက်လာရတဲ့
အဓိကအကြောင်းအရင်းတွေထဲမှာ
TikTok က ထိပ်ဆုံးပါဝင်ပါတယ်။
TikTok မှာ ဆိုတဲ့
ခေါင်းစဉ်နဲ့ စာအုပ်အညွှန်းတွေ
စာအုပ်အကြောင်းပြောဆိုတဲ့
ဗီဒီယိုတွေ အများအပြားတင်ကြပါတယ်။
တင်တဲ့သူတွေက လူငယ်တွေဖြစ်ပြီး
သူတို့ Follower နောက်ထပ်လူငယ်တွေကလည်း
အဲ့ဒီစာအုပ်တွေကို လိုက်ဝယ်ကြပါတယ်။
နောက်ပြီး သူတို့ကလည်း
သူတို့အမြင်တွေကို ထပ်တင်ကြပါတယ်။
ဒီလိုနဲ့ ဟာ trend တစ်ခုဖြစ်လာပြီး
စာဖတ်ပရိတ်သတ်အသစ်များစွာကို
ရရှိခဲ့ပါတယ်။ အကုန်လုံးကလည်း
စာအုပ်လေးတွေကိုင်ပြီး ဗီဒီယိုရိုက်ကြတာ
ဖြစ်တဲ့အတွက် e book တို့ audio book တို့
ရောင်းအားတွေ မတက်ဘဲ
စာအုပ်ရောင်းအားတွေဟာ
သိသိသာသာ တက်လာပါတယ်။
ဟာ Instagram ရဲ့
ကို ကျော်တက်သွားပါတယ်။
အခုဆိုရင်
အထင်ကရ စာအုပ်တိုက်ကြီးတွေဟာ
TikTok မှာ အကောင့်တွေဖွင့်ပြီး
ရေစီးကြောင်းထဲ
တိုးဝင်နေရပါပြီ။
ထားပါတော့….
ဒါတွေကတော့ ယနေ့ခေတ်ရဲ့
စာအုပ်ရီဗျူးပုံစံအပြောင်းအလဲတွေပေါ့။
မြန်မာပြည်ရဲ့ ဖေ့ဘုတ်မှာလည်း
စာအုပ်အညွှန်းဂရုပေါင်းများစွာရှိသလို
စာအုပ်တွေညွှန်းဆိုကြတာ
အလေ့အကျင့်တစ်ခုဖြစ်နေပါပြီ။

ဒါပေမယ့်
ကျွန်တော်ကတော့ အဖိုးကြီး
ပေါက်စအရွယ်ရောက်နေပြီဆိုတော့
မဂ္ဂဇင်းတွေမှာ လစဉ်စောင့်ဖတ်ခဲ့တဲ့
အညွှန်းတွေကို လွမ်းမိပါတယ်။
မဂ္ဂဇင်းတွေမှာက
စာအုပ်အညွှန်း၊ သီးချင်းအညွှန်း၊ ရုပ်ရှင်အညွှန်း
တွေပါကြသလို
မဂ္ဂဇင်းတွေထဲက ဝတ္ထုတိုတွေကို
ပြန်ညွှန်းတာတွေလည်း
ရှိကြပါတယ်။
အဲ့ဒီလို အညွှန်းတွေထဲမှာ
ကျွန်တော် လစဉ်စောင့်ဖတ်ဖြစ်တာကတော့
ဆရာမင်းလူရဲ့ Teen မဂ္ဂဇင်းက
ဖတ်ကြည့်ပါ ဆိုတဲ့ စာအုပ်
အညွှန်းတွေပါပဲ။
ဆရာမင်းလူလိုလူမျိုးက
ညွှန်းတဲ့စာအုပ်တွေဖြစ်တဲ့အတွက်
အထွေအထူးပြောဖို့ မလိုဘူးလို့ထင်ပါတယ်။

ရုပ်ရှင်အညွှန်းတွေဆိုရင်
ဆရာအောင်ဝိုင်းရဲ့ ရုပ်ရှင်အညွှန်းတွေကို
လက်မလွတ်တမ်း စောင့်ဖတ်ဖြစ်တယ်။
ကိုယ်သိထား ကြည့်ထားတာနဲ့
ဆရာတို့လို ပညာရှင်တွေရဲ့
ရှုထောင့်တွေက မတူတတ်ဘူးမဟုတ်လား။

ရုပ်ရှင်တစ်ကားထဲမှာကို
ကိုယ်မမြင်မိတဲ့ ရသတွေမြင်လာ
အောင်ရေးနိုင်သူပါ။

အခုထွက်လာတဲ့ ရုပ်ရှင် ၁၀၀ ကလည်း
မဟာဂျာနယ်မှာ ရေးခဲ့တဲ့
ရုပ်ရှင်ဆောင်းပါးတွေကို
ပြန်စုစည်းထားတာပါ။
ရုပ်ရှင်မြတ်နိုးသူတွေအတွက်
လက်မလွတ်သင့်တဲ့ စာအုပ်ပါ။

ကျွန်တော်ကတော့
နည်းပညာနဲ့ပတ်သက်ရင်
ဟိုမရောက် ဒီမရောက်ကောင်ပါ။
စာအုပ်တွေ မဂ္ဂဇင်းတွေထဲမှာပဲ
ခေတ်နောက်ကျကျန်ခဲ့သူတစ်ယောက်အနေနဲ့
ဒီစာအုပ်နှစ်အုပ်ရဲ့
အညွှန်းတွေ ခံတွင်းမြိန်မိတဲ့
အညွှန်းတွေဖြစ်ကြောင်း
ထပ်လောင်းညွှန်းဆိုလိုက်ရပါတော့တယ်။

14/06/2023

July ပထမပတ်ထဲမှာ Page လေး စ run တဲ့ အထိမ်းအမှတ်အနေနဲ့ စာအုပ် ၅ အုပ် မဲဖောက်ပေးမယ်နော်။ တစ်ယောက်ကို တစ်အုပ်စီပေါ့။ Delivery ခလည်း ပေးစရာမလိုပါဘူးရှင့်။ Free ပို့ပေးပါ့မယ်။

♥️ ဒီ post လေးရဲ့ comment မှာ ဘာဖြစ်လို့ စာဖတ်ရတာကို ကြိုက်နှစ်သက်တယ်ဆိုတာလေးကိုတော့ comment ရေးပေးသွားကြနော်။

♥️Weekend ကျရင် လက်ဆောင်ပေးမယ့် Pre-Loved စာအုပ်လေးတွေ တင်ပေးမယ်နော်။

Love you all and looking forward to seeing your comments 🍃

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Thet’s Pre-Loved Book Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category