L Cube - Japan Online Store

L Cube - Japan Online Store Live Love Laugh (L Cube)
Japan Product Online Store�

ရေခဲချည်  အမွှေးပွချည် စိတ်ကြိက်အရောင်လေးဒီဇိုင်းကာလာအစုံနဲ အော်ဒါလာတင်လိုရပါတယ်ချင့်ကြာချိန်5ရက်  စျေးနူန်းလေးကတစ်အိတ် ...
14/11/2023

ရေခဲချည် အမွှေးပွချည်
စိတ်ကြိက်အရောင်လေးဒီဇိုင်းကာလာအစုံနဲ အော်ဒါလာတင်လိုရပါတယ်ချင့်
ကြာချိန်5ရက် စျေးနူန်းလေးကတစ်အိတ် 12000ထဲပါ ရှင့်
ပုလဲကြိုးလေးနဲယူမှလား သံကြိုးလေးနဲယူမှလားစိတ်ကြိုက်မှာလိုရပါတယ်ရှင့်
.

Raffle Ticket တွေ ဘာလို့ သေမလို ဝယ်ခိုင်းနေလဲ သိရသလောက် ပြောပြလို့ရသလောက် ပြောပြမယ်...⚠️ဒီလ ၂၈ ရက်နေ့ထိပဲ ဘာလို့ရောင်းလဲ...
18/08/2021

Raffle Ticket တွေ ဘာလို့ သေမလို ဝယ်ခိုင်းနေလဲ သိရသလောက် ပြောပြလို့ရသလောက် ပြောပြမယ်...

⚠️ဒီလ ၂၈ ရက်နေ့ထိပဲ ဘာလို့ရောင်းလဲဆို အဲ့နောက်ပိုင်း ထူးခြားတော့မှာမို့ !!!

⚠️ထီက နောက်လတွေရှိတယ်။ ဒါက ဒီတစ်လတည်းကိုမှ တစ်လတည်း ဒီ ၂၈ နောက်ပိုင်းဖြစ်လာမယ့်ဟာတွေအတွက် ငွေပေးချေစရာ ကြီးကြီးမားမားရှိလို့!

⚠️ ကာကွယ်ရေးဌာနအောက်ကသွားတာဆိုတော့ ဘယ်ကို ဘာအတွက်လည်း ဆိုတာတော့ လူတိုင်းသိလောက်ပြီ။

⚠️အဲ့မို့ လက်မှတ် 5 သန်းက မပြည့်လို့မရဘူး။ ပြည့်မှကိုဖြစ်မှာ

⚠️တစ်နိုင်ငံလုံးက တောထဲက သေမလိုဒုက္ခခံ အသက်ရင်းထားရတဲ့ သူရဲကောင်းတွေက ဒီ ၅ သန်းပြည့်ဖို့ စောင့်နေရတာမို့။

ခု ၁၀ ရက်ပဲကျန်တော့တယ်။

မြန်မာနိုင်ငံက စင်ကာပူရဲ့ ရောင်းအားတောင် မမီဘူး။
မြန်မာနိုင်ငံမှာ ဝယ်လို့ရအောင်လုပ်ထားပေးတဲ့ Fund Raising Page တွေအများကြီးရှိတယ်။

ပြောရရင် ဒါ အချီကြီးအတွက် ဒီတခေါက်ပဲ လှုရတော့မယ့်ပွဲ!!!

ကျန်တာတွေ ဘေးဖယ်ပြီး လှုနိုင်သမျှ ပုံအော လောင်းကြေးထပ်သလို လှုရမယ့်ပွဲ!!!

ဒါပြီးရင် ပြီးပြီ...
အဲ့တော့ ဤ ခရီးနီးသလားဆို
မြန်မြန်ပြေးသွားမှာလား?
တစ်လှမ်းချင်း အေးဆေးလိုက်လာဖို့ ကြံနေလား?
ကိုယ်အမြန်ဆုံး လွတ်လပ်ချင်တဲ့ပေါ် မူတည်တယ်!

ထီကို နောက်မှထိုး
ရှိသမျှ ပိုက်ဆံ ဒါအရင်ဝယ်!!!

ဘယ်နိုင်ငံက ဘယ်လောက်ရောင်းထွက်ပြီးပြီလဲဆိုတာ ဒီ Chart မှာကြည့်လို့ရ- https://ofp.crphmyanmar.org/

လက်မှတ် ၅သန်းမပြည့်ရင်လား?

အဲ့ပုံထဲကလိုပဲ ညဆို ခွေးဆွဲဆွဲ လက်စဖျောက်တာနဲ့ပဲ အသက်ပေးသွားရတဲ့ သူရဲကောင်းစာရင်းမှာ လူဦးရေ ပိုပိုတိုးပြီး အသည်းကွဲရလိမ့်မယ်!!!

Credit

💓H&M Earrings& Rings💫Waiting Time-5weeks
31/12/2020

💓H&M Earrings& Rings💫
Waiting Time-5weeks

💓H&M Earrings💫waiting time- 5weeks
31/12/2020

💓H&M Earrings💫
waiting time- 5weeks

営業中 မှာယူနိုင်ပါတယ်ရှင့်
28/05/2020

営業中 မှာယူနိုင်ပါတယ်ရှင့်

🇯🇵 ဂျပန်နိုင်ငံမှ လူကြိုက်များဆုံး  Biroe’ Aqua UV Watery essence & Gel SPF 50PA+++++💦  watery essence နဲ့ gel လေး In st...
13/05/2020

🇯🇵 ဂျပန်နိုင်ငံမှ လူကြိုက်များဆုံး Biroe’ Aqua UV Watery essence & Gel SPF 50PA+++++
💦 watery essence နဲ့ gel လေး In stock ရပါပြီ🛍💦💦

🌈ဂျပန်တွေက Skin အရမ်းကောင်းကြတယ်နော် ဘယ်လိုများ အသားအရည်ထိန်းသိမ်ပါလိမ့်နော်🤔
☀️အဓိကက Skin Care တွေကို Step By Step သေချာသုံးသွားလို့ပါ ဒါကြောင့် သေချာလေး ရှင်းပြပေးပါ့မယ်ရှင့် 🧖‍♀️

UV Sun Cream အသုံးပြုခြင်း က Skin Care ပြုလုပ်ခြင်းရဲ့ အသက်ပါ 💚Skin Care ကောင်းကောင်းလုပ်မယ်ဆို 🌞Sun Cream Step 💯ကို ချန်ထားလို့မရပါဘူးနော်🤩🎁

☀️☀️☀️SPFက UVB raysကိုအဓိကကာကွယ်ပေးပြီး PAက UVA raysကိုအဓိကကာကွယ်ပေးတာမို့ Sunscreenရွေးရင် SPFများတာအပြင် PA+များတာကိုပါရွေးဖို့လိုတယ်နော် ☀️☀️☀️

👱🏻‍♂️👩🏻‍🦰Sunscreenကတော့ ကျား မ မရွေးသုံးကိုသုံးသင့်တဲ့skincareတခုပဲနော်

☀️မကြာခင် နွေရာသီရောက်တော့မှာဆိုတော့ နွေနေပူပူမှာ နေလောင်ပြီး မျက်နှာအသားအရေမပျက်စီးရလေအောင် sunscreenသေချာသုံးပေးဖို့လိုတယ်နော်

☀️နေလောင်ရင် မျက်နှာနီမြန်းပြီး အမဲစက် တင်းတိတ် အရေးအကြောင်းတွေထွက်လာစေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကိုဖြစ်စေပါတယ်နော်

☀️Biore UV Watery Essence Sunscreenလေးရှိတယ်နော်

Waterproofမို့ ရေစို ချွေးစိုလို့ပျက်မှာလည်းမပူရဘူးနော်
သကြင်္န်အတွက်ပါဆောင်ထားလိုက်တော့💦💦💦

☀️SPF 50 PA++++ပါတာမို့ UVA UVBraysတွေမှ အပြည့်အဝကာကွယ်ပေးပါတယ်

☀️အရောင်လုံးဝမပါတာမို့ လိမ်းလိုက်ရင် ပြာသွားမှာပူစရာမလိုတော့ဘူးနော်

☀️ရေဓာတ်ကိုလည်းBoostလုပ်ပေးတာမို့ လိမ်းလိုက်တာနဲ့ စိုစိုအိအိလေးဖြစ်နေစေမှာနော်

☀️watery essence typeမို့ အသားအရေအမျိုးအစားအကုန်လုံးနဲ့ သင့်တော်ပါတယ်ရှင့်

☀️တော်တော်များများ sun screen ဆိုတာနဲ့ပြာတတ်ကြပါတယ် ။ ဒါလေးကတော့ cream မဟုတ်ဘဲwatery essence လေးပါ

☀️water -based sunscreen လေးဖြစ်ပြီး light texture လေးဖြစ်ပါတယ်

☀️ လိမ်းပြီးတာနဲ့ အသားအရေရဲ့ အပေါ်လွှာတခုအနေနဲ့ ကာကွယ်ပေးပါတယ်

moisture rich , watery capsules , hyaluronic acid , royal jelly နဲ့ butylene glycol တွေပါတဲ့အတွက် အသားအရေကို moisturised ဖြစ်စေပါတယ်

☀️long -lasting ဖြစ်စေပြီး နေ့တိုင်းအသုံးပြုလို့ရပါတယ်

💰Price

💦Watery Essence-16,500kyats(50g)

💦Watery Gel -20,500kyats(90g)

လက်လီ/လက်ကား ဝယ်ယူလိုသူတွေအနေနဲ့ Hello ☎️ 09-43036849 ☎️ ကိုမြန်မြန်လေးဖုန်းဆက်ဖို့ မမေ့နဲ့နော် ...

ရန်ကုန်က Customer များအတွက် မှာယူတဲ့ပစ္စည်းများ မိမိအိမ်ရောက်မှ ငွေပေးချေလို့ ရပါတယ် ....🎁
အခြားမြို့မှ မှာယူမယ်ဆိုရင်တော့
ငွေလွှဲဝင်ပြီးမှ ပစ္စည်းပို့ပေးပါတယ်ရှင် 🚛🚛🚛

ငွေလွှဲဖို့အတွက်က Wave Pay , KBZ Pay, OK Dollar, AYA Mobile Banking တို့မှတဆင့် ပေးချေလို့ရပါတယ်နော် 💴💴💴

ပစ္စည်းမှာယူတဲ့ချစ်မိတ်ဆွေ အတွက် ပစ္စည်းပို့ဆောင်ခ (Delivery charges) က ၂,၀၀၀/- ကျပ် ကျသင့်မှာပါရှင့် 📣📣📣

Deliနဲ့ ပို့ရတဲ့မြို့တွေ နေရာတွေအတွက် deli ခကာမိအောင် သူများနဲ့မတူတဲ့စျေးလေးတွေနဲ့ ရောင်းပေးထားပါတယ်နော်🌝❣️

အားလုံးပဲ ကျန်းမာ လှပကြပါစေလို့ Live love laugh Page မှ ဆုမွန်ကောင်း ပေးပို့အပ်ပါတယ်ရှင့် 💕💕💕



💯Japan Authentics

💥💫🏖️နေအရမ်းပူတယ်ဆို ဒါလေးတွေဝယ်ပီး Skin ကို ကာကွယ်ရအောင်
13/05/2020

💥💫🏖️နေအရမ်းပူတယ်ဆို ဒါလေးတွေဝယ်ပီး Skin ကို ကာကွယ်ရအောင်

အိပ်ရာခင်းလေးတွေ မှာချင်တယ်ဆိုရင် အောက်က Page လေးကို ဆက်သွယ်မှာယူပေးနိုင်ပါတယ်ရှင့် 👍🏻အိပ်မက်ကောင်းတွေ ပိုင်ဆိုင်ကြပါစေ ...
05/05/2020

အိပ်ရာခင်းလေးတွေ မှာချင်တယ်ဆိုရင် အောက်က Page လေးကို ဆက်သွယ်မှာယူပေးနိုင်ပါတယ်ရှင့် 👍🏻

အိပ်မက်ကောင်းတွေ ပိုင်ဆိုင်ကြပါစေ 🧚‍♀️

တကယ်လို့များ. . .ကျောင်းတွေတစ်နှစ်လုံးပိတ်သွားရင်---------တကယ်လို့များ အခြေအနေမပေးလို့ ကလေးတွေ ဒီနှစ်စာသင်နှစ်ကို မတက်လိ...
23/04/2020

တကယ်လို့များ. . .ကျောင်းတွေတစ်နှစ်လုံးပိတ်သွားရင်
---------
တကယ်လို့များ အခြေအနေမပေးလို့
ကလေးတွေ ဒီနှစ်စာသင်နှစ်ကို
မတက်လိုက်ရဘူးဆိုပါစို့။

ကျောင်းစာတွေအစား အိမ်မှာ
အချက်အပြုတ်သင်ပေးမယ်ဆိုရင်. . .

ကျောင်းစာတွေအစား အိမ်မှာ အဝတ်ချူပ်
သင်ပေးမယ်ဆိုရင်. . .

ကျောင်းစာတွေအစား အိမ်မှာ အိမ်သာသန့်
ရှင်းရေး နှင့် ကောင်းကောင်းမွန်မွန်သွား
တတ်လာတတ်အောင် သင်ပေးမယ်
ဆိုရင်. . .

စိုက်ခင်း ပန်းခင်းလေးတွေကို ဂရုစိုက်တတ်
အောင် သင်ပေးကြရင် . . .

အဘိုးအဘွားတွေ ညီငယ်ညီမငယ်လေးတွေကို ဂရုစိုက်တတ်လာအောင် သင်ပေးကြမယ်
ဆိုရင်. . .

အိမ်မွေးတိရစ္ဆာန်လေးတွေကို ချစ်တတ်
ဂရုစိုက်တတ်လာအောင် သင်ပေးကြမယ်
ဆိုရင် . . .

တရားထိုင်တတ်အောင် သို့မဟုတ်
စိတ်တည်ငြိမ်မှုမြင့်တက်လာတဲ့ နည်းတခုခု
သင်ပေးကြမယ်ဆိုရင် . . .

စိတ်ကူးနိုင်မှုစွမ်းရည် တိုးတက်စေရန်
ပုံဆွဲခြင်းကို နှစ်သက်လာအောင်
သင်ပေးကြမယ်ဆိုရင်. . .

မိသားစုတွင်းမှာ တာဝန်ယူတတ်လာအောင်
သင်ပေးကြမယ်ဆိုရင်. . .

လူကောင်းဖြစ်လာအောင် အဓိကသင်ပေး
ကြမယ်ဆိုရင်. . .

နောက်ဆုံးပေါ်ဖုန်းတွေထက် မိသားစုအတူတူ
ကျန်းမာစွာနေထိုင်ခြင်းက ပိုအရေးကြီးတယ်
ဆိုတာကို သင်ပေးကြမယ်ဆိုရင်. . .

ကလေးတွေကို သဘာဝဆေးပင်လေးတွေ
အကြောင်း သိအောင်သင်ပေးကြမယ်ဆိုရင်. .

တကယ်လို့များ .....

မှတ်ချက်။ ။ Judith Fernandez ၏ "And what if " ကို ဆီလျော်အောင်ဘာသာပြန်ထားခြင်းဖြစ်ပါသည်။ မူရင်းပိုစ်ကိုအောက်တွင် ပေးထားပါ
သည်။
Credit:
Paul Mung Ja

https://m.facebook.com/story.php?story_fbid=10220294313760998&id=1023334724

ချစ်မိတ်ဆွေလေးတို့ရေ🇲🇲🇲🇲🇲🇲မြန်မာ့နှစ်သစ်မှာ စိတ်သစ်လူသစ်ကိုယ်သစ်နဲ့အရာရာကို ရင်ဆိုင်ဖို့ အသင့်ပဲလား ?ဘယ်လိုပဲ အနာဂါတ်လမ်...
18/04/2020

ချစ်မိတ်ဆွေလေးတို့ရေ🇲🇲🇲🇲🇲🇲

မြန်မာ့နှစ်သစ်မှာ စိတ်သစ်လူသစ်ကိုယ်သစ်နဲ့

အရာရာကို ရင်ဆိုင်ဖို့ အသင့်ပဲလား ?

ဘယ်လိုပဲ အနာဂါတ်လမ်းက

ခက်ခဲ ကြမ်းတမ်းနေပါစေ

ပြုံးပြုံးကြီးနဲ့ ပျော်ပျော်ကြီး

လျှောက်လှမ်းကြရအောင်🤩

't_sell_thecosmetics 🍯🌞⛱️🎁

_"The Hope"💪✍️

Presented By L Cube 🌟Min Min Myo 🌟

18/04/2020

BREAKING‼‼‼
--------------------

Yangon Semi Lock Down( Stay at home)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန

အမိန့်အမှတ်၊ ၃၈/၂၀၂၀
၁၃၈၂ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၈ ရက်)

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (Coronavirus Disease 2019 – COVID-19) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်ပြန့်နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် အချို့သောမြို့နယ်များတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရန် (Stay at Home) လိုအပ်ပါသည်။

၂။ သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း အောက်ပါမြို့နယ်များတွင် နေထိုင်သည့် ပြည်သူ များအနေဖြင့် နေအိမ်တွင် နေထိုင်ရေး (Stay at Home)အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာလိုက်သည်-
(က) တောင်ဥက္ကလာပမြို့နယ်၊
(ခ) ပန်းဘဲတန်းမြို့နယ်၊
(ဂ) ဗဟန်းမြို့နယ်၊
(ဃ) မရမ်းကုန်းမြို့နယ်၊
(င) အင်းစိန်မြို့နယ်၊
(စ) ရွှေပြည်သာမြို့နယ်၊
(ဆ) လှိုင်သာယာမြို့နယ်။

၃။ အဆိုပါ မြို့နယ် ၇ မြို့နယ်ရှိ နေအိမ်တွင် နေထိုင်ရေး (Stay at Home)အစီအစဉ်တွင် အကျုံးဝင်သော ပြည်သူများသည် အောက်ပါစည်းကမ်းချက်များကို လိုက်နာရမည်-
(က) မိမိနေအိမ်တွင်သာနေထိုင်ရန် (အစိုးရဌာန၊အဖွဲ့အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံ များတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများ မပါ)
(ခ) မဖြစ်မနေ ဈေးဝယ်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန်၊
(ဂ) ဆေးရုံ၊ ဆေးခန်း သွားရောက်ရန်ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရောက်ရန်၊
(ဃ) နေအိမ်မှ ပြင်ပသို့ သွားလာလျှင် ပါးစပ်/ နှာခေါင်းစည်း (mask) တပ်ရန်၊
(င) တာဝန်ထမ်းဆောင်ရန်သွားရောက်/ပြန်လာမည့်သူများကို ပို့ဆောင်မည့် ယာဉ်များနှင့် ဖြတ်သန်းခွင့်ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုရန်၊
(စ) ရပ်ကွက်အတွင်း ဈေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် တစ်ဦး၊ ဆေးရုံ ဆေးခန်းသွားရောက်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နှစ်ဦးသာ သွားရောက်ရန်၊

၄။ အပိုဒ် ၃ အပိုဒ်ခွဲ(ခ)၊ (ဂ) နှင့် (စ) တို့ပါ ကိစ္စရပ်များတွင် သတ်မှတ်ဦးရေထက် ပိုမိုရန်ရှိလျှင် ဖြစ်စေ၊ အခြားအရေးပေါ်ကိစ္စရပ်များအတွက် သွားလာရန် ရှိလျှင်ဖြစ်စေ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့သို့ သတင်းပို့၍ ခွင့်ပြုချက်ဖြင့် သွားလာရန်နှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့သည် တာဝန်ရှိသူ၊ တာဝန်ထမ်းဆောင်ရန် သွားရောက်/ပြန်လာသူများမှအပ ရပ်ကွက်ပြင်ပမှ လည်းကောင်း၊ ရပ်ကွက်အတွင်းမှလည်းကောင်း ဝင်/ထွက် ခွင့်မပြုရန် ဖြစ်သည်။

၅။ ဤအမိန့်ကို လိုက်နာရန် ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်သည်။

၆။ ဤအမိန့်သည် ၁၈-၄-၂၀၂၀ ရက်၊ ညနေ ၆ နာရီ အချိန်မှ စတင်သက်ရောက်သည်။

(ဒေါက်တာမြင့်ထွေး)
ပြည်ထောင်စုဝန်ကြီး

Crd

17/04/2020

သက်ရှည် ကျန်းမာ စိတ်ချမ်းသာ၍မင်္ဂလာရှိသော နှစ်သစ်အချိန်အခါဖြစ်ကြပါစေ။

Address

Yangon

Telephone

+95943036849

Website

Alerts

Be the first to know and let us send you an email when L Cube - Japan Online Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to L Cube - Japan Online Store:

Share