ThriftIt

ThriftIt Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ThriftIt, Thrift & Consignment Store, Yangon.

HoodieCondition 9.5/10Shoulder 18"Length 23"Price - 8000ks
10/03/2023

Hoodie

Condition 9.5/10

Shoulder 18"
Length 23"

Price - 8000ks

Hoodie for girlCondition 9.5/10Shoulder 17"Length 23.5"Price - 8000ks
08/03/2023

Hoodie for girl

Condition 9.5/10

Shoulder 17"
Length 23.5"

Price - 8000ks

Disney hoodie Condition 9.5/10Shoulder 23"Length 28"Price - 8000ksYgn cod available✅Comment "U" or Dm
07/03/2023

Disney hoodie

Condition 9.5/10

Shoulder 23"
Length 28"

Price - 8000ks

Ygn cod available✅
Comment "U" or Dm

Mr.junko sweatshirt Rose Gold color လေးအရမ်းလှCondition 9.8/10Shoulder 24"Length 24"Price - 10000ksDm or Comment "U" to ...
25/02/2023

Mr.junko sweatshirt

Rose Gold color လေးအရမ်းလှ

Condition 9.8/10

Shoulder 24"
Length 24"

Price - 10000ks

Dm or Comment "U" to purchase

Ygn cod ရပါတယ် အခြားမြို့နယ်များ half prepaid ပါဗျ
Kpay available

ဝယ်ယူအားပေးသူ‌အ‌ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်ဗျ။


MAZE မှာ THRIFTHUNTလို့ရပါပြီဗျ sweatshirt နဲ့ hoodies တွေရပါတယ် Dm or comment  မှာ "U" သို့မဟုတ် "ယူ" လို့မန့်ပေးပါနော်...
23/02/2023

MAZE မှာ THRIFTHUNTလို့ရပါပြီဗျ sweatshirt နဲ့ hoodies တွေရပါတယ်

Dm or comment မှာ "U" သို့မဟုတ် "ယူ" လို့မန့်ပေးပါနော်

Dm for more info abt the items

Ygn codရပါတယ်ဗျ
ဝယ်ယူအားပေးသူများကိုကျေးဇူးအထူးတင်ပါတယ်ဗျ



⚡vintage အကြောင်းတစေ့တ‌စောင်း⚡(ဘေကို စျေးပေါတယ် ရှက်စရာလို့ထင်မြင်သောလူများဖတ်ရန်မလိုပါ )🔺Vintage ဆိုရင် မြန်မာအခေါ်ဝေါ်...
12/01/2023

⚡vintage အကြောင်းတစေ့တ‌စောင်း⚡

(ဘေကို စျေးပေါတယ် ရှက်စရာလို့ထင်မြင်သောလူများဖတ်ရန်မလိုပါ )

🔺Vintage ဆိုရင် မြန်မာအခေါ်ဝေါ် ဘေ(bale) လို့အလွယ်တကူ သတ်မှတ်ကျပါတယ် ။used clothing (thrift clothing) လို့တနည်းအားဖြင့် ခေါ်နိင်ပါသေးတယ် ။ ကိုရွှေမြန်မာတွေကတော့ ဘေလို့ပဲ ခေါ်ကြပါတယ် ။(" vintage is call ဘေ ”လိုတော့မသတ်ကြပါနဲ့ဗျ) ဘေတိုင်းက vintageမဟုတ်ပါဘူး ။ ဘေထုတ်ကဘေထုတ်ပါပဲ ❗❗

🔺Thrift clothing "Bale” ဘေဆိုတာ English အခေါ်အဝေါ်ဖြစ်ပြီး အထုတ်တစ်ခုထုတ်ပိုးထားတယ်လို့ သတ်မှတ်လို့ရပါတယ်။ thrift တွေကို ထိုင်း/အင်ဒို /ဂျပန်/ကိုရီးယားဘက်က လာတဲ့အထည်တော်တော်များပါတယ် ။ Fashion sense ကောင်းရင်ကောင်းသလို ဘေထုတ်တွေထဲ က အရည်သွေးကောင်းတဲ့ Authentic အထည်တွေဘေထုတ်တွေထဲ စျေးသက်သက်သာသာရနိင်ပါတယ်။

(Vintage နဲ့ ဘေ ကလည်း ကွဲပြားမူရှိပါတယ်)

🔺Vintage က လွယ်လွယ်ပြောရရင်ရှေးဟောင်းပစ္စည်း တစ်ခု လိုပါပဲ 80/90s ပတ်ဝန်းကျင်ကအထည်တွေ ယခု ကာလ တစ်ခုနဲ့ဆို သက်တမ်း၂၀ကျော်လောက်ကအထည်တွေ vintage လို့သတ်မှတ်နိင်ပါတယ် ။ vintage အထည်တိုင်း သူရဲ့ ချုပ်ရိုးချုပ်သား/painting style တွေအပြင် သူရဲ့ ကိုယ်ပိုင် Original Quality သီးသန့်ရှိပါတယ် ။ ဘာလို့လည်းဆိုတော့ သက်တန်း ၂၀
ကျော်တာတောင် အသစ်နီးပါးရှိနေတာကိုးက vintage တစ်ထည်ရဲ့ အားသာချက်တစ်ခုပါပဲ။
(Vintage ကိုတော့ vintage စျေးနဲ့ပဲရမှာပါ )
Vintage တတစ်ထည်က အပေါက်အစွန်းအထင်း တွေများသောအားဖြင့်ပါတက်ပါတယ် ဒါကိုစုတ်တယ် လို့သတ်မှတ်လို့မရပါဘူး ။ ဟောင်းနွမ်းတာကိုမှာ vintage အထှာဖြစ်ပါတယ် ။တကယ့်တန်ဖိုးထားတဲ့လူအတွက်တော့ vintage tee တစ်ထည်ရွှေထက်ကိုတန်ဖိုးထားကြပါတယ် ။ အဲ့တာကြောင့် Europe နိင်ငံ တချိို့ vintageအထည်တွေ စျေးကြီးပေးဝယ်ကြသလို တန်ဖိုးလည်းထားကြပါတယ် ။
Reporduction လုပ်ထားတဲ့အထည်တွေကလည်းvintage မဟုတ်ပါဘူး( အလွယ်ပြောရရင် vintage အထှာ အပေါက်အပြဲတွေ ကိုဒီဘက်ခေတ်အနေနဲ့ပြန်ထုတ်လုပ်ထားမျိုးတွေ / အရင်ကခုနစ်ကိုဒီဘက်ခေတ်အနေနဲ့ ပြန်ထုတ်လုပ်တာမျိုးတွေ ကို reproductionလုပ်တယ်လို့ခေါ်ပါတယ်)vintage ကို local မှာအနိမ့်ဆုံးပေါက်စျေး
(30000/40000)လောက်ရှိပါတယ်။ sellerတွေပေါ်မူတည်ပြီးစျေးတော့ကွဲပြားနိင်ပါတယ်။

🔺Resell ဆိုတာကတော့ ဘေထုတ် အထည်တွေထဲကမှာ Branded အထည်တွေ (ဂေါင်ထည်)တွေကိုသီးသန့်ပြန်ရွေးပြီးရောင်းတာကို Resell လို့ခေါ်ပါတယ် ။

ဥပမာ carhartt တစ်ထည်ကို ၅၀၀၀ရဝယ်လိုက်တယ် ဆိုပါတော့ (သူရဲ့ quality / သူရဲ့သမိုင်းတစ်ခုပြီးတော့ branded တစ်ခုတန်ဖိုး ထောင့်စေ့လေ့လာထားတာမို့ )ဒီ barnd ရဲ့ ထုတ်ခဲ့တဲ့ 80/90s ခုနှစ်တွေထုတ်ခဲ့တာတွေ /limitedအနေနဲ့လည်းသိထားတဲ့အချက်ရယ် Resell market နဲ့ international websites ‌‌ပေါက်စျေး dollar $100/200ပေါက်စျေးတွေသိထားလို့ ၅၀၀၀ တန်ပစ္စည်းကို ၁၅၀၀၀ ပြန်ရောင်းတာကို Resell လုပ်တယ်လို့ ခေါ်ပါတယ် (ဒါကိုမှာ၅၀၀၀တန်၁၅၀၀၀ပြန်ရောင်းလို့ ဂျင်းထည့်တယ်လို့ပြောလို့မရပါဘူး)ကျတော်တို့တွေလည်းဘေထုတ်တွေထဲကမှတစ်ထည်ပြီးတစ်ထည်ရှာယူပြီးရောင်းရတာပါ။အထည်ကောင်း တစ်ခုရဖို့မလွယ်ပါဘူး ။ကိုယ်တွေလည်း online က နေကိုယ်ကြိုက်တဲ့အထည်အလုအယှက်ဝယ်ရင်း ကိုယ်ကြိုက်တဲ့အထည် သူများဆီပါသွားလို့ ပြန်ဝယ်ရရင်ဝယ်သူပြောတဲ့စျေးတိုင်းပြန်ဝယ်ရတာပါ ။ကြိုက်ရောင်းကြိုက်ဝယ်သဘောမျိုးပေ့ါဗျ ။

🔺Trade တယ်ဆိုတာ အထည်တစ်ခုနဲ့တစ်ခုဖလှယ်တဲ့သဘောမျိုးကို tradeတယ်လို့ခေါ်ပါတယ်။

ဥပမာ ကျတော်ဆီမှာThe beatles vintage tee တထည်နဲ့ ခဗျားဆီက Queen vintage tee တစ်ထည်လဲတယ်ဆိုပါတော့ ဒါပေမဲ့ကျတော်ရဲ့ အထည်က colour/ tag/ condition မိုက်လို့ တစ်သောင်း အလိုက်ပေးရမယ်ဆို ပြီး dealလုပ်တယ် ။
ခဗျားအနေနဲ့ သဘောတူတယ် ဒါမျိုး tradeတယ်လို့ခေါ်ပါတယ် ။

Rsell market တွေ Thrift store တွေ Trade market တွေ vintage store တွေပေါများလာတာ ကျတော်တို့အနေနဲ့အဆိုးထဲက အကောင်းလို့ ပြောရမှာဘဲ ။
ကိုယ်ရဲ့ knowledge နဲ့ vintage အထှာ Fashionတွေဖြုတ်နိင်သလို အပိုဝင်ငွေအနေနဲ့လည်းရှာနိင်ပါ‌ေသးတယ်။နောက်ဆို လူငယ်အချင်းချင်း တွေ့တဲ့အခါဝတ်ထားတဲ့ Tee တွေ pants လှမ်းရိုးတဲ့အထှာတွေ တစ်ယောက်နဲ့ တစ်ယောက်ကြွယ်တာမျိုးဆိုပိုမိုက် မှာဗျ။ ဘေထုတ်ကရှက်စရာလိုမြင်တဲ့အယူအဆနဲ့အတူ vinatage fashion တွေခေတ်အစားလာတာနဲ့ အမျှအမြင်တွေပြောင်းလဲလာတာကဝမ်းသာစရာတစ်ခုပါပဲဗျ 🌈 အဆိုတော် Macklemore တောင် Thriftဘေထုတ် နိူတ်တဲ့အကြောင်းတောင် သီချင်းစက်ဆိုထားပါသေးတယ် အဲ့သီချင်း ရဲ့ song title ကို"thrift shop”လို့တောင်အမည်ပေးထားပါသေးတယ်။ နားမထောင်ဖူးသေးရင် နားထောင်ဖို့အကြံပေးလိုက်ပရစေ ဗျ ။
နားထောင်ရန် link👇

https://youtu.be/QK8mJJJvaes

Fast Fashion ကို ကျော်တက်ပြီး social media ကိုလွှမ်းမိုးလာခဲ့တဲ့ Thrift Culture …👕👖Thrifting ဆိုတာဘာလဲ?Thrifting ဆိုတာ ခ...
11/01/2023

Fast Fashion ကို ကျော်တက်ပြီး social media ကိုလွှမ်းမိုးလာခဲ့တဲ့ Thrift Culture …👕👖

Thrifting ဆိုတာဘာလဲ?
Thrifting ဆိုတာ ခြွေတာခြင်းလို့ အဓိပ္ပာယ်ရပါတယ်။

ဒီတော့ Thrift Culture ကဘာလို့ နာမည်ကြီးလာရတာလဲ?
Thrift Culture ကဘာလဲ?

Thrift culture ဆိုတာ Fast fashion Brand. တွေက ပိုလျှံလာတဲ့ အရာတွေ၊ အသုံးမပြုရသေးသော or အသုံးပြုပြီးသော စွန့်ပစ်ထားသော ပစ္စည်းများကိုဝယ်ယူခြင်း ( များသောအားဖြင့် အဝတ်အစားအသုံးအဆောင်များ၊ fashion ပစ္စည်းများ) ကိုဝယ်ယူခြင်း ဖြစ်ပါတယ်။

ဆိုတော့ ဘေထုပ်နှိုက်တာက Thrift culture ပေါ့🤩

Thrift culture ကိုဘာလို့ကြိုက်ကြတာလဲ?
ကိုယ့်ရဲ့ အကြိုက်ဆုံး Brand တွေကို brandမဟုတ်တဲ့စျေးနဲ့ ရလို့ပါပဲ 👀 နောက်တစ်ချက်က Fast fashion တွေက တိုက်ရိုက်ဝယ်မဲ့အစား thrift store တစ်ခုကနေဝယ်လိုက်တဲ့ တစ်ထည်ကပိုပြီး စျေးသက်သာလို့ပါပဲ😎 အားလုံးသိကြတဲ့အတိုင်း ကိုယ့်ရဲ့ ရှာဖွေမှု ကောင်းရင်ကောင်းသလို အထည်ကောင်းတွေကို စျေးသက်သာနဲ့ရလို့ပါပဲ👀

Fast fashion အစား ဘာကြောင့် Thrift store တတွကဝယ်တာကို ပိုပြီး ရွေးချယ်သင့်တာလဲ ?
ဒီအကြောင်းကိုမပြောခင် Fast fashion တွေထုတ်လုပ်ခြင်းက ရတဲ့ ဆိုးကျိုးတွေကိုအရင်ပြောပြပါမယ်

1. Jean pant တစ်ထည်ထုတ်လုပ်ဖို့အတွက် ရေ ၁၀၀၀၀ လီတာအထိ သုံးရပါတယ်

2. ဘင်္ဂလားဒေ့ရှ်၊တရုတ်၊အိန္ဒိယ နဲ့ ဗီယက်နမ်နိုင်ငံတို့တွေမှာ ကျင့်ဝတ်ဆိုင်ရာ အလုပ်သမားဥပဒေများပြဌာန်းခြင်းမရှိသလောက်နည်းနဲ့ အလုပ်သမားတွေကို စျေးပေါပေါပေးပြီး ထုတ်လုပ်ကြပါတယ်။ဒါ့အပြင် child labour တွေကိုပါ အသုံးပြုကြပါတယ်

3. အထည်အလိပ်တွေရဲ့ 85% ဟာ နှစ်စဉ် ဖြုန်းတီးနေပြီးတော့ အမှိုက်ပုံကြီးထဲမှာ ကုန်ဆုံးသွားပါတယ်🥹

ဒါတွေကို အပြည့်အဝ ဖျက်စီးဖို့အတွက် လတွေနှစ်တွေထိကြာနိုင်ပါတယ်။

ဒါကြောင့် fast fashion တွေအစာ second hand clothing တွေကိုဝယ်ယူခြင်းအားဖြင့် ဖြေရှင်းနိုင်ပါတယ်..

Thrift ထဲက နှိုက်ပြီးRecycle ပြုလုပ်ပြီးတော့လဲ ကိုယ်ပိုင် fashionကို ဖန်တီးနိုင်ပါသေးတယ်😎

ဒါနဲ့ ဒီ page လေးကနေ thrift အသန့်လေးတွေကို စျေးသက်သက်သာသာနဲ့ ရောင်းချပေးမှာမို့ ဘေထုပ်ကိုစိတ်ဝင်စားကြတဲ့၊ဝါသနာပါတဲ့ သူလေးတွေက အားပေးကြပါဦးနော်💕

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ThriftIt posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share