09/05/2022
" ဝက်ခြံ အဆီဖုနဲ့ ဆားဝက်ခြံတွေ
ပျောက်လိုက် ပြန်ပေါ်လာလိုက်နဲ့
သံသရာလည်နေတဲ့ သူလေးတွေကို
ပုံမှန်လုပ်ရဲ့လားလို့
ကိုယ့်ကိုကို ပြန်ဆန်းစစ် စေချင်ပါတယ်..."
cleansing step မှာ အရေးကြီးဆုံးဖြစ်တဲ့.
💦 Double Cleansing.
💦 Triple Cleansing အကြောင်းလေးကို ပြောပြပေးပါမယ်..
ဘာလို့ လုပ်ခိုင်းရလဲဆိုရင်...
မျက်နှာပေါ်မှာ အညစ်အကြေးတွေ ရှိနေသ၍
ဝက်ခြံ နဲ့ အပေါင်းအပါများစွာက...
ပျော်ပျော်ပါးပါး မော်တော်ကားစီးပီး
ထွက်လာပါလိမ့်မယ်
1️⃣ Double Cleansing ဆိုတာ မျက်နှာသစ်ဆေးနဲ့ နှစ်ကြိမ်
ထပ်သစ်တာကိုပြောတာလား?
Page cb မှာ အမေးများတဲ့ မေးခွန်းပါ..
Moe တို့ ပုံမှန် သစ်နေကျ
မျက်နှာသစ်ဆေးတွေက..
မျက်နှာအရေပြားရဲ့ အပေါ်ယံ လွှာမှာရှိတဲ့
အညစ်ကြေးတွေကိူပဲ သန့်စင်ပေးနိုင်ပါတယ်..
အရေပြားအတွင်းပိုင်းထိ သန့်စင်နိုင်ဖို့ဆိုရင်..
Cleansing water တွေ
Miceller water
လိုမျိုးတွေ သုံးပေးရပါမယ်....
🤷♀️အဲ့တော့ Double Cleansing လုပ်ဖို့တွက်ဆိုရင်...
1️⃣ First step
မျက်နှာအတွင်းပိုင်းထိသန့်စင်ပေးနိုင်တဲ့..
Cleansing water (or)
Miceller water. ကို Cotton pad နဲ့ အရင်ဆုံးသန့်စင်ပေးရပါမယ်
2️⃣ Second step
ပြီးမှ ကိုယ်သုံးနေကျ facial cleanser နဲ့ ထပ်သစ်ပီး
သန့်စင်ပေးပါ...
ကိုယ်က အိမ်မှာနေတာပဲ skincare ကလွဲပီး
ဘားမှလိမ်းတာမှ မဟုတ်တာ..
Double cleansing လုပ်စရာမလိုပါဘူးဆိုတာ...
No🙅♂️ ပါနော်...
အိမ်မှာ နေလည်း လေထဲက ဖုန်မှုန့်ပေါင်း
သောင်းခြောက်ထောင်တွေက မျက်နှာပေါ်လာကပ်နေတာမို့..
လုပ်ကို လုပ်ပေးသင့်ပါတယ်...
🤷♀️ Triple Cleansing ဆိုတာ?
ဘယ်လို အခြေအနေမှာ Triple Cleansing လုပ်သင့်လဲ?
full makeup တွေ on ရပီဆိုရင်...
Triple cleansing လုပ်ပေးဖို့လိုပါပီး...
waterproof makeup,Mascara, ......ဘာညာ
တွေသုံးထားပီဆိုရင် ပိုလို့တောင်လိုအပ်ပါသေးတယ်..
💁 First step
👉 Cleansing oil
Cleansing balm တစ်မျိုး မျိုးသုံးပီး
မော်စကော် တွေကို ဖျော်ချ လိုက်ပါ ( ဖျက်တာကိုပြောတာနော်)
👉နောက်တစ်ဆင့်အနေနဲ့ miceller water or remover wipes နဲ့ ထပ်သန့်စင်ပေးပါ
👉 နောက်ဆုံး မှ ကိုယ်သစ်နေကျ မျက်နှာသစ်ဆေးနဲ့
သစ်ပေးပါ..
ဒါဆိုရင် တော်တော်လေးကို သန့်သွားပါပီနော်😗
cleansing oil တွေတည့်မတည့်စမ်းနည်းကိုလည်း
ပုံထဲမှာ ပြပေးထားတာမို့..
အဆုံးထိကြည့်ပေးနော်.... 😗
photocrd