28/08/2021
110dba Alarm Lock (အသံမြည် လုံခြုံရေး သူခိုးဖမ်းသော့)
( ဈေးမတက်ပါဘူးနော် အရင်ဈေးအတိုင်းရောင်းပေးထားပါတယ်ဗျ )
သူခိုးတောင်လန့်ပြီး မခိုးနိုင်ပဲ ထွက်ပြေးသွားမယ့် သော့နော်🤣🤣🤣
ရိုးရိုးသော့မဟုတ်ဘူး😝😝😝
မိမိပိုင်ဆိုင်တဲ့ နေအိမ် ခြံဝန်း/ တိုက်ခန်း
ဆိုင်ခန်း
ကားဂိုထောင်
ဆိုင်ကယ် စက်ဘီးများ ဈေးဆိုင်တွေ
အရေးကြီးပစ္စည်းတွေထားတဲ့ ဗီဒို သေတ္တာတွေကို
သူခိုးရန်ကနေကာကွယ်ပေးပြီး
လုံခြုံမှုအပြည့်ရှိနေစေဖို့တွက်
အချက်ပေးလုံခြုံရေးသော့လေးက
ကူညီဖြေရှင်းပေးပါရစေ။
🔐 သော့တစ်ခုတည်းနဲ့ လုံခြုံစိတ်ချထားခဲ့လို့ မဖြစ်တော့တဲ့ခေတ်မှာ သူခိုး၊ ဖောက်ထွင်း၊ သော့ဝိဇ္ဇာတို့ရန်ကနေ ကာကွယ်နိုင်ဖို့ အမျိုးမျိုး ကြံစည်တီထွင်ထုတ်လုပ်လာခဲ့ကြရာ Alarm Lock ဆိုတဲ့ သော့မျိုးက လက်ရှိအနေအထားမှာ စိတ်အချရဆုံး လုံခြုံမှုအပေးနိုင်ဆုံး သော့ခလောက်အမျိုးအစား ဖြစ်နေပါတယ်။
🔐 ပညာရှင် ကျွမ်းကျင်အဆင့် သူခိုးတယောက်က အိမ်ကိုလာဖောက်တော့မယ်ဆိုရင် သော့တူတစ်ခု လုပ်လာရမယ်။ သို့မဟုတ် အိမ်တံခါးပေါက်ရောက်မှ မာစတာကီးနဲ့ ဟိုစမ်းဒီစမ်း ဖွင့်ရပါမယ်။ သို့မဟုတ် လွှ၊ တူ၊ ဆူး၊ ဆောက်၊ အက်ဆစ် စတာတွေနဲ့ သော့ကိုဖျက်ပစ်ရပါမယ်။ ဒီစနစ်အားလုံးကို Alarm Lock က ကာကွယ်တားဆီးပေးနိုင်ပါတယ်။
🔐 သော့ဖွဲ့စည်းပုံမှာ သံသတ္ထုကိုယ်ထည် သော့ခလောက်ဖြစ်ပြီး ခိုင်ခန့်မာကျောပါတယ်။ သော့တံမှာလည်း ရှားပါးသော ဒီဇိုင်းမျိုး ဖြစ်သောကြောင့် သော့မိတ္တူဆိုင်တွေမှာ အတုပွားထားဖို့ ခဲယဉ်းပါတယ်။ သော့တံ၃ချောင်း ပါရှိတာမို့ မိသားစုလောက်လောက်ငှငှ သုံးနိုင်ပါတယ်။
🔐 သော့တုနဲ့ ဖွင့်ရင် ကီးလိုင်း အနည်းငယ်မျှ မတူတာနဲ့ ကျယ်လောင်သောအသံ ထမြည်ပါတယ်။မာစတာကီးနဲ့ ဟိုစမ်းဒီစမ်းဖို့ မကြံပါနဲ့။ သော့တံတစ်ချောင်း ထည့်လို့ မူရင်းသော့မဟုတ်ဘူးဆိုတာနဲ့ ၇အိမ်ကြား ၈အိမ်ကြား ထမြည်တာမို့ အိမ်သားတွေ တရေးတမော အိပ်နေရင်တောင် ကျိန်းသေနိုးလာစေမှာပါ။ လူမနေတဲ့အိမ် ခရီးသွားနေတဲ့အိမ်မို့ သော့တုနဲ့ မဖွင့်ပဲ လွယ်လွယ်ကူကူ ဆယ်ပေါင်တူနဲ့ ရိုက်ဖွင့်ဖို့ လုပ်အုံးမလား။ သံဖြတ်လွှနဲ့ ဖြတ်မလား။ Sorry ...... အန်ကယ်ကတော့ NO ပါ။ ခေါက်ဆွဲစားတဲ့ ဝါးတူလေးနဲ့ ပြင်းပြင်းခေါက်ရင်တောင် အလန်းထမြည်ပါတယ်။ မြည်တာနဲ့ ဘေးပတ်ဝန်းကျင်က ကြားပြီး တာဝန်သိ သူရဲကောင်းတွေရဲ့ ဆွမ်းကြီးဝိုင်းလောင်းတာ ခံရပါလိမ့်မယ်။
🔐 Alarm စနစ်ပါလို့ ခပ်ပျော့ပျော့လို့တော့ မထင်လိုက်ပါနဲ့။ မိုးရေဝင်လို့လည်း မပျက်စီးနိုင်တာမို့ Outdoor မှာလည်း သုံးလို့ရပါတယ်။ သော့ခလောက်မောင်းတံ ကျွတ်ထွက်သွားအောင် ဖျက်ဆီးရင်တောင်မှ အရေးပေါ်သံက (၃၅စက္ကန့်တိုင်) အဆက်မပြတ်မြည်နေအုံးမှာပါ။ အသံထွက်တဲ့အပေါက်ကို တိပ်ပတ်ပြီး ဖျက်အုံးမလား။ ကမ္ဘာကြီး နှစ်ခြမ်းကွဲသွားရင်တောင် သူခိုးရှိနေတဲ့အခြမ်းကို Alarm က ညွှန်ကြားနေအုံးမှာပါ။ ဘယ်လောက်ပဲ တိပ်နဲ့ပတ်ပတ် အဝတ်နဲ့ ထုပ်ထုပ် အထဲမှာ ပဲ့တင်ရိုက်အောင် ဂလိုင်လုပ်ထားတာမို့ အသံထွက်နေမှာပါပဲ။
🔐အထဲမှာ လက်ပတ်နာရီဓါတ်ခဲ ၆လုံးနဲ့ စွမ်းအင်ပေးပြီး သာမန်သုံးရင် ၂နှစ်အထိ အားခံပါတယ်။ ထပ်လဲလှယ်ဖို့ ဓါတ်ခဲ၆လုံးလည်း ပါရှိပြီး သော့ခလောက်မောင်းကွေး ချိုင့်ခွက်ထဲက စကူ၂လုံးကို ဖြုတ်ပြီး အောက်ခြေအထိုင်ခွက် ဖြုတ်ကာ အလွယ်တကူလဲလှယ်နိုင်ပါတယ်။ စကူပေါက်က အတွင်းချိုင့်ခွက်ထဲမှာမို့ သော့ပိတ်ထားတုန်း ဝက်အူလှည့်နဲ့ ဓါတ်ခဲကိုဖြုတ်ဖို့တော့ မလွယ်ကူပါ။
🔐 သော့ဆိုတာ စည်းစိမ်ဥစ္စာရဲ့ အချုပ်အခြာပါ။ ဂုဏ်သိက္ခာရဲ့ တံတိုင်းပါ။ စိတ်ချရတဲ့ ဘဏ္ဍာရေးမှူးပါ ဆိုရင် Alarm Lock ဆိုတာ အာကျယ်ကျယ် ဘဏ္ဍာရေးမှူးပါပဲ။ အသံတိတ် (Silent) သော့တွေကြားထဲမှာ မဟုတ်မခံ ခွန်းတုန့်ပြန်တတ်တဲ့ ဘဏ္ဍာရေးမှူးတစ်ဦးတော့ ခန့်အပ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။
🔐ဂိုထောင်တွေ၊ လူအနေနည်းတဲ့ အိမ်တွေ၊ လူနည်းတဲ့ ခြံဝန်းကျယ်တွေ၊ အိမ်တွင်းသူခိုးကြောက်ရတဲ့ အရေးကြီးပစ္စည်းသေတ္တာတွေ၊ အသက်မက တန်ဖိုးကြီးတဲ့ စာရွက်စာတမ်းထားရာ ဗီဒိုတွေမှာ လစာမပေးရတဲ့ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ပေးဖို့ အသင့်ရှိပါတယ်။
သော့နှာမောင်းတံကို ဘယ်ပြန် ညာပြန် ပြောင်းခတ်ရင် တဖက်က အသံမြည်စေပြီး တဖက်က အသံမမြည်ပါ။ အမှတ်အသားလေး ပါပါတယ်။ နေ့ခင်းဘက် လူသူအ၀င်အထွက် ရှိတဲ့အချိန် တံခါးမစေ့ပဲ ကွင်းမှာချိတ်ပြီးခတ်ထားရင် အသံမမြည်အောင်လည်း ဘက်ပြောင်းခတ်ထားလို့ရတာပေါ့။
ဈေးနှုန်း
လည်တို - 9500 mmk
လည်ရှည် - 12000 mmk
ဆန်းသစ်သောလူသုံး
ကုန်ပစ္စည်းများကို ပစ္စည်းမှန် ဈေးနှုန်းမှန်ဖြင့် ရောင်းချပေးနေပါပြီ။
~ပစ္စည်းမှာယူရာတွင် မြန်ဆန်စေရန်အောက်ပါ ဖုန်းနံပါတ်များ
သို့ဆက်သွယ်မှာယူပါက ပိုမိုမြန်ဆန်စေပါတယ်။
pls chat box ( or )
📞📞
09 454415533
095014983
🔎 အကယ်၍ ယခုအချိန် မလိုအပ်သေးလို့ စိတ်မ၀င်စားပါကလည်း နောက်တစ်ချိန် လိုအပ်လာသည့် အခါတွင် အလွယ်တကူ ဆက်သွယ်ဝယ်ယူနိုင်ရန်၊ မိတ်ဆွေ အပေါင်းအသင်းများ လိုအပ်သည့်အခါ လမ်းညွှန် နိုင်ရန် မိမိ၏ wall တွင် post ကို share ခြင်းဖြင့် သိမ်းဆည်း ထားနိုင်ပါသည်။