The BEST

The BEST တန်ဖိုးကြီးတံဆိပ်များကို အသက်သာဆုံးဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်မည့် "The BEST"

မင်မင်လည်း ပစ္စည်းတွေပဲ စုထားရင်းနဲ့ ပုံထဲကလိုဖြစ်နေပြီ 😂
01/02/2024

မင်မင်လည်း ပစ္စည်းတွေပဲ စုထားရင်းနဲ့ ပုံထဲကလိုဖြစ်နေပြီ 😂

အဲ့လို ဖြစ်နေပြီ 😂
31/12/2023

အဲ့လို ဖြစ်နေပြီ 😂

ချောကလက်လည်း ဝယ်လို့ရတယ်နော် 😅😅😅
10/02/2023

ချောကလက်လည်း ဝယ်လို့ရတယ်နော် 😅😅😅

Admin ကတော့အပြင်မှာ အဲ့ဒီလောက် မဟုတ်ပါဘူးဗျာ .... 😅😅😅
04/02/2023

Admin ကတော့အပြင်မှာ အဲ့ဒီလောက် မဟုတ်ပါဘူးဗျာ .... 😅😅😅

🧧 🧧 Happy Chinese New Year 🧧🧧
22/01/2023

🧧 🧧 Happy Chinese New Year 🧧🧧

Vintage သို့မဟုတ် မြန်မာအခေါ် ဘေထုတ်ဘေထုတ်လို့ပြောတာနဲ့ အယူအဆမှားနေတဲ့ လူတချို့က ဟင်ခနဲဆိုဖြစ်ပါတယ်။တကယ်တော့ နိုင်ငံတကာမ...
19/01/2023

Vintage သို့မဟုတ် မြန်မာအခေါ် ဘေထုတ်

ဘေထုတ်လို့ပြောတာနဲ့ အယူအဆမှားနေတဲ့ လူတချို့က ဟင်ခနဲဆိုဖြစ်ပါတယ်။

တကယ်တော့ နိုင်ငံတကာမှာ Vintage ခေါ် ဘေ အဝတ်အထည်များကို သာမာန်အဝတ်အထည်များထက်ပိုပြီး စိတ်ဝင်စားလေ့ရှိပါတယ်။

ဘာကြောင့်လဲဆိုတော့ နံမည်ကြီးအမှတ်တံဆိပ်တွေမှ အသစ်ထပ်မံ ထုတ်လုပ်ခြင်းမရှိတော့တဲ့အဝတ်အထည်တွေကို တစ်ခုတည်းသောရရှိနိုင်တဲ့ နေရာက Vintage (ဘေ) ဆိုင်တွေမှာပဲ ဖြစ်ပါတယ်။

ဒါ့အပြင်

✅ ဒီဇိုင်းအသစ်တွေ

✅ ဘဝမှာ တစ်ခါမှ မမြင်ဘူးတဲ့ ပုံစံတွေ

✅မြန်မာနိုင်ငံထုတ်မဟုတ်ပဲ နိုင်ငံခြားက ထုတ်တဲ့ အဝတ်အထည်တွေ ကို စျေးနှုန်းသက်သာစွာနဲ့ ရ ရှိနိုင်တဲ့ အခွင့်အရေးကို မရွေးချယ်မိဘူးဆိုရင်တော့
သင်ဟာ အရမ်းခေတ်နောက်ကျနေပါပြီ။



  အရမ်းမိုက်တဲ့ E.s.p.r.i.t တံဆိပ် ဂျင်းဘောင်းဘီ (အတို) လေး ကို ဈေး 10,000ကျပ် တည်းတဲ့ ရောင်းပေးမှာပါ။Brand - Espritခါး ...
17/01/2023


အရမ်းမိုက်တဲ့ E.s.p.r.i.t တံဆိပ် ဂျင်းဘောင်းဘီ (အတို) လေး ကို ဈေး 10,000ကျပ် တည်းတဲ့ ရောင်းပေးမှာပါ။

Brand - Esprit
ခါး - ၃၆"
အရှည် - ၂၀"
Condition - 95% (Very Good)
Price - 10,000 MMK

💬 ရန်ကုန်နှင့်မော်လမြိုင်ကို အိမ်ရောက်ငွေချေရပါတယ်။
(ကျန်မြို့များ ငွေကြိုလွှဲပေးရပါမယ် ခင်ဗျာ။)

💬 ငွေလွှဲဝင်ပြီးမှ ကားဂိတ်ချပေးပါတယ်။
- ရန်ကုန် မှ နယ်ဂိတ်ချခ 1,000 ပါ ခင်ဗျာ။ (တန်ဆာခ မပါ။)

✅ ငွေလွှဲ % ပေးရန် မလို (Kpay, Wave, CB, AYA, KBZ)

☎️ 09 4500 65 603

💢 ချစ်သူငယ်ချင်းတို့အတွက် ကွာလတီမြင့် Branded vintage အထည်များကို အသက်သာဆုံး ဈေနှုန်းနဲ့ဝယ်ယူနိုင်မယ့် The BEST !!!🟥 Vin...
17/01/2023

💢 ချစ်သူငယ်ချင်းတို့အတွက် ကွာလတီမြင့် Branded vintage အထည်များကို အသက်သာဆုံး ဈေနှုန်းနဲ့ဝယ်ယူနိုင်မယ့် The BEST !!!

🟥 Vintage ထည်တွေ ဝယ်ရင် အများဆုံးကြုံတွေ့ရတတ်တဲ့ အနာအဆာတွေကို သေချာလေးစစ်ဆေးပေးထားတာမို့ ယုံကြည်စိတ်ချစွာဖြင့် အားပေးနိုင်ပါတယ်။

🟥 လျှော်၊ မီးပူတိုက် ပြီးမှ ရောင်းတာမို့ ဝယ်ပြီးတာနဲ့ တန်းဝတ်လို့ရပါတယ်။

💬 ရန်ကုန်နှင့်မော်လမြိုင်ကို အိမ်ရောက်ငွေချေရပါတယ်။
(ကျန်မြို့များ ငွေကြိုလွှဲပေးရပါမယ် ခင်ဗျာ။)

💬 ငွေလွှဲဝင်ပြီးမှ ကားဂိတ်ချပေးပါတယ်။
- ရန်ကုန် မှ နယ်ဂိတ်ချခ 1,000 ပါ ခင်ဗျာ။ (တန်ဆာခ မပါ။)

✅ ငွေလွှဲ % ပေးရန် မလို (Kpay, Wave, CB, AYA, KBZ)

☎️ 09 4500 65 603

 ြောင်းသိကောင်းစရာ Levis ဖခင်ကြီး  - လီဗိုင်း စထရော့ (စ်) နှင့် 501 - သမိုင်း( February 26 ,1829 - September 26 ,1902 )=...
16/01/2023

ြောင်းသိကောင်းစရာ
Levis ဖခင်ကြီး
- လီဗိုင်း စထရော့ (စ်) နှင့် 501 - သမိုင်း
( February 26 ,1829 - September 26 ,1902 )
================================
လဗိုင်း စထရော့(စ်) (Levi Strauss) က ဂျင်းဘောင်းဘီ ကို စတင် ဖန်တီးခဲ့သူ နာမည် ကြီး "Levi's" တံဆိပ် ကို တည်ထောင် ခဲ့သူ ဖြစ်တယ်။
၁၉၇၉ ခုနှစ် မှာ အမေရိကန်နိုင်ငံ ရှိ လဗိုင်း ( Levi's ) ကုမ္ပဏီ ရဲ့ရောင်းအားငွေ က ဒေါ်လာသန်း (၁၃၃၉) ရှိခဲ့ တယ်။ ပြည်ပ ရောင်းရ ငွေ အသားတင် အမြတ် ဒေါ်လာသန်း (၂၀၀၀) ရှိခဲ့ တယ်။ ကမ္ဘာ့ လုပ်ငန်းကြီး ၁၀ ခုထဲ မှာ အပါအဝင် ဖြစ်ခဲ့ လို့ အချမ်းသားဆုံး ဂျင်း ဘောင်းဘီ ဘုရင် ဖြစ်ခဲ့ တယ်။
၁၈၂၉ ခုနှစ် မှာ လဗိုင်း စထရော့(စ်) ကို ဂျာမန် ဝန်ထမ်း မိသားစု က မွေးဖွား ခဲ့ ပါ တယ်။ ဂျာမဏီဖွား ဂျူး လူမျိုး ဖြစ်တဲ့ လဗိုင်း ဟာ ငယ်စဉ် ကထဲ က ထူးချွန် ထက်မြက် ခဲ့ တယ် ။ အလယ်တန်း ၊အထက်တန်း ကို ရှောရှော ရှူရှူ အောင်မြင် ခဲ့ပြီး သူ့ ဖခင် လိုပဲ သာမန် စာရေး တစ်ဦး ဖြစ်ခဲ့တယ်။ ၁၈၅၀ ခုနှစ် မှာ လူတွေ ကို အံံ့သြ ဝမ်းသာ စေတဲ့ သတင်း တစ်ခု ပျံ့လွင့် ခဲ့တယ်။
အဲဒီ သတင်း ဟာ အမေရိကန်နိုင်ငံ ရဲ့ အနောက်အရပ် မှာ ရွှေ ထွက်တယ် ဆိုတဲ့ သတင်း ဖြစ်တယ်။ အဲဒီ သတင်း က လူတွေ ကို မျှော်လင့်ချက် နဲ့ စိတ်ကူးတွေ ဖြစ်စေပြီး လူတိုင်း ရွှေတူးမယ့် အိမ်မက် ကို မက်ခဲ့ ကြတယ်။ တစ်ည တည်း နဲ့ သူဌေး ဖြစ်ချင် တဲ့ လူတွေ ဟာ ခြောက်သွေ့ ဝေးခေါင် တဲ့ လူသူ ကင်းမဲ့ တဲ့ အမေရိကန် အနောက် အရပ်ဆီ ဒီရေ အလား တစ်ဟုန်ထိုး စုဝေး ရောက်ရှိ ခဲ့ ကြ တယ်။
အဲဒီ အချိန် မှာ လဗိုင်း ဟာ အသက် ၂၀ အရွယ် ပါ။ သူ့ ရင်ထဲ မှာ လဲ စွန့်စား လိုတဲ့ ဆန္ဒတွေ ဟုန်းဟုန်း ထနေ ခဲ့ပါ တယ်။ သာမန် စာရေးဘဝ နဲ့ ပဲ သူ မတင်းတိမ် နိုင်ခဲ့ ဘူး။ စွန့်စား လို စိတ် တွေ ပြင်းပြ ပြီး သူ့ ခွန်အား နဲ့ ကံစမ်း ကြည့်ဖို့ ဆုံးဖြတ် လိုက် တယ်။
ဒီလို နဲ့စာရေး ဘဝ ကို သူ စွန့်လွှတ် ပြီး ရွှေတူး သွားမယ့် လူအုပ်စု နဲ့ အတူ အမေရိကန် အနောက် အရပ်ကို စီးမျော လိုက်ပါ ခဲ့ တော့တယ်။
ဝေးလံ ရှည်လျား တဲ့ ခရီး ကို ဖြတ်သန်း ပြီး အမေရိကန် ဆန်ဖရန်စ္စစကို ကို လဗိုင်း ရောက်ရှိ လာခဲ့ တယ်။ ခရီး အပြင်း နှင် ခဲ့တဲ့ လူ က ပထမဆုံး ရောက်ရှိ လာတဲ့ သူ က ရွှေတူး သူ မဟုတ်မှန်း သူ သိလိုက် တယ်။
လူသူ ကင်းမဲ့ တဲ့ အနောက်အရပ် ဟာ အခုတော့ ရွှေတူးမယ့် လူတွေ ရဲ့တဲ အိမ်ငယ် ထဲ ကနေ ရွှေတူးမယ့် အိမ်မက်တွေ ကို အကောင်အထည် ဖော်နိုင် ပါ့ မလား။
ကျေကျေနပ်နပ် နဲ့ ရွှေထုပ် ပိုက်ပြီး အိမ်ပြန် နိုင်မလား။အလုပ် ကို ပြစ်ပြီး ဒီကို ရောက်လာ ခဲ့တာ ဟာ မျှော်လင့်ချက် မဲ့တဲ့ နေ့ရက်တွေ ကို စောင့်စား ဖို့လား၊ ဒီလို မေးခွန်းတွေ က လဗိုင်း ကို အတွေး နယ်ထဲ တိုးဝင် စေခဲ့ တယ်။
ရွှေတူး ရွှေကျင် နေသူ တွေဟာ နေရာ တစ်ခု ထဲ မှာ စုပြုံ နေကြ တယ်။ဝေးခေါင် တဲ့ နေရာ ဖြစ်တဲ့ အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ကို ဝယ်ဖို့ ခက်ခဲ ခဲ့တယ်။တစ်ခါ က ရွှေတူး သူတွေ ဟာ နေ့စဉ် သုံး ပစ္စည်း ဝယ်ဖို့ ခရီးဝေးကြီး သွားရ တာ ကို လဗိုင်း တွေ့တော့ ရွှေတူးမယ့် အိမ်မက် ကို ဆက် မမက် တော့ဘဲ နေ့စဉ်သုံး ပစ္စည်း ဆိုင် တစ်ဆိုင် ဖွင့်ဖို့ သူ ဆုံးဖြတ် လိုက် တယ်။ ခိုင်ခိုင်မာမာ ဆုံးဖြတ် လိုက်တာ ဖြစ်တယ်။
မြေကြီး ထဲ ကနေ ရွှေ မတူး တော့ပဲ ရွှေတူး တဲ့ လူတွေ ဆီ ကနေ ကိုယ့် အိမ်မက် အသစ် ကို အကောင်အထည် ဖော်ဖို့ သူ ဆုံးဖြတ် လိုက် တယ်။
လဗိုင်း ခန့်မှန်း ထားတဲ့ အတိုင်း ပါပဲ၊ သူ့ဆိုင် က လက် မလည် အောင် ရောင်းးရ ခဲ့တယ်။သူ့ငွေရင်း တွေ မြန်မြန်ဆန်ဆန် ပြန်ရ သလို အမြတ်ငွေ တွေပါ ရခဲ့ တယ်။တစ်နေ့ မှာ လဗိုင်း ဟာ လှေစီး ပြီး နေ့စဉ်သုံး ပစ္စည်းတွေ၊ လူနေ တဲ့ အိမ်၊ မြင်းအိမ်တွေ မိုး ဖို့ ရွက်ဖျင်စတွေ သွားဝယ် ခဲ့ ပါတယ်။
နေ့စဉ်သုံး ပစ္စည်းတွေ ရောင်းလို့ ကောင်းပေမယ့် ရွက်ဖျင်စ က ရောင်း မထွက် ခဲ့ဖူး။လူတွေ က နေဖို့ တဲ အိမ်တွေ ရှိပြီး သားမို့ ဘယ်သူ မှ ရွက်ဖျင် စကို မလို ခဲ့ တော့ဘူး။ ဒီ အတိုင်းဆို ရွက်ဖျင်စ ဝယ်ခဲ့ တဲ့ ငွေရင်းတွေ ဆုံးရှုံး ရတော့မယ် လို့ သူ တွက်ထား ခဲ့တယ်။ ဒီ အတွက် သူ စိတ်ညစ် နေတုန်း သူ့ ဘက်ကို လျှောက်လာ တဲ့ ရွှေတူးသမား တစ်ယောက် ကို သူ ရုတ်တရက် တွေ့လိုက် တယ်။
အဲဒီ လူက ရွက်ဖျင်တွေ ကို ကြည့်ပြီး လျှောက် လာတာ မို့ လဗိုင်း က ဝမ်းသာ အားရ နဲ့ " ရွက်ဖျင်တွေ ဝယ်ဖို့လား " လို့ မေးလိုက် တယ်။
အဲဒီ လူက ခေါင်းခါပြီး "ကျွန်တော့် မှာ တဲအိမ် ရှိ နေပြီ ဖြစ်တော့ နောက်ထပ် တဲအိမ် တစ်လုံး လုပ်ဖို့ မလို တော့ဘူး။ ဒါပေမယ့် ဒီ ရွက်ဖျင် စလို ခိုင်တဲ့၊ အကြမ်း ခံတဲ့ ဘောင်းဘီ တော့ လိုချင်တယ် ခင်ဗျား မှာ ရှိလား" လို့ မေးလိုက် တယ်။
" ဘောင်းဘီ ဘာဖြစ် လို့လဲ" လဗိုင်း က တအံ့တသြ ပြန် မေးတယ် ”
ရွှေတူး သူက
"ရွှေတူး တဲ့ အလုပ် ဟာ အရမ်း ပင်ပန်း တဲ့ အလုပ် ပါ၊ အဝတ်အစားတွေ က သဲ ၊ ကျောက်ခဲတွေ နဲ့ အမြဲ ပွတ်တိုက် နေရ တယ်။ ချည်ထည် ဘောင်းဘီ က အကြမ်း မခံဘူး ခဏလေး နဲ့ ပေါက်ပြဲ ကုန် တယ်။ တကယ်လို့ ဒီလို ထူပြီး မာတဲ့ ရွက်ဖျင်စ ကို ဘောင်းဘီချုပ် ရင် အကြမ်းခံ တာမို့ လူကြိုက်များ မှာ ပဲ" လို့ ပြန်ပြော တယ်။ ”
အဲဒီ လူရဲ့စကား ဟာ ရွက်ဖျင်စ တွေ ရောင်းမရ လို့ စိတ်ညစ် နေတဲ့ လဗိုင်း ကို လှုပ်နှိုးလိုက် သလို ပါပဲ ရောင်းလို့ မရ မယ့် အတူတူ ရွက်ဖျင်စ တွေကို ဘောင်းဘီချုပ် ပြီး စမ်းကြည့်ဖို့ သူ အကြံ ရ လိုက် တယ်။
ဒီလို နဲ့ ရွက်ဖျင်စ တွေ နဲ့ ချုပ်လုပ် ထားတဲ့၊အကြမ်း ခံတဲ့ အညိုရောင် အလုပ် ဘောင်းဘီ တစ်ထည် က ရွှေတွင်း မှာ ထွက်ပေါ် လာ ခဲ့တယ်။
၁၈၅၃ ခုနှစ် မှာ "ဂျင်း ဘောင်းဘီ"လို့ နောင်တစ်ချိန် မှာ အမည်တွင် မယ့် ရွက်ဖျင်စ နဲ့ ချုပ်လုပ် ထားတဲ့ ပထမဆုံး ဘောင်းဘီ တစ်ထည် က လဗိုင်း ရဲ့လက်ထဲ ကနေ မွေးဖွား ခဲ့တယ်။ အဲဒီ ဘောင်းဘီ ကို ထိုစဉ် အခါ က"လဗိုင်း အလုပ် ဘောင်းဘီ"လို့ လူတွေ ခေါ်ခဲ့ ကြတယ်။
ဘောင်းဘီ က အကြမ်းခံ ခိုင်ခန့် တဲ့ အပြင် ဝတ်ရတာ သက်သောင့်သက်သာ ရှိတာမို့ အမေရိကန် အနောက် အရပ် မှာ နေတဲ့ နွားကျောင်းသား နဲ့ ရွှေတူးသူတွေ နှစ်သက် ခဲ့ ကြတယ်။ ဘောင်းဘီ အော်ဒါ မှာ သူတွေ များလာ တာမို့ လဗိုင်း ဟာ ရောင်းနေကျ ဆိုင်ကို ဆက်မရောင်း တော့ပဲ ကိုယ်ပိုင် ဂျင်းဘောင်းဘီ ကုမ္ပဏီ တစ်ခု ကို ၁၈၅၃ ခုနှစ် မှာ တရားဝင် ဖွင့်လှစ် လိုက်ပြီး နာမည်ကျော် တံဆိပ် လဗိုင်း ရဲ့ ရှည်လျား တဲ့ လမ်းကို ဆွဲဖွင့် ခဲ့ ပါတေ့ာ တယ်။..................................................
Levi's Jeans ဘောင်းဘီ အကြောင်း
လူကြိုက်များ တာ ကြယ်သီးတပ် 501 ပဲ ဖြစ်မယ် ထင်ပါတယ်..။ 501 ခြင်းတူပြီး ဘာလို့ ကွဲတာ လဲ...ဘာကွာတာလဲ ဆိုတာရဲ့ အဖြေလဲ ဖြစ်မှာပါ..။နောက် CUT မတူတာ နဲ့ ငါ့ဟာ က အစစ် မင်းဟာ က အတု ဆိုပြီး ငြင်းခံ ကြ တာလဲ
501 က အတု အများကြီး ထွက် ပါတယ်...။ ဖြစ်သလို ထုတ်တဲ့ အတု နဲ့ အစစ် နီးပါး အတုထိ ရှိပါတယ်...။ 501 ဖြစ်ပြီး ကြယ်သီး နဲ့ မဟုတ်ဘဲ ဇစ် နဲ့ ဖြစ်နေ တဲ့ အတု ကတော့ လုံးဝ ရုပ်ဆိုး တဲ့ အတုပေါ့ ။
အစစ် ဘောင်းဘီ တွေမှာ ထုတ်တဲ့ ခုနှစ် နဲ့ လ ပါ ပါတယ်..။ နောက် ကြယ်သီး အနောက်ဖက် မှာ နံပါတ် ပါပြီး အဲ့ နံပါတ် ကလဲ တံဆိပ် မှာ ပြန်ပါ ပါတယ်...။ တထည်ချင်း စီမှာ နံပါတ် ပါ ပါတယ်...။
နောက် ကုတ် နံပါတ်ပေါ် မူတည် ပြီး ဘယ် ရီဂျင် ကနေ ထုတ်သလဲဆို တာ ခွဲလို့ ရ ပါတယ်။အဓိက တော့ ရီဂျင် ၃ နေရာ ရှိ ပါတယ်..
လုံးဝ ခွဲ မရအောင် တူတဲ့ အစစ် နဲ့ အတု ဘယ်မှာ ကွာ သလဲ ဆိုရင် အချိန် ကြာ လာရင် ကွာသွား ပါတယ်...။ အစစ် က ကြာလာ လေ အသား အိလာလေ ပိုဝတ်လို့ ကောင်းလာလေ ဖြစ်ပြီး အတုက ကြာလာလေ မဝတ်ချင်လေ ဖြစ်လာ ပါ လိမ့်မယ်. ။ ဒါပေမယ့် ကြာရှည်ခံအောင် ထိန်းသိန်းနည်း လဲ ရှိသေး တာပေါ့....။
501 ကို မှ အမျိုးမျိုး ထပ် ခွဲထား ပါ သေးတယ်...CUT ထဲ မှာ အကြမ်း အားဖြင့် ဒီလို ခွဲထား ပါတယ်...။
1- 501 Original , 2- 501 Shrink-to-Fit , 3- 501 CT
4- 501 Short , 5- 501 Students
• 501 Original •
ဒါ ကတော့ အော်ရယ်ဂျီနယ် ဆိုတဲ့ အတိုင်း ပုံမှန် ပါပဲ....။ ကိုယ်ဘာ ကြိုက်မှန်း မသိရင် ဒါပဲ မှာ မမှားဘူး...
• 501 Shrink-to-Fit •
ဒါ က ရေလျှော် ပြီးရင် နည်းနည်း ပြန်ကျုံ့ပါ တယ်...။ ကိုယ့် ဝတ်နေကျ ဆိုဒ် ကနေ တဆိုဒ် ကြီးတာ ဝယ်ပြီး ဝတ်ရင် အကောင်းဆုံး ပါ..။ ဆိုဒ် ကွက်တိ ဝယ်ပြီး ရေချ ပြီးတဲ့ အခါ ကျပ်နေ တတ် ပါတယ်...။ တခု ကောင်းတာ က သူက အချိုးအစား သိပ် မမှန်တဲ့ ခြေထောက်တွေ အတွက် ပို အဆင် ပြေတယ် ။
ဆိုလိုတာ က ခြေသလုံး တုတ်တဲ့သူ..ပေါင်လုံး တုတ်တဲ့ သူတွေ အတွက် ဆို ပုံကျ သွားတတ် ပါတယ် ။ Shrink-to-Fit ဖြစ် လို့ ပါ...။ တချို့က ခါးရိုး ရှည်တယ်.. တချို့က ခြေတံ ရှည်တယ်.. အဲ့လို ကွဲပြား တဲ့ သူတွေ ကြောင့်ပါ...။
နောက် ရေလျှော်တာ နဲ့ အဝတ် အပူပေးတာ ပေါ်လဲ မူတည် ပါတယ်...။ အနောက်နိုင်ငံတွေ ဖက်မှာ အဝတ်လျှော်တာ ပိုးသေအောင်လို့ ရေပူ နဲ့ လျှော်ကြ ပါတယ်...။ နောက် နေလှမ်း အခြောက် မခံပဲ အခြောက်ခံစက် ထဲ ထည့်ပြီး အပူပေး ခြောက်အောင် လုပ်ကြ ပါတယ်...။ အဲ့ ကျရင် ပိုပြီး ကျုံ့တာ မြန် ပါတယ်...။
မြန်မာပြည် မှာကျ ရေအေး နဲ့သာ လျှော်ပြီး နေလှန်း အခြောက်ခံ တာမို့ မြန်မြန် မကျုံ့သွား ပါဘူး...။ နောက် ဖြစ်နိုင်ရင် ဂျင်း ဘောင်းဘီ တွေကို မီးပူ မထိုး ပါနဲ့.....။ မီးပူ ထိုးလိုက်ရင် အသားပျော့အောင် အတွင်းဖက် မှာ ဖျန်းထား တဲ့ ပျော့ဆေး..( ဖယောင်းသား ပါဝင်တဲ့ ပျော့ဆေး) က အပူကြောင့် ကြာလာ တော့ ဆေးကုန်သွား တတ် ပါတယ်....။။ ဂျင်း ကို မီးပူ ထိုးပြီး ဝတ်ခါစ မှာ တောင့်တောင့်ကြီး ဖြစ်နေတာ ဒါကြောင့် ပါ....။
• 501 CT • CT Stand For CUSTOMISED AND TAPERED
ကာစတန်မိတ် ပုံစံ ဖြစ်တာကြောင့် ပုံ ပိုကျ ပါတယ်..။ ကိုယ် ဝတ်နေကျ ဆိုဒ်ကို ၁ ဆင့် အတိုးအလျှော့ လုပ်ပြီး ဝတ်လို့ရ ပါတယ်..။ ပုံမှန် ၃၃ ဝတ်တဲ့ သူက CT မှာ ၃၂၊ ၃၃၊ ၃၄ သုံးမျိုး ဝတ်လို့ ရ ပါတယ်...။ ၃၂ ဆို နည်းနည်း ကျပ် aပမယ့် ပုံကျ တာကြောင့် ကြိုက်ကြ ပါတယ်...။ ၃၄ ကျတော့ နည်းနည်း ပွယောင်းယောင်း ဖြစ်ပေမယ့် လှုပ်ရှားရ ပို ပေါ့ပါးပြီး ပို သက်တောင့် သက်သာ ဖြစ်ပါ တယ်တဲ့...။
ထုံးစံ အတိုင်းပဲ ကာစတန်မိုက် လုပ်ထားတယ် ဆိုတော့ ဈေးလဲ ပိုကြီး ပါတယ်...။ ချုပ်သား နည်းနည်း ကွာ ပါတယ်...။ ခါး အပေါ် မတက် သွားဘူး...။
• 501 Short •
ဒါ ကတော့ အတို ပါ...။ နွေ ရာသီ လို ရာသီဥတု..... အထူးသဖြင့် မြန်မာပြည် လို ရာသီဥတုမျိုး မှာ ကိုက်ညီ ပါတယ်...။
• 501 Students •
ဒီ ပုံကတော့ Original နဲ့ အပေါ်ပိုင်း မှာ ကြယ်သီး က ၃ လုံးပဲ ပါလို့ ဘောင်းဘီဂွ က ပိုတို ပါတယ်...။ အဲ့ဒါကြောင့် ခါးဆိုဒ် ၃၀ အောက် ပိန်ပိန်ပါးပါး အရွယ်လေး တွေ ဝတ်ရင် ပိုလှ ပို စတိုင်ကျ လို့ 501 Students လို့ ခေါ်တာပါ...။
ခါး ၃၀ အထက် လူတွေ က လူကြီးပိုင်း ဖြစ်လာ လို့ ခါးတုတ် လာ သလို ဂွ တို တဲ့ အခါ တခါတလေ နေရခက် ပါတယ်...။ အပေါ်ပိုင်း က ဂွတို သလို အောက်ဆုံး နေရာမှာ မှ ရှူးပြီး ကျဉ်းသွား တာပါ...။ ဘောင်းဘီ ကို ကန်ထရီဘု ထဲ ထည့်စီး ချင်တဲ့ သူတွေ အတွက် သင့်တော် ပေမယ့်...။ အပြင် ထုတ်ဝတ်တဲ့ သူတွေ အတွက်တော့ ဝတ်လို့ မရဘူး ပေါ့။
နောက် ဘောင်းဘီကို အောက်မှာ ခေါက်ဝတ်တဲ့ သူတွေ အတွက် အဆင် မပြေဘူး...။အဲ့ဒါ ကြောင့် ဝတ်မယ်ဆို အရှည် ကွက်တိ ပဲ ဝယ်သင့် ပါတယ်... ပိုရှည်တာ ဝယ်မိရင် အောက်ခြေမှာ ဂျင်းသား ပုံကျ နေပြီး ကြည့်ရတာ နည်းနည်း ဆိုး ပါတယ်...။
နောက်တချက် က ခြေထောက်ပြား ကြီးတဲ့ အာရှသားတွေ အတွက်တော့ ဝတ်ရ နည်းနည်း ခက်တယ် အောက်ခြေ ကျဉ်းလို့ ခြေသလုံး တုတ်တဲ့ သူတွေ ကို နည်းနည်း ရုပ်ဆိုး စေတယ် ။ နောက်ပိုင်း ဆိုင်တိုင်း မှာ မတင် တော့ဘူး....။ ဆိုဟို တို့ ဘရော့ဝေး တို့ ဖက်က ဆိုင်တွေ မှာပဲ ရောင်း တော့တယ် ။
ဝတ်လိုက် ရင် ချုပ်ရိုး က အတွင်းဖက် ကို လိမ်သွား လို့ ( အောက်ခြေ ကို ကျဉ်းထားတော့ ချုပ်ရိုး က သေချာ မချုပ်တတ် တဲ့ သူဆို လိမ်သွား တယ်) ။ ဈေး က ရိုးရိုးထက် သက်သာတယ်...။
အပေါ်က ထဲမှာ မပါ တဲ့ 501 တမျိုး က 501 BoyFriend Jean ဖြစ် ပါတယ်...
မိန်းကလေး က ယောက်ကျားလေး ဝတ် ဂျင်း ဘောင်းဘီ ကို ဝတ်တာ ကနေ စလို့ အဲ့ နာမည်တွင် တာပါ....။ မိန်းကလေးတွေ အတွက်ပဲ သီးသန့် ထုတ် တာပါ.။ မိန်းကလေး ဝတ်ဆိုတော့ တင် နေရာ မှာ နည်းနည်း ပိုကြီး ထားပြီး အလက်စတစ်သား နည်းနည်း ပိုထည့် ထားလို့.. တင်းတင်းရင်းရင်း နဲ့ ထင်းသွား ပါတယ်...
နောက် 501 ထဲ မှာပဲ ထပ်ခွဲ တာ စတိုင် ပါ.. ဥပမာ StoneWash တို့ဘာတို့ ဆိုပြီး စတိုင် ကွာပါ သေးတယ်...။
နောက် အရောင်.......။ အရောင်စုံ ရှိ ပါတယ်...။ ဘောင်းဘီ မချုပ် ခင်မှာ ဆေးဆိုး ထားတဲ့ အရောင် နဲ့...ဘောင်းဘီချုပ်ပြီး မှ ဆေးဆိုး တဲ့ အရောင်ဆိုပြီး ကွဲ ပါတယ် ( ခါး က တံဆိပ် မှာ အသားရောင် မဟုတ်ဘူး ဆိုရင် ချုပ်ပြီး မှ ဆေးဆိုးတယ် လို့ အကြမ်းဖျင်း ယူဆ လို့ ရ ပါတယ်)။
ဆေးဆိုး တဲ့ အရောင်ရယ် ဘယ်လို ဆိုးတယ် ဆိုတာ ပေါ်မူတည် ပြီးတော့ ရေလျှော်ရင် အရောင် ကျွတ်တာရယ် ရေလျှော်ရင် အရောင် မကျွတ်တာ ရယ် ဆိုပြီး ရှိပါ သေးတယ် ။ နောက် အလင်း ထဲမှာ တရောင် အလင်းရောင် မကောင်းတဲ့ နေရာ မှာ တရောင် ဖြစ်တဲ့ အရောင်တွေ လဲ ရှိ ပါတယ်...။
အများဆုံး ဝတ်ကြ တဲ့ အရောင်က အပြာပါ.... ရိုးရိုးအပြာ က ပထမ ဖြစ်ပြီး မိုးပြာ က ဒုတိယပါ...။ နက်ပြာ ( အနက်ဖက် သန်းတဲ့ ) က တတိယ ပါ...။ နောက် မှ အနက် တို့ အစိမ်းပုတ် တို့...ဝတ်ကြ ပါတယ်...။ မြန်မာပြည်ဖက် မှာတော့ အနီ ကို ယောက်ျားလေးတွေ ဝတ်ကြ ပေမယ့် ဒီဖက် မှာတော့ ယောက်ကျားလေး အနီဝတ်တာ မတွေ့ဖူးပါဘူး...။
ဒါ ကတော့ 501 ထဲက အကျမ်းဖျင်း ခွဲပြထား တာပါ...။ 501 ကို မှ အမြင့်၊အနိမ့်တွေ ရှိပါ သေးတယ် ။ 501### လို့ လဲခေါ် ဘစ်အီး လို့လဲ ခေါ်တဲ့ ကောင်တွေ လဲ ရှိပြီး တထည်ထဲ ကို ဒေါ်လာ၂၀၀ ဝန်းကျင် ကနေ စ ပါတယ်... နောက် ပုံ ပိုကျ တဲ့ Made & Crafted တွေလဲ ရှိပါ သေးတယ်။
အဲ့ဒါ တွေလဲ ၁၅၀ လောက် ကနေစ ပါတယ်...။ ဒါတွေ ကတော့ အကြမ်းဖျင်း ပါ...။ 501 အပြင် တခြား နံပါတ်တွေ ကတော့ အများကြီး ပါ...310 ကနေ စလို့ 800 ကျော် စီးရီး ထိ အစားစား ရှိပါတယ်....
ဈေးတတ် နိုင်တဲ့ သူတွေ ဆိုရင် တော့ Made & Crafted ကို စမ်းပြီး ဝတ်ဖို့ အကြံပေး ချင်တယ်...။ အဲ့ဒါ ဝတ်ပြီး ရင် တခြား နံပါတ် ပါတဲ့ ဂျင်းတွေ 501 ကစ လို့ ဘယ်ဟာ မှ မဝတ်ချင် တော့ဘူး ဖြစ်သွား ပါ လိမ့်မယ်...။
Credit : CoCo Tin , Tun Lin Thein

Address

Thingangyun Township
Yangon
11071

Telephone

+959450065603

Website

Alerts

Be the first to know and let us send you an email when The BEST posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category