The Burmese Wisdom

The Burmese Wisdom We're always for you. Spent your time by reading.

စာဖတ်ခြင်းက သင့်ကိုဘယ်လိုထူးခြားတဲ့စွမ်းအင်တွေပေးနိုင်တယ်လို့ ထင်ပါလဲ။???စာပေဗဟုသုတရှိသူသည် စာပေဗဟုသုတမရှိသူထက် အမြဲတမ်း...
27/11/2025

စာဖတ်ခြင်းက သင့်ကိုဘယ်လိုထူးခြားတဲ့စွမ်းအင်တွေပေးနိုင်တယ်လို့ ထင်ပါလဲ။???

စာပေဗဟုသုတရှိသူသည် စာပေဗဟုသုတမရှိသူထက် အမြဲတမ်းခေါင်းတစ်လုံး မြင့်နေတတ်ပါတယ်။
အနောက်တိုင်းသားများက အရှေ့တိုင်းသားများထက် နေရာတိုင်းတွင် သာနေရခြင်းမှာ စာဖတ်ခြင်းကြောင့်ပင်ဖြစ်တယ်။

အင်္ဂလန်၌ ရပ်ကွက်တစ်ခုဖော်တိုင်း မဖြစ်မနေပါရသောအရာမှာ “စာကြည်တိုက်” ပင်ဖြစ်တယ်။
ရပ်ကွက်စာကြည်တိုက်ပင် ဖြစ်သော်လည်း ထိုစာကြည်တိုက်တွင် ကမ္ဘာ့ဂန္ထဝင်စာအုပ်အားလုံး ရှိနေရသည်။

ထိုစာပေဗဟုသုတအားကြောင့်လည်း ကျွန်းနိုင်ငံလေးတစ်ခုသာဖြစ်သော အင်္ဂလန်သည် တစ်ကမ္ဘာလုံးနီးပါးကို အုပ်ချုပ်နိုင်ခဲ့ခြင်းဖြစ်တယ်။

စာဖတ်ခြင်းက ဗဟုသုတတိုးပွားဖို့အတွက်ပဲလို့ ထင်နေကြပါတယ်။ တကယ်တော့ စာဖတ်ခြင်းကနေ ဗဟုသုတတိုးပွားရုံ
သာမက သင်မသိသေးတဲ့ အခြားကောင်းမွန်တဲ့ရလဒ်တွေအများကြီး ရှိပါသေးတယ်။
ဒါကြောင့် အားလပ်ချိန်တွေမှာ စာအုပ်လေးတွေဖတ်ပေးပါ။

စာဖတ်ခြင်းက -

(၁) ဦးနှောက်ကို ပိုမိုလှုံ့ဆော်ပေးနိုင်တယ်။

စာဖတ်ခြင်းဟာ သင့်ရဲ့ဦးနှောက်ကို အလုပ်လုပ်စေပါတယ်။ ဦးနှောက်ဟာ ခန္ဓာကိုယ်ရဲ့ တခြားကြွက်သားတွေလိုပဲ သင်လေ့ကျင့်ခန်းလုပ်လေ သင့်ရဲ့ကြွက်သားတွေ ကြီးထွားလာလေ ဖြစ်ပါတယ်။

(၂) စာဖတ်ခြင်းက အာရုံစူးစိုက်မှုအားကောင်းစေပါတယ်။

ဘ၀မှာတစ်ခုခုကို အောင်မြင်ချင်တယ်ဆိုရင် အာရုံစူးစိုက်မှုရှိနေဖို့က အရမ်းအရေးကြီးပါတယ်။
သင်ဟာ စာအုပ်တစ်အုပ်ကို ဖတ်နေတဲ့အခါမှာ စာရွက်ပေါ်က စာလုံးတွေတိုင်းအပေါ်ကို အာရုံစူးစိုက်ထားပြီး ဇာတ်လမ်းထဲမှာ မျောပါနေတတ်ပါတယ်။ စာဖတ်ခြင်းဟာ သင့်ရဲ့အာရုံစူးစိုက်မှုအကျင့်ကို အလွယ်တကူပြုစုပျိုးထောင်ပေးနိုင်ပါတယ်။

(၃) ဗဟုသုတများစွာ ကြွယ်ဝစေတယ်။

စာအုပ်ဖတ်ခြင်းဟာ ဗဟုသုတကြွယ်ဝစေပြီး အတွေးအခေါ် မြင့်တက်လာစေနိုင်ပါတယ်။
စာအုပ်လေးဘယ်လောက်ပါးပါစေ သင်တစ်ချိန်ချိန်မှာ ပြန်လည်အသုံးပြုရမယ့်အသိပညာတွေပါ၀င်ပြီး သင်စာများများဖတ်နိုင်လေ သင့်အတွက်ပိုအကျိုးများလေဖြစ်ပါတယ်။

(၄) စိတ်ဖိစီးမှုလျော့ကျစေတယ်။

စာအုပ်ကောင်းကောင်း ၊ ၀တ္ထုကောင်းကောင်းတစ်အုပ်ဟာ သင့်ကို တခြားကမ္ဘာတစ်ခုဆီ ဆွဲခေါ်သွားနိုင်ပြီး သင့်လက်ရှိဘ၀ရဲ့စိတ်ဖိစီးမှုတွေကို ကုသဖို့အတွက်အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။

(၅) စာဖတ်ခြင်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ပါတယ်။

စာအုပ်တစ်အုပ်ကိုင်လိုက်တာနဲ့ အိပ်ပျော်သွားတဲ့သူတွေ
များစွာရှိတတ်ပါတယ်။ စာဖတ်တဲ့အလေ့အကျင့် မရှိသေးကြလို့ဖြစ်ပါတယ်။
ဒါပေမယ့် သင်ဟာအိပ်ယာမ၀င်ခင် စာအုပ်ကိုနည်းနည်းပဲဖြစ်ဖြစ် ဖတ်တတ်တဲ့အကျင့်ရှိမယ်ဆိုရင် သင့်အိပ်စက်ချိန်မှာ
ပိုပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်မှာဖြစ်ပါတယ်။

(၆) လူတွေကို ပိုပြီး နားလည်ပေးနိုင်လာတယ်

တခြားလူတွေရဲ့အတွေ့အကြုံတွေ ၊ အခက်အခဲတွေကို ဖတ်ရှုခြင်းဟာ ဘ၀မှာတခြားလူတွေရဲ့အခက်အခဲတွေကို
ပိုမိုသိလာပြီး လူတွေကိုပိုမိုနားလည်တတ်လာပါတယ်။
လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီးဝေဖန်ဖို့က လွယ်ပါတယ်။ သို့ပေမယ့် သင်ဟာစာအုပ်တွေထဲကနေ လူအများရဲ့ အတွေ့အကြုံမျိုးစုံကိုဖတ်ထားမယ်ဆိုရင် လူအမျိုးမျိုးကို
ပိုပြီး နားလည်ပေးတတ်နိုင်လာပါတယ်။

မည်သည့်ကျောင်းဆရာမှ တပည့်များအား တစ်သက်လုံး သုံးမကုန်နိုင်လောက်သော ပညာသုတကို ပေးလိုက်နိုင်သည်မဟုတ်။ ကျောင်းသား၏နှလုံးသားကို ပညာမွတ်သိပ်လာအောင်လုပ်နိုင်သူပင်လျှင် အတော်ဆုံးဆရာဖြစ်သည်ဟု ဆာရစ်ချယ်လစ်ဗင်းစတုန်းဆိုသော ပုဂ္ဂိုလ်ကြီးက ပညာရေးသြဝါဒစကား ဆိုခဲ့ဖူးပါသည်။

ထိုနောက်တစ်ဖန် လူငယ်တို့၏ဘဝကို ပညာနှင့်ကိုယ်ကျင့်တရားကောင်းမွန်စေရန် စိတ်အားထက်သန်လေ့ရှိသော ဆရာကြီးဦးအောင်သင်း၏အမှာစကားက ဘယ်သူတွေဘာပြောနေနေ သင့်ကိုယ်သင်ချစ်ရင်ပညာသင်ပါ ၊ စာဖတ်ပါ။ မိဘကိုချစ်ရင်ပညာသင်ပါ ၊ စာဖတ်ပါ။ တိုင်းပြည်နဲ့လူမျိုးကိုချစ်ရင်ပညာသင်ပါ ၊ စာဖတ်ပါ ။

ပညာဆိုတာဘာလဲ။
မေးရင် မသိဘူး။ မမေးရင် သိတယ်။
ပညာသင်တယ်ဆိုတာ အတွေးအကြံနဲ့အတွေ့အကြုံကို လက်ဆင့်ကမ်းခြင်းဖြစ်ပါတယ်။

ဘာကြောင့် စာဖတ်သင့်တာလဲ။
စာအုပ်ဆိုတာ ဝင့်ခွင့်ဖြေစရာမလိုတဲ့တက္ကသိုလ် သို့မဟုတ် ကျောင်းတော်ကြီးဖြစ်နေလို့ပါဘဲ။ ဒါပေမယ့် ကျောင်းဆရာ
မရှိဘူး။ ဝင်ကြေးမပေးရဘူး။

ထို့နောက်တစ်ဖန် လူမျိုးတစ်မျိုး၏အခြေအနေ ၊ အဆင့်အတန်း ၊ အနိမ့်အမြင့်ကိုသိလိုပါလျှင် ထိုလူမျိုးတို့လေ့လာလိုက်စားသောစာပေ ၊ အနုပညာ ၊ ဂီတတို့ကို ကြည့်မှသိနိုင်မည်ဟု မြဝတီမင်းကြီးဦးစက မှတ်တမ်းပြုခဲ့တာကို ကြည့်မည်ဆိုလျှင်လည်း စာအုပ်စာပေသည်ပင်လျှင် လူ့တန်ဖိုး ၊ လူ့အဆင့်အတန်းကို ဖော်ပြနေပေသည်။

တကယ်တော့ စာဖတ်ခြင်းသည် သစ်ပင်စိုက်ပျိုးခြင်းနှင့် တူ၏။ တဖြည်းဖြည်းချင်း လူသားဘဝကို ကောင်းကျိုးပေးသော သဘောရှိ၏။ အချိန်ကြာလေ အကျိုးရှိလေဖြစ်၏။

"စာအုပ်စာပေ လူ့မိတ်ဆွေ ၊ အလိမ္မာ စာမှာရှိ ၊ စာပေစကား နေ့တိုင်းကြားက ထူးခြားလိမ္မာရှိသည်သာ" စတဲ့ ဆောင်ပုဒ်များသည် စာအုပ်စာပေကိုဖတ်စေချင် ၊ မြတ်နိုးစေချင်သော
စာရေးဆရာကြီး ၊ ပညာရှိကြီးတို့၏ စေတနာ အမှာစကားများပင် ဖြစ်တော့သည်။

စာ ဘာကြောင့် သင်ရတာလဲ?
တကယ်တော့စာသင်တာ စိတ်ထားတတ်ဖို့ပါ။ စာသာတတ်ပြီး စာမဖတ်ရင် စိတ်မထားတတ်တော့ပါ။ စိတ်မထားတတ်ရင်
ပညာတတ် လူပေါကြီးတွေ ဖြစ်သွားတတ်ပါတယ်။

မရှိတာလည်း ရှိအောင်လုပ်ရင် ရှိနိုင်ပါတယ်။ မသိတာလည်း သိအောင်လုပ်ရင် သိနိုင်ပါတယ်။ မလုပ်တာကတော့ ဘာမှမဖြစ်နိုင်တော့တာမို့ အခက်အခဲဆုံးလို့ပြောပါတယ်။ ဒီလိုဆိုရင် စာဖတ်ပြီး သိသွားနိုင်ပါတယ်။ အသိနဲ့အလုပ်လုပ်မည်ဆိုပါက သေချာပေါက်ရှိလာမှာပါ။
ဘဝမှာ ကိုယ်ဘာသိချင်သလဲ စာဖတ်ပါ။
ဘဝမှာ ကိုယ်ဘာရှိချင်သလဲ စာဖတ်ပါ။
ဘဝမှာ ကိုယ်ဘာလုပ်ချင်သလဲ စာဖတ်ပါ။

စာဖတ်ခြင်းဟာ သင့်ကို ဗဟုသုတနဲ့ ပြည်ဝတဲ့သူတစ်ယောက် ဖြစ်စေတယ်။ ဉာဏ်ကောင်းသူတစ်ယောက်ပေါ့။ သင်ဉာဏ်ကောင်းချင်ရင် စာများများဖတ်ပါ။

စာရေးခြင်းဟာ သင့်ကို တိကျသေချာတဲ့သူတစ်ယောက် ဖြစ်စေပါတယ်။ နှုတ်တစ်ရာ စာတစ်လုံးဆိုတဲ့ စကားပုံကို သင်ကြားဖူးမှာပါ။

တွေးတောကြံဆခြင်းကတော့ သင့်ကိုပြီးပြည့်စုံတဲ့သူတစ်ယောက် ဖြစ်စေပါတယ်။ လိုလျှင်ကြံဆ နည်းလမ်းရဆိုသလိုပေါ့။

တွေးတတ်ဖိုဆိုတာကလည်း သင်စာများများဖတ်မှ တွေးတတ်မယ်ဆိုတာ သင်ငြင်းချင်သေးလား။???

နောက်ဆုံးပြောချင်တာကတော့ မိမိကိုယ်ကိုယ်ချစ်ရင်ကောင်းကောင်းစာဖတ်ပါ။ သင့်ကိုယ်သင် မချစ်ရင်တော့ စာမဖတ်ဘဲ နေချင်သလိုသာနေလိုက်တော့။ စာမဖတ်ခြင်းက သင့်ဘဝကို နိမ့်ကျစေမှာဖြစ်ပြီး စာဖတ်ခြင်းကတော့ သင့်ဘဝကို
တောက်ပစေမှာဖြစ်ပါတယ်။


"ချစ်မိပြီဆိုရင်တော့ ပေးဆပ်ဖို့ပဲ သိရမှာပေါ့။ ကိုယ်ပြန်ရဖို့ မျှော်လင့်တာနဲ့တင် အချစ်က မစင်ကြယ်တော့ဘူး။"ဒီနေ့မှာတော့ တော...
24/11/2025

"ချစ်မိပြီဆိုရင်တော့ ပေးဆပ်ဖို့ပဲ သိရမှာပေါ့။ ကိုယ်ပြန်ရဖို့ မျှော်လင့်တာနဲ့တင် အချစ်က မစင်ကြယ်တော့ဘူး။"

ဒီနေ့မှာတော့ တော်တော်များများဖတ်ဖူးကြမယ့် သမိုင်းနောက်ခံဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ ဆရာကြီးချစ်ဦးညိုရဲ့လင်္ကာဒီပချစ်သူစာအုပ်လေးကို ပြန်သတိရစေဖို့ တင်ပေးလိုက်ပါတယ်ရှင့်။ လူကြိုက်များခဲ့ ၊ များနေသေးတဲ့စာအုပ်လေးဖြစ်လို့ အင်္ဂလိပ်ဘာသာပြန်သာမက အကြိမ်ရေ ၁၉ ကြိမ်မြောက်အထိထုတ်ဝေခဲ့ပြီးပြီလဲဖြစ်ပါတယ်ရှင့်။

ပုံမှန်ရာမဇာတ်တော်မှာမြင်နေကြအတိုင်းမဟုတ်ဘဲ ဗီလိန်ဇာတ်ရုပ်ဖြစ်တဲ့ ရာဝဏ(ဒဿ)ကို အဓိကဇာတ်ကောင်အနေနဲ့ထားပြီး ရိုးရာယဥ်ကျေးမှုတွေနဲ့သစ္စာ ၊ မေတ္တာ ၊ ချစ်ချင်းတရားတို့ကို ပုံဖော်ရေးသားထားပြီး ဆရာကြီးရဲ့အမြင်အရ ကိုလိုနီခေတ်အကြောင်းကိုပါသွယ်ဝိုက်ရေးသားထားတဲ့စာအုပ်ကောင်းတစ်အုပ်လဲဖြစ်ပါတယ်ရှင့်။ ဒါ့ကြောင့် ဒီစာအုပ်လေးကိုမဖတ်ဘူးတဲ့သူလေးတွေကလဲအခုဘဲဖတ်ကြည့်လိုက်တော့နော်။

နောက်ရက်တွေမှာလဲ တခြားသောစာအုပ်တွေကိုဖော်ပြပေးနိုင်ဖို့ကြိုးစားပါဦးမယ်ရှင့်။ မင်မင့်ရဲ့ pageလေးကနေ ဖတ်ကြည့်ဖို့အတွက် စာအုပ်ကောင်းလေးတွေအကြံဉာဏ်ရခဲ့တယ်ဆိုရင်လဲ ပြောပေးခဲ့ကြပါဦးနော်...🫶🏻

ဟီးဟီးဟားဟားတွေဘဲတင်ချင်ပေမယ့် စာအုပ်pageဖြစ်နေတော့ အရင်ကတင်ဖူးတဲ့ဗဟုသုတရစရာလေးတွေကိုဘဲ ပြန်ရှယ်ပေးလိုက်ပါတယ်ရှင့်။
20/10/2025

ဟီးဟီးဟားဟားတွေဘဲတင်ချင်ပေမယ့် စာအုပ်pageဖြစ်နေတော့ အရင်ကတင်ဖူးတဲ့ဗဟုသုတရစရာလေးတွေကိုဘဲ ပြန်ရှယ်ပေးလိုက်ပါတယ်ရှင့်။

စာဖတ်ခြင်းက သင့်ကို ဘယ်လိုထူးခြားတဲ့
စွမ်းအင်တွေ ပေးနိုင်တယ်လို့ထင်ပါသလဲ?

စာပေဗဟုသုတရှိသူသည်
စာပေဗဟုသုတ မရှိသူထက် အမြဲတမ်း
ခေါင်းတစ်လုံးမြင့်နေတယ်။…
အနောက်တိုင်းသားများက အရှေ့တိုင်းသား
များထက် နေရာတိုင်းတွင် သာနေခြင်းမှာ
စာဖတ်ခြင်းကြောင့်ပင်ဖြစ်သည်။…

အင်္ဂလန်၌ ရပ်ကွက်တစ်ခုဖော်တိုင်း
မဖြစ်မနေ ပါရသောအရာမှာ
“စာကြည်တိုက်”ပင်ဖြစ်သည်။…
ရပ်ကွက်စာကြည်တိုက်ပင်ဖြစ်သော်လည်း
ထိုစာကြည်တိုက်တွင် ကမ္ဘာ့ဂန္ထဝင်
စာအုပ်အားလုံး ရှိနေရသည်။…

ထိုစာပေဗဟုသုတအားကြောင့်လည်း
ကျွန်းနိုင်ငံလေး တစ်ခုသာဖြစ်သော
အင်္ဂလန်သည် တစ်ကမ္ဘာလုံးနီးပါးကို
အုပ်ချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။..

စာဖတ်ခြင်းက ဗဟုသုတတိုးပွားဖို့အတွက်
ပဲလို့ ထင်နေကြပါတယ်။ တကယ်တော့
စာဖတ်ခြင်းကနေ ဗဟုသုတ တိုးပွားရုံ
သာမက သင်မသိသေးတဲ့ အခြား ကောင်းမွန်
တဲ့ရလဒ်တွေ အများကြီး ရှိပါသေးတယ်။
ဒါကြောင့် အားလပ်ချိန်တွေမှာ
စာအုပ်လေးတွေ ဖတ်ပေးပါ။

(၁) ဦးနှောက်ကို ပိုမိုလှုံ့ဆော်ပေးနိုင်တယ်။

စာဖတ်ခြင်းဟာ သင့်ရဲ့ဦးနှောက်ကို
အလုပ် လုပ်စေပါတယ်။ ဦးနှောက်ဟာ
ခန္ဓာကိုယ်ရဲ့ တခြားကြွက်သားတွေလိုပဲ
သင် လေ့ကျင့်ခန်းလုပ်လေ သင့်ရဲ့ကြွက်သား
တွေ ကြီးထွားလာလေ ဖြစ်ပါတယ်။

(၂) စာဖတ်ခြင်းက အာရုံစူးစိုက်မှုအားကောင်းစေပါတယ်။

ဘ၀မှာ တစ်ခုခုကို
အောင်မြင်ချင်တယ်ဆိုရင် အာရုံစူးစိုက်မှု
ရှိနေဖို့က အရမ်းအရေးကြီးပါတယ်။
သင်ဟာ စာအုပ်တစ်အုပ်ကို ဖတ်နေတဲ့အခါ
မှာ စာရွက်ပေါ်က စာလုံးတွေတိုင်းအပေါ်ကို
အာရုံစူးစိုက်ထားပြီး ဇာတ်လမ်းထဲမှာ မျောပါ
နေပါတယ်။ စာဖတ်ခြင်းဟာ သင့်ရဲ့
အာရုံစူးစိုက်မူအကျင့်ကို အလွယ်တကူ
ပြုစုပျိုးထောင်ပေးနိုင်ပါတယ်။

(၃) ဗဟုသုတများစွာ ကြွယ်ဝစေတယ်။

စာအုပ်ဖတ်ခြင်းဟာ ဗဟုသုတကြွယ်ဝစေပြီး
အတွေးအခေါ် မြင့်တက်လာစေနိုင်ပါတယ်။
စာအုပ်လေး ဘယ်လောက်ပါးပါစေ
သင် တစ်ချိန်ချိန်မှာ ပြန်လည် အသုံးပြုရမယ့်
အသိပညာတွေပါ၀င်ပြီး သင် စာများများ
ဖတ်နိုင်လေ သင့်အတွက်
ပိုအကျိုးများလေ ဖြစ်ပါတယ်။

(၄) စိတ်ဖိစီးမှုလျော့ကျစေတယ်။

စာအုပ်ကောင်းကောင်း၊ ၀တ်ထုကောငျးကောငျး
တစ်အုပ်ဟာ သင့်ကို တခြားကမ္ဘာတစ်ခုဆီ
ဆွဲခေါ်သွားနိုင်ပြီး သင့်လက်ရှိဘ၀ရဲ့
စိတ်ဖိစီးမှုတွေကို ကုသဖို့အတွက်
အကောင်းဆုံး နည်းလမ်း တစ်ခုဖြစ်ပါတယ်။

(၅) စာဖတ်ခြင်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ပါတယ်။

စာအုပ်တစ်အုပ်
ကိုင်လိုက်တာနဲ့ အိပ်ပျော်သွားတဲ့သူတွေ
များစွာ ရှိတတ်ပါတယ်။ စာဖတ်တဲ့
အလေ့အကျင့် မရှိသေးကြလို့ ဖြစ်ပါတယ်။
ဒါပေမယ့် သင်ဟာ အိပ်ယာမ၀င်ခင်
စာအုပ်ကို နည်းနည်းပဲဖြစ်ဖြစ် ဖတ်တတ်တဲ့
အကျင့်ရှိမယ်ဆိုရင် သင့်အိပ်စက်ချိန်မှာ
ပိုပြီး နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်နိုင်မှာ ဖြစ်ပါတယ်။

(၆) လူတွေကို ပိုပြီး နားလည်ပေးနိုင်လာတယ်

တခြားလူတွေရဲ့အတွေ့အကြုံတွေ၊
အခက်အခဲတွေကို ဖတ်ရှုခြင်းဟာ ဘ၀မှာ
တခြားလူတွေရဲ့ အခက်အခဲတွေကို
ပိုမိုသိလာပြီး လူတွေကို ပိုမိုနားလည်တတ်
လာပါတယ်။ လူတစ်ယောက်ကို အပေါ်ယံ
ကြည့်ပြီး ဝေဖန်ဖို့က လွယ်ပါတယ်။
သို့ပေမယ့် သင်ဟာ စာအုပ်တွေထဲကနေ
လူအများရဲ့ အတွေ့အကြုံမျိုးစုံကို
ဖတ်ထားမယ်ဆိုရင် လူအမျိုးမျိုးကို
ပိုပြီး နားလည်ပေးတတ်နိုင်လာပါတယ်။

မည်သည့်ကျောင်းဆရာမှ တပည့်များအား
တစ်သက်လုံး သုံးမကုန်နိုင်လောက်သော
ပညာသုတကို ပေးလိုက်နိုင်သည်မဟုတ်။
ကျောင်းသား၏ နှလုံးသားကို ပညာမွတ်သိပ်
လာအောင် လုပ်နိုင်သူပင်လျှင် အတော်ဆုံး
ဆရာဖြစ်သည်ဟု ဆာရစ်ချယ်လစ်ဗင်းစတုန်း
ဆိုသော ပုဂ္ဂိုလ်ကြီးက ပညာရေးသြဝါဒ
စကား ဆိုခဲ့ဖူးပါသည်။

ထိုနောက်တစ်ဖန် လူငယ်တို့၏ဘဝကို
ပညာနှင့် ကိုယ်ကျင့်တရား ကောင်းမွန်စေရန်
စိတ်အားထက်သန်လေ့ရှိသော ဆရာကြီး
ဦးအောင်သင်း၏ အမှာစကားက ဘယ်သူတွေ
ဘာပြောနေနေ မင်းကိုမင်းချစ်ရင်
ပညာသင်ပါ၊ စာဖတ်ပါ။ မိဘကိုချစ်ရင်
ပညာသင်ပါ၊ စာဖတ်ပါ။
တိုင်းပြည်နဲ့လူမျိုးကိုချစ်ရင်
ပညာသင်ပါ ၊ စာဖတ်ပါ ။

ပညာဆိုတာဘာလဲ။
မေးရင် မသိဘူး။ မမေးရင် သိတယ်။
ပညာသင်တယ်ဆိုတာ အတွေးအကြံနဲ့
အတွေ့အကြုံကို လက်ဆင့်ကမ်းခြင်း
ဖြစ်ပါတယ်။

ဘာကြောင့် စာဖတ်သင့်တာလဲ။
စာအုပ်ဆိုတာ ဝင့်ခွင့်ဖြေစရာမလိုတဲ့
တက္ကသိုလ် သို့မဟုတ် ကျောင်းတော်ကြီး
ဖြစ်နေလို့ပါဘဲ။ ဒါပေမယ့် ကျောင်းဆရာ
မရှိဘူး။ ဝင်ကြေးမပေးရဘူး။

ထို့နောက်တစ်ဖန်
လူမျိုးတစ်မျိုး၏ အခြေအနေ အဆင့်အတန်း
အနိမ့်အမြင့်ကို သိလိုပါလျှင် ထိုလူမျိုးတို့
လေ့လာလိုက်စားသောစာပေ၊ အနုပညာ၊
ဂီတတို့ကို ကြည့်မှသိနိုင်မည် ဟု
မြဝတီမင်းကြီး ဦးစက မှတ်တမ်းပြုခဲ့တာကို
ကြည့်မည်ဆိုလျှင်လည်း စာအုပ် စာပေ
သည်ပင်လျှင် လူ့တန်ဖိုး၊ လူ့အဆင့်အတန်းကို
ဖော်ပြနေပေသည်။

တကယ်တော့ စာဖတ်ခြင်းသည်
သစ်ပင်စိုက်ပျိုးခြင်းနှင့် တူ၏။
တဖြည်းဖြည်းချင်း လူသားဘဝကို
ကောင်းကျိုးပေးသော သဘောရှိ၏။
အချိန်ကြာလေ အကျိုးရှိလေဖြစ်၏။

စာအုပ်စာပေ လူ့မိတ်ဆွေ၊
အလိမ္မာ စာမှာရှိ၊
စာပေစကား နေ့တိုင်းကြားက
ထူးခြားလိမ္မာရှိသည်သာ။
စတဲ့ ဆောင်ပုဒ်များသည် စာအုပ်စာပေကို
ဖတ်စေချင် မြတ်နိုးစေချင်သော
စာရေးဆရာကြီး ပညာရှိကြီးတို့၏
စေတနာ အမှာစကားများပင် ဖြစ်တော့သည်။

စာ ဘာကြောင့် သင်ရတာလဲ?
တကယ်တော့စာသင်တာ စိတ်ထားတတ်ဖို့ပါ။
စာသာတတ်ပြီး စာမဖတ်ရင် စိတ်မထား
တတ်တော့ပါ။ စိတ်မထားတတ်ရင်
ပညာတတ် လူပေါကြီးတွေ
ဖြစ်သွားတတ်ပါတယ်။

မရှိတာလည်း ရှိအောင်လုပ်ရင် ရှိနိုင်ပါတယ်။
မသိတာလည်း သိအောင်လုပ်ရင်
သိနိုင်ပါတယ်။ မလုပ်တာကတော့
ဘာမှမဖြစ်နိုင်တော့တာမို့ အခက်အခဲဆုံးလို့
ပြောပါတယ်။ ဒီလိုဆိုရင် စာဖတ်ပြီး
သိသွားနိုင်ပါတယ်။ အသိနဲ့ အလုပ်
လုပ်မည်ဆိုပါက သေချာပေါက်ရှိလာမှာပါ။
ဘဝမှာ ကိုယ်ဘာသိချင်သလဲ စာဖတ်ပါ။
ဘဝမှာ ကိုယ်ဘာရှိချင်သလဲ စာဖတ်ပါ။
ဘဝမှာ ကိုယ်ဘာလုပ်ချင်သလဲ စာဖတ်ပါ။

စာဖတ်ခြင်းဟာ မင်းကို ဗဟုသုတနဲ့
ပြည်ဝတဲ့သူတစ်ယောက်ဖြစ်စေတယ်။
ဉာဏ်ကောင်းသူတစ်ယောက်ပေါ့။
မင်းဉာဏ်ကောင်းချင်ရင် စာများများဖတ်ပါ။

စာရေးခြင်းဟာ မင်းကို တိကျသေချာတဲ့
သူတစ်ယောက် ဖြစ်စေပါတယ်။
နှုတ်တစ်ရာ စာတစ်လုံးဆိုတဲ့
စကားပုံကို မင်းကြားဖူးမှာပါ။

တွေးတော့ကြံဆခြင်းကတော့ မင်းကို
ပြီးပြည့်စုံတဲ့ သူတစ်ယောက်ဖြစ်စေပါတယ်။
လိုလျှင်ကြံဆ နည်းလမ်းရဆိုသလိုပေါ့။

တွေးတတ်ဖိုဆိုတာကလည်း
မင်း စာများများဖတ်မှ တွေးတတ်မယ်ဆိုတာ
မင်းငြင်းချင်သေးလား။

နောက်ဆုံးပြောချင်တာကတော့
မိမိကိုယ်ကိုယ်ချစ်ရင် ကောင်းကောင်း
စာဖတ်ပါ။ မင်းကိုယ်မင်း မချစ်ရင်တော့
စာမဖတ်ဘဲ နေချင်သလိုသာ နေလိုက်တော့။
စာမဖတ်ခြင်းက မင်းဘဝကို နိမ့်ကျစေမှာ
ဖြစ်ပြီး စာဖတ်ခြင်းကတော့ မင်းဘဝကို
နိမ့်ကျစေမှာဖြစ်ပြီး စာဖတ်ခြင်းကတော့ မင်းဘဝကို
တောက်ပစေမှာဖြစ်ပါတယ်။


မင်္ဂလာပါ ဘုတ်ကီတို့ရေ...သတိမရကြမှန်းသိပေမယ့် ပြန်ပေါ်လာပါပြီနော်မင်မင်တို့pageလေးက အခြေအနေအကြောင်းကြောင်းကြောင့် စာအုပ်...
19/10/2025

မင်္ဂလာပါ ဘုတ်ကီတို့ရေ...သတိမရကြမှန်းသိပေမယ့် ပြန်ပေါ်လာပါပြီနော်

မင်မင်တို့pageလေးက အခြေအနေအကြောင်းကြောင်းကြောင့် စာအုပ်လေးတွေဆက်မရောင်းဖြစ်ဘဲရပ်လိုက်တာအတော်ကြာပါပြီရှင့် အခုတော့မင်မင့်ဘုတ်ကီတို့ကိုလွမ်းလို့ရော pageလေးကိုအပြီးရပ်ပစ်လိုက်ရမှာနှမြောလို့ရောပြန်ပေါ်လာတာပါ။

အရင်လိုစာအုပ်လေးတွေတော့မရောင်းတော့ပေမယ့် စာအုပ်reviewsလေးတွေ ၊ GAလေးတွေတော့ အခွင့်သင့်ရင်သင့်သလိုပြန်လုပ်ပေးတော့မှာမို့ အခုလိုလာအသိပေးတာပါရှင့်။

Pageနာမည်ပြောင်းသွားရင်လဲ မသိချင်ယောင်မဆောင်ကြေးနော် အားလုံးဘဲ stay tuned ပါရှင့်...🫶🏻

Hello Everyone👋မင်မင်တို့ကို မေ့နေကြပြီလား ခင်ဗျအကြောင်းအမျိုးမျိုးကြောင့် မင်မင်တို့ စာအုပ်လေးတွေရောင်းတာကို ခေတ္တရပ်ထာ...
11/09/2022

Hello Everyone👋
မင်မင်တို့ကို မေ့နေကြပြီလား ခင်ဗျ
အကြောင်းအမျိုးမျိုးကြောင့် မင်မင်တို့ စာအုပ်လေးတွေရောင်းတာကို ခေတ္တရပ်ထားပေးမယ့် Bookie လေးတွေကို အမြဲသတိရနေပါတယ်ဗျာ 🤪( မင်မင့်ချုပ်ဆေး😆)

ခုလည်း Bookie လေးတွေကို သတိရလို့ ထပ်ပြီး
မဝေးချင်တော့လို့ Youtube Channel လေး နဲ့အတူ
ပြန်လာခဲ့ပါပြီ ခင်ဗျ🤩

မင်မင်တို့ရဲ့ Youtube Channel လေးကိုလည်း
Subscribe လုပ်ပေးသွားကြပါဦးလို့ တောင်းဆိုပါရစေ
ခင်ဗျ💜

Develop your life and energy by reading.

14/03/2022
"လှေသမားဟာဟိုးအ​ဝေးက ကျွန်းတွေမှာ ကောက်သိမ်းပြီးတော့သူ့အိမ်...ငြိမ်းချမ်းတဲ့ သူ့မြစ်ချောင်းထံပြန်လာခဲ့တယ်။ကိုယ်လည်း အိမ်...
24/02/2022

"လှေသမားဟာ
ဟိုးအ​ဝေးက ကျွန်းတွေမှာ ကောက်သိမ်းပြီးတော့
သူ့အိမ်...ငြိမ်းချမ်းတဲ့ သူ့မြစ်ချောင်းထံ
ပြန်လာခဲ့တယ်။

ကိုယ်လည်း အိမ်ပြန်ချင်ပါရဲ့
ဒါပေမဲ့ ကိုယ့်မှာဘာများ ရိတ်သိမ်းစရာ ရှိပါသလဲ။
ဒုက္ခခံစားခြင်းသာ ရိတ်သိမ်းစရာ ရှိခဲ့တယ်။
မိတ်ဆွေ... မြစ်ကမ်းနဖူးရယ်
သင်ဟာ ကိုယ့်ကို မွေးမြူကြီးပြင်းစေခဲ့တယ်။
အချစ်ရဲ့ ဝေဒနာကိုရော
သက်သာရာရအောင် သင် မတတ်နိုင်ဘူးလား။

အို... ကိုယ့်ကလေးဘဝရဲ့
တောအုပ်များ ကိုယ်အိမ်ပြန်လာရင်
ငြိမ်းချမ်းခြင်းကို တစ်ဖန်ပေးနိုင်ပါဦးမလား။ "

စာအုပ်အမည် - မောင် ကိုကိုနှင့်မြနန္ဒာ
စာရေးဆရာအမည် - ကြည်အေး
ဈေးနှုန်း - ၂၇၀၀ ကျပ်

မြန်မာနိုင်ငံရဲ့ မြို့ကြီးတော်တော်များများကို ပန်းပို့ ဝန်ဆောင်မှု နှင့် ချိတ်ဆက်၍ အိမ်အရောက်ပို့ဆောင်ပေးသွားမှာပါ ခင်ဗျ။ ပန်းပို့ မရောက်သော မြို့နယ်များကိုလည်း ကားဂိတ်မှတစ်ဆင့် ဂိတ်တင်ပို့ဆောင်ပေးမှာပါခင်ဗျ။ အသေးစိတ်ကို
Page Messenger မှ တစ်ဆင့် စုံစမ်းမှာယူနိုင်ပါတယ် ခင်ဗျ။

" စာဖတ်ခြင်းဖြင့် ဉာဏ်အမျှော်အမြင်
အတွေးအခေါ်များ တိုးတက်ရင့်သန်၍ ဖြတ်သန်းရာ
ဘဝပင်လယ်ထဲတွင် စာပေဖတ်ရှူခြင်း၏ကောင်းကျိုးများအား ပြန်လည်အသုံးချနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျ "

Bookieလေးတို့ရေ 🙄🌻မင်မင်တို့ရဲ့ GiveAway ကံထူးရှင်လေး၂ယောက်ထွက်ပေါ်လာပါပြီနော်...🤩🤩GA Winnerလေးတို့ရေ မင်မင်တို့ page ch...
17/02/2022

Bookieလေးတို့ရေ 🙄🌻

မင်မင်တို့ရဲ့ GiveAway ကံထူးရှင်လေး၂ယောက်ထွက်ပေါ်လာပါပြီနော်...🤩🤩

GA Winnerလေးတို့ရေ မင်မင်တို့ page chatboxမှာ နေရပ်လိပ်စာ၊ဖုန်းနံပါတ်လေးတွေပေးထားပေးပါနော် deliခကိုလည်းမင်မင်တို့ဘက်က ကျခံပေးမှာပါ 🙄✨


Bookie လေးတို့ရေမင်မင်တို့ရဲ့ pageလေးဟာဆိုရင်ဖြင့် ဒီလ၁၇ရက်နေ့မှာ ၆လသက်တမ်းလေးရှိလာပြီဖြစ်ပါတယ်ရှင့်။အဲ့ဒါမို့ မင်မင်တို...
15/02/2022

Bookie လေးတို့ရေ
မင်မင်တို့ရဲ့ pageလေးဟာဆိုရင်ဖြင့် ဒီလ၁၇ရက်နေ့မှာ ၆လသက်တမ်းလေးရှိလာပြီဖြစ်ပါတယ်ရှင့်။

အဲ့ဒါမို့ မင်မင်တို့က အရင်ကလိုပဲ စာအုပ်လေး ၂ အုပ်ကို bookmarkလေးတွေနဲ့တွဲပြီး Give Away ထပ်ပေးသွားပါ့မယ်ရှင့်။

ပေးသွားမယ့် စာအုပ်လေးတွေကတော့
🍀 Mental Detox + four leaf clover bookmark နဲ့
🍀 အမေကိုပြောဖြစ်သောစကားများ + flower bookmark လေးတွေ ဖြစ်ပါတယ်။

အဲ့ဒါမို့မင်တို့ရဲ့စည်းကမ်းချက်တွေအတိုင်း ဆောင်ရွက်ပေးပြီး GAအစီစဥ်လေးမှာပါဝင်လိုက်ပါနော်။

စည်းကမ်းချက်တွေကတော့
📌 မင်မင်တို့ရဲ့ Page လေးကို Like & Follow
လုပ်ထားရပါမယ်။
📌 bookieလေးတို့ရဲ့ Wall ပေါ် မှာ သူငယ်ချင်း ၃ ယောက်ကို
Tag တွဲ ပြီး Public နဲ့ ရှယ်ပေးထားရပါမယ်။
📌 နောက်ဆုံး တစ်ချက်ကတော့ Share ထားတဲ့ Post ကို
Screenshot ရိုက်ပြီးတော့ မင်မင်တို့ပေးမယ့် စာအုပ်
၂ အုပ်ထဲက bookieတို့လိုချင်တဲ့ စာအုပ်ရဲ့ နာမည်နဲ့အတူ
ဒီ GA Post အောက်မှာ လာမန့်ပေးရမှာဖြစ်ပါတယ်။

Comment ကို Feb 17 ရက်နေ့ နေ့လည် ၁၂ နာရီကို နောက်ဆုံးထား မန့်ပေးရမှာဖြစ်ပါတယ်။ မင်မင်တို့က Feb 17 ရက်နေ့ ည ၈ နာရီ မှာ Winner ဖြစ်တဲ့သူ ၂ ယောက် ကို ကြေငြာပေးသွားမှာ ဖြစ်ပါတယ်။ တစ်စုံတစ်ရာ အငြင်းပွားစရာ ရှိခဲ့ရင် မင်မင်တို့ Admin Team ရဲ့ အဆုံးအဖြတ်သည်သာ အတည်ဖြစ်ပါတယ်နော်။ 🙆🏻‍♂️

Bookie လေးတွေ အားလုံး ကံကောင်းကြပါစေ 🍀
ကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေလို့ မင်မင်တို့ Admin Team မှ
ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။💕



ဘာမှမဟုတ်ပါဘူး....မနက်ဖြန် ည၈နာရီလောက်မှာ GA postလေးလာတင်ပေးပါ့မယ်လို့ လာပြောတာပါရှင့်...ပုံက အက်ထမင့်အမျိုးသားပုံပါ ☺ s...
14/02/2022

ဘာမှမဟုတ်ပါဘူး....မနက်ဖြန် ည၈နာရီလောက်မှာ GA postလေးလာတင်ပေးပါ့မယ်လို့ လာပြောတာပါရှင့်...ပုံက အက်ထမင့်အမျိုးသားပုံပါ ☺ stay tuned နော် bookieလေးတို့။

ဪ...မေ့လို့ Happy Valentine's Dayပါနော် အတွဲရှိတဲ့bookieတို့၊အတွဲမရှိတဲ့သူတွေလည်းအားမငယ်ပါနဲ့ အက်ထမင်သုံးယောက်လုံးလဲ အတွဲမရှိပါဘူး အဖော်ရတာပေါ့ 🥲


Address

Yangon

Telephone

+959784579983

Website

Alerts

Be the first to know and let us send you an email when The Burmese Wisdom posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Burmese Wisdom:

Share