Art Of Tea

Art Of Tea We aim to deliver delicious bubble tea that comes with your favourite ingredients straight to your do

Mochi လေးတွေ ရပါပြီ 😍
26/08/2022

Mochi လေးတွေ ရပါပြီ 😍

Hello BTS Army တို့ရေ🤹‍♀️🤹‍♀️🏆 FIFA World Cup 2022 ရဲ့ Theme Song ကို ပါဝင်သီဆိုခွင့်ရတဲ့ BTS အိုပါးတွေအတွက် ဂုဏ်ယူတဲ့ အ...
02/08/2022

Hello BTS Army တို့ရေ🤹‍♀️🤹‍♀️

🏆 FIFA World Cup 2022 ရဲ့ Theme Song ကို ပါဝင်သီဆိုခွင့်ရတဲ့ BTS အိုပါးတွေအတွက် ဂုဏ်ယူတဲ့
အနေနဲ့ Art of Tea က 🍭 Flavor ၇ မျိုးကို
ထုတ်ထားပါတယ်နော်....

Oppa တွေသာ 🥛 Milk Tea လေးတွေဆို
ဘယ် Flavor မျိုးကို ရွေးပြီး
သောက်ချင်ကြမလဲဆိုတာ 😋 ပုံလေးတွေကို
၁ ပုံချင်းကြည့်ပြီး ရွေးပေးကြပါဦးနော်...

❗ 200 ml ဘူးသေး - 1,200 ks
‼ 400 ml ဘူးကြီး - 2,200 ks

⏺ Thai Tea
⏺ Matcha Green Tea
⏺Matcha Milk Tea
⏺ Signature Milk Tea
⏺ Taro Milk Tea
⏺ Choco Milk
⏺ Strawberry Milk

📞 မှာယူမယ်ဆိုရင် ၁ ရက်ကြိုပြီး order
တင်ပေးစေချင်ပါတယ် ရှင့် ဒါမှ အေးအေးလေးနဲ့
လတ်လတ်ဆတ်ဆတ် လေးသောက်လို့ရအောင်လို့ပါ 😊😊

⭕ ဗဟန်းနဲ့ တာမွေ အနီးတဝိုက်မှ Pick Up
လာယူချင်တယ်ဆိုရင်တော့

🏢 115/117, ငါးထပ်ကြီးဘုရားလမ်း, တိုင်းရင်းဆေးရုံအနီး, ဗဟန်းမြို့နယ် မှာ လာရောက်ဝယ်ယူလို့ ရပါတယ်ရှင်...🏢

⚠ အရေးကြီးတာက ၁ ရက် ကြိုမှာပေးပါနော်⚠

ဒါမှ ကိုယ်သောက်ချင်တဲ့ Flavor လေးရနိုင်မှာမို့လို့ပါ

ကဲ...Army တို့ရော၊ Milk Tea ချစ်သူတို့ရော
Page Chat Box လေးမှာ လာရောက်မှာယူကြပါဦးနော်
😘😘



တကယ်ပြောတာ
29/07/2022

တကယ်ပြောတာ

23/07/2022

နှင်းတောထဲမှာနေတဲ့ ရှားပါး မြေတွင်းအောင်း ကြောင်လေး အမွှေးထူထူ လုံးလုံးလေး 😘

Pallas's cat လို့ခေါ်ပါတယ်
Otocolobus manual မျိုးရင်း၀င်ပါ
အရိုင်းမျိုးစိတ်လေးပေမဲ့ တအားချစ်ဖို့ကောင်းတာပါနော်

cute but bad boy type လေးတွေ 🧡

ဗဟုသုတအဖြစ်တင်ပေးလိုက်တယ်နော်

ဒီ ကောင်မလေးကို စောင့်ကြည့်နေတာကြာပြီ....ဆိုင် ပိတ်ခါနီးတိုင်း ရောက်ရောက်လာတတ်ပြီး အမှုမဲ့..အမှတ်မဲ့...နေမိလိုက်တာနဲ့......
22/07/2022

ဒီ ကောင်မလေးကို စောင့်ကြည့်နေတာကြာပြီ....
ဆိုင် ပိတ်ခါနီးတိုင်း ရောက်ရောက်လာတတ်ပြီး
အမှုမဲ့..အမှတ်မဲ့...နေမိလိုက်တာနဲ့....သူမကို
ဆိုင်ထဲတွင် မတွေ့တော့ပဲ...
ပျောက်ချင်းမလှ ပျောက်သွားတော့သည်။

လူတင် ပျောက်သွားတာမဟုတ် ဆိုင်ထဲမှ
နွားနို့ ၁ ဘူးနှင့် Milk Tea ၁ ဘူးပါ
ပျောက်ပျောက်သွားသည်။

ပုံမှန်ဆို တောင်းရမ်းသူများ နှင့် ဆင်းရဲချို့တဲ့သူများ
အကူအညီတောင်းလျှင်တောင် မတွန့်မဆုတ်ပဲ
ဆိုင်ရှိ စားစရာ၊ အကြွေတချို့ဖြင့် ကူညီပေးနေကြ...

အခု ဒီကောင်မလေး ပုံစံကြည့်ရသည်မှာ အနီးကပ်သေချာမမြင်ဖူးပေမယ့် အလွန်ဆုံးရှိလှ အသက် ၂၀
ဝန်းကျင်လောက်တော့ ရှိမည်ဟု ထင်ရသည်။

ကိုယ်ခန္ဓာ ကျန်းမာ သန်စွမ်းမှုကတော့
မိမိ အလစ်မှာတင် လူကော နွားနို့ ၁ ဘူးနှင့်
Milk Tea ၁ ဘူးပါ ယူပြီးပြေးနိုင်ပုံ ထောက်ရင် အကျိုးအကန်း မဟုတ်တာတော့ သေချာသည်။

တွေ့လိုက်တိုင်း ဂါဝန် အဖြူ နွမ်းနွမ်းလေးကို
ဝတ်ဆင်ထားသည်ကို ကြည့်ခြင်းဖြင့် ငွေကြေးတော့
ချို့တဲ့မည်ဟု ထင်ရသည်။

ထူးဆန်းသည်က သူမသည် ညတိုင်း ဆိုင်ပိတ်ချိန်
ရောက်ခါနီးသည်နှင့် ဆိုင်ကို ရောက်ရောက်လာတတ်ပြီး သတိမထားမိလိုက်သည့် အချိန်မှာတင်
ပျောက်ပျောက်သွားတော့သည်။

ဘယ်လိုပင်ပဲ စောင့်ဖမ်း၊ စောင့်ဖမ်း ဘယ်လိုမှ ဖမ်းလို့
မရနိုင်အောင်ပင် ဖြစ်နေတော့ ညတိုင်း ဆိုင်ပိတ်ရမှာတောင် ခမ်လန့်လန့်ဖြစ်လာတော့သည်။

စောင့်ပြီး ဖမ်းချင်သည်မှာ အခြားတော့မဟုတ်
နဂိုကတည်းက နွမ်းပါးသူတွေကို ကူညီဖို့
စိတ်ဆုံးဖြတ်ထားသောကြောင့် သူမကို အကျိုးအကြောင်းမေးကာ ကူညီထောက်ပံ့နိုင်ကြောင်း အသိပေးပြောရန်ပင် ဖြစ်သည်။

ဒီညတော့ သူမနောက်ကို နောက်ယောင်ခံလိုက်ဖို့
ဆုံးဖြတ်လိုက်တော့သည်။ အိမ်က ညီလေးကို ဆိုင်ပိတ်ဖို့ခိုင်းထားပြီး ဆိုင်နဲ့ မလှမ်းမကမ်းတွင် ကားထဲမှနေကာ အရိပ်အခြေကို စောင့်ကြည့်နေလိုက်သည်။

ည ၁၁ နာရီ ထိုးဖို့ ၁၀ မိနစ် အလို... ဆိုင်ပိတ်ဖို့ပြင်နေပြီဖြစ်သည်။...ထုံးစံအတိုင်း ထိုကောင်မလေး ရောက်လာပြီး ဆိုင်ထဲဝင်သွားသည်။ သိပ်မကြာလိုက်
ဆိုင်ထဲမှ နွားနို့ ၁ ဘူး..Milk Tea ၁ ဘူးတို့ကို
လက် ၁ ဖက်စီတွင်ကိုင်ကာ ရင်ဘတ်ထဲ ပိုက်ပြီး
ဆိုင်တံခါးကို ခန္ဓာကိုယ်နှင့်တွန်းကာ ပြန်ထွက်လာသည်ကို တွေ့လိုက်ရသည်။

နေ့တိုင်း တံခါးနားကစောင့်နေသည်ကို တခါမှ ဒီလိုမျိုး
ထွက်လာသည်ကို မကြုံလိုက်ရသော မိမိ....
တခုခုတော့ ထူးဆန်းနေသည်....ကောင်မလေးကတော့
လမ်းဘေး ပလက်ဖောင်းအတိုင်း ထွက်သွားသည်ကို
တွေ့နေရသည်။

ကားထဲမှ ထွက်ပြီး အနောက်က မလှမ်းမကမ်း
အကွာအဝေးမှ နောက်ယောင်ခံလိုက်သွားတော့သည်။
( အစက ကားနဲ့လိုက်မလို့...ဆီဖိုးကုန်မှာ စိုးလို့ လမ်းလျှောက်ရခြင်းဖြစ်သည်။)

လမ်းတလျှောက် လူသူတောင် မတွေ့ရ...ဒါပေမယ့်
ခွေးတွေကတော့ ကောင်မလေးနှင့် ကျွန်တော့်ကို သူတို့အနားက ဖြတ်သွားတိုင်း ဟောင်လိုက်၊ အူလိုက် လုပ်နေကြတော့သည်။

မိမိ ၁ ယောက်တည်းဆို အိမ်ပြန်အိပ်မည်ဖြစ်သော်လည်း သိလိုစိတ်ကြောင့်ကော..ညအချိန်
၁ ယောက်တည်း ဘာမှမဖြစ်သလို လမ်းလျှောက်နေသော ကောင်မလေးအကြောင်း သိချင်စိတ်တို့က
အားသာနေသောကြောင့်သာ....

လျှောက်လာရင်း တဖြည်းဖြည်း ရပ်ကွပ်အစွန်ဘက်တောင် ရောက်လာတော့သည်။
သို့သော် ကောင်မလေးကား လျှောက်နေဆဲ...
အမှိုက်ပုံကြီး အကျော်...သုသာန်နား
ရောက်လာချိန်မှာတော့ အေးဆေးလျှောက်နေသော
ကောင်မလေးမှာ ရုတ်တရက်...အုတ်ဂူတွေကြားထဲ
ဝင်ပြေးတော့သည်။

မိမိမှာလည်း ကြောက်စိတ်ထက် သိလိုစိတ်ကြောင့်
ဖုန်းမီးလေးဖွင့်ကာ..သူမအနောက်
ပြေးလိုက်မိတော့သည်။

ဘယ်လောက်ပြေးလိုက်မိလဲ သတိမထားမိချိန်မှာတင်
ရုတ်တရက် မြေကြီးပေါ်က ပလပ်စတစ်ဘူး ၁ ဘူးအား
နင်းလိုက်မိ၍ အသံထွက်လာတော့မှ ပြေးနေသည့် ခြေလှမ်းအား ရပ်လိုက်မိသည်။ ဘေးဘီဝဲယာမှာတော့
အုတ်ဂူတွေက လွဲလို့ ကောင်မလေးကို မတွေ့တော့..

စောနက နင်းမိသည့် အရာအား ဖုန်းမီးဖြင့် အောက်သို့ ထိုးကြည့်လိုက်ရာမှာတော့ မိမိဆိုင်မှ Milk Tea ဘူးခွံ ကို တွေ့လိုက်ရသည်။ အဲ့ဒီ့ဘူးခွံနဲ့ မနီးမဝေးကို ထပ်ကြည့်လိုက်တော့ နောက်ထပ် ဘူးခွံတွေ...ဘူးခွံတွေ
တခုပြီး တခုနောက်ကို လိုက်လာရင်း နောက်ဆုံး တွေ့.လိုက်ရသည့်အရာကို မြင်လိုက်တော့..ခန္ဓာကိုယ် ၁ ခုလုံး အေးစက်သွားကာ ကြက် သီးများ တဖြန်းဖြန်းထသွားတော့သည်။

မြင်လိုက်ရသည်မှာ အခြား မဟုတ်...
မိမိဆိုင်မှ နွားနို့နှင့် Milk Tea ဘူးများ
ယူယူပြေးနေသော ကောင်မလေး ဖြစ်သည်။...

မျက်နှာချင်းဆိုင် ရပ်နေပေမယ့်လည်း....
သူမမျက်နှာကို မတွေ့ရ..သို့သော်..သူမရဲ့
အဝတ်ပေါ်မှာတော့ အဝါရောင် အရည်တွေ...
တစက်စက်ကျနေသည်ကို တွေ့ရပြီး ဆန့်ဆန့်ကြီး
ခေါင်းကို အောက်ငိုက်စိုက်ချကာ ဒီအတိုင်း
ရပ်နေတော့သည်။

မိမိ ပါးစပ်မှ အထစ်ထစ် အငေါ့ငေါ့ဖြင့်...
"နင်....နင်....လူ..လူလား...သ...သရဲလား..."
ကောင်မလေး ဘက်မှ ဘာမှပြန်မဖြေ...

"နင်...နင်...ဘာ...ဘာ...ဘာလို့....ငါ့...ငါ့ဆိုင်က နွားနို့တွေ၊ Milk...Milk..Tea ဘူးတွေကို ဘာ..ဘာလို့...ယူယူ..ယူ ပြေးရတာလဲ.....ပြော..ပြောစမ်း....."

ထိုမေးခွန်းမေးအပြီးမှာတော့..ခေါင်းကို ထောင်မတ်လာပြီး..ည ည်းသံလိုလို၊ ရယ်သံလိုလို အသံထွက်လာပြီး..လက် ၁ ဖက်က ကျွန်တော့်ကို ထိုးလိုက်ကာ..
"ဘာ...ဖြစ်...လို့...လဲ..." လို့ ၁ လုံးချင်း ပီသစွာ
ပြန်မေးလာပါတော့သည်။..

မိမိဆီမှ အလစ်သုတ်ပြီး စကားပြောအချိုးမပြေသည့်
သရဲလိုလို လူလိုလို ကောင်မလေးကို ချောင်းခနဲ
ဒေါသထွက်သွားကာ..အသံအနည်းငယ် မာကာ
ထပ်ပြောလိုက်တော့သည်။

"မင်းက ဘာလဲကွ...ငါ့ဆိုင်က ပစ္စည်းလည်း ခိုးသေးတယ်...ငါ့ကိုလည်း စကားပြောတာအချိုးမပြေဘူး..
မဝယ်နိုင်လည်း အကျိုးအကြောင်းပြောလေကွာ..
မင်း ၁ ယောက်စာတော့ ငါထောက်ပံ့ပေးနိုင်ပါတယ်" လို့ ပြောလည်းပြောလိုက်ကော...

အုပ်နေသော ဆံပင်ရှည်ကြီးကို လက် ၂ ဖက်ဖြင့်
ဖယ်သပ်လိုက်ပြီး ဖြူဖတ် ဖြူလျော် ဖြစ်နေသော မျက်နှာပေါ်မှ သွားပေါ်အောင်
ပြုံးပြလာကာ...မျက်တွင်းဟောက်ပက်ကြီးဖြင့်..

"အဲ့ဒါများ....အကိုရယ်...စောစောက ပြောလိုက်ပါလား
ညီမက သရဲဆိုပေမယ့်..လူ့ဘဝတုန်းက Milk tea အရမ်းကြိုက်ခဲ့တာ..အကို့ဆိုင်မှာလည်း ခဏခဏ လာဝယ်ဖြစ်တယ်...Art Of Tea ဆိုတဲ့ တံဆိပ်က

-Thai Tea
-Matcha Green Tea
-Taiwan Milk Tea
-Signature Milk Tea
-Taro Milk Tea
-Choco Milk
-Blueberry Milk
-Strawberry Milk
- Mocha Milk ဆိုပြီး အရသာ အမျိုးမျိုးနဲ့ ထုတ်လာတော့ ညီမလည်း တနေ့ကို အရသာ တမျိုးဆီလာလာ ယူသောက်ရတာပေါ့ရှင်....သူက ဘူးကြီး 400 ml နဲ့
ဘူးသေး 200 ml ဆိုပြီးထုတ်ထားတော့..ညီမလည်း
အကို စီးပွားရေး..မထိခိုကအောင် ဘူးအသေးလေးတွေပဲ ရွေးယူဖြစ်တာပါ အကိုရယ်..အခုလို အကို့ဆီက
ကြားရတာ ညီမဝမ်းသာလွန်းလို့ ပျော်ရပါတယ်...
နောက်နေ့တွေဆို ဆိုင်တံခါးဝနားမှာပဲ ချပေးထားနော်
ညီမကိုယ်တိုင် လာယူဖို့ မအားလည်း
deli နဲ့ ပို့ပေးပါနော်...
တနေ့ကို အရသာ တမျိုး တိုက်ပါနော်" လို့ပြောပြီး
မျက်စိရှေ့ကတင် ပျောက်သွားပါတော့တယ်....

ကျွန်တော်လည်း အာပြဲကြီး နဲ့အော်ပြီး အိမ်အပြန်ပြေးခဲ့ရတာပေါ့..😁😁😁

ပုံပြင်လေးက ဒါပါပဲ....
Art of Tea ဝယ်သောက်ကြပါဦးနော်...😍😍

တခါတလေ တဗူးမှ မကျန်လို့ ကိုင်စရာတောင် မရှိဘူး 🥴lemon ice tea လေး 🤤🤤
22/07/2022

တခါတလေ တဗူးမှ မကျန်လို့ ကိုင်စရာတောင် မရှိဘူး 🥴

lemon ice tea လေး 🤤🤤

ကိုင်စရာ ဒေါ်လာလည်း မရှိ...ရွှေလည်းမရှိ...
ချစ်သူလက်လည်း မရှိတဲ့ နောက်ဆုံး
Milk Tea ဘူးလေးတွေပဲ ကိုင်လိုက်ရပါတော့တယ်...
😁

ကိုင်စရာ ဒေါ်လာလည်း မရှိ...ရွှေလည်းမရှိ...ချစ်သူလက်လည်း မရှိတဲ့ နောက်ဆုံး Milk Tea ဘူးလေးတွေပဲ ကိုင်လိုက်ရပါတော့တယ်...😁
22/07/2022

ကိုင်စရာ ဒေါ်လာလည်း မရှိ...ရွှေလည်းမရှိ...
ချစ်သူလက်လည်း မရှိတဲ့ နောက်ဆုံး
Milk Tea ဘူးလေးတွေပဲ ကိုင်လိုက်ရပါတော့တယ်...
😁

"၁၉ ဇူလိုင်၊ မမေ့နိုင်"ကျဆုံးလေပြီးသော အာဇာနည်များအားလုံးကို အလေးပြုအပ်ပါသည်။
19/07/2022

"၁၉ ဇူလိုင်၊ မမေ့နိုင်"

ကျဆုံးလေပြီးသော အာဇာနည်များအားလုံးကို
အလေးပြုအပ်ပါသည်။

Sunday ကို Art Of Tea နဲ့ ချည်နှောင်လိုက်ပါတော့
17/07/2022

Sunday ကို Art Of Tea နဲ့ ချည်နှောင်လိုက်ပါတော့

ပွဲ​ကြည့်ပြီး အိပ်မပျော်တော့ဘူး Art Of Tea တွေ တညလုံး ထိုင်သောက်တော့မယ်...
15/07/2022

ပွဲ​ကြည့်ပြီး အိပ်မပျော်တော့ဘူး Art Of Tea တွေ
တညလုံး
ထိုင်သောက်တော့မယ်...

🙏 ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ 🙏ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် • ဂေါတမဘုရားလောင်း ပဋိသန္ဓေတည်သောနေ့ •တောထွက်တ...
12/07/2022

🙏 ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ 🙏

ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက်

• ဂေါတမဘုရားလောင်း ပဋိသန္ဓေတည်သောနေ့ •တောထွက်တော်မူသောနေ့
•ပဉ္စဝဂ္ဂီငါးဦးအား ဓမ္မစကြာတရား စတင်
ဟောတော်မူသောနေ့
•ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာ
ပြတော်မူသောနေ့
•ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့
•တရားရတနာ စတင်ပေါ်ပေါက်သောနေ့
•သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့
•သိဒ္ဓတ္ထမင်းသား ပုထုဇဉ်ခရီးမှ အရိယာခရီးသို့
စတင်ကူးပြောင်းသောနေ့
• ''ဧဟိဘိက္ခု'' ဟူသောစကားကို စတင်ကြားရသောနေ့

စသည့် အထိမ်းအမှတ်တို့ဖြင့် ပြည့်စုံနေသော
ဘာသာရေးဆိုင်ရာ အလွန်ထူးခြားသည့်
နေ့ကောင်းရက်မြတ်တစ်ပါး ဖြစ်ပါသည်။

ဒီလို ဝါဆို လပြည့်နေ့မှာ အားလုံး ကိုယ်ကျန်းမာ၊
စိတ်ချမ်းသာစွာဖြင့် ငြိမ်းချမ်းစွာ နေထိုင်နိုင်ကြပါစေလို့ Art of Tea မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

#ဓမ္မစကြာအခါတော်နေ့

Wish you having a blessed Eid Mubarak to all Islamic Friends!
10/07/2022

Wish you having a blessed Eid Mubarak to all Islamic Friends!

Address

Yangon
11161

Opening Hours

Monday 08:30 - 19:00
Tuesday 08:30 - 19:00
Wednesday 08:30 - 19:00
Thursday 08:30 - 19:00
Friday 08:30 - 19:00
Saturday 08:30 - 19:00
Sunday 08:30 - 19:00

Telephone

+959777310773

Website

Alerts

Be the first to know and let us send you an email when Art Of Tea posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share